Saturday, August 24, 2013

ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ အခမ်းအနားကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ

Leave a Comment





နေပြည်တော် သြဂုတ် ၂၃

ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ အခမ်းအနားကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲထွဋ်၊ ဦးအေးမြင့်မောင်၊ ဦးသောင်းတင်၊ ဒေါက်တာ တင်ရွှေ၊ ဦးကျော်ကျော်ဝင်း၊ ဦးဝင်းမြင့်၊ ဦးသိန်းအောင်၊ ဦးဇင်ယော်နှင့် ဒေါက် တာ မောင်မောင်သိမ်း၊ ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းမှ သတင်းထောက်များ၊ စာနယ်ဇင်းများ နှင့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် သမဝါယမဝန်ကြီး ဌာနမှ အသေးစား ချေးငွေများ ထုတ်ချေး ပေးနေမှု၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရအဖွဲ့၏ ပြည်သူများတိုက်ရိုက် အကျိုးခံစားနိုင်မည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်မည့် အစီအမံများ၊ တယ်လီဖုန်း အော်ပရေတာ လိုင်စင်ဆိုင်ရာ ကိစ္စရပ်များ၊ မီဒီယာ ဥပဒေမူကြမ်း ဆိုင်ရာများ၊ အိမ်ခြံမြေဈေး အဆမတန် မြင့်တက်နေမှု အခြေအနေ၊ စတော့အိတ်ချိန်း တည်ထောင်မည့် အစီအစဉ်၊ လျှပ်စစ် ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးရန် စီမံ ဆောင်ရွက်နေမှု၊ ဟိုတယ်ဇုန်များ ဖော်ထုတ် ဆောင်ရွက်နေမှု စသည်တို့နှင့် စပ်လျဉ်း၍ မီဒီယာများက မေးမြန်းသည်များကို ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြသည်။

0 comments:

Post a Comment

Facebook Like Page