Wednesday, July 31, 2013

ဗိုလ်ချုပ်၏လက်ရေးမူစာအုပ်အား နိုင်ငံပိုင်အဖြစ် ဦးခင်အောင်မြင့် ယူဆောင်သွားခြင်းကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

Leave a Comment



အမျိုးသားလွှတ်တော်ဥက္ကဌ ဦး ခင်အောင်မြင့် မှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားသော ဗိုလ်ချုပ် အောင်ဆန်းကျောင်းသားဘဝလက်ရေးမူ စာအုပ် နှင့် ပတ်သက်၍ ဒေသခံများက ၎င်းတို့ပိုင် ထားရှိရန် ဆန္ဒပြနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော် ပိုင်ဖြစ် သင့်ကြောင်း ထောက်ခံပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက် ရောက်လာစဉ် မီဒီယာများ ၏ မေး မြန်းချိန်နိုင်င ၎င်း အနေနဲ့ နိုင်ငံတော်ပိုင်ဖြစ်သင့်တယ်ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

ထိုလက်ရေးမူ စာအုပ်ကို အထက (၁) တွင် ပြသထားသည် မှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ပြီ ဖြစ်သည်။ ရေနံချောင်းသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လာစဉ်တွင် နိုင်ငံတော်အဆင့်ထိန်းသိမ်း ရန်အတွက် ယူဆောင်သွားခဲ့ခြင်းကို မြို့သူ/မြို့သား များက ဒေသပိုင်အဖြစ် ပြန်လည်ရယူလိုခြင်းဖြစ်သည်။

”ဟိုဘက်ဒီဘက်နားလည်မှုလွဲ တယ်ထင်တယ်၊ ဒီအတိုင်းထားရင် ပျက်စီးသွားမှာတော့ စိုးရိမ်တယ်။ မှန် ပုံးလေးနဲ့ထားတယ်။ နည်းနည်းတောင် ပဲ့နေပြီ။ စပြီးတော့ ပဲ့နေပြီ။ အန်တီ အနေနဲ့တော့ စပြီးမေးတာ ဘယ်လို ယူလာတာလဲ ဘယ်လိုပေးတာလဲပေါ့။ ဦးဘဖေက ပေးတယ်လို့ အန်တီနား လည်တယ်။ ဦးဘဖေ လက်ထဲကို ဘယ်လို ရောက်လာတာလဲပေါ့။ အထောက်အထားတွေ မေးတဲ့အခါ ကျတော့ တောင်းတဲ့အခါကျတော့ ဘယ်သူမှ သိပုံမရဘူး။ ဒါကို ဦးခင် အောင်မြင့်ကလည်း တန်ဖိုးထား ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ စာအုပ်ကို နိုင်ငံတော်ပိုင် အဖြစ် ယူဆောင်သွားခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်က ရေနံချောင်းမြို့မှ ဖွဲ့စည်းလိုက် သည့် လက်ရေးမူစာအုပ် ပြန်လည် ရရှိ ရေးကော်မတီက ငြိမ်းချမ်းစွာ ဆန္ဒပြ မည်ဟုယနေ့ တွင် ကြေညာလိုက်ပြီး ၂ ရက်အကြာ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်ပိုင်အဖြစ် ယူဆောင်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်အတွက် အချိန်ပိုနေသော ဒေသခံများက စာရွက်ဝေခြင်းများ၊ ဆန္ဒပြခြင်းများ လုပ်ဆောင်နေသော်လည်း အဆိုပါလက်ရေးသည် ဗိုလ်ချုပ်၏ လုပ်ရေး အစစ် ဟုတ်/ မဟုတ် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း လုံးဝ မရှိကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page