Wednesday, May 20, 2015

လက်ပံတန်းမြို့တွင် ဖြိုခွဲခံလိုက်ရသော ဒီမိုကရေစီပညာရေးပင်မ သပိတ်စစ်ကြောင်းတွင် လိုက်ပါသွားသူ မောင်ဖိုးသား(ခ) မျိုးသီဟ ၏မိဘများရှိရာ နေအိမ်သို့ လက်ပံတန်းမြို့မစခန်းမှူးအပါဝင် (၄)ဦးအပါဝင် ပြည်မြို့ပေါ်မှ ဒေသဆိုင်ရာ နယ်မြေတာဝန်ခံများရဲတ်ဖွဲ့ဝင်တချို့ တိှု့က န၀င်းအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆိုတွေ့

Leave a Comment


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ မေ၁၆ ရက်နေ့ ည ၆း၃၀ အချိန်က လက်ပံတန်းမြို့တွင် ဖြိုခွဲခံလိုက်ရသော ဒီမိုကရေစီပညာရေးပင်မ သပိတ်စစ်ကြောင်းတွင် လိုက်ပါသွားသူ မောင်ဖိုးသား(ခ) မျိုးသီဟ ၏မိဘများရှိရာ နေအိမ်သို့ လက်ပံတန်းမြို့မစခန်းမှူးအပါဝင် (၄)ဦးအပါဝင် ပြည်မြို့ပေါ်မှ ဒေသဆိုင်ရာ နယ်မြေတာဝန်ခံများရဲတ်ဖွဲ့ဝင်တချို့ တိှု့က န၀င်းအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆိုတွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။

“မနေ့က ည ၆ နာရီလောက်ကျွန်တော့ကိုဖုန်းစက်တယ် အလုပ်ထဲရောက်နေလို့ ည ၆နာရီခွဲလောက်မှ အိမ်ပြန်ရောက်တယ် အဲနောက် ရုံးကိုသွားရတယ် ရုံးရောက်တော့ သာယာဝတီထောင်မှာရောက်နေတဲ့ ကျွန်တော့သား ဖိုးသား(ခေါ်)မျိုးသီဟ ရဲ့ အချက်အလတ်တွေရော အကြီးကောင်ဖြစ်တဲ့ ဆန်းမြတ်သူ(ခေါ်)ဖိုးသားကြီး တို့ရဲ့ ကျောင်းမှတ်တမ်းတွေအပါဝင် အိမ်ထောင်စု မွေးစရင်းမိတ္ထူရော မှုရင်းရော ယူသွားပါတယ် တရားရုံးစီရင်ချက်က လွှတ်မြောက်ဖို့အတွက်လာကူညီတာဆိုပြီး ကျွန်တော့သားအပါဝင် ကျောင်းသားအကုန်လုံးလွှတ်မြောက်စေချင်ပါတယ်” ဟု ဖိုးသား(ခေါ်)မျိုးသီဟ ဖခင် ကိုလေးမြင့် မှ ဒီမိုကရေစီတူဒေး သို့ ပြောသည်။

“သူတို့ကသူ့အကိုနာမည်နဲ့ မှားပြီးစာရင်းမှားထည့်ထားတာ၊ဒါပေမဲ့ သူ့အကို ကိုယ်တိုင်ကလဲအသက်မပြည့်သေးဘူး၊(၁၇)နှစ်ပဲရှိသေးတာ။သူ့အကိုသူငယ်ချင်းတွေကစာရင်းပေးလိုက်တာဖြစ်တယ်လို့ အခုသာယာဝတီထောင်ထဲမှရှိနေတဲ့ ဖိုးသား(ခေါ်)မျိုးသီဟ ကအသက်(၁၅)နှစ်တောင်မပြည်သေးဘူး မနေ့က ကျွန်မအိမ်ကိုဓါတ်ပုံတွေလာရိုက်သွားပြီး န၀င်းအုပ်ချုပ်ရေးမှူးရုံးကိုလာခဲ့ဖို့ခေါ်တယ် ဟိုရောက်တော့ ကျွန်မတို့ကလေးလွှတ်မြောက်ဖို့ကူညီတာပြောတယ် “ဟု ဖိုးသား(ခေါ်) မျိုးသီဟ မိခင် မမိုးမိုးအေး မှ ဒီမိုကရေစီတူဒေးသို့ပြောသည်။

“အသက်အရွယ်ကြီးသူတွေ နဲ့ အခုလို ခလေးကို ထောင်ထဲမှာအတူထားလို့မရဘူး။ဒါဟာ ခလေးသူငယ်အခွင့်အရေးချိုးဖေါက်ခံရတာဖြစ်တယ် အသက်မပြည့်သေးတဲ့ခလေးငယ်ကို၊ဒီထောင်ထဲမှာကိုထားလို့မရဘူး၊အခုတော့ရဲကရေးတင်လိုက်တာကို၊တရားရုံးကလက်ခံလိုက်တယ်ဆိုတာကိုက၊ဥပဒေဘောင်ကိုကျော်လွန်ပြီး၊တ၇ားရုံးကလုပ်နေတာဖြစ်တယ်“ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဒီမိုကရေစီတူဒေးကိုယခုလိုပြောသည်။
ပြီးခဲ့တဲ့၊မေလ ၁၂ ရက်နေ့က(၆)ကြိမ်မြောက်ရုံးချိန်းမှာ၊အသက်(၁၆)နှစ်မပြည့်သေးတဲ့ အောင်မင်းခိုင်ကို၊အာမခံပေးပြီးပြန်လွှတ်ပေးခဲ့ပြီး၊အမှုကိုအပြင်ကနေဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်
အခုထောင်ထဲမှာကျန်နေသေးတဲ့ မောင်ဖိုးသား(ခ) မောင်မျိုးသီဟ ကို(၂၅.၅.၂၀၀၀)ခုနှစ်မှာမွေးဖွားခဲ့ပြီး၊လာမဲ့(၂၅)ရက်နေ့ကျမှ အသက်(၁၅)နှစ်ပြည့်မှာဖြစ်ပြီး။သူ့မိဘတွေက ပြန်လွှတ်မပေးလို့ဆိုးရိမ်နေကြတာဖြစ်ပါတယ်။

K3(pyay)

သတင်းနှင့်ဓါတ်ပုံ k3(pyay)
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page