Wednesday, July 10, 2013

အခွန်ကောက်ယူမှု မရှိတော့သော်လည်း တင်သွင်းမှု ပမာဏနည်းပါးနေသဖြင့် ဓာတ်မြေသြဇာဈေးမြင့်လျက်ရှိ..............ပြည်သတင်း

Leave a Comment


ရန်ကုန် ၊ ၁၀-၇-၂၀၁၃
စိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ လယ်ယာ သွင်းအားစု များတွင် အဓိက ဖြစ်နေသည့် ဓာတ်မြေသြဇာ ကို ပြည်ပမှ တင်သွင်းရာတွင် အခွန် ကောက်ယူမှု မရှိတော့ သော်လည်း ပြည်တွင်း သုံးစွဲအား မြင့်မား နေမှုကြောင့် ဓာတ်မြေသြဇာ ဈေးနှုန်းမှာ ရက်ပိုင်းအတွင်း မြင့်တက်မှုများ ရှိနေကြောင်း တောင်သူများ က ပြောကြား ခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က အမေရိကန် ဒေါ်လာ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာ ငွေကျပ် ၁၀၀၇ ကျပ်ခန့် အထိ မြင့်တက် သွားခဲ့ပြီး ယင်းဈေးနှုန်း တွင်
ရက်အတန်ကြာ ငြိမ်သက် နေခြင်းနှင့်လည်း သက်ဆိုင် နိုင်ကြောင်း သိရသည်။
ယခင်က ငွေကျပ် ၂ သောင်းဝန်းကျင် ရှိခဲ့သော ဓာတ်မြေသြဇာ တစ်အိတ် ဈေးနှုန်းမှာ ငွေကျပ် တစ်သောင်း ၀န်းကျင် ပို၍ မြင့်တက်ခဲ့ကြောင်း နေပြည်တော် လယ်ဝေးမြို့နယ် ပိတောက်ချောင်း ကျေးရွာမှ တောင်သူကြီး တစ်ဦးက ပြောကြား ခဲ့သည်။ " ဓာတ်မြေသြဇာ ကတော့ အဓိက အားဖြင့်တော့ တရုတ်ပါပဲ ၊ တံဆိပ် ကတော့ ၉ မျိုး လောက်ရှိတာပေါ့ ၊ ငှက်နီ ၊ ရွှေတောင် ၊ ဓူဝံတို့နဲ့ ကြာဖူးတံဆိပ် ကတော့ အစားစား ပါပဲ ၊ ပြီးခဲ့တဲ့ လထဲမှာ ပေါက်ဈေးတွေက မန္တလေးမှာ ငွေကျပ် ၁၉၀၀၀ ကျော်လောက် ရှိပြီး ရန်ကုန်မှာ ငွေကျပ် ၂၀၀၀၀ ကျော် ရှိပါတယ် ၊ ခု ငွေကျပ် တစ်သောင်းလောက် ထပ်တက် နေတယ် ၊ ဒေါ်လာဈေး ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်း တွေမှာ အတက်ပြ ခဲ့တော့ ဓာတ်မြေသြဇာ ဈေးလည်း လိုက်တက် သွားတယ် ...  " ဟု ရန်ကုန်မြို့ ရှိ ပြည့်ဝ စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင်မှ မမိုးမိုးအေး က ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ ဓာတ်မြေသြဇာ ဈေးနှုန်းများ ပြောင်းလဲခြင်း နှင့် ပတ်သက်၍ ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက " ဓာတ်မြေသြဇာ က အခွန်ကောက်ခံမှု မရှိတော့တာ ၊ ဒါပေမယ့် သွင်းထားတဲ့ ပမာဏထက် ၀ယ်ယူတဲ့ ပမာဏက များနေတဲ့ အတွက် အခုလို ဈေးမြင့်သွား တာပါ ၊ နောက်ထပ်လည်း သွင်းကုန် လုပ်ငန်းရှင် တွေက သွင်းကြအုန်း မှာဆိုတော့ ဈေးတက်တာ အခိုက်အတန့် ပဲ ဖြစ်မှာပါ .... " ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Facebook Like Page