Sunday, July 7, 2013

ချည်မျှင်နှင့်အထည်စက်ရုံတည်ဆောက်စဉ်ကသိမ်းဆည်းခဲ့သည့်ပိုလျှံလယ်ယာမြေများပြန် လည်တောင်းခံမည်

Leave a Comment

ချည်မျှင်နှင့်အထည်စက်ရုံတည်ဆောက်စဉ်ကသိမ်းဆည်းခဲ့သည့်ပိုလျှံလယ်ယာမြေများပြန်
လည်တောင်းခံမည်ဟုသိရ

ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင်ံချည်မျှင်နှင့်အထည်စက်ရုံတည်ဆောက်ရန်သိမ်းဆည်းခဲ့
သောလယ်ယာမြေများအနက်ပိုလျှံမြေဧက(၃၀၀)ကျော်အားမူလလုပ်ကိုင်ခဲ့ကြသောဓါးမဦးချ
တောင်သူများမှပြန်လည်တောင်းခံသွားမည်ဖြစ်ကြောင်းသိရပါသည်။

“စက်ရုံတည်ဆောက်လို့ပိုနေတဲ့မြေတွေကိုစက်ရုံဝန်ထမ်းတွေနဲ့စီးပွါးရေးသမားတွေဝင်လုပ်နေ
ကြတယ်။သူတို့လည်းအကုန်မလုပ်နိုင်ပါဘူး။မလုပ်နိုင်တဲ့မြေတွေကဗေဒါပင်တွေကန်စွန်းတွေ
ပေါက်နေကြပြီ။နိုင်ငံတော်အတွက်လည်းနစ်နာတယ်။တောင်သူတွေလည်းအလုပ်လက်မဲ့
ဖြစ်နေတာကြာပြီဆိုတော့ပြန်ပေးဖို့သင့်ပါတယ်။”ဟုဦးဝင်းနိုင်ဆိုသူမှပြောကြားခဲ့သည်။

စက်ရုံအဆောက်အဦး၊၀န်ထမ်းအိမ်ရာ၊ဧည့်ရိပ်သာ၊စာသင်ကျောင်း၊အားကစားကွင်းတည်
ဆောက်ပြီးပိုလျှံမြေ(၃၀၀)ဧကရှိသည့်အနက်(၁၂၀)ခန့်မှာဝန်ထမ်းအချို့နှင့်ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းရှင်များမှလုပ်ကိုင်လျှက်ရှိကြောင်း၎င်းမှဆက်လက်ပြောကြားခဲ့သည်။

ဦးဝင်းနိုင်ပါတောင်သူ(၅၅)ဦးတို့မှလက်မှတ်ရေးထိုး၍လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မ
ရှင်နှင့်ဌါနဆိုင်ရာအသီးသီးသို့တင်ပြတောင်းဆိုခဲ့ပြီးဇွန်လ(၂၆)ရက်နေ့တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌စက်ရုံမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“သူတို့ဘက်ကတော့ဆုံးဖြတ်ပိုင်ခွင့်မရှိလို့အထက်ကိုတင်ပြပေးမယ်လို့ပြောတယ်။ကျွန်တော်တို့ကတော့ဘာလုပ်ပေးမယ်ဆိုတာစောင့်ဆိုင်းနေပါတယ်။မူလလယ်သမားတွေပြန်လည်လုပ်ကိုင်ခွင့်မရရင်တော့ဆန္ဒဖော်ထုတ်ဖို့အဆင့်အထိလယ်ယာမြေမရမချင်းဆောင်ရွက်သွားမယ်လို့မှန်းထားပါတယ်။့”ဟုလိုက်ပါဆောင်ရွက်သူဦးကျော်ဇေယျမှပြောကြားခဲ့သည်။

စက်ရုံတည်ဆောက်ရန်လယ်ယာမြေသိမ်းဆည်းမှုများကြောင့်လယ်ပိုင်ရှင်ဦးအောင်သန်းမှာ
စိတ်ဝေဒနာခံစားခဲ့ရပြီးသေဆုံးခဲ့ရကြောင်းလယ်သမားအများစုမှာလည်းလက်လုပ်လက်စား
ပေါင်းထိုးမြက်နှုတ်နေ့စားအလုပ်သမားများဘ၀သို့ရောက်ခဲ့ရကြောင်းကျေးရွာနေတောင်သူ
များ၏ပြောပြချက်အရသိရသည်။

“အဖွားကအရင်ကလယ်ပိုင်ရှင်တွေအိမ်ကြီးအိမ်ကောင်းနဲ့တစ်ရွာလုံးမှာအချမ်းသာဆုံးပါ။
အခုလိုလယ်တွေသိမ်းခံရတော့အိမ်ရောင်းလှည်းရောင်းနဲ့နောက်ဆုံးအခုအသက်ရှစ်ဆယ်
အထိမုန့်လေပွေရောင်းနေရတယ်။အဖွားအမျိုးသားလည်းအဲဒီစိတ်နဲ့စိတ်ဝေဒနာ
ခံစားရပြီးဆုံးသွားတယ်”ဟုဖိုးသိန်းတန်ရွာမှကွယ်လွန်သှူဦးအောင်သန်း၏ဇနီးအဖွားအိုဒေါ်မဲမှပြောကြားခဲ့သည်။

ထိုလယ်များကိုဓါးမဦးချတောင်သူများမှကုန်သွယ်လယ်ယာသို့တာဝန်ကျေစပါးပေးသွင်းလုပ်ကိုင်လာခဲ့ရာမှ၁၉၉၈ခုနှစ်နောက်ပိုင်းတွင်ချည်မျှင်နှင့်အထည်စက်ရုံသို့တစ်ဧကစပါးဆယ်တင်းနှုန်းပေးသွင်းခဲ့ရပြီး၂၀၀၄ခုနှစ်နောက်ပိုင်းမှစ၍ိလုပ်ကိုင်ခွင့်မရရှိတော့ကြောင်းသိရသည်။


0 comments:

Post a Comment

Facebook Like Page