Saturday, July 13, 2013

IT Development (Pyay) ၏ ဒုတိယအကြိမ် နည်းပညာမျှဝေပွဲ

Leave a Comment


IT Development (Pyay) ၏ ဒုတိယအကြိမ် နည်းပညာမျှဝေပွဲကို ဒီကနေ့  ၁၃.၇.၂၀၁၃ စနေနေ့ ၁း၃၀  နာရီ ၌ သက်တန့်ရောင် ကဖီးတွင်  ဒုတိယအကြိမ်  ပြုလုပ်ခဲ့ပြှီး နည်းပညာမျှဝေပွဲအတွက် Main Topic အနေနဲ့ Myanmar Typing Tutor Software ကို ရေးသားခဲ့သော ဦးအေးလွင်မှ ပရိုဂရမ်တစ်ခုကို ရေးသားပုံအကြောင်း၊ TAM Computer မှထုတ်ဝေသော Typing Tutor အကြောင်းကို သူ၏ ဖြတ်သန်းခဲ့ပုံ ကိုယ်တွေ့များနှင့် နှိုင်းယှဉ်ပြီး အပြန်အလှန် မေးခွန်းများကို အချိန်ပေး ရှင်းလင်း ဆွေးနွေးသွားပါ ပြီး အဆိုပါဆွေးနွေးပွဲကို နည်းပညာ စိတ်ပါဝင်စားသူ စုစုပေါင်း (၄၀) ကျော် တက်ရောက်ခဲ့ပါသည် အဆိုပါနည်း ပညာဆွေးနွေးပွဲတွင်








အပြန်အလှန်မရှင်းလင်းတာများအား ဆွေးနွေးခြင်းများ နှင့် အခြားမိမိ မသိရှိသည့် နည်းပညာဆိုင်ရာများကို ဆွေးနွေးတင်ပြမှု့များနှင့် ပြန်လည်ဖြေရှင်းပေးမှု့များပြုလုပ်ခဲ့ပြီး အဆိုပါနည်းပညာ ဆိုင်ရာဆွေးနွေးပွဲသို့ ဦးရဲမြင့်အောင်၊ဦးထွန်းလှဖြူ ၊ ဦးအေးလွင်၊ မလွင်ဦးခိုင် ၊ ကိုတာဦး ၊ မမီးမီး ၊ကိုညီ ၊ ဦးဖိုးဇော်၊ မငြိမ်းငြိမ်းထိုက်၊ ကိုဥာဏ်ရှိန်မြင့် ၊ နှင့် အခြားစိတ်ပါဝင်စားသူများစွတြို့ နှင့် သတင်းမီဒီယာ ၊ မြန်မာ့စီးပွားရေးဘဏ်မှ ဒုမန်နေဂျာ ဦးစိုးပိုင်တို့ မှ တက်ရောက်ခဲ့ပြီး အဆိုပါနည်းပညာ ဆွေးနွေးပွဲတွင်
ဦးအေးလွင်၏  ပရိုဂရမ်တစ်ခုကို ရေးသားပုံအကြောင်း၊ TAM Computer မှထုတ်ဝေသော Typing Tutor အကြောင်းများ ကို အဓိက ဆွေးနွေး သွားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၃း၀၀ တိတိမှာ ဒုတိယ အကြိမ်မြောက် အောင်မြင်စွားပြီးဆုံးသွားကြောင်း နှင့် နောက်လာမည့် ၂၀.၇.၂၀၁၃ ခုနှစ် စနေနေ့ မှာ လည်း ထပ်မံဆွေးနွေးပွဲ များကို အပတ်စဉ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စိတ်ပါဝင်စားသူ (မည်သူမဆို) လာရောက် ဆွေးနွေးနိုင်ပါကြောင်း သတင်းရရှိခဲ့ပါသည်......

0 comments:

Post a Comment

Facebook Like Page