Friday, August 23, 2013

သဲကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှုးရာထူးအဆင့်ရှိ ဒေါ်ခင်စန္ဒာ အားစိုက်ပျိုးရေးဆေးပစ္စည်းများရောင်းချငွေ ကျန်ငွေ နစ်နာကျေးအပါ(747650)ကျပ်အား အကျေပေးဆပ်ခြင်းမရှိသည့်အတွက်တရားစွဲထား

Leave a Comment


စိုက်ပျိုးရေးရုံးမှ လက်ထောက်ဦးစီးမှုးအားတရားစွဲထား
***********************************
သဲကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှုးရာထူးအဆင့်ရှိ ဒေါ်ခင်စန္ဒာ အားစိုက်ပျိုးရေးဆေးပစ္စည်းများရောင်းချငွေ ကျန်ငွေ နစ်နာကျေးအပါ(747650)ကျပ်အား အကျေပေးဆပ်ခြင်းမရှိသည့်အတွက် တရားမကြီးမှု့
အမှတ်(၂၇)ဖြင့် ရွှေတောင်မြို့နယ် တရားရုံးတွင်တရားစွဲဆိုထားကြောင်းသိရပါသည်။မတ်ပဲသီးနှံအတွက် လိုအပ်သောစိုက်ပျိုရေးဆေးပစ္စည်းများကို တာဝန်ခံ၍ပေးပို့ပြီးနောက် သီးနှံပေါ်ချိန်တွင် ငွေအကျေအလည်မပေးသွင်းနိုင်ခဲ့သည့်အတွက်
 ဒေါ်ခင်စန္ဒာ (သဲကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှုး) တာဝန်ထမ်းဆောင်ရာရုံးသို့၎င်း နေရပ်အိမ်သို့၎င်း အကြိမ်ကြိမ်သွားရောက်ပြောဆိုတောင်းခံခဲ့ရာ အပြည့်အ၀မရရှိကြောင်း ကျန်ငွေများအား ရက်ချိန်းပေး၍ အကြောင်းအမျိုး
မျိုးပြနေသည်ကိုသိရှိသော်လည်း လူမှု့ရေးအရ သည်းခံနားလည်ပေးခဲ့ရာပြီး ထပ်မံပေးသွင်းခြင်းမရှိသည့်အတွက် နို့တစ်စာ(၃)ကြိမ်တိုင်အောင် ပေးပို့ပြီးမှ အကျိုးဆောင်ရှေ့နေထံတွင် ညှိုနိုင်းပြောဆိုခဲ့ရာ အဆင်မပြေခဲ့သဖြင့် တရားရုံးမှာ ဖြေရှင်းမည်ဟု
တရားပြိုင်ဘက်မှ ပြောဆိုချက်အတိုင်း တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလို ဦးရဲထွဋ်ဝင်း မှ ပြည်သတင်းသို့ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဆေးလိုချင်တုန်းကအိမ်အထိရောက်လာတယ် ရာသီဥတုမကောင်းလို့မရောင်းနိုင်ဘူးလို့ပြောတာတောင် ဖုံးနဲ့အကြိမ်
ကြိမ်ဆက်တော့ အကျိုးအမြတ်တပြားတစ်ချပ်မှ မယူဘဲတာဝန်ခံပြီးယူပေးခဲ့တယ်။လစာထုတ်ရင်ခွဲပေးပါဆိုတာတောင်ဂရုမစိုက်ဘူး။တစ်လကို(50000)ပဲသွင်းပါဆိုတော့လည်း  မသွင်းနိုင်ဘူးတဲ့ မကျေနပ်ရင် တရားရုံးမှာရှင်းဆိုပြီး သူ့ယောက်င်္ကျားကိုပြော
ခိုင်းတယ်။နိုင်ငံ့ဝန်ထမ်းတွေက တရားရုံးမှာ တရားရုံးမှာဖြေရှင်းရဲရင် ကျွန်တော်ကမဖြေရှင်းရဲစရာအကြောင်းတစ်ခုမှမရှိဘူး။ အကူအညီလည်းပေးရသေးတယ် ကိုယ့်ကိုအလုပ်ပျက် အကိုင်ပျက်နဲ့ စိတ်ဒုက္ခရောက်အောင်လုပ်ရုံတင်မကဘူး ကိုယ့်အရည်အချင်း
နဲ့ ရတဲ့အလုပ်ပါလက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ဟုတရားလို ဦးရဲထွဋ်ဝင်း မှ ပြည်သတင်းသို့ပြောကြားခဲ့သည်။တရားရုံးတော်မှာလည်း  ဒေါ်ခင်စန္ဒာ (သဲကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ လက်ထောက်ဦးစီးမှုး) မှလူကိုယ်တိုင်လာရောက်ခဲ့စဉ် ချေပလွှာတင်ပြ
ရာတွင် စာတိုက်ရုံးမှ တဆင့်တင်၍ ရှောင်ထွက်ပြီး ရုံးတော်ကို မထီမဲ့မြင် ပြုလုပ်ခဲ့ကြောင်း၊တရားရုံးတွင် အကြောင်းပြချက်များဖြင့် အချိန်ကြာအောင် ပြုမှုခဲ့ကြောင်း၊ယခင်တရားသူကြီး နှင့် အကျိုးဆောင်ရှေ့နေများရှေ့တွင် ရုံးပြင်ပချိန်၌ အဆင်ပြေအောင်
ညှိုနိုင်းပေးခဲ့သော်လည်း ရှေ့နောက်မညီသော စကားရပ်များဖြင့် ပြောဆိုခဲ့ယုံမျှမက ချေပလွှာ တွင်လည်းတချို့တ၀က်မှာ ၀န်ခံချက်များပါရှိကြောင်း၊ရုံးလုပ်ငန်းများဖြင့်မအားလပ်ကြောင်း၊လူကြီးလမ်းကြောင်းရှိကြောင်းစသည်ဖြင့် ရုံးချိန်းရက်များအား ရက်အတော်
ကြာ ခွာ၍အချိန်ဆွဲကြောင်း သြဂုတ်လ(၂၇)ရက်နေ့ မှာလည်း ရုံးချိန်းရှိကြောင်း ဦးရဲထွဋ်ဝင်း မှ ပြည်သတင်းသို့ပြောကြားခဲ့ပါသည်။ ပြည်သတင်း..............

0 comments:

Post a Comment

Facebook Like Page