Sunday, July 21, 2013

24.5.2012 မီးဆန္ဒပြ မဂျွန်(ခ)မဂျူးဂျူး အား မြို့နယ်တရားရုံးတော်က တရားခံပြေးအဖြစ်သတ်မှတ်ခဲ့။။။။။

Leave a Comment

 24.5.2012 မီးဆန္ဒပြ မဂျွန်(ခ)မဂျူးဂျူး အား မြို့နယ်တရားရုံးတော်က တရားခံပြေးအဖြစ်သတ်မှတ်ခဲ့...
**********************************************

 ပြည်မြို့လျှပ်စစ်မီးအမှု(၂၃-၇-၁၃)ရုံးချိန်း။(မတရားအကြမ်းဖက်ဖမ်းဆီးမှုနှင့်ထိန်းသိမ်းချုပ်နှေင်တရားစွဲဆိုမှု) အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၉)မည်သူ့ကိုမှဥပဒေမဲ့ ဖမ်းဆီးခြင်းမပြုရ။ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားသောနိုင်ငံဖြစ်သော ကြောင့် (၁၉၉၃)ခုနှစ်ကလေးသူငယ်ဥပဒေ ပုဒ်မ(၃)ပုဒ်မခွဲ(က)(ဂ)မှာ ကုလသမဂ္ဂကလေးသူငယ်ဆိုင်ရာသဘောတူစာချုပ်အခွင့်အရေးကို ထိထိ ရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည်။ ကလေးသူငယ်အခွင့်အရေးအပိုဒ်(၁၆)မှာ လုံလောက်သောနေအိမ်၊လုံလောက်သောလျှပ်စစ်မီးများကိုအာမခံဆောင်ရွက်ပေးရမည်။ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားထားမှုအားလုံးပပျောက်ရေးသဘောတူစာချုပ်အပိုဒ်(၁၄)အပိုဒ်ခွဲ(၂)(ဇ)မှာလုံ လောက်သောနေအိမ်၊လုံလောက်သောလျှပ်စစ်မီးများကိုအာမခံဆောင်ရွက်ပေးရမည်ဟုပြဌာန်းထားသည်။ ထိုသို့တာဝန်ယူဆောင်ရွက်ပေးပါက လျှပ်စစ်မီးဆန္ဒဖော်ထုတ်ရန် စာတင်မည်မဟုတ်ပါ။ လျှပ်စစ်မီးဆိုးဝါးစွာပျက် နေ သောကြောင့် ဆန္ဒဖော်ထုတ်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်ပါ။ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ (၅-၄-၁၂) ရက်နေ့ တွင်ခွင့်ပြု မိန့် လျှောက် ထားခဲ့သည်။ (၆-၄-၂၀၁၂)ရက်နေ့တွင် မြို့နယ်ရဲတပ် ဖွဲ့မှူးက ငြင်းပယ်ခဲ့သည်။ ပုဒ်မ(၉)ပုဒ်မခွဲ(က) အရအယူခံ ကို (၉-၄-၁၂)ရက်နေ့ကတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံ စာတင်လျှောက် ထား ခဲ့သည်။ အာဏာပိုင်များအနေဖြင့် ပုဒ်မ(၉)ပုဒ်မခွဲ (ခ) (ဂ)အညီ (၁၄)ရက်အတွင်း အတည်ပြုချက်အဆုံးအဖြတ်အပြီး မပြတ် ခဲ့ပေ။ တိုင်ရဲတပ်ဖွဲ့မှူးထံမှ ဘာမှတရားဝင်အကြောင်း ပြန် ကြားခြင်းမရှိပေ။ဒါကြောင့် ဖွဲ့စည်ပုံအခြေခံဥပဒေပုဒ်မ(၃၅၄)နှင့် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)အရ ငြိမ်းချမ်း စွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။ အစိုးရတရားလိုနှင့် လိုပြသက်သေများသည် ပုဒ်မ(၉) ပုဒ်မခွဲ (ခ)(ဂ) အညီမဆောင်ရွက်ပဲ ချိုး ဖောက် ပြီး ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခြင်းသည်အချက်အလက်အခိုင်အမာ သက် သေ မထူနိုင် ခြင်းဖြစ်သည်။တရားလိုနှင့် လိုပြ သက်သေများသည် ငြိမ်းချမ်းစွာစုဝေး စီးတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနှင့်အညီ မဆောင်ရွက်တာကိုတွေ့ရသည်။အပြည်ပြည် ဆိုင်တမ်းအပိုဒ်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၉) မည်သူ့ကိုမှဥပဒေမဲ့ ဖမ်းဆီးခြင်းမပြုရကိုချိုးဖောက်ခြင်းဖြစ်သည်။ (၂၃-၅-၂၀၁၂) ရက်နေ့တွင်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ရာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့သည်။ (၂၄-၅-၂၀၁၂)နေ့ ပြည်မြို့၌ လျှပ်စစ်မီး ရရှိရေးရန် ငြိမ်းချမ်းစွာ ဆန္ဒဆက်လက်ဖော်ထုတ်ခဲ့သည်။ ထိုနေ့တွင်ခရိုင်ရဲမှူး ဦးသောင်းဝင်း နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်ဇော်ထက်တို့က ဇော်ထွန်း-HRDP ကိုကျော်ဆွေ၊ကိုအောင်မိုးကျော်(ခ)ကိုဖိုးဖြူ၊ ကိုသန်းဌေး အောင်၊ ကိုဝင်းလှိုင် နှင့် မဂျူးဂျူး (ခ) မဂျွန် အပါအ၀င် စုစုပေါင်း (၆) ယောက်ကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးပြီး အချုပ်ကား ထဲသို့ ထည့်ကာ ထောင် ထဲသို့ ၀ရမ်းမပါပဲ ထည့်ခဲ့သည်။ထောင်ရှေ့တွင် အကြမ်းဖက်ဖမ်းဆီးထောင်ထဲထည့်ခံရ သော ဆန္ဒ ဖော်ထုတ် သူများ လွတ်မြောက်ရန် ပြည်သူလူထူ(၁၀၀၀)ကျော်က လွှတ်ပေးရန်အော်ဟစ်တောင်းဆိုခဲ့ သည်။ထောင်ထဲတွင် (၄)နာရီကြာ နေခဲ့ရ သည်။ ပုဒ်မ(၁၈)ဖြင့်တရားစွဲသောကြောင့် ထောင်ထဲတွင်လွှတ်တော် ကိုယ်စား လှယ်(၅)ဦးက အာမခံလုပ် ပေးခဲ့ပြီး ထောင်မှ လွှတ်ပေးခဲ့သည်။ ဆန္ဒဖော်ထုတ်စဉ်က နည်းဥပဒေမထွက်သေးပါ။ (၂၁-၅-၂၀၁၃) ပြည်မြို့နယ်တရားရုံးတွင် ရုံး တင်ခဲ့ သည်။ ရုံးချိန်း (၁၁) ချိန်းရှိခဲ့သည်။ တရားလို-ရဲအုပ်ဦးစိုးမင်း၊လိုပြသက်သေများ-မြို့နယ်ရဲ တပ်ဖွဲ့ မှူး ဦးမြင့်ဦး၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ အမှတ်(၃)စခန်းမှူးဦးစိုးလှိုင်ဦး၊ ဒုရဲအုပ်ဦးဇော်မင်းနိုင်၊ အမှတ်(၂)စခန်းမှူးဦးဝင်းခိုင်နှင့် အင်းမရဲစခန်းမှူး ဦးဝင်းနိုင်တို့ဖြစ်သည်။ ပုဒ်မ(၁၈)ဖြင့်တရားရုံးတင်ခံရသူ(၅)ဦးမှာ ဇော်ထွန်း-HRDP ကိုကျော်ဆွေ၊ကိုအောင်မိုးကျော်(ခ) ကို ဖိုး ဖြူ၊ ကိုသန်းဌေး အောင်၊ ကိုဝင်းလှိုင်တို့ကိုတရားစွဲပြီး၊ မဂျွန်က တရားရုံးသို့မလာသော ကြောင့်တရားခံပြေး အဖြစ်သတ်မှတ်ခဲ့ သည်။

 .ဇော်ထွန်း(HRDP) ပြည်ဒေသ မှ ပြည်သတင်းသို့ပေးပို့ထားပါသည်....

0 comments:

Post a Comment

Facebook Like Page