Tuesday, July 2, 2013

ကျေးရွာ ဘဏ်ကိုယ်စားလှယ်က 1000 ရမှလုပ်ပေးမယ်လို့အကျပ်ကိုင်

Leave a Comment
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် 26.6.2013......
မြို့နယ်ဘဏ်ခွဲ ပြည်မြို့
စာအမှတ် န စ -၂ / ၃၇၀
ရက်စွဲ ၂၀၁၃ ခုနှစ် ဇွန်လ (၇) ရက်နေ့ပါစာမှာပါရှိသော မိုးရာသီ သီးနှံ ထုတ်လုပ်မှု့ ဘဏ်ချေးငွေစာတမ်းမှာပါတဲ့ အပိုဒ် (၃) မှာ ..... ချေးငွေယူမည့် တောင်သူအစုလိုက်အဖွဲ့လိုက် ချေးငွေပုံစံများကို ဘဏ်ခွဲတွင် တစ်ရွက်(၅၀)ကျပ် ငါးဆယ်ကျပ် နှုန်းဖြင့်သာပေးဆောင်ရပါသော်လည်း ကျေးရွာ ဘဏ်ကိုယ်စားလှယ်က
ရွာသားတစ်ယောက်ကို ကျပ်(၁၀၀၀) တစ်ထောင်ကျပ်တောင်းခံရာ ရွာသားများက ကျပ်(၅၀)ပဲတောင်းခံရသောအောက်ပါစာကိုသိပါသည်။


 သို့ပေမဲ့မင်းရဲ့သွားစရိတ်လာစရိတ်အနေနဲ့ ငါတို့ရွာသားတွေက (၅၀၀)ကျပ်ပေးပါ့မယ်လို့ပြောတာတောင် မရဘူး တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ပဲ ဌာနဆိုင်ရာတွေကိုလည်းပေးရအုံးမယ် (၁၀၀၀) ရမှလုပ်ပေးမယ်လို့အကျပ်ကိုင်ခံနေရသောရွာသားများ၏ ဖြစ်ပုံ....ပြည်သတင်းလူငယ်ဆီသို့ပေးပို့ထားပါသည်



0 comments:

Post a Comment

Facebook Like Page