Sunday, August 25, 2013
စိတ်ကြိုက်စာအုပ်များ...ပြည်သတင်း....
Leave a Comment
နာဇီဂျာမဏီ ၀ါဒကို ထွင်ခဲ့တဲ့ ဟစ်တလာ သေ မသေ ( လင်းယုန်မောင်မောင်)
Download - ဟစ်တလာ သေ မသေ ( လင်းယုန်မောင်မောင်)
မျက်လှည်ပြနည်း100 စာအုပ်နဲ့  ဖဲမျက်လှည်ပြသနည်းစာအုပ်လေးတွေပါ
 Download - ဖဲမျက်လှည့်ပြသနည်းများ (စက္ကောမ)
 =====================================================
Download - မျက်လှည့်ပြသနည်းပေါင်း 100 (စက္ကောမ)
======================================================
မျက်လှည်ပြတာ ၀ါသနာပါသူများအတွက် ပညာရစေမယ် စာအုပ်ကောင်းတွေပါ
ဖဲမျက်လှည်လေ့ကျင့်ဖို့  ဖဲထုတ်ဝယ်ထားပီး ကိုယ်တိုင် လုပ်ကြည့်လို့  ရပါတယ် ။
ဆရာတော် ဦးအရိယဓမ္မ ဖြေဆိုထားသော ဖတ်မှတ်သင့်တဲ့စာအုပ်ကောင်း
Download - http://www.mediafire.com/ အမေးအဖြေစာအုပ်
မိလိန္ဒမင်းကြီး နှင့် အရှင်နာဂသိန် အမေးအဖြေ စာအုပ်
ဒီစာအုပ်ကတော့  အတော်လေးပြည့်စုံကောင်းမွန်တဲ့ စာအုပ်တစ်အုပ်ပါ ဖတ်ထားဖို့ 
မှတ်ထားဖို့ လိုတဲ့အထဲမှာ ဒီစာအုပ်ပါပါတယ် ကိုယ့်ဘာသာကို ယုံမှားသံသယကင်း
စိတ်ရှင်းရှင်းနဲ့  ကိုးကွယ်စေဖို့  အမေအဖြေတွေ ပြည့်စုံအောင်ပါတယ် တခါတလေ
ဘာသာခြားတွေရဲ့ မေးခွန်းတွေ ကို   ပြန်လည်ခြေပတဲ့အခါ  သဘာဝကျကျလေးနဲ့ 
လေ့လာ  ဖတ်မှတ်ကြည့်လိုက်ပါ  ။  ဖတ်ရင်းဖတ်ရင်း  ကိုယ်တိုင်အမြင်မရှင်းတာကို
ဒီစာအုပ်လေးက  ရှင်းသွားအောင်  ဖြေပေးပါလိမ့်မယ်  ။ ဖတ်သင့်တဲ့  စာအုပ်ထဲမှာ
ဒီစာအုပ်လည်းပါတယ်၊ပါဠိစာတွေ ဘုရားစာတွေ အလွတ်ရနေတာထက် စိတ်ထဲက
တကယ်ယုံကြည်ပီး ဘာသာတရားရဲ့ သဘောသဘာဝကို အတွင်းကျကျလေ့လာဖို့ 
ရတနာသုံးပါးကို သက်ဝင်ယုံကြည်လာသူတစ်ယောက်အကြောင်း (ဆန်းလွင်)
မိရိုးဖလာလွန်ဗုဒ္ဓဘာသာ ( ဦးကောင်းထွန်း)
မိလိန္ဒမင်းကြီး နှင့် အရှင်နာဂသိန် အမေးအဖြေ
ဗုဒ္ဓဘာသာကောင်းတစ်ယောက် ......
ဒီစာအုပ်လေးအုပ်သာ တကယ်ဖတ်ရင် အလေးပြုပါတယ် လေးစားပါတယ်
ဒီလင့်မှာ Download ယူ  - မိလိန္ဒမင်းကြီး နှင့် အရှင်နာဂသိန် အမေးအဖြေ
.
နှစ် 30 ကြာမှ တရားဝင်ပုံနှိပ်ခွင့်ရတဲ့ ၀န်ကြီးချုပ် ဦးနုရဲ့ တာတေစနေသား
ဒီစာအုပ်ကတော့  မြန်မာပြည်ဝန်ကြီးချုပ် ဦးနုရဲ့   ဘ၀အကြောင်းရေးထားတာနော်
ဒီစာအုပ်လေးကို စိတ်ဝင်စားတဲ့သူတွေ ဖတ်စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ် ၀တ္ထု
ရသထက် မြန်မာပြည်ဝန်ကြီးချုပ်တစ်ဦးရဲ့ ဘ၀ဖြစ်ရပ်မှန်အကြောင်း သူနေထိုင်ခဲ့ပုံ
လေ့လာပညာသင်ပုံ  ကျင်လည်ကျက်စားခဲ့ပုံကစပီး မြန်မာပြည်ဝန်ကြီးချုပ်ဖြစ်လာ
သည်အထိ စိတ်ဝင်စားဖွယ်ရေးသားထားပါတယ် ။ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ ဆုံပုံ
မြန်မာနိုင်ငံရေးကို  မည်သို့ မည်ပုံဆောင်ရွက်ခဲ့ပုံ  ငယ်ငယ်က ဆိုးခဲ့ပုံ မိုက်ခဲ့ပုံတွေ
ရုပ်ရှင်ဇာတ်လမ်းပုံစံဖတ်ရတဲ့အခါ  ၀တ္ထုတစ်ပုဒ်ရဲ့ရသရော  မြန်မာ့နိုင်ငံရေးသမိုင်း
ဗဟုသုတတွေပါ အစုံရတဲ့ စာအုပ်ပါ ။ ဒီစာအုပ်ထဲမှာ ကျောင်းသင်ခန်းစာမှာမပါတဲ့
မြန်မာနိုင်ငံရေး သမိုင်းအစစ်ကို တွေ့ ရပါလိမ့်မယ် ။ စာပေးစီစစ်ရေးက ခွင့်မပြုဘူး
ဆိုပေမယ့် ဒီစာအုပ်က 2008 လောက်မှာတင် အွန်လိုင်းမှာ ပြန့် နေပါပီ ။ အခုတော့
ထုန်ဝေခွင့်ရပီလို့   သတင်းမှာဖတ်ရပါတယ် ။ လက်ရှိစာအုပ်နဲ့   အရင်စာမူဖိုင်တွေ
ဘယ်လိုကွဲပြားသေးလည်းဆိုတာ   စာအုပ်ဖတ်သူများ  နှိုင်းယှဉ်ကြည့်ပါ ။ သတင်း
အညွှန်းလေး ကူးတင်လိုက်တယ်နော်..အောက်မှာဖတ်ကြည့်လိုက်ပါ...................။
အောက်ပါလင့်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်..
www.myanmarij.com
“ဒီစာအုပ်ကို လူငယ်တွေအားလုံးအတွက် ရေးတာ ဆိုတော့ အရမ်း ဖြစ်စေချင်တယ်။ ဒီစာအုပ်ကို ထုတ် ချင်တယ်။ သူက ထုတ်ချင်လေ ထုတ်လို့မရလေ ဖြစ်နေတယ်။ စာအုပ်က နှစ်ပေါင်း သုံးဆယ်ကျော်မှ ထုတ်ခွင့် ရတော့တယ်”ဟု ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဖြစ်သူ ဒေါ်စန်းစန်းနုက စက်တင်ဘာ ၂ဝ ရက်က မြန်မာ အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံ စဉ် ပြောကြားသည်။
စာရေးဆရာ၊ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် တာတေစနေသား အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ကတည်းက ရေးသား ပြီးစီးခဲ့သည်။ ထိုအချိန်ကာလမှ စ၍ စာအုပ် အဖြစ် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် မရခဲ့ဘဲ ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
တာတေစနေသား စာအုပ်ကို ထုတ်ဝေခွင့် ရရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ထုတ်ဝေခွင့် မရရှိခဲ့ကြောင်း သိရသည်။ ငါတို့စာပေ စာအုပ်တိုက်မှ ထုတ်ဝေသူ စန်းမွန်အောင်ကလည်း တာတေစနေသား စာအုပ်ကို ၂ဝဝ၉ ခုနှစ်ကတည်းက ထုတ်ဝေခွင့် ရရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေး၏ မူဝါဒများကြောင့် ထုတ်ဝေခွင့် လုံးဝ မရခဲ့ကြောင်း ပြောသည်။ ယင်းသို့ ထုတ်ဝေခွင့် မရခဲ့သည်နှင့် ပတ်သက်၍ “ဒီစာအုပ်ကို ထုတ်မယ် လုပ်တော့ လူကြီးတစ်ယောက်က မထုတ်ပါနဲ့၊ ထုတ်လို့ရှိရင် ရှေ့ပိုင်းမှာ ရေးထားတဲ့ အကြောင်းအရာတွေကို လူငယ်တွေက အတုခိုးမှားပြီး လိုက်လုပ်ရင် လူငယ်တွေ ပျက်စီးကုန်မှာ စိုးတယ် ဆိုပြီး တော့ပြောတယ်။ ထုတ်ခွင့်လည်း မပေးဘူး”ဟု သမီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောသည်။
တာတေစနေသား စာအုပ်တွင် ဦးနုသည် ယင်း၏ ငယ်ဘဝက ဆိုးပေမှုများကို ပွင့်လင်းစွာ ရေးသား ဖော်ပြထား သည်။ ထို့ကြောင့် ယင်း စာအုပ်ပါ အကြောင်းအရာ တချို့သည် လူငယ်များ အတုခိုးမှားနိုင်သည်ဟု အကြောင်း ပြခြင်း ဖြစ်သည်။
ထိုသို့ ထုတ်ဝေခွင့် မရခဲ့ခြင်းသည် တာတေစနေသား စာအုပ်တွင် ရေးသား ဖော်ပြထားသည့် ဦးနု၏ ငယ်ဘဝ အတွေ့အကြုံကြောင့် မဖြစ်နိုင်ကြောင်း၊ စာအုပ်၏ နောက်ဆုံး အပိုင်းတွင် ဖော်ပြထားသည့် ၁၉၆၂ ခုနှစ် အာဏာသိမ်း မှုများနှင့် ပတ်သက်နိုင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးနှနှင့် နိုင်ငံရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ ဦးစောဝင်းက ပြောသည်။ ယင်းနှင့် ပတ်သက်၍ “၆၂ နှစ် အာဏာသိမ်းတဲ့ အချိန်မှာ စာအုပ်ကို အဆုံးသတ် ထားတယ်။ အာဏာသိမ်းရတာဟာ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးပဲ လိုတော့လို့ သိမ်းရတာလို့ ဗိုလ်ချုပ် နေဝင်းက ပြောတယ်။ အာဏာက သိမ်းချင်လို့သိမ်းတာ။ လက်နှစ်လုံးပဲ လိုတော့လို့ မဟုတ်ဘူး။ ဒီထဲ မှာ သေချာဖတ်လို့ ရှိရင်သိနိုင်တယ်။ ဝမ်းနည်းကြေကွဲဖို့ ကောင်းတယ်” ဟု ဦးစောဝင်းက ပြောသည်။
တာတေစနေသား စာအုပ် ရေးသားရသည် နှင့်ပတ်သက်ပြီး ဦးနုက သူ၏ သားသမီးများထံသို့ စာတစ်စောင် ရေးသား ခဲ့သည်။ စာပါ ရက်စွဲအရ ယင်းစာကို ၁၉၇၄ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ရေးသည်ဟု သိရ သည်။ ယင်းတွင် “စန်းစန်းနု၊ မောင်သောင်းထိုက်၊ အောင်အောင်၊ သန်းသန်းနု၊ ချိုချိုနုတို့၊ တာတေစနေသား လို့ နာမည်ရခဲ့ဖူးတဲ့ မင်းတို့ရဲ့ဖေဖေ ဦးနုဟာ ဆိုးတုန်းက အတော်ဆိုးခဲ့ပြီး၊ လူကောင်း တစ်ယောက် ဖြစ်အောင် အတော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရဖူးသူ ဖြစ်တယ်။ ဒီလိုလူစားမျိုး ဖြစ်တဲ့အတွက် သူ့ဘဝမှာ မကောင်းတာ တွေလည်း အများကြီး ရှိတယ်။ ကောင်းတာ တွေလည်း ရှိသလောက် ရှိတယ်။ ဒီစာအုပ်ကို ဖတ်ပြီး မင်းတို့ဟာ မင်းတို့အဖေရဲ့ မကောင်းမှုတွေ ကို ရှောင်၊ သူ့ထက် ပိုကောင်းအောင် မင်းတို့ ကြိုးစားနိုင်ကြမယ် ဆိုရင် ဒီစာအုပ် ကို ငါရေးရကျိုးနပ်ပြီ” ဟု ဖော်ပြခဲ့သည်။
“ကျွန်မတို့ မောင်နှမငါးယောက် နာမည်တပ်ပြီးတော့ အဖေက ဒီစာအုပ်ကိုရေးတယ်။ ဒါပေမယ့် သူ့သားသမီး ငါးယောက်ထဲ အတွက် ရည်ရွယ်ပြီး ရေးတာ မဟုတ်ဘူး။ စာအုပ်မှာ နာမည်တွေ အများကြီး သုံးလိုက်လို့ မကောင်းလို့သာ အဖေက ကျွန်မတို့ကို ပြောတဲ့ ပုံစံမျိုးနဲ့ ရေးတယ်။ တကယ်တော့ ကျွန်မတို့နဲ့ အတူတူ ကြီးပြင်းလာခဲ့တဲ့ မြန်မာပြည် တစ်ပြည်လုံးက လူငယ်တွေအတွက် ရည်ရွယ်ပြီးတော့ ရေးတာပါ”ဟု အထက် ဖော်ပြပါစာနှင့် ပတ်သက်၍ ဒေါ်စန်းစန်းနု က ပြောသည်။
တာတေစနေသား စာအုပ်တွင် ဦးနု၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ သခင်ဘဝ၊ နိုင်ငံရေးဘဝ၊ မိသားစုဘဝ၊ ဝန်ကြီးချုပ် ဘဝနှင့် ၁၉၆၂ ခုနှစ်အထိ ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံရေး အတွေ့အကြုံတို့ကို ဖတ်ရှု ရမည် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ “ဒီစာအုပ်မှာ နိုင်ငံရေး ရှိတယ်။ သုတ ရှိတယ်။ ရသ ရှိတယ်။ ဘာသာရေး တွေမှာလည်း အရမ်းကောင်းတယ်။ ရသစာပေ အနေနဲ့ ဖတ်မယ် ဆိုရင်လည်း ရသစာပေအနေနဲ့ တန်ဖိုးရှိ တယ်”ဟု ဦးစောဝင်းက ပြောသည်။
ဦးနု၏ တာတေစနေသား စာအုပ်ကို ရေးသားပြီးနောက် နှစ် ၃ဝ ကျော်မှသာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ထုတ်ဝေခွင့် ရခဲ့သည် ဆိုသော်လည်း အိန္ဒိယနှင့် အမေရိကတို့တွင် ထုတ်ဝေခဲ့ဖူးကြောင်းသိရသည်။ ယင်းနှင့် ပတ်သက်၍ အိန္ဒိယမှာတော့ ထုတ်ဖြစ်ခဲ့တယ်။ အမေရိကားမှာ ယေးလ်တက္ကသိုလ်က အင်္ဂလိပ်လို ထုတ်တယ်။ အိန္ဒိယမှာ ဦးမောသီရိက ထုတ်ခဲ့တယ်”ဟု ဒေါ်စန်းစန်းနုက ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခွင့် ရခဲ့ခြင်းကြောင့် ယင်းစာအုပ်မှ အကျိုးကျေးဇူးများ နှင့်ပတ်သက်၍ “သူ့ရဲ့ မကောင်းတာတွေကို ရှောင်ပြီးတော့ ကောင်းတာတွေကို အတုယူကြမယ်။ ကြိုးစား ပြီးတော့ လုပ်ကြမယ် ဆိုလို့ရှိရင် သူ ဒီစာအုပ်ကို ရေးရကျိုးနပ်ပြီလို့ ပြောထားတယ်။” ကျွန်မတို့ မောင်နှမ တွေက အသက် ၇ဝ တွေ၊ ၈ဝ တွေ ဖြစ်နေပြီ၊ လူငယ်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့ မျိုးဆက် တွေကစပြီး နောက်ပိုင်း မျိုးဆက်တွေ အတုယူ သွားနိုင်ရင်တော့ အများကြီး အကျိုးရှိသွားမယ်”ဟု ဒေါ်စန်းစန်းနုက ပြောသည်။
စာရေးဆရာ ဦးနု၏ တာတေ စနေသား စာအုပ်မိတ်ဆက်ပွဲအား စက်တင်ဘာ ၂၅ ရက်နေ့က ဗိုလ်တထောင် မြို့နယ်ရှိ HOME Media ခန်းမ၌ ကျင်းပရာ စာဖတ်ပရိသတ် များစွာတို့မှ တစ်ခဲနက်လာရောက် အားပေးခဲ့ ကြသည်။ ယင်းမိတ်ဆက်ပွဲ အခမ်းအနား၌ စာရေးဆရာ ဦးနု၏ သမီးဖြစ်သူ ဒေါ်စန်းစန်းနု၊ ဒီ/ ငြိမ်းပါတီမှ ဦးစောဝင်း၊ သတင်းစာ ဆရာ မောင်ဝံသနှင့် နိုင်ငံကျော် စာရေးဆရာများ ဖြစ်သည့် တက္ကသိုလ် စိန်တင်၊ ချစ်ဦးညို၊ မင်းလူ၊ မောင်သွေးသစ်၊ သစ္စာနီတို့မှ အမှတ်တရ စကားများ ပြောကြားခဲ့သည်။
Download ယူဖတ်လိုက်ပါ -www.mediafire.com တာတေစနေသား ( ဦးနု)
ဖတ်ထားသင့် ၊ လေ့လာသင် ၊ ရှိထားသင့်၊ ဆောင်ထားသင့်တဲ့စာအုပ်ကောင်း
ဒီစာအုပ်ကတော့  အတော်လေးပြည့်စုံကောင်းမွန်တဲ့ စာအုပ်တစ်အုပ်ပါ ဖတ်ထားဖို့ 
မှတ်ထားဖို့ လိုတဲ့အထဲမှာ ဒီစာအုပ်ပါပါတယ် ။ အသက်အရွယ် သုံးပါးစလုံးအတွက်
အခြေခံကစပီး  လိုက်နာသင့်သော  ကျင့်ကြံသင့်သော   ပညာတွေကို အသေးစိတ်
ရေးထားတာပါ ။ ကျနော်တို့ ဘာသာဝင်တွေ ဖတ်ထားသင့်တဲ့စာအုပ်တစ်အုပ်ထဲမှာ
ဒီစာအုပ်လည်းပါတယ်၊ပါဠိစာတွေ ဘုရားစာတွေ အလွတ်ရနေတာထက် စိတ်ထဲက
တကယ်ယုံကြည်ပီး ဘာသာတရားရဲ့ သဘောသဘာဝကို အတွင်းကျကျလေ့လာဖို့ 
ရတနာသုံးပါးကို သက်ဝင်ယုံကြည်လာသူတစ်ယောက်အကြောင်း (ဆန်းလွင်)
မိရိုးဖလာလွန်ဗုဒ္ဓဘာသာ ( ဦးကောင်းထွန်း)
မိလိန္ဒမင်းကြီး နှင့် အရှင်နာဂသိန် အမေးအဖြေ
ဗုဒ္ဓဘာသာကောင်းတစ်ယောက်
ဒီစာအုပ်လေးအုပ်သာ တကယ်ဖတ်ရင် အလေးပြုပါတယ် လေးစားပါတယ်
ဒီလင့်မှာ Download ယူပါ - ဗုဒ္ဓဘာသာကောင်းတစ်ယောက်
တိုက်ရေယဉ် - 103 (မောင်သော်က ) ဖြစ်ရပ်မှန် ရေကြောင်းဇာတ်လမ်း
Credit - mmcybermedia.com
ဒီစာအုပ်လေးကလည်း စာရေးဆရာသော်က ရေတပ်ဗိုလ်တစ်ဦးရဲ့ ပင်လယ်ပြင်ကနေ
ရရှိလာတဲ့ ကိုယ်တွေ့ မှတ်တမ်း ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်။ရသပေါင်းများစွာထဲက
အတုယူလိုက်နာသင့်တဲ့ ခေါင်းဆောင်ကောင်းစိတ်ဓာတ်တွေ ပင်လယ်ပြင်ဗဟုသုတ
ရေတပ်ဆိုင်ရာ အခေါ်ဝေါ်ဗဟုသုတ အများကြီးရတဲ့ စာပေကောင်း တစ်အုပ်ပါ.အရင်
ဖတ်ဖူးပြီးပေမယ့် မတင်ဖြစ်ခဲ့ပါဘူး.သူများဖတ်ချင်တယ်ဆိုလို့ ပြန်တင်ပေးလိုက်တာ
လိုအပ်သူများ ယူထားပါ။ စာအုပ်တွေ အများကြီး ဖတ်ဖူးတယ် စုလည်းစုထားတယ်.။
ဒီလင့်မှာ Downloadယူပါ - တိုက်ရေယဉ်-103တကယ့်အဖြစ်ပျက်
ဒီလင့်မှာ Downloadယူပါ - တိုက်ရေယဉ်-103တကယ့်အဖြစ်ပျက်
ရတာနာသုံးပါးကို ယုံကြည့်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း
ဆရာဆန်းလွင်၏ဘ၀မှာသိတ်ဝင်စားစရာတွေပြည့်နေပါသည်။ ဖီလိုဆိုဖီပါမောက္ခကြီး၏ 
ဘ၀မှာလေ့လာစရာ တွေပြည့်နှက်နေပုံကိုစိတ်စိတ်ကလေးရေးပြထားပါသည်၊ သူ၏အကောင်း 
ဆုံးလက်ရာဟုလည်းဆိုနိုင်ပါသည်၊ မွတ်စလင် အဖြစ်မွေးလာသူတယောက်က ဗုဒ္ဓဘာသာမှာ 
လွတ်မြောက်ကြောင်းကိုတွေ့ခဲ့ပါသည်၊ ထိုလွတ်မြောက် ရေး လမ်းကားတော်ရုံဝိရီယရှိရုံမျှဖြင့် 
မလျောက်လှမ်းနိုင်ပါ။ဗုဒ္ဓဘာသာဝင်တွေဖတ်ကြရ မည့်စာအုပ် ကောင်း တအုပ်ဖြစ်ပါသည်။
ဒီလင့်မှာ Download ယူပါ - ဆန်းလွင် ရဲ့အကောင်းဆုံးစာအုပ်တစ်အုပ်
ပန်ထွာဘုရင်မ ( ဗိဿနိုးဘုရင်မ ) သရေခေတ္တရာ သမိုင်းကြောင်း ဗဟုသုတ
ဒီစာအုပ်လေးကတော့  သူငယ်ချင်းတစ်ယောက်ရဲ့  ကောင်မလေးတစ်ယောက်က
ကောင်ကလေးတစ်ယောက်ကို တောင်းလို့ တင်ဖြစ်သွားတာပါ ဒီစာအုပ်မျိုးတွေကို
အများကြီးဖတ်ခဲ့ဖူးပါတယ် ။သမိုင်းကြောင်းကို စိတ်ဝင်စားလို့ ပါ ဒီစာအုပ်ကလည်း
သမိုင်းဆိုင်ရာ  အချက်လက်တွေ အများကြီး အခြေခံပီးမှ ရေးသားခဲ့တာလို့ လည်း
စာရေးသူက  ဖွင့်ဆိုထားပါတယ် ။ ပန်ထွာဘုရင်မရဲ့ အကြောင်းရယ်  ဗိဿနိုးမြိုရဲ့
သမိုင်းရယ် အခုချိန်ထိ တောင်တွင်းကြီးမှာ သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့တဲ့
ဖြစ်ရပ်မှန်နေရာတွေ  သစ္စာစူးလို့ ထူးခြားတဲ့ နေရာတွေ  အများကြီး ရှိနေပါတယ်
Download Link - ပန်ထွာဘုရင်မ
ဒီနေ့ ကျနော်တို့ စက်ရုံ( မလေးရှား ) မှာ လူသေပါတယ် ....25 - 10 - 12
ညည အိပ်မပျော်သူများအတွက် လက်ဆောင်ထားခဲ့ပါတယ် အောက်မှာ ယူလိုက်ပါ
.
ဖတ်ပြီးတော့  တွေးစရာတွေ အများကြီးပဲ.။ ဖတ်မကြည့်ရသေးဘူးဆို ရင်   ဖတ်ဖြစ်
အောင်ဖတ်ကြည့်ဖို့  တိုက်တွန်းချင်ပါတယ် ။ ဒီစာအုပ်ကြောင့် နာမည်ကျော်တာတဲ့
အခုမှပဲ  ဖတ်ဖြစ်တော့တယ်။ စာရေးဆရာ သွန်းနေစိုးရေးတာပါ  ။ အခုတလောမှာ
ပြဿနာဖြစ်နေတဲ့ဆရာ ဆို  သိကြမယ်ထင်ပါတယ်. တကယ့်ကို ထူးဆန်းတယ်ဗျ
ဖတ်ကြည့်ပြီးရင် သိလိမ့်မယ်..ကဲ ဖလမ်းဖလမ်းနော်... ဘာလို့ ဖတ်စေချင်ရတာလဲ
ဆိုတာ ဖတ်ကြည့်ပြီးရင် သိစေရမယ်.........ကဲ အောက်ပါတို့ ကို နှိပ်ပြီးဖတ်စေ.....။
ဒီလင့်မှာယူလိုက်ပါ - http://www.mediafire.com/သုဿန်စောင့်မဖဲဝါ.
ဒီလင့်မှာ နှိပ်၍ဖတ်ပါ - သုဿန်စောင့်မဖဲဝါအကြောင်း
ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါ´ ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား.........
ကဲ........................................။ဘယ်နှယ်လုပ်ကြမလဲ..................................။
စာအုပ်ဖတ်ပြီးရင်ဒါတွေဖတ် -.http://www.facebook.com/deaththekyawswar
0 comments:
Post a Comment
Facebook Like Page