Friday, July 5, 2013

ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ပြည်ခရိုင် အတွင်းရှိ တရားသူကြီးများနှင့် တွေ့ဆုံ

Leave a Comment

ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်သည်ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ခရိုင် တရားရုံး အစည်းအဝေး ခန်းမ၌ ပြည်ခရိုင် ခြောက်မြို့နယ် အတွင်းရှိ တရားသူကြီး များနှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေးဆိုင်ရာ မဏ္ဍိုင်ကြီး (၃)ရပ်အား အကျယ်တဝင့် ရှင်းလင်း ပြော ကြားပြီး  တက်ရောက် လာသည့် ပြည်ခရိုင် ခြောက်မြို့နယ်မှ တရားသူကြီး များ၏ မေးမြန်းချက် များကို ဖြည့်ဆည်း ဆောင် ရွက် ပေးသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ဥပဒေပြုရေးနှင့် စီမံရေးရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် တောင်သူ လယ်သမား၊ အလုပ်သမားရေး ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအေးစိုး၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး (ခ) ဦးမျိုးအောင်၊ ရွှေတောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ ပြည်ခရိုင် တရားသူကြီး ဦးအယ်လ်တိန်းဘောင်၊ ဒုတိယ ခရိုင် တရားသူကြီး ဦးလှသိန်းနှင့် ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ သဲကုန်း၊ ပေါင်းတည်မြို့နယ် တို့မှ တရား သူကြီးများ တက်ရောက် ကြကြောင်း သိရသည်။
ပြည်    ဇူလိုင်   ၎


http://www.myawady.net.mm/allnews/local/item/18655-2013-07-05-15-06-58


0 comments:

Post a Comment

Facebook Like Page