Monday, April 20, 2015

ပြည်မြို့ က အထွက် န၀င်းချောင်း ကူးတံတား၊အခြေအနေက၊သုံးမရလောက်အောင်၊ပျက်စီးနေ

Leave a Comment



ပြည်မြို့ က အထွက် န၀င်းချောင်း ကူးတံတား၊အခြေအနေက၊သုံးမရလောက်အောင်၊ပျက်စီးနေ
ပြည်မြို့ က အထွက် န၀င်းချောင်း ကူးတံတား၊အခြေအနေက၊သုံးမရလောက်အောင်၊ပျက်စီးနေတာကြောင့်၊ဒေသခံတွေ၊စိုးရိမ်နေကြပါတယ်။
ပြည်က နေ အောင်လံ၊န၀ဒေး သကြားစက် နဲ့ ကျေးရွာ(၁၄)ကိုဆက်သွယ်ထားတဲ့၊လမ်းမှာတည်ရှိတဲ့ န၀င်းရပ်ကွပ်က၊န၀င်းချောင်းတံတား၊ပေါ်ကခင်းထားတဲ့၊ပျဉ်တွေ နဲ့ တံတားရဲ့တိုင်တွေ က အခြေအနေအရမ်းစိုးလာတာကြောင့်၊တံတားပေါ်မှာဖြတ်သန်းသွားတဲ့၊ကျောင်းသားသူငယ်တွေ၊ကား၊ဆိုင်ကယ်တွေ၊အန္တရယ်ဖြစ်နေတာကြောင့်ဒေသခံတွေက၊ မိုး မကျမှီကို၊ပြန်လည်ဆောက်လုပ်ပေးစေချင်နေတာဖြစ်ပါတယ်။
တံတားကနိုင်ငံတော်က ဘတ်ဂျက်ချပေးထားပြီးသားဖြစ်တယ်။နိုင်ငံတော်ပိုင်တံတားလဲဖြစ်တယ်၊အခုထိမလုပ်သေးဘူး၊အများပြည်သူတွေသွားလာဖို့ကိုမသင့်တော် တော့ဘူး၊ကျိုး ပဲ့ သေတော့မှ တံတားကိုလုပ်တော့မှာလားလို့ ဦးတင်ဝမ်း(ဖိုးခေါင်ရပ်ကွပ်။ပြည်မြို့) ကပြောပြပါတယ်။

မိုးတွင်းဖက်ဆိုရင်တံတားကမလွယ်တော့ဘူး၊နိုင်ငံတော် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံကို လဲ စာတင်ပြီး ပြီ၊ သူတို့လဲလာလဲကြည့်သွားပြီး ပြီ အခုထိလာမလုပ်သေးတော့။သူတို့အောက်ချေကအလုပ်မလုပ်တာဖြစ်တယ် လ ။ကိုမျိုးလွင်(ဖိုးခေါင်ကွပ်သစ် အပိုင်း(၃)ကရှင်းပြပါတယ်
တံတားပေါ်လျှောက်ရင်ဘုရားတပြီးလျှောက်နေရတာ၊အန္တရယ်အရမ်းကြီးနေပြီ၊ ကျောင်းသားတွေ၊ခလေးတွေ အတွက်အရမ်းစိုးရိမ်နေရတယ် ဒီမိုးမကျခင်လုပ်မှဖြစ်မယ်လို့ ။ကိုတင်ထွန်းအောင်(န၀င်းရပ်ကွပ်)
်ကရှင်းပြပါတယ်။
အခု၊ရုံးဖွင့်ရက် ရောက်တာ နဲ့ စလုပ်တော့မှာဖြစ်တယ်၊(၇)လပိုင်း(၈) လ ပိုင်းလောက်ကိုအပြီးဆောက်သွားမှာဖြစ်တယ်။ကွန်ကရစ်တံတားဆောက်မှာဖြစ်တယ်။တိုင်ဒေသကြီး၊ဘတ်ဂျက်နဲ့ လုပ်မှာဖြစ်တယ် သိန်း(၁၀၀)ကျော်လောက်ခန့်မှန်းသုံးစွဲသွားမှာဖြစ်ပြီး၊soil test လုပ်ပြီးသွားပြီ၊လို့ ။ဦးကျော်ကျော်လင်း(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-ပြည်မြို့)
်ကရှင်းပြပါတယ်။
အဲဒီတံတားကို(၂၀၀၁)ခု နှစ်ကဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ စည်ပင်က ဆောက်လုပ်ရေးဋ္ဌာန ကိုလွဲအပ်ဆောက်လုပ်စေခဲ့ပြီး၊ဆောက်လုပ်ရေးဋ္ဌာနက၊အပြင်ကန်ထရိုက်ပေးပြီး၊ဆောက်ခဲ့တာဖြစ် ကာ ပေ(၂၂၂)အရှည်၊အကျယ်က(၁၅)ပေ ခန့် နဲ့ ဆောက်လုပ်စဉ်က၊(သံဟင်ဂလံ)တံတားဘောင်(၄)ခုနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊နောက်တော့ တာဝန်ရှိသူတွေက၊(သံဘောင်(၃)ခုကို ပြန်လည်ဖြုတ်ယူသွားခဲ့ ပြီး၊သစ်သားဘောင်တွေ နဲ့ အစားထိုးပေးထားခဲ့ပါတယ်။နှစ်စဉ် မြစ်ရေတက်တာကြောင့်တံတားကြမ်းခင်းအထိရေမြုတ်တတ်တာရယ်န၀ဒေးသကြားစက်က၊တန်များတဲ့ကားတွေ ပါဖြတ်သန်းသွားလာတတ်တာတွေရယ်ကြောင့်တံတားက ပိုပြီးကြံခိုင်မှုလျှော့နဲလာတာကြောင့်၊ ဒေသခံတွေက၊နိုင်ငံအကြီးအကဲတွေထံအသိပေးတိုင်ကြားကြတာကြောင့်၊(၂၀၁၄)ခု၊ဧပြီလ(၇)ရက်နေ့က၊ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဥာဏ်ဝင်းကလာရောက်ကြည့်ရှုပြီး၊(၂၀၁၅)ခုနှစ်မှာဆောက်လုပ်ပေးမယ်လို့၊ဂတိပေးပြောကြားခဲ့ပေမဲ့၊အခုထိ လာပြီးမလုပ်သေးတာကြောင့်၊ဒေသခံတွေကပူပင်နေကြတာဖြစ်ပါတယ်

မင်းညို(DVB)






0 comments:

Post a Comment

Facebook Like Page