Friday, August 23, 2013

ရွှေတောင်မြို့နယ်အတွင်း ကျေးရွာများတွင်လယ်မြေများရေးကြီး

Leave a Comment



ရွှေတောင်မြို့နယ်အတွင်း ကျေးရွာများတွင်လယ်မြေများရေးကြီး
****************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ရွှေတောင်မြို့ မင်းကွန်းအုပ်စု၊အိုးတွင်းကုန်းအုပ်စု၊မယားမာန်အုပ်စု အတွင်းရှိကျေးရွာများတွင် စိုက်ပျိုးပြီးလယ်/ယာမြေများနှင့် စိုက်ပျိုးလျှက်ရှိသောလယ်/မြေ များတွင် ရေလျှံနစ်မြှုပ်လျှက်ရှိကြောင်းသတင်းရရှိသည်။
အဆိုပါအုပ်စုများထဲမှ မင်းကွန်းအုပ်စု၊မင်းကွန်းကျေးရွာနေတောင်သူ ဦးမြင့်ဌေး(လယ်.၁၄.ဧကတွင်(၄.ဧက)ရေနစ်ဆုံးရှုံးသွားသူမှ ...ရေမြှုပ်တာကဒါနှင့်ဆိုင်လျှင်(၃)ကြိမ်ရှိပါပြီ စိုက်ပြီးတာမှတစ်ပတ်မပြည့်သေးဘူး နောက်(၃)ရက်မှရေပြန်မကျရင်စပါးခင်း
တွေပျက်စီးနိုင်တယ်။ပျိုးတွေလည်းကုန်ပြီဗျ။ပြန်စိုက်လို့လည်းမမှီတော့ဘူး။လယ်တွေတွင်မဟုတ်ဘူးရွာထဲတောင်ရေ၀င်နေတယ်။အခုလိုရေမြှုပ်လို့စပါးခင်းတွေပျက်စီးသွားရင်လည်း အချိန်တန်ရင်ဘဏ်ချေးငွေ ဆပ်တဲ့အခါမရှိ ရှိတာကိုရောင်းပေါင်ဆပ်ရတာ
ပေါ့ဗျာ။လယ်တစ်ဧကကိုကုန်ကျငွေခန့်မှန်း....မျိုးစပါးဖိုးက(၁၁၀၀၀)ထွန်ယက်ခ(၂၀၀၀၀)ပျိုးနူတ်ခ(၁၂၀၀၀)ကောက်စိုက်ခ(၁၈၀၀၀)ဓါတ်မြေသြဇာဖိုးက(၂၁၀၀၀)ရိတ်သိမ်းချွေလေ့က(၄၀၀၀၀)ကျော် စုစုပေါင်းတစ်ဧကကို(၁၂၂၀၀၀)ကျတယ်။ဒါတောင်လယ်
လုပ်သားတွေကို ကျွေမွေးစရိတ်နှင့်ဘာညာဖိုးတွေမပါသေးဘူးဟုပြောကြားသွားခဲ့သည်။
        မယားမာန်ကျေးရွာနေတောင်သူ ဦးသက်ဆွေ(လယ်.၉.ဧကတွင်(၃.ဧက)ရေနစ်ဆုံးရှုံးနေလျှက်ရှိသောသူမှ...စပါးမျိုးအနေနှင့် ဆင်းသွယ်လတ်မျိုးကိုစိုက်တယ်။မိုးကောင်းသောက်လယ်တွေဆိုပေမဲ့ အခုလို မိုးများတဲ့ရာသီကြောင့် ပျက်စီးဆုံးရှုံးမှု့တွေရှိပါတယ်
စိုက်ပြီးတာမှ (၂)ရက်လောက်ပဲရှိသေးတာဆိုတော့ ကောက်ပင်က အမြစ်တောင်စွဲမှာမဟုတ်သေးပါဘူး။နောက်(၃.၄)ရက်နေမှရေမကျရင် မရ ရတဲ့မျိုးကိုဝယ်ပြီးတော့ စိုက်ရမဲ့သဘောရှိတယ်။အခုရေမြှုပ်နေတာက (၃)ရက်လောက်ရှိပြီ။အရင်ထုပ်ရေကိုမနုတ်နိုင်
လို့ ရေလျှံတာပေါ့ဟု ပြောကြားသွားသည်။
      အိုးထိမ်းကုန်းကျေးရွာမှ တောင်သူတစ်ဦးမှ....ဒီနားကစိုက်လယ်တွေက လယ်ကြီးသမားတွေများတယ်။စိုက်ပြီးတာတော့(၁)လလောက်တော့ရှိပြီ ရေနစ်နေတာက(၃)ရက်ဆိုတော့ တစ်ပတ်လောက်ကြာမှ ရေမလျော့ရင် လုပ်ခင်းတွေပျက်နိုင်တယ်။မျိုးစပါးအနေ
နှင့်ကတော့ အင်းမရဲဘော် စပါးမျိုးကိုပဲစိုက်တယ်ဟုပြောကြားသွား။ပြည်သတင်း.....

0 comments:

Post a Comment

Facebook Like Page