Friday, July 5, 2013

Hybride နည်းပညာနဲ့အသက်ရှင်တဲ့လူသား

Leave a Comment

ယနေ့ထုတ်လုပ်တဲ့ ကားတွေ တော်တော်များများမှာ သဘာဝတ်ဝန်းကျင် ညစ်နွမ်းမှုကိုကာကွယ်နိုင်ရန်အတွက် နည်းပညာမြင့် Hybride System နဲ့ ထုတ်လုပ်လာတာကိုမြင်တွေ့ရမှာပါ။

ဒါပေမယ့်ဒီလူကိုတော့ ပတ်ဝန်းကျင်ညစ်နွမ်းလို့ Hybride လူသားအဖြစ် ပြောင်းလည်းလိုက် တယ်လို့တော့မထင်လိုက်ပါနဲ့။အကြောင်းကတော့ ကုန်တင်ကားမောင်းရာက မတော်တဆဖြစ်ပြီး အရေးပေါ်ဆေးရုံတင်လိုက် ရတဲ့ တရုတ်လူမျိုး Peng Shulin ပါ။

ဆရာဝန်ကအရေးပေါ် ကယ်ဆယ်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးကို ဖြတ်ထုတ်လိုက်ရပါတယ်၊အချိန်အတော်ကြာ သတိလစ်နေတဲ့ Peng ကိုမျှော်လင့်ချက်မရှိတော့ဘူးလို့ထင်ရပေမယ့် ပြန်လည်သိရလာပြီး ယနေ့အထိ ခန္ဓာကိုယ်တစ်ပိုင်းထဲနဲ့အသက်ရှင်နေထိုင်နေသူပါ။ အခုဆိုရင် Peng ဟာခန္ဓာကိုယ်အောက်ပိုင်းကို နည်းပညာအကူညီနဲ့ လမ်းလျှောက်နေတာကိုမြင်တွေ့ရမှာပါ၊သိရှိရသလောက်တော့ အပေါ့အလေး
ကို ပိုက်နှင့်သွားရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အစစ်တစ်ပိုင်း အတုတစ်ပိုင်းနဲ့နေထိုင်တဲ့ Peng ကို အံ့ဖွယ် Hybride လူသားလို့ခေါ်ဆိုရခြင်းပဲဖြစ်ပါတယ်။ နည်းပညာအကူအညီနဲ့ လမ်းလျှောက်နေတဲ့ Peng Shulin ဖြစ်ပါတယ်


Ref:knowledge
Khun Nay(Tsj team)

0 comments:

Post a Comment

Facebook Like Page