Friday, August 23, 2013
ပြည်မြို့မင်ကြီးတောင်ခြေတွင်သစ်ပင်များလမ်းပေါ်လဲကျ
ပြည်မြို့မင်ကြီးတောင်ခြေတွင်သစ်ပင်များလမ်းပေါ်လဲကျ
************************************
သြဂုတ် (၂၀) ရက်နေ့ ၌ ပြည်မြို့ ဆင်စုရပ်ကွက် န၀ဒေးတံတားအောက်ဘက်၊ မင်းကြီးတောင်ခြေရှိကမ်းနား ပတ်လမ်းတွင် မိုးဆက်တိုက်ရွာသွန်မှုကြောင့် သစ်ပင်များ ၊ ဆက်သွယ်ရေးလိုင်းကြိုးနှင့်၊ လျှပ်စစ်မီးကြိုး
ပေါ်မှတဆင့် အများပြည်သူသွားရာလမ်းပေါ်သို့ လဲကျလျက်ရှိကြောင်း သတင်းရရှိသည်။ “ မနက်(၆) နာရီဆို ဒီလမ်းကဘဲစက်ဘီးနဲ့ အလုပ်သွားရတာ အများပြည်သူတွေသွားလာနေတုန်းလဲကျမှာကိုစိုးရိမ်ရတယ်
အခုချိန်ထိတော့လဲနေတဲ့ သစ်ပင်သစ်ကိုင်တွေကိုရှင်းတာတို့ လမ်းနဲ့လွတ်တာတို့ကို ဖယ်ရှားတာတော့ မရှိသေးပါဘူး အမြန်ဆုံးလုပ်စေချင်တယ်” ဟု ဒေသခံပြည်သူတစ်ဦး ကပြောသည်။ ဖုန်း နဲ့ပြည်သူတယောက်
ကသတင်းလှမ်းပေးတယ် သိသိချင်းသွာတော့ မြို့နယ်အုပ်ချုပ်ရေးမှုးလဲရောက်လာတယ် စည်ပင်၊ မီးသတ် ရယ်ဆက်သွယ်ရေးနဲ့ ရပ်ကွက်နေသူတွေကသွားရေးလာရေး အဆင်ပြေအောင်လုပ်နေပါတယ် လဲကျနေ
တဲ့သစ်ပင်တွေနဲ့ ထပ်လဲနိုင်တာက ဆယ်လေးငါးပင်လောက်ရှိတယ် ကုန်တင်ကားကြီးတွေနဲ့ Express တွေကလွဲရင် ဒီလမ်းကဘဲသွားလာလှုပ်ရှားနေရတာဆိုတော့ သွားရေးလာရေးအဆင်ပြေဖို့နဲ့အန္တယ်ရယ်ကင်းဖို့
အတွက်ဦးစားပေးလုပ်နေပါတယ် ဟု ရပ်ကွက်အုပ်ချုပ်ရေးမှုး ကပြောသည်။ (စီပွားရေးနဲ့ကျန်မာရေး လူမူရေးအတွက် ပြည်မြို့နယ် စည်ပင်သာယာ၊ မီးသက်ဦးစီးဋ္ဌာန နှင့်ဆက်သွယ်ရေး မှဝန်ထမ်းများရောက်ရှိလာ
ပြီး သစ်ပင်များအား ခုတ်ပိုင်းရှင်းလင်းခြင်း၊ လမ်းနှင့်လွတ်ရာသို့ သယ်ဆောင်ခြင်း၊ များအားပြုလုပ်ခဲ့ နေ့လည် (၂) နှစ်နာရီခန့်တွင် ပြီးစီးကြောင်းသိရသည်။ သိုသော် ညနေ (၃) နာရီခွဲအချိန့်ခန့် ၌ ၄င်းနေရာအနီးရှိ
သစ်ပင်ကြီးတစ်ပင်မှာလမ်းပေါ်သို့ ကန့်လန့်ဖြတ်အနေအထားဖြင့်ထပ်မံလဲကျခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးထံမှသိရသည်။
0 comments:
Post a Comment