ပြည်မြို့ဗိုလ်ချုပ်ကျေးရုပ်တွင်ပန်းစည်းအကြီးတစ်ခုဖြင့်ဂါဝရပြုမည်ဖြစ်ကြောင်းသိရ
****************************************************
ရှေ့နေ ဦးမြင့်အေးနှင့်အင်တာဗျူး
ဇူလိုင်လ၁၉ရက်နံနက်(၈)နာရီအချိန်တွင်(၆၆)နှစ်မြောက်အာဇာနည်နေ့၍လွမ်းသူ့ပန်းစည်းဖြင့်ဂါရ၀ပြုမည်ဟုတရားလွှတ်တော်ရှေ့နေဦးမြင့်အေးမှပြောကြားခဲ့သည်။
၎င်းမှပန်းခွေချခြင်းအားတားမြစ်ထားတာသိတဲ့အတွက်ပန်းစည်းချခြင်းကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
“ငါကလွမ်းလို့ချတဲ့ပန်းခွေမဟုတ်ဘူး။ပန်းစည်းချမှာ။ကိုယ့်တိုင်းပြည်အတွက်အများကြီးလုပ်
ပေးခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ကိုအောက်မေ့သတိရတဲ့အနေနဲ့ဂါဝရပြုတယ်။ပန်းစည်း
အကြီးတစ်ခုလုပ်ထားတယ်။သေချာမှတ်ထားလွမ်းလို့ချတာမဟုတ်ဘူး။အောက်မေ့သတိရလို့ဂါဝရပြုတဲ့အနေနဲ့လုပ်တာ။”ဟုဦးမြင့်အေးမှပြောကြားခဲ့သည်။
တိုင်းဒေသကြီးအစိုး၇အဖွဲ့မှအာဇာနည်နေ့အခမ်းအနားများကျင်းပသည့်အာဇာနည်ကျောက်
တိုင်ရှိရာနေရာများတွင်သာပန်းခွေဖြင့်ဂါဝရပြုနိုင်ကြောင်း၊မြို့နယ်အသီးသီးရှိဗိုလ်ချုပ်ကျေးရုပ်များတွင်အလေးပြုခြင်းကိုသာတရားဝင်ခွင့်ပြုထားကြောင်းသိရပါသည်။
ပြည်မြို့ပေါ်ရှိရပ်ကွက်အသီးသီးတွင်လည်းအသံချဲ့စက်ဖြင့်သက်ဆိုင်ရာမှယနေ့ညလိုက်လံသတိပေးကြောင်းသိရသည်။
new ice မှ ပြည်သတင်းသို့ 18.7.2013 ည 12း00 ခန့် ပေးပို့ထားပါသည်။
0 comments:
Post a Comment