Wednesday, July 10, 2013

နေအိမ်ခြံဝင်း အတွင်းသို့ ညအချိန် အုပ်စုဖွဲ့၍ ကျူးကျော်ဝင်ရောက်

Leave a Comment
သို့

ဦးသိန်းညွန့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
သင်္ဃန်းကျွန်းမဲဆန္ဒနယ်

ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ( ၈ )ရက်

အကြောင်းအရာ။ ။ နေအိမ်ခြံဝင်း အတွင်းသို့ ညအချိန် အုပ်စုဖွဲ့၍ ကျူးကျော်ဝင်ရောက်

ရိုက်နှက်ကြ ခြင်းဖြင့် သေလုမြောပါး ဒဏ်ရာရရှိသူအား ကူညီဖြေရှင်း
အမှု့ဖွင့် အရေးယူပေးကြ ခြင်းမရှိသည့်အပြင် သက်ဆိုင်ရာ
ရဲတပ်ဖွဲ့ဝင်များမှနစ်နာသူအားထပ်ကာထပ်ကာအနိုင့်အထက်
ပြုကျင့်ကြခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ကိုယ်တိုင်လာဘ်ငွေရယူ၍
တရားရုံးရှိ အမှု့အား မထင်မရှား ဖြစ်သွားစေရန်
ဝင်ရောက်လုပ်ဆောင်နေခြင်းအားတိုင်ကြားခြင်း။

၁။ လေးစားအပ်ပါသော ဆရာ ရှင့် - ကျွန်မ ဒေါ်အေးအေးမြင့်၊ အဘ (ဦးတင်အောင်) ၊
အမှတ်(၇၈၆)၊ ဧရာ(၁၇)လမ်း၊ ညရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်နေမှတ်ပုံတင်အမှတ်(၁၂/ဥကမ(နိုင်)
၁၈၇၅၉၉) ကိုင်ဆောင်သူမှ လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။




၂။ (၂၈.၃.၂၀၁၃)ရက်နေ့၊ည(၇:၃၀)အချိန်အမှတ်(၇၈၆)၊ဧရာ(၁၇)လမ်း၊ညရပ်ကွက်
မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ကာ နေအိမ်ခြံဝင်းအတွင်းသို့အတင်းအဓမ္မဝင်ရောက်၍ အုပ်ခဲများ၊သစ်သားတုတ်များဖြင့် ဝိုင်းဝန်းထုနှက်ရိုက်နှက်ခဲ့ကြသဖြင့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူအားတရားလိုအဖြစ်အမှု့
ဖွင့်အရေးယူပေးခဲ့ခြင်းမရှိဘဲငြင်းဆန်ခဲ့ပြီးရာဇဝတ်မှု့ကျူးလွန်သူလောင်းကစားဒိုင်များဘက်မှ
အစဉ်တစိုက်ရပ်တည်ပေးခဲ့သောမြောက်ဥက္ကလာပမြို့နယ်ဝေဘာဂီရဲစခန်းမှူးဦးတင်မြင့်၊ဒုရဲအုပ်
ဇင်မင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်အယောက်(၂၀)ကျော်တို့သည် ပြင်းထန်စွာဒဏ်ရာရရှိသူ ဦးလှိုင်မင်း၏နေအိမ်အတွင်းသို့ ည(၁၁:၀၀)
နာရီအချိန်တွင် ဝင်ရောက်၍ အတင်းအဓမ္မ ရုန်းရင်းဆန်ခတ်ဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းအား
နိုင်ငံတော်သမ္မတကြီးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
၊ပြည်ထောင်စုလွှတ်တော်ကော်မတီဥက္ကဋ္ဌများထံသို့(၁၅.၅.၂၀၁၃)ရက်စွဲဖြင့်တိုင်ကြားစာများပေး
ပို့ခဲ့ပြီးလည်းဖြစ်ပါသည်။

(ပထမအကြိမ် တိုင်စာနှင့်သက်သေခံအထောက်အထားများအား ယခုတိုင်စာနှင့်အတူ သက်သေခံ(က)အဖြစ် ပူးတွဲတင်ပြပါသည်။)

၃။ ပထမအကြိမ်နစ်နာသူများ၏တိုင်ကြားစာအားစစ်ဆေးနေစဉ်အတွင်း
အထက်ပါဝေဘာဂီစခန်းမှူးဦးတင်မြင့်၏ နေရာသို့ လွှဲပြောင်းရောက်ရှိလာသော စခန်းမှူးဦးနိုင်ဝင်းနှင့်ဒုရဲအုပ်ဇင်မင်းထွန်း အပါအဝင်ရဲတပ်ဖွဲ့ဝင်(၁၅)ဦးခန့်တို့သည် ဒုတိယအကြိမ်အဖြစ်(၂၁.၆.၂၀၁၃) ရက်နေ့၊နံနက်(၈:၃၀) နာရီအချိန်ခန့်၌
ဧရာ(၂၁)လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်သောက်ပြီးအိမ်သို့ပြန်ရန်ထွက်လာသူဦးလှိုင်မင်းအား အများပြည်သူများရှေ့မှောက်မှာပင် တိုင်းရဲတပ်ဖွဲ့မှူးရုံး၏အမိန့်ဟုဆိုကာ ရုန်းရင်းဆန်ခတ်ဖြင့်သူခိုး၊ဓါးပြတစ်ဦးကဲ့သို့ဝိုင်းဝန်းချုပ်နှောင်ဖမ်းဆီးကြပါသည်။ဝေဘာဂီစခန်းမှူးသစ်ဦးနိုင်ဝင်း၊ဒုရဲအုပ်ဇင်မင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တို့သည် ကိုယ်ထိလက်ရောက် ပြုမူကြသည့်အပြင် ဦးလှိုင်မင်း၏လက်အား လူမြင်ကွင်း၌
အတင်းအဓမ္မဆွဲလိမ်၍လက်ထိပ်ခတ်ကြသောကြောင့်စတီးရိုးထည့်ထားသော
ညာဘက်လက်အားပြင်းထန်စွာ ထိခိုက်မိ၍ ယခုအခါ ဦးလှိုင်မင်း၏ညာဘက်လက်အား မြောက်ဥက္ကလာပဆေးရုံကြီး၌နောက်ထပ်
တစ်ကြိမ် ကျောက်ပတ်တီး ပြန်ကိုင်၍ ဆေးဝါးကုသခဲ့ရပါသည်။ ထိုအဖြစ်အပျက်များသည် အမှန်တကယ်ထပ်ကာထပ်ကာ ဖြစ်ပေါ်နေသော မြောက်ဥက္ကလာပမြို့နယ် အတွင်းမှ ရဲတပ်ဖွဲ့ဝင်အချို့တို့၏ အပြစ်မဲ့ပြည်သူအပေါ် ဆက်ဆံနေကြခြင်းဖြင့် နစ်နာသူကျွန်မတို့မိသားစုမှာ လွန်စွာမှ စိတ်ထိခိုက်စွာ ခံစားနေရပါ
သည်။

(စခန်းမှူးသစ် ဦးနိုင်ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်အချို့တို့၏ ဒုတိယအကြိမ် နစ်နာသူအပေါ် ပြုမူပုံများနှင့်သက်သေခံအထောက်အထားများအား သက်သေခံ(ခ)အဖြစ် ပူးတွဲတင်ပြအပ်ပါသည်။)

၎။ ယခုအခါ ကျူးလွန်သူတရားခံများအားဝိုင်းဝန်းကူညီပေး၍နစ်နာသူနှင့်မိသားစုတို့အားအကြိမ်ကြိမ်
အနိုင့်အထက်ပြုကျင့်ခဲ့ကြသောဝေဘာဂီမြို့နယ်စခန်းမှူး(၂)ဦးတို့နှင့်ဆက်နွယ်ပတ်သက်သူ
မြို့နယ်ဥပဒေအရာရှိဦးမြင့်အုန်းသည်လည်း အထက်ပါအမှု့အား လနှင့်ချီ၍ ထိန်ချန်ထားပေးခဲ့သည့်အပြင် နစ်နာသူ၏မိသားစုဝင် (တရားလို) ကျွန်မ/ဒေါ်အေးအေးမြင့်အား ခေါ်ယူတွေ့ဆုံ၍ လာဘ်ငွေ အဖြစ် ငွေကျပ်(၁)သိန်း
တိတိ အားခြိမ်းခြောက်တောင်းယူခဲ့ပါသည်။ တရားခွင်၌လည်း(တရားလို) ကျွန်မ၏ရှေ့နေ အားဝင်ရောက်ပြောဆို စစ်ဆေးခြင်းမပြုလုပ်နိုင်စေရန် နည်အမျိုးမျိုးဖြင့် တားဆီးပိတ်ပင်နေခြင်းပင်မကတော့ဘဲ မတရား
ရိုက်နှက်မှုများကြောင့် ရရှိသည့်ဒဏ်ရာများအား ချော်လဲ၍ ရသည့်ဒဏ်ရာအဖြစ် ပြောင်းလဲသွားစေရန်
တရားခံများ၏ရှေ့နေများအားတဖက်လှည့်နှင့်သင်ကြား၍တရားခွင်၌ပြောဆိုစေခိုင်းခြင်းအပြင်
တရားခံများမှ နစ်နာသူအား ပြန်လည်အမှု့ဖွင့်နိုင်ရန် ပြုလုပ် ဆောင်ရွက်ပေးနေလျှက် ရှိပါသည်။ (တရားလို) ကျွန်မ၏တရားရုံးထွက်ချက်များကိုလည်း မှန်မှန်ကန်ကန် မှတ်တမ်းတင်ပေးခြင်း မရှိပါ။

၅။ အထက်ပါ အဖြစ်အပျက်များနှင့်စပ်လျဉ်း၍ကျူးလွန်သူတရားခံများ၊အနိုင့်အထက်ထပ်ကာထပ်ကာ
ပြုလုပ်နေကြသောဝေဘာဂီရဲစခန်းမှူး(၂)ဦးအပါအဝင်နောက်လိုက်မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့
တို့နှင့်မြို့နယ်ဥပဒေအရာရှိ ဦးမြင့်အုန်းတို့၏ ပြုမူလုပ်ဆောင်မှုများသည် ဥပဒေမဲ့ ၊ တရားမဲ့၍ မင်းမဲ့ဝါဒဆန်ဆန် ဖြစ်နေပါသည်။

၆။ သို့ပါ၍ နေအိမ်ခြံဝင်းအတွင်းသို့ အကြောင်းမဲ့ အုပ်စုဖွဲ့ဝင်ရောက်၍ ကျွန်မ၏အစ်ကို ဖြစ်သူအားသေလုမြောပါး ရိုက်နှက်ခဲ့ကြသော တရားခံများအား၎င်း ၊ နစ်နာသူအားထပ်ကာထပ်ကာအနိုင့်အထက်ပြုကျင့်ခဲ့ကြသောဝေဘာဂီစခန်းမှူး(၂)ဦးနှင့်နောက်
လိုက်မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့တို့အား၎င်း၊မြို့နယ်ဥပဒေအရာရှိ ဦိးမြင့်အုန်းနှင့်တရားခံရှေ့နေတို့အား၎င်း အရေးယူပေးပါရန် နိုင်ငံတော်သမ္မတကြီး ဦးထိပ်ထား၍
ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေချုပ်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊
ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဗဟို၊ တိုင်း၊ ခရိုင်နှင့်ဒေသဆိုင်ရာအာဏာပိုင်များအား လေးစားစွာဖြင့်ထပ်ဆင့်တိုင်ကြားအပ်ပါသည်။

လေးစားစွာဖြင့်တိုင်ကြားသူ

ဒေါ်အေးအေးမြင့်
၁၂/ဥကမ(နိုင်)၁၈၇၅၉၉
အမှတ်(၇၈၆)၊ဧရာ(၁၇)လမ်း၊
ည-ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း-၀၉-၄၂၁၁၄၈၀၉၅

မိတ္တူကို
ဦးကျော်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)

0 comments:

Post a Comment

Facebook Like Page