Sunday, July 21, 2013
အချုပ်သားကို ရိုက်နှက်ကြိမ်းမောင်းသူများအား အမှုဖွင့်တိုင်ကြား
ရန်ကုန်၊ ဇူလိုင် ၂၁
၁၇.၇.၂၀၁၃ ရက်နေ့ ၁၅၅၅ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ်၊ ၆၂/၂၀၁၃ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၈ အမှုမှတရားခံ နေလင်းဦး တော်ဝင်သစ်အချောထည်စက်ရုံ၊ နေ့စားအလုပ်သမား၊ (ဘ)ဦးသန်းနိုင်၊ ရွှေပြည်သာမြို့နယ်နေသူနှင့် တရားခံဇင်မျိုးကိုကို (စိစစ်ဆဲ) တို့သည် ရွှေပြည်သာမြို့နယ်တရားရုံး၊ ပြစ်မှုကြီးအမှတ် ၆၃၆/၂၀၁၂၊ ပုဒ်မ ၄၅၂/၃၂၃/၄၂၇/၁၁၄ အမှုမှ တရားခံများဖြစ်သည့် သန်းထွန်း၊ နိုင်အောင်သူ၊ ထွန်းထွန်းဝင်း၊ နိုးမောင်မောင်၊ သီဟကိုကို၊ မောင်မောင်သက် (၎င်းတို့စိစစ်ဆဲ) တို့နှင့်အတူရုံးချိန်း ထွက်ခဲ့ပြီး အင်းစိန်ဗဟို အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိစဉ် အချုပ်သားရှာဖွေစစ်ဆေးရေးရုံးခန်း၌ သီဟကိုကိုနှင့် မောင်မောင်သက်တို့အား အကျဉ်းထောင်ဝန်ထမ်း တပ်သား အေးမင်းအောင်က အကြောင်းမဲ့ပါးရိုက် ကန်ကြောက် လည်ပင်းညှစ်သည့်အပြင် ထောင်အရာရှိ ဦးမောင်မောင်ကြီးနှင့် အဆောင်(၅)အခန်း(၁) မှ အမည်မသိအချုပ်သား(၁)ဦးတို့က တိုက်ပိတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ကို ၁၈.၇.၂၀၁၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်တရားရုံးသို့ ရုံးချိန်းထွက်လာစဉ် နေလင်းဦးမှ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်းအား ပြန်လည်ပြောပြခဲ့သဖြင့် အကျဉ်းထောင်အတွင်း အချုပ်သားကိုရိုက်နှက်ကြိမ်းမောင်းသူ အကျဉ်းထောင်ဝန်ထမ်း တပ်သား အေးမင်းအောင်ပါ (၃)ဦး အပေါ်အရေးယူပေးရန် အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်းမှ တိုင်ကြားခဲ့၍ အင်းစိန် မြို့မရဲစခန်း (ပ)၇၉၀/၂၀၁၃၊ ပုဒ်မ ၃၂၅/၅၀၆ ဖြင့်အရေးယူစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိ ပါသည်။
Credit: Yangon Police
0 comments:
Post a Comment