Thursday, July 11, 2013

Generation Wave အတွင်းရေးမှူး ကိုဝေဖြိုး ပုံနှိပ်အက်ဥပဒေဖြင့် ပြည်မြို့တွင် ဖမ်းဆီးခံရ

Leave a Comment

Generation Wave အဖွဲ့၏ အတွင်းရေးမှူး ကိုဝေဖြိုးအား ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးပိုစတာလှုပ် ရှားမှုကို ဦးဆောင်ပါဝင်မှုဖြင့် ပုံနှိပ်အက်ဥပဒေ ၁၇(၁၀) ဖြင့်ပြည်မြို့ အမှတ် (၁) ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရသည်။

ကိုဝေဖြိုးသည် လူ့အခွင့်ရေးဆိုင်ရာရေရှည်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း ပေးရန် ပြည်မြို့သို့ရောက်ရှိပြီး Sweet Golden Land ဟိုတယ်၌တည်းခိုနေစဉ် ခြောက်ရက်မြောက်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့် အချိန်တွင် ပြည်မြို့ အမှတ် (၁) ရဲစခန်းမှ လာရောက်ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

" ရမန်က ၂၄ ရက်ယူထားတယ်။အခုဟာကတရားရုံးမှာအမှုတွဲပြန်ရှာရမယ် အမှုမတည်ဆောက်ခင်ကာလကတော့ စစ်ကြောရေးကာလပေါ့ " ဟု GW မှ ကိုကောင်း ကဆိုသည်။

ယခုကဲ့သို့နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးခြင်းသည် သမ္မတ အကောင်အထည်ဖော်နေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ်ပြည်သူနှင့်နိုင်ငံတကာ၏ ယုံကြည်လေးစားမှုကိုထိခိုက်စေသည်ဟု GW မှ ကိုမိုဃ်းသွေးက ဆိုသည်။

" နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ပြည်သူတွေရဲ့အသံကို အစိုးရနှင့် တကွ ပြည်သူတစ်ရပ်လုံးကသိအောင် ကိုယ်ကျိုးစွန့်ဆောင်ရွက်နေကြ သူတွေဖြစ်တယ်။ ဒီလိုဖမ်းဆီးလို့ တက်ကြွလှုပ်ရှားသူတွေမရှိရင် ပြည်သူ့ အသံတွေဆိတ်သုဉ်းသွားမှာဖြစ်ပြီး ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူလူထုပူးပေါင်းပါဝင်မှု ပျောက်ဆုံးသွားပါလိမ့်မယ် " ဟု ကိုမိုဃ်းသွေးက
ဆက်လက်ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးပိုစတာလှုပ်ရှားမှုတွင် ကိုဝေဖြိုး နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သူနှစ်ဦးကို (၇) လကြာဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထောင်ဒဏ် (၃) လ သိုမဟုတ် ငွေဒဏ် သုံးသောင်း ချမှတ်ခဲ့သည်။ ထိုစဉ်က ကိုဝေဖြိုးမှာလွတ်မြောက်နေသည့် အတွက် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ယခုအခါ ပြည်မြို့သို့ရောက်ရှိစဉ် ဖမ်း
ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Facebook Like Page