ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ အစားအစာမျိုးစုံကို စားသုံးလျက်ရှိနေပြီး
ဒီထဲကမှ ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်စွမ်းအား တစ်နည်းပြောရရင် ဥာဏ်ရည်တွေကို
ဖျက်ဆီး ဒါမှမဟုတ် အားနည်းစေနိုင်တဲ့ နေ့စဉ် အစားအစာတွေ ရှိနေပါတယ်။
ဒီနေ့တင်ပြသွားမှာကတော့ အဲဒီ မှတ်ဥာဏ်ပျက်စီးမှုကို အလွန်အကျွံ
ဖြစ်စေနိုင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ (၁) သကြားဓါတ်များသော အစားအစာများ –
အချို့သော မုန့်နဲ့ သကြားအဓိကထား ထုတ်လုပ်သော အစားအစာနဲ့ အချိုရည်တွေဟာ
အချိန်ကြာလာတာနဲ့ အမျှ ဓါတ်သဘော ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ဦးနှောက်ကို
အနှောက်အယှက်ပေးတဲ့ မှတ်ဥာဏ်ချို့ယွင်းစေတဲ့ ဓါတ်တွေကို ထုတ်လုပ်
ဖြစ်ပေါ်လာတာကြောင့် ရှောင်ရှားသင့်တဲ့ အရာပါ (၂) အရက် – အရက်ရဲ့
ဆိုးကွက်ကတော့ ထူးထူး ထွေထွေ ပြောစရာ မရှိလောက်အောင် လူပြောများတာမို့
အကျယ်ပြောစရာ မရှိပါ (၃) အသားညှပ် ပေါင်မုန့် – သူက အရသာရှိအောင်
ပါဝင်ပစ္စည်း အများကြီးကို ပေါင်းစပ် စားသောက်တာ ဖြစ်လို့ ပုံမှန်
ကြည့်ရင်တော့ အာဟာရရှိတယ်လို့ ဆိုနိုင်ပေမယ့် လေ့လာချက်များအရတော့
စိတ်ဖိစီးမှုနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ (၄) အသားကြော်များ –
ကျွန်တော်ဆို့ဆီမှာတော့ ကြက်ကြော်တွေကို လူတော်တော်များများ သဘောကျ
နှစ်ခြိုက်ကြပါတယ်၊ ကျန်းမာရေး ရှုထောင့်အရတော့ ဓါတုပစ္စည်း ပုံမှန်ထက်
ပိုမိုပါဝင်တယ်၊ ပြည့်ဝဆီ ပိုများတယ်၊ ဦးနှောက်သွေးကြောမှာ
အနည်ထိုင်စေနိုင်တဲ့ အရာတွေ ပါဝင်ပါတယ်တဲ့။ (၅) မကျက် တကျက် အစာများ –
အသားကြော်တွေလို သက်ရောက်မှု ရှိပါတယ်တဲ့ (၆) အငံများသော အစားအစာများ –
ယခင်ကတော့ သွေးတိုးစေတယ်၊ သွေး တက်စေနိုင်တယ် လောက်ပဲ သိထားကြပေမယ့်
အခုတော့ နောက်ထပ် ဆိုးကျိုးတစ်ခုကို သိလာရပါပြီ၊ အဲဒါကတော့ ဥာဏ်ရည်ကို
အားနည်းစေပါတယ်တဲ့။ (၇) ရာနှုန်းပြည့် မဟုတ်တဲ့
ဂျုံများ – ဂျုံကြမ်းပဲ ဖြစ်ဖြစ် အချောပဲ ဖြစ်ဖြစ် ပြဿနာ မရှိပါဘူးတဲ့၊ ဒါပေမယ့် ရာနှုန်းပြည့် ဂျုံသန့်မဟုတ်ပဲ တခြားသော ဓါတုဗေဒ ပစ္စည်းတွေနဲ့ ရောစပ်ထားရင်တော့ အန္တရယ် ရှိပါတယ် (၈) မကျက် တကျက် အသားများ – အသားဆိုတာ ကျွန်တော်တို့ အတွက် အကောင်းဆုံး အသားဓါတ်ကို ဖြည့်တင်းပေးတဲ့ အရာ ဖြစ်ပေမယ့် မကျက် တကျက်စားရင်တော့ ဆိုးကျိုးကိုသာ ရရှိစေနိုင်ပါတယ်တဲ့။ (၉) အဆီများသော အစာများ – ကျွန်တော်တို့တွေကလည်း ဘယ်လောက်တောင်မှ အဆီများတာ အီတာ ဆိမ့်တာ ကြိုက်သလဲဆိုရင် ၀က်ဆီဖက်တောင် သွားရေစာ အဖြစ် စားတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအကျင့်ကို ဒီနေ့ပြင်သင့်ပါပြီ။ ၀က်ဆီဖတ် အပါအ၀င် အဆီများတဲ့ အစားအစာတွေက ဥာဏ်ထိုင်းစေပါတယ်။ (၁၀) မူးယစ်ဆေး သုံးစွဲခြင်း – မူးယစ်ဆေးရယ် အလွယ်ဆုံး ကြည့်ရင် ဆေးလိပ်မှာပါတဲ့ နီကိုတင်း ဓါတ်ကြောင့်လည်း ဥာဏ်ရည် မှတ်သားမှု အပိုင်းမှာ ထိခိုက်မှုတွေ ရှိစေနိုင်ပါတယ်တဲ့။
Ref: www.firnea.com

http://www.myanmarict.com/news/intelligence-killing-foods-need-to-avoid/
0 comments:
Post a Comment