Wednesday, August 14, 2013
ပေါင်းတည်မြို့ မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကြီး
ပေါင်းတည်မြို့ မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကြီး
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ ၁၁၃ ကြိမ်မြောက်၊ ၁၁၆ နှစ်ပြည့်၊ ဗုဒမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲကြီးကို ၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ ၁၆.၉.၂၀၁၃ နေ့မှ တော်သလင်းလပြည့်ကျော် ၁ ရက်၊ ၂၀.၉.၂၀၁၃ နေ့အထိ ၅ ရက် တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ ၁၇.၉.၂၀၁၃ နေ့ မွန်းလွဲ ၁ နာရီမှ စတင်၍ မြတ်စွယ်တော်ရတနာကို ဆင်တော်ပေါ်သို့ ပင့်ဆောင်ပြီး၊ ယိမ်း၊ နိပါတ်၊ ဘာသာရေးအဖွဲ့အစည်းများ လိုက်ပါခြံရံလျက် မြို့ပေါ်သို့ လှည့်လည်အပူဇော်ခံပါမည်။ ၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့မှ တော်သလင်းလပြည့်နေ့ည ၁၀ နာရီအထိ ဗုဒမြတ်စွယ်တော်ရတနာကို စိန်ကြုတ်မှ ဖွင့်လှစ်၍ ပကတိအတိုင်း ပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဈေဒဆိုင်ဟောင်းများကို တော်သလင်းလဆန်း ၁ ရက်၊ ၅.၉.၂၀၁၃ နေ့မှစ၍ တော်သလင်းလဆန်း ၃ ရက်၊ ၇.၉.၂၀၁၃ နေ့အထိရောင်းချပေးပြီး ဈေးဆိုင်သစ်များကို တော်သလင်းလဆန်း ၄ ရက်၊ ၈.၉.၂၀၁၃ နေ့မှစ၍ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြတ်ဆွယ်တော်အခန်းအနားစီစဉ်မှုအဖွဲ့၊ ပေါင်းတည်မြို့၊ ဖုန်း ၀၅၃-၃၈၁၁၀
0 comments:
Post a Comment