Thursday, July 4, 2013

Nokiaက တန်ကြေးနည်း အင်တာနက် မြန်နှုန်းမြင့်ဖုန်း မိတ်ဆက်

Leave a Comment
ဖင်လန် အခြေစိုက် မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ Nokiaဟာ မကြာသေးခင်ကပဲ အင်တာနက်ကို မြန်ဆန်စွာ အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်မယ့် တန်ကြေးနည်း မိုဘိုင်းဖုန်းသစ်များကို မိတ်ဆက် ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖုန်းသစ်များမှာ Nokia 207နဲ့ Nokia 208ဖုန်းများ ဖြစ်ပြီး 3Gစနစ် များတွင် အင်တာနက် အသုံးပြုမှုကို ယခင်ထက် ပိုမိုမြန်ဆန်အောင် ကူညီဆောင်ရွက်ပေးနိုင် မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖုန်း အသစ် နှစ်မျိုးစလုံးမှာ တန်ကြေးအနေဖြင့် ၆၈ဒေါ်လာဖြင့်သာ ရောင်းချသွားမှာ ဖြစ်ကြောင်းနှင့် စက်တင်ဘာလ နောက်ဆုံး ထားပြီး ဈေးကွက် တင်သွားမှာ ဖြစ်ကြောင်း၊ မော်ဒယ်သစ် နှစ်မျိုးရဲ့ အဓိက ကွဲပြားချက်မှာ Nokia 208တွင် Simကတ် နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်းနှင့် ကျန်ရှိသော လုပ်ဆောင်ချက်များမှာ အတူတူပင်ဖြစ်ကြောင်း သိရပါတယ်။ Nokiaသည် Appleနဲ့ Samsungတို့ရဲ့ နည်းပညာမြင့် ဖုန်းများအား ဒေါ်လာ ၅၀၀နှင့် အထက် ရောင်းချနေမှုများအား အထက်ပါ ဖုန်း အမျိုးအစား အသစ်များဖြင့် အနိုင်ယူသွားရန် မျှော်မှန်းထားခြင်း ဖြစ်ကြောင်းလည်းသိရပါတယ်။ လက်ရှိတွင် Nokiaဟာ
တန်ကြေးအားဖြင့် ၁၄.၄ ဘီလီယံဒေါ်လာ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပြီးခဲ့သော နှစ်အတွင်းက ဖုန်း အလုံးရေ ၃၃၆သန်းထိအောင် ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ သို့သော်လည်း Smartphoneထုတ်လုပ် ရောင်းချနိုင်မှုတွင် Nokiaဟာ အားနည်းမှုတွေ ကျန်ရှိနေသေးပြီး မနှစ်က ရောင်းချရမှုရဲ့ ၁၀ ရာခိုင်နှုန်းသည်သာ Smartphoneတွေ ဖြစ်တယ်လို့ သိရပါတယ်။


http://www.myanmarict.com/news/nokia-unveiled-cheap-smartphone-for-internet-speedy-access/


0 comments:

Post a Comment

Facebook Like Page