Friday, August 23, 2013

မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့

Leave a Comment


ဂျကာတာ သြဂုတ် ၂၂
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ကြောင်း တာဝန် ရှိသူများက သြဂုတ်၂၁ ရက်တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆိုပါ ကြံစည်မှုတွင် ပါဝင်လှုပ်ရှား သူများကို စစ်ဆေး မေးမြန်းလျက်ရှိပြီး သြဂုတ် ၂၁ရက် ညနေပိုင်းက ဖမ်းဆီး ရမိခဲ့သော အမျိုးသား တစ်ဦးသည် ထောင်ဒဏ်ရှစ်နှစ် ကျခံဖူးသူ ဖြစ်ကာ၂ဝဝ၈ ခုနှစ်တွင် ပြန်လည် လွတ် မြောက်လာသူ တစ်ဦးဖြစ်သည်။ ယခု ဖမ်းဆီးထိန်းသိမ်း ထားသူများတွင် မြန်မာသံရုံးအား ဖောက်ခွဲတိုက်ခိုက်ရန် ကြံစည်မှုကို နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူ၊ ဗုံးပြုလုပ်သူနှင့် ယင်းကြံစည်မှုအတွက် ရန်ပုံငွေ ရှာဖွေသူများ ပါဝင်သည် ဟု သတင်း ရရှိသည်။

0 comments:

Post a Comment

Facebook Like Page