ဗန်ကောက် သြဂုတ် ၁၅
Utor အမည်ရှိ အပူပိုင်း မုန်တိုင်း
တိုက်ခတ်မှုကြောင့် သြဂုတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထိုင်းနိုင်ငံရှိ
ပြည်နယ် ၂၇ ခုအတွင်း မိုးသည်းထန်စွာ ရွာသွန်းဖွယ် ရှိကြောင်း
ထိုင်းမိုးလေ၀သ ဌာနက သတိပေး ပြောကြား ထားသည်ဟု သိရသည်။
Utor တိုင်ဖွန်း မုန်တိုင်းသည်
၁၉၈၉ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ် ခဲ့သော Gay
တိုင်ဖွန်း မုန်တိုင်းကဲ့သို့ အင်အား ကြီးလာနိုင်ပြီး ယခု ရာသီတွင်
တောင်တရုတ် ပင်လယ်၌ ပထမဆုံး အကြိမ်အဖြစ် စုဝေး တိုက်ခတ်သည့် အပူပိုင်း
မုန်တိုင်းဖြစ်ကြောင်း မိုးလေ၀သ ဌာနမှ အကြီးအကဲ တစ်ဦးဖြစ်သူ ၀ိုရာပတ်တျူ
သနွန်က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ တောင်ပိုင်း၊
ဟောင်ကောင်နှင့် မကာအိုသို့ ခရီးသွားမည့် ပြည်သူများ အနေဖြင့် မိုးလေ၀သ
အခြေအနေ များကို စောင့်ကြည့်လေ့ လာ ပြီးမှသာ သွားလာသင့်ကြောင်း ၎င်းက
ထပ်လောင်း၍ သတိပေး ပြောကြား ခဲ့သည်ဟု သိရသည်။
0 comments:
Post a Comment