Monday, February 8, 2016

ပြည်မြို့ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တွင်ဇတ်ပွဲ အားလုံးကို ဗလာစနစ်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရ ပြည့်သဲမောင်(ပြည်)၀၉ ၄၃၂၆ ၇၁၈၈၃

Leave a Comment

ပြည်မြို့ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ 
စတုတ္ထအကြိမ်မြောက်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တွင်ဇတ်ပွဲ
အားလုံးကို ဗလာစနစ်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း
သိရ

ပြည် ဖေဖော်ဝါရီ( ၉)ရက်
ကမ္ဘာ့အမွေအနှစ်စံညွှန်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ခြင်းဖြစ်သော
ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်
မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား တပို့တွဲလဆန်း(၆)ရက်၊(၁၄.
၂.၂၀၁၆)ရက်နေ့ မှ(၂၃.၂.၂၀၁၆)ရက်နေ့အထိ(၁၀)ရက်တိုင်တိုင်
ကျင်းပပြုလုပ်မည်ဖြစ်ပြီး တရားပွဲ၊အဆိုပြိုင်ပွဲ၊ဇတ်သဘင်များမှ က
ပြဖျော်ဖြေပွ၊ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲများနှင့်စည်ကားသိုက်မြိုက်
စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရ သည်။

အဆိုပါဘုရားပွဲရက် တပို့တွဲလဆန်း(၆)ရက်၊(၁၄.၂.၂၀၁၆)ရက်နေ့မှ
(၁၆.၂.၂၀၁၆)ရက်နေ့အထိ မြတ်စွာဘုရား၏အဆုံးမတရားတေ
များချီးမြှင့်မည့်တရားပွဲအစီအစဉ်၊ တပို့တွဲလဆန်း(၉)ရက်၊(၁၇.
၂.၂၀၁၆)ရက်နေ့မှ(၁၉.၂.၂၀၁၆)ရက်နေ့အထိ တက်သစ်စလူ
ငယ်လေးများ၏ အဆိုပြိုင်ပွဲအစီအစဉ်၊(၁၉.၂.၂၀၁၆)ရက်နေ့မှ
(၂၁.၂.၂၀၁၆)ရက်နေ့အထိ မဟာရန်ကုန် ၊ အောင်မျိုးချစ်ဇတ်
သဘင်မှကပြဖျော်ဖြေမှုအစီအစဉ်၊(၂၂.၂.၂၀၁၆)ရက်နေ့တွင်
ရွှေပြည်စံဇတ်သဘင်နှင့်အတူ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်
ဧရာ၊ပေါ်ဦး၊စံလင်း၊ချစ်စု၊ဆယ်ပြား တို့ပါဝင်ကပြဖျော်ဖြေမှုအ
စီအစဉ်၊(၂၃.၂.၂၀၁၆)ရက်နေ့တွင် ရွှေပြည်စံဇတ်သဘင်နှင့်
အတူ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ခင်လှိုင်၊စိစိ၊ချစ်လူလူ၊မိုး
ထက်၊အိုကေနှင့်အတူ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ထက်ပိုင်
ဦး၊မေသော်ချစ်၊ခင်လှိုင်၏သားဖြစ်သူ ကိုဖြိုး ဦးစီးသော Dancer
အဖွဲ့တို့ဖြင့်ကပြဖျော်ဖြေမှုအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ပြီး
ဇတ်ပွဲများအားလုံးကို ဗလာစနစ်ဖြင့်ကပြဖျော်ဖြေသွားမည်ဖြစ်
ကြောင်းသိရသည်။

ထို့အပြင်(၁၉.၂.၂၀၁၆)ရက်နေ့မှ(၂၃.၂.၂၀၁၆)ရက်နေ့များတွင်
(၆)မြို့နယ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲများကိုလည်း စည်ကား
သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသတင်း
ရရှိသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


ပြည်မြို့ရတနာသီရိမဟာဘုရားကြီးစေတီတော်မြတ်ကြီး၏ 
အကျိုးတော်ဆောင် ဘောပကအဖွဲ့ဝင်များ....

0 comments:

Post a Comment

Facebook Like Page