Sunday, July 26, 2015

ဗိုလ်ချူပ်ကြေးရုပ်ခေါင်းဖြုတ်ခဲ့သူအား တစ်သက်တစ်ကျွန်းချမှတ်ပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတောင်းဆို

Leave a Comment

ဗိုလ်ချူပ်ကြေးရုပ်ခေါင်းဖြုတ်ခဲ့သူအား တစ်သက်တစ်ကျွန်းချမှတ်ပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတောင်းဆို

ပြည် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်အားခေါင်းဖြုတ်ခဲ့သူအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ရန် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ဇူလိုင် -၂၆ရက်နေ့ နံနက် ၉-နာရီခန့်တွင် တစ်နာရီခန့် ဆန္ဒပြတောင်းဆိုလိုက်ကြောင်းသိရသည်။
ဇူလိုင် ၂၀-ရက်နေ့ နံနက် ၆-နာရီခွဲအချိန် ကြံခင်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အားခေါင်းဖြုတ်ခဲ့သူ ကိုဖြိုး(ခ)ဖြိုးကျော်ဌေး အသက်(၂၇)နှစ်သည် ဗိုလ်ချုပ်ကြေးရုပ်အားခေါင်းဖြုတ်မှုမပြုလုပ်ခင် ကြေးရုပ်အားဖတ်၍ငိုပြီး ကြေးရုပ်ပုခုံးခွထိုင်ကာမိနစ်အနည်းငယ် အော်ဟစ်ခဲ့ပြီး အဆင်တွင် ကြေးရုပ်၏ ဦးခေါင်းအားရှေ့နောက်တွန်းနှဲ့ခဲ့ပြီး ဗိုလ်ချုပ်ဦးခေါင်းပြုတ်ထွတ်ပြီးလူပါတစ်ပါတည်း ပြုတ်ကျခဲ့ကြောင်းသိရသည်။
“လုံးဝမကြေနပ်ဘူး။ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပြည်သူတစ်ရပ်လုံးလေးစားတန်ဖိုးထားတဲ့လူတစ်ဦး။ဗိုလ်ချုပ်ကိုစော်ကားတာ ကျွန်တော်တို့ပြည်သူကိုစော်ကားတာနဲ့တူတူပဲ။နိုင်ငံတော်ကိုဆူပူအောင်လုပ်တာလား။နိုင်ငံတော်ကိုဖျက်စီးရာပျက်စီးလုပ်တာလား။သူ့နောက်မှာကြိုးကိုင်နေသူတွေရှိနေမလားလို့တွေးမိတယ်။နိုင်ငံတော်ကို ဖျက်စီးရာပျက်စီးကြောင်းလုပ်နေတတာ နိုင်ငံရေးသမားတွေမဟုတ်ဘူး။အဲဒိလိုခေါင်းဖြုတ်တဲ့ကောင်တွေပါ။နိုင်ငံရေးသမားတွေဆိုတာ တိုင်းပြည်ရဲ့လစ်ဟာနေတဲ့နေရာာတေတွ ဆန္ဒဖော်ထုတ်ထောက်ပြနေသူတွေပဲဖြစ်တယ်။ဘာသာရေးအရ ဘုရားဟာကိုးကွယ်ခဲ့သလို အမိုက်မှောင်တွေအတွင်းကကယ်တင်ခဲ့တဲ့ကျေးဇူးရှင်။ဗိုလ်ချုပ်ဟာ လွတ်ရေးရရှိအောင် ပြည်သူလူထုကို ကျွန်ဘ၀ကနေဆွဲထုတ်ပေးခဲ့တဲ့ကျေးဇူးရှင် ဒါ့ကြောင့် ဗိုလ်ချုပ်ဟာ ဒုတိယဘုရားသခင်လို့ပြောလို့ရတယ်။” ဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ဆွေမှပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ရာတွင် “ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအား ခေါင်းဖြတ်ကာ စော်ကားခဲ့သော ဧရာဝတီးတိုင် ကြံခင်းမြို့မှ လုပ်ရပ်အား အပြင်းအထန်ကန့်ကွက်ရှုတ်ချအပ်ပါသည်”ဟုအစရှိသောဗိနိုင်းပိုစတာများအပါဝင်အခြားစာသားများပါရှိသောဗီနိုင်းပိုစတာ(၈)ခုအားကိုင်ဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။
“အနားမှာသာရှိရင်သတ်ပြစ်ချင်လောက်အောင်ဖြစ်နေတယ်။ခုလိုလွတ်လပ်ရေးဘခင်ကြီးကိုခေါင်းပြုတ်တာလုံးဝကျွန်မမကြေနပ်ဘူး။အဲဒိလူကို တစ်သက်တစ်ကျွန်းချပေးမှကြေနပ်နိုင်မယ်။အဲလိုပြစ်မှလွဲလို့ချန်တဲ့ပြစ်ဒဏ်လောက်ချမယ်ဆို ကျမတို့ဆန္ဒထပ်ပြနေအုံးမယ်။နောက်ကွယ်ကနေ အဲဒိလူကို ဘယ်လောက်ပေးထားလည်း။ဘယ်လောက်ကြွေးထားလည်း။ဘာတွေပေးထားလည်းဆိုတာလည်းသိချင်တယ်။ကြံခင်းမြိုကရဲမှူးတွေလည်း ဒီလူကိုထိထိရောက်ရောက်မှတ်လောက်အောင်အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာအောင်အမိန့်ချမှတ်ပေးဖို့ဒီနေရာကတောင်ဆိုဆန္ဒပြုပါတယ်။” ဟု ဒေါ်မိခေးမှပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုကို ပြည်မြို့အတွင်းရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၁၀)ဦးကျော်မှဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုမိန့်ကို ဇူလိုင်လ(၂၃)ရက်နေ့ကစတင်ထားခဲ့ပြီး ဇူလိုင်လ-(၂၄)ရက်နေ့ ည(၁၀)နာရီခွင့်ပြဲမိန့်ရကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..09253311019

0 comments:

Post a Comment

Facebook Like Page