Monday, July 22, 2013
ပေါင်းတလည် အုပ်စုအား ပေါင်းတလည်မြို့အဖြစ်ပြောင်းလိုက်ပါပြီ...
ပေါင်းတလည် အုပ်စုအား ပေါင်းတလည်မြို့ဟုပြောင်း
***********************************
ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့နယ်ပေါင်းတလည်အုပ်စုအားဇူလိုင်လ(၂၁)ရက်နေ့တွင်ြပညထဲရေးဝန်ကြီးဌာန
၏အမိန့်ကြော်ငြာစာအမှတ်(၅၀၉/၂၀၁၃)အရမြို့အဖြစ်တိုးချဲ့သတ်မှတ်၍ဖွင့်လှစ်လိုက်ကြောင်းသိရပါသည်
။ပြည်မြို့မှ(၁၂)မိုင်ကွာဝေးပြီးပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေအ
ရပ်ရပ်တို့ကြောင့်မြို့အဖြစ်တိုးချဲ့ဖွင့်လှစ်ရန်လိုအပ်သည့်အတွက်ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦး
စီးဌါန၏ညွှန်ကြားချက်အရမြို့အဖြစ်တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ပေါင်းတလည်ကျေးရွာအုပ်စုတွင်ကျေးရွာ
ခွဲကိုးခုရှိပြီးပေါင်းတလည်ကျေးရွာနှင့်ငေ်းတာကျေးရွာအားပေါင်းတလည်မြိုအဖြစ်သတ်မှတ်၍တစ်ဆက်တဆက်
တည်းမရှိသာခွေးရဲအရှေ့ခုနှစ်ရွာအားရွာမအုပ်စုအဖြစ်ဖွဲ့စည်းခဲ့ကြောင်းပြည်မြို့နယ်အထွေထွေအုပ်ချပ်ရေးမှူး
ဦးအောင်ဇော်ထက်မှပြောကြားခဲ့သည်။ပြည်မြို့နယ်ပေါင်းတလည်မြို့အားအေ၇ှ့ပိုင်းရပ်ကွက်(ပေါင်းတလည်အရှေ
့ပိုင်း၊အလယပိုင်းသာယာကုန်း)၊အနောက်ပိုင်းရပ်ကွက်(ပေါင်းတလည်အနောက်ပိုင်းကွက်သစ်၊ဈေပတ်လမ်း၊သီ
ရိမြိုင်၊အုပ်ဆွဲနယ်မြေ၊တောင်ပိုင်းရပ်ကွက်(ဆင်မြီးဆွဲလမ်း၊ကံဦး၊မောင်ကုန်း၊အောင်ဇေယျာ၊ရွှေတလေး)၊မြောက်
ပိုင်းရပ်ကွက်(ခြံကြီးကုန်း၊ခြံကြီးကုန်းကွက်သစ်ဆီဆုံကုန်း၊ရွာမ၊ဘုရားလမ်းနယ်မြေ)တို့ကိုသတ်မှတ်ခဲ့ကြောင်း၎င်း
မှဆက်လက်ပြောကားခဲ့သည်။ပေါင်းတလည်မြို့တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတစ်ခု၊အထက်တန်းကျေင်းတစ်ကျောင်း
၊အလကခွဲကျောင်းနှစ်ကျောင်း၊ကုတင်(၂၅)ဆန့်တိုက်နယ်ဆေးရုံတစ်ရုံလျှပ်စစ်ဖြန့်ဖြူးရေးဌါနရုံးတစ်ရုံး၊ဆက်သွယ်ရေး
ရုံးတစ်ရုံး၊သစ်တောရုံး၊အမှတ်(၂၉)စ်စက်တစ်ခု၊စာတိုက်ရုံးတစ်ရုံး၊ဆည်မြောင်းစခန်းရုံးတစ်ခု၊ပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်တစ်ခု၊စည်ပင်သာရေးအဖွဲ့ပိုင်ဈေးတစ်ခု၊ဘုန်းကြီးကျောင်း(၇)ကျောင်း၊စေတီ(၅ဆူ၊ဓမ္မါရုံတစ်ရုံ၊ဆွမ်းလောင်းသင်းတစ်သင်း
၊စာကြည့်တိုက်တစ်ခုရှိကြောင်းသိရသည်။ပေါင်းတလည်မြို့နယ်ဖွင့်ပွဲအခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်စီ
ပွါးကူးသန်းဝန်ကြီး၊ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးများလွှတ်တော်ကိုယ်စားလှယ်များ၊မြို့မိမြို့ဖများ
တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ယခု(၂၀၁၃)ခုနှစ်တွင်ပြည်ခရိုင်အတွင်း၌ပေါင်းတလည်၊ဥသျှစ်ပင်မြို့နယ်များဖွင့်လှစ်ပေး
ခဲ့ပြီးသဲကုန်းမြို့နယတီးကုန်းအုပ်စုကိုလည်းမြို့အဖြစ်သတ်မှတ်တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်းတင်းရရှိခဲ့ပါသည်။....ပြည်သတင်း။။။
0 comments:
Post a Comment