Thursday, August 1, 2013

8..လေးလုံးအရေးတော်ပုံ ၂၅နှစ်ပြည့်နဲ့ ပတ်သက်တဲ့ ကဗျာ

Leave a Comment


8..လေးလုံးအရေးတော်ပုံ ၂၅နှစ်ပြည့်နဲ့ ပတ်သက်တဲ့ ကဗျာ
**************************************


ဒ ဂု န် တာ ရာေ နွ ဦး ( ၉ )



“ဒီမိုကရေစီရမှ

အမျှဝေပါ”

(၀င်းမော်ဦး)



နွေဦးရေ...

ကြားလား

ငါ ခေါ်နေတယ်

အောင်ဝေး ခေါ်နေတယ်။



အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေကနေ

ငါ လှမ်းမျှော်ကြည့်တယ်

အော်သံကြားလား နွေဦး။



ပစိဖိတ်သမုဒ္ဒရာကမ်းခြေကနေ

ငါ ရမ်းရော်မိတယ်

အော်သံကြားလား နွေဦး။



အက်ဒွပ်မန့် ခ်ျ ရဲ့ 

“အော်သံ” မဟုတ်ပါဘူး။



ဒါ...ပြည်ပြေးတစ်ယောက်ရဲ့ 

အော်သံ

အိမ်လွမ်းသူရဲ့ အော်သံပါ။



လစ်ဘာတီရုပ်တုခြေရင်းမှာ

အကျဉ်းထောင်ထဲက

မင်းကိုနိုင်ကို လွမ်းဖူးတယ်။



ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်မှာ

ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းဖူးတယ်။



လင်ကွန်းအောက်မေ့ဖွယ်ဗိမာန်မှာ

ဒဂုန်တာရာရဲ့ စန္ဒရားသံကို

လွမ်းဖူးတယ်။



အလွမ်းဆုံးကတော့

သွေးဆုံးသွားတဲ့ အနာဂတ်ကိုပါပဲ။



ဖုန်းမော်ဖြစ်ဖြစ်

စိုးနိုင်ဖြစ်ဖြစ်

ဖြစ်လေရာဘ၀မှာ

ငါတို့ ကိုခွင့်လွှတ်ပါ။



၂၅ နှစ်ကြာတဲ့အခါ

စစ်အာဏာရှင်စနစ်ဟာ

လိုင်စင်ရတစ္ဆေတစ်ကောင်ဖြစ်လာခဲ့လေရဲ့ ။ ။



အောင်ဝေး

ဇူလိုင် ၃၀-၂၀၁၃။...ကျေးဇူးအထူးတင်ပါတယ် ကိုအောင်ဝေး ရယ်......ပြည်သတင်း..

0 comments:

Post a Comment

Facebook Like Page