အစ္စလာမ် အစွန်းရောက် တာလီဘန်
အဖွဲ့ဝင်တို့တွင် ကလေးမပါ လြူကီးများသာ ရှိကြောင်း ပြောခဲ့သော်လည်း
အိုးမဲ့အိမ်မဲ့ ကလေးသူငယ်များကို တာလီဘန်တို့
လူသစ်အဖြစ် စုဆောင်းလျက် ရှိကြောင်း
တွေ့ရှိရသည်။ အဆိုပါ မိဘမဲ့ ကလေးများကို သေနတ် ပစ်နည်း သင်ပေးသည်။
တွေ့ရာကြုံရာ ပစ္စည်းများဖြင့် ဖောက်ခွဲရေး ကိရိယာများ ပြုလုပ်နည်းနှင့်
မိမိကိုယ်ကိုယ် သတ်သေပြီး ဗုံးဖောက်ခွဲရန်အတွက် အသေခံဂျာစီများ ၀တ်ဆင်ပီး
ဖောက်ခွဲနည်းများ သင်ပေးသည်ဟု ဆိုသည်။ ထို့ပြင်ကလေးများကို သကြားလုံး ၊
ချောကလက်နှင့် ပိုက်ဆံများ အလျဉ်မပြတ်ပေး၍ သူတို့ ခိုင်းသမျှ
လုပ်ဆောင်ပေးဖို့ သိမ်းသွင်း ကြသည်ဟု ဆိုသည်။ အာဖဂနန် နစ်စတန်တွင် ရှိသော
တာလီဘန်တို့သည် ဆာလောင် ငတ်မွတ်နေသော အသက် ရှစ်နှစ်အရွယ် ကလေးများကို
မုန့်ဖိုးများပေး၍ လမ်းဘေးတွင် လူသူသတ် ထောင်ချောက်များ ထောင်ခိုင်းခြင်း၊
ချုံပုတ်များတွင် ရန်သူကို လှည့်စားရန် တည်ကြက်အဖြစ် အသုံးပြုသည့်
အပြင်ယုတ်စွအဆုံး အသေခံ ဗုံးခွဲသူများ အဖြစ်ပင် အသုံးချခိုင်း စေကြသည်ဟု
စုံစမ်းစစ်ဆေးချက် အရ သိရသည်။ ရုပ်သံလိုင်းအမှတ် (၄) အတွက် အစီအစဉ်များကို
ရိုက်ကူးရန် စုံစမ်းစစ်ဆေးကြည့်ရာ အာဖဂန် လူမျိုး မိဘမဲ့ ကလေး''နိဇ်'က
ပြောပြသည်မှာ တာလီဘီဘန် တိုက်ခိုက်ရေး သမားများက ''ပိုက်ဆံအကြွေတွေ
လက်တစ်ဆုပ်စာ ပေးမယ်၊ တို့ခိုင်းတာ လုပ်ပေးရမယ'်'ဟူ၍ူ စတင် စည်းရုံးခဲ့စဉ်က
သူ၏အသက်မှာ ၈ နှစ်မျှသာ ရှိသေးကြောင်း ၊ ညွန့်ပေါင်းတပ်ဖွဲ့က သူတို့ရွာကို
ဗုံးကြဲသည့်အခါ သူက သူ့ဖခင်၏ သိုးအုပ်ကို ကျောင်းပေးနေချိန် ဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။
ရဟတ်ယာဉ်တစ်စင်း ရောက်လာပြီး ဗုံးကြဲရာ
တာလီဘန်များသည် နိဇ်တို့၏ အိမ်ထဲတွင် ၀င်ပုံးနေချိန် ဖြစ်သည်။
ထိုအချိန်တွင် သူ၏ဖခင်မှာ ဘယ်ဘက် ရင်အုံနှင့် ဦးခေါင်းကို ကျည်ထိမှန်ပြီး
အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားခဲ့သည့် အပြင် မိခင်မှာလည်း ရင်အုံကိုထိ၍်
သေဆုံးသွားခဲ့ရာ သူ့မှာ အားကိုစရာမရှိသော မိဘမဲ့ ကလေးသူငယ် ဘ၀သို့ချက်ချင်း
ကျရောက် သွားပါကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ရဟတ်ယဉ်များ ဗုံးကြဲ
တိုက်ခိုက်ပီးသွားသည်နှင့် ချက်ချင်းဆိုသလို ''နိဇ်''ကို တာလီဘန်
ခေါင်းဆောင်များက အဓမ္မပြန်ပေးဆွဲကာ အနီးအနားမြို့တစ်မြို့ သို့
ခေါ်သွားခဲ့သည်။ ထြိုမို့ ကလေးတွင် ၎င်းအား သေနတ်ကိုကိုင်တွင် အသုံးပြု
ပစ်ခတ်ပုံ၊ ပစ်ခတ်နည်းများ သင်ကြား ပြသပေးခဲ့သည်။ ထို့ပြင် တွေ့ရာ
ပစ္စည်းများဖြင့် ဖောက်ခွဲရေး ကိရိယာ ပြုလုပ်နည်းကိုပါ သင်ကြားပေးသည်။
သူ့ကို သကြားလုံးများ မပြတ်တမ်းပေးပြီး
''နောက်ဆိုရင် အထူး လက်ဆောင် ပေးဖို့လည်း စီစဉ်ထားတယ်'' ဟုပြောရာ
အစပိုင်းမှာ အလွန်ကို သဘောကျသွားခဲ့သည်။ ထိုအထူး လက်ဆောင်များမှာ
ကျည်ဆန်များ၊ လက်ပစ်ဗုံးများ ထည့်ထားသည့် ပစ္စည်းများဖြစ်ပြီး အသေခံ ဗုံးခွဲ
ဂျာစီအင်္ကျီကို မသိ နားမလည်သေးသော လူမမာကလေးငယ် နိဇ်ကို ၀တ်ဆင်
ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤကား တာလီဘန်တို့၏ မတရား ရက်စက် ယုတ်မာသော၊
သနားညှာတာမှု ကင်းမဲ့သော လုပ်ရပ်ပင် မဟုတ်ပါလား။ ရင်နင့်ဖွယ်ရာ
ကောင်းလှပါပေ၏။
''သူတို့က ကျွန်တော်နှင့် တော်မတော်
ဝတ်ကြည့်ပေးကြတယ်။ အင်္ကျီကို ဝတ်ကြည့်လိုက်တော့ လက်ပစ်ဗုံးတွေက ကျွန်တော့်
တစ်ကိုယ်လုံး ပတ်ချာလည်မှာ အများကြီးပဲ။ သူတို့က ကျွန်တော့်ကို
အာဖဂန်အကြွေစေ့ ၅ဝ ပေးမယ်။ မင်းဒီအတိုင်းဝတ်ပီး စစ်ဆေးရေးဂိတ်ကိုသွား၊
စစ်ဆေးရေး ဂိတ်ကိုရောက်တော့ မင်းအင်္ကျီ ခလုတ်ကိုနှိပ်ပြီး
ဖောက်ခွဲပစ်လိုက်လို့ ပြောတယ်။ ဒါနဲ့ကျွန်တော်က အဲဒီလို ကျွန်တော်
ဖောက်ခွဲပစ်လိုက်ရင် ဒီပိုက်ဆံတွေက ဘယ်လိုလုပ်ပြီး ကျွန်တော်
ရတော့မလဲဆိုတော့ သူတို့က ကျွန်တော့်ကို မြှောက်ပေးတယ်ဗျ။ ကျွန်တော်
တာလီဘန်တို့သည် မသိနားမလည်သော ကလေး သူငယ်များကို အသေခံ ဗုံးခွဲသူများအဖြစ်
ခိုင်းစေ အဲဒီလို လုပ်လိုက်ရင် ကောင်းကင် ဘုံရောက်သွားမယ်လို့ သူတို့က
ပြောတယ်''ဟု''နိဇ်'' က ပြန်ပြောသည်။ သြော် သားသမီးချင်း ကိုယ်ချင်း
မစာကြတဲ့ သူတွေပါလားဟု ရင်ထဲက နာကြည်း ခံစားမိသည်။ နောက်ဆုံးတော့ နိဇ်ကလေး
ကံကောင်းသွားသည်။ တာလီဘန်တွေ လက်ထဲက လွတ်သွားပြီး ကိုးမိုင်လောက်
ခြေကျင်လျှောက်လာရာ ရဲစခန်းတစ်ခုကို ရောက်လာပြီး တိုင်ကြားခဲ့ခြင်း
ဖြစ်သည်။ ယခုဆိုလျှင် သူကလေးက အသက် ၁ဝ နှစ်ရှိပြီ၊ လက်ရှိကာဂါးမြို့ မိဘမဲ့
ကလေးများ ဂေဟာတွင် ရောက်ရှိနေသည်ဟု သိရသည်။ သူ့သူငယ်ချင်းများမှာ ''နိဇ်''
လောက် ကံမကောင်းကြရှာပေ။ တာလီဘန်တို့ သင်ြကားပေးသည့် အတိုင်း အစိုးရ
အဖွဲ့ကို တိုက်ခိုက်ရန် ကြံစည်ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ကြသည့်
အတွက် အစိုးရ တပ်ဖွဲ့များက ဖမ်းဆီးပြီး ဟဲလ်မန်ဒ်နှင့် ဂါဇနီ
အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော ကလေးပေါင်း ၂၂၄ ယောက်ရှိပြီဟု
သိရသည်။ သူတို့ရသည့် ဗဟုသုတဟူ၍ ဗလီတွင် ဆရာများက ပြောဟောသည်ကိုသာ မှတ်သား
နားထောင်ကြရသူများ ဖြစ်ကြသည်။
နာဂျီဘူလာကို စတာလင်ပေါင် ငါးသိန်းပေး၍
ဗြိတိသျှတို့ ဆောက်လုပ်သွားသော အကျဉ်းထောင်ဖြစ်သည့် ဟဲလ်မန်ဒ်မြို့ရှိ
အကျဉ်းထောင်သို့ စေလွှတ်ခဲ့သည်။
ယခင်က မည်သူမျှ ဝင်ရောက်ခွင့် မရခဲ့သည်ကို
ဝင်ခွင့်ရအောင် ကြံစည်၍ အကျဉ်းစခန်း တစ်ခန်းလျှင် ယောက်ျားလေး ၂ဝ စီထားသော
နေရာများကို ကြည့်ရှုခဲ့ရာ ဟန်နန် အမည်ရှိ ထောင်ကျနေသော ကလေးမှာ အမေရိကန်
လေတပ်၏ လေကြောင်း တိုက်ခိုက်မှုတွင် သူ၏ ဖခင် သေဆုံးခဲ့ပြီးနောက် အသက် ၁၂
နှစ်သာ ရှိသေးသော်လည်း တာလီဘန် အဖွဲ့ထဲသို့ ဝင်ရောက် သွားခဲ့ရသည့်
ကလေးဖြစ်နေကြောင်း တွေ့ရှိရလေသည်။
''အာဖဂန် လူမျိုးအများစုဟာ ၎င်းတို့မွေးတဲ့
နေ့စွဲရက်စွဲတွေကို မသိကြပါဘူး။ သူတို့ တာလီဘန်တွေ ကျင့်သုံးတဲ့ ဓလေ့မှာ
ယောက်ျားလေးမှန်လျှင် မျက်နှာမှာ ပါးသိုင်းမွေး (ဝါ) ပါးမုန်းမွေးတွေ၊
မုတ်ဆိတ်မွေးတွေ ရှိပြီဆိုရင် တိုက်ခိုက်ရေး သမားတစ်ယောက် ဖြစ်နိုင်ခွင့်
ရှိပါတယ်” ဟူ၍ူ သတ်မှတ်ချက် ရှိပါသည်။
သူတို့ တိုက်ခိုက်ရေးအတွက် ကလေးများကို မသုံးပါနှင့်ဟူ ပြောလျှင် သုံးပါဘူး ဟူ၍သာ မသေမချာ ပြောပါလိမ့်မည်။
တာလီဘန်တို့သည် အမျိုးသမီးများအပေါ်
ရက်ရက်စက်စက် ဆက်ဆံ ကျသူများ ဖြစ်၍ နိုင်ငံတကာက ပြစ်တင် ရှုတ်ချထားသည်။
ယခုအခါမိဘမဲ့ ကလေးများ ကို သေရွာ ပို့နေကြပြန်ပြီ။ တာလီဘန်အများစုမှာ
ပက်ရှ်တွန် လူမျိုးအများစု ဖြစ်ပြီး မူလက အာဂဖန် နစ္စတန်တွင် အစ္စလာမ် အခြေခံ
ရှေးရိုးစွဲသူများ အဖြစ် နိုင်ငံရေး လှုပ်ရှားမှု ရှိခဲ့သူများ ဖြစ်သည်။
အစ္စလာမ် အီမီးရိတ်အော့ဖ် အာဖဂန်နစ္စတန် (Islamic Emirate of Jtridanitam)
အမည်ဖြင့် ၁၉၉၆ ခုနှစ်မှ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ အထိ မြို့တော် ကန်ဒါဟာတွင်
အုပ်ချုပ် ခဲ့ကြသည်။ ထိုစဉ်ကသံတမန် အဆက်အသွယ်ကို နိုင်ငံသုံးနိုင်ငံကသာ
ပြုလုပ်ခဲ့ရာ ယင်းတို့မှာ ပါက္ကစ တန်၊ ဆော်ဒီအာရေဗျနှင့် အာရပ် စော်ဘွားများ
ပြည်ထောင်စုတို့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်မစ၍ တာလီဘန် ဘာသာရေး ခေါင်းဆောင်မှာ
မိုဟမ်မက် အိုမာ ဖြစ်လာသည်။ ၎င်းတို့ အာဏာရစဉ်က ရှယ်ရီဟာလောခေါ် ဘာသာရေး
ဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ ပါက္ကစတန်နိုင်ငံက ထိုအချိန် ကတာလီဘန် တို့ကို
ထောက် ပံ့မှုပြုခဲ့ရာ ယနေ့ထက်တိုင် နိုင်ငံ အသိုင်းအဝိုင်းက တာလီဘန်တို့ကို
ပါကစ္စတန်က ထောက်ပံ့နေသည်ဟု စွပ်စွဲလျက်ရှိသည်။ ပါကစ္စတန်က စက်တင်ဘာ ၁၁
အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပြီး ကတည်းက ထောက်ပံ့ ကူညီမှုများ
အားလုံးကို လုံးဝမလုပ်တော့ပါဟု ဖြေရှင်းခဲ့သည်။ အယ်လ်ကိုင်ဒါ အဖွဲ့သည်လည်း
တာလီဘန်တို့ကို အာရပ်နှင့် ဗဟို အာရှနိုင်ငံများမှ တိုက်ခိုက်ရေး
သမားများကို စေလွှတ်ကူညီခဲ့သည်။ ဆော်ဒီ အာရေဗျကမူ ဘဏ္ဍာရေး ငွေကြေး
အကူအညီပေးခဲ့သည်။ တာလီဘန်နှင့် ၎င်းတို့ မဟာမိတ်များသည် အာဖဂန် ပြည်သူတို့ကို
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။ လူဦးရေ
သိန်းနှင့်ချီ၍ ပါကစ္စတန်နှင့် အီရန်နိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှု ဖြစ်ပြီးသည့်နောက် အမေရိ ကန် ခေါင်းဆောင်သော
နိုင်ငံ တကာ တပ်များက တာလီဘန်တို့ကို ဖြုတ်ချသဖြင့် ကာဇိုင်း အစိုးရ
တက်လာခဲ့သည်။ တာလီဘန်တို့က သူပုန်များ ဘဝရောက်ရှိသွားကာ အမေရိကန် တို့
ကျောထောက် နောက်ခံရှိသော ကာဇိုင်း အစိုးရကို ပြန်ြဖုတ်ချရန် လှုပ်ရှားလာသည်။
တာလီဘန်တို့သည် အာဖကန်တွင် ဆိုဗီယက် စစ်ပွဲ ကာလအတွင်း ပါကစ္စတန်
မြောက်ပိုင်း၌ ပါကစ္စတန်တို့ လေ့ကျင့်ပေးခဲ့သည့် မူဂျာဟစ်ဒင်များ ဖြစ်ကြသည်။
ဆိုဗီယက်တို့ကို တိုက်ခိုက်ရန် အမေရိကန်တို့က အားပေး ကူညီခဲ့ရသည့်
ယင်းတာလီဘန်များသည် ယနေ့ အမေရိကန်တို့ကို အကြမ်းဖက် တိုက်ခိုက်မှု များဖြင့်
ပြန်၍ ဒုက္ခပေးနေ သူများ ဖြစ်လာသည်ဟု ဆိုရပါမည။် သို့ဖြစ်ပါ၍ ကိုမွေးသည့်
ကို့ပြန်ခြောက်ဆို သကဲ့သို့ ပြောရပါမည် ဖြစ်ကြောင်းနှင့် တာလီဘန်တို့သည်
အားကိုးရာ မရှိဖြစ်နေသော မိဘမဲ့ ကလေးသူငယ်များကို သေရွာသို့ ပို့နေသူများ
ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတော့သည်။
ကိုကိုဟန်
0 comments:
Post a Comment