Friday, March 31, 2017

နားတွေများဆွံ့အနေသလား ပြည်မြို့ကလူကြီးများ ----------------------------------------------------

Leave a Comment

နားတွေများဆွံ့အနေသလား ပြည်မြို့ကလူကြီးများ
----------------------------------------------------

ဒီကနေ့ ကျွန်တော်တို့ပြည်မြို့မှာ ဆိုင်ကယ်တွေ
အိပ်ဇောဖြုတ်မောင်းနေတာ ဘယ်လိုမှနားမခံသာ
အောင်ဖြစ်ရပါတယ်။ဒီအသံတွေကို ကျွန်တော်တို့
ပြည်မြို့ကလူကြီးဆိုသူတွေ မကြားတာလား နားေ
တွဆွံ့အနေတာလားဆိုတာ ပြည်မြို့သူ ပြည်မြို့သား
များလဲ သိချင်နေမှာပါ။

ဘာကြောင့်လဲဆိုရင် ညဘက် တက္ကသိုလ်ရှေ့ ရွှေ
တစ်ချောင်းလမ်းဘက်နှင့်ဗိုလ်ချုပ်လမ်းတွေမှာအိပ်
ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေကို အရှိန်မြှင့်မောင်
ပြီး ဆူဆူညံညံပတ်ဝန်းကျင်မခံနိုင်အောင်ဖြစ်နေရ
သည့် အခြေအနေမှာ ပြည်မြို့ကလူကြီးတွေ ဖမ်းဆီး
အရေးယူတာ ဘာတစ်ခုမလုပ်ဘဲဒီကနေ့အထိနေနိုင်
တာကိုလဲ စဉ်းစားစရာတစ်ခု ဖြစ်လာပါတယ်။

ဒါဆိုရင် ရေနံချောင်းတို့ ချောက်တို့ ရွှေဘိုတို့ အစရှိ
တဲ့မြို့က ရဲတပ်ဖွဲ့၊ယာဉ်ထိန်းတပ်ဖွဲ့၊စည်ပင်သာယာ
ရေးအဖွဲ့၊ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အုပ်ချုပ်ရေး
အဖွဲ့ဝန်ထမ်းတွေက ကျွန်တော်တို့ ပြည်မြို့မှာတာဝန်
ထမ်းဆောင်နေတဲ့ လူကြီးတွေထပ် လစာပိုရလို့ထင်
တယ်နော် သူတို့ကမြို့သူမြို့သားများ ဆူညံမှုအသံတွေ
ခံစားနေလို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေများ
အရ အရေးယူဆောင်ရွက်နေတာတွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပြည်မြို့မှာရှိတဲ့ ပြည်ခရိုင်အုပ်ချုပ်
ရေးမှူး ၊ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ယာဉ်ကြီးကြပ်မှုကော်
မတီ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ပြည်မြို့နယ်စည်ပင်သာယာရေး
အဖွဲ့နှင့်ပြည်မြို့ရှိ ရပ်မိရပ်ဖများမှ စည်းကမ်းမဲ့ အိပ်ဇောဖြုတ်
မောင်းနှင်နေသော ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူပေး
ပါရန် ပြည်မြို့သူ ပြည်မြို့သားများကိုယ်စား မေတ္တာရပ်ခံအပ်
ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Monday, March 27, 2017

ဖော်ပြပါကားအား တွေ့ရှိသူများ ဆက်သွယ် အကြောင်းကြားပေးပါ ကျေးဇူးဆပ်ပါမည်။

Leave a Comment

ဖော်ပြပါကားအား တွေ့ရှိသူများ ဆက်သွယ်
အကြောင်းကြားပေးပါ ကျေးဇူးဆပ်ပါမည်။

ကျွန်တော်ကိုမြင့်ဇော်ဦး၊လက်ဘက်ရည်ဆိုင်လုပ်ငန်း၊
ဆေးရုံကြီးရှေ့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်မြို့၊
နေသူပိုင်ဆိုင်သော KINGLONE အမျိုးအစား ၊ အဖြူရောင်၊
မှန်လုံယာဉ်ငယ် BGO 2K 3987 ပြည်မြို့မရဲစခန်း(ပ)၆၇၀/၂၀
၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆အရအမှုဖွင့် ဆောင်ရွက်
ထားပါသည်။

ထို့ကြောင့်ဖော်ပြပါ ဓါတ်ပုံတွင်တွေ့ရသော ကားအား
တွေ့ရှိသူများ အကြောင်းကြားပေးကျပါရန်နှင့်ဆက်
သွယ်အကြောင်းကြားသူများအား အထူးကျေးဇူးဆပ်
မည်ဖြစ်ပြီး ဆက်သွယ်အကြောင်းကြားသူကိုလဲအမှု
နှင့်ပတ်သက်မှုမရှိအောင်တာဝန်ယူမည်ဖြစ်ကြောင်း
ယာဉ်ပိုင်ရှင် ကျွန်တော် မြင့်ဇော်ဦးမှအာမခံပါသည်။
မှတ်ချက်။       ။မေတ္တာဖြင့်ကူညီပါသည်။

ဆက်သွယ်ရန်။         ။အဆိုပါကားနှင့်ယာဉ်မောင်း
ပေါက်စီအားတွေ့ရှိပါက

ပြည်မြို့မရဲစခန်း 053 -24182
ကိုမျိုးသိန်း     09  -781102307
ယာဉ်ပိုင်ရှင် ကိုမြင့်ဇော်ဦး09 -5360707


Read More...

ရြွှေပြည်စံမြို့သစ်ကဇာတ်ကားမှောက်သည့် နောက်ဆက်တွဲ သတင်း

Leave a Comment

ရြွှေပြည်စံမြို့သစ်ကဇာတ်ကားမှောက်သည့် နောက်ဆက်တွဲ သတင်း

အပြင်းထန်ဒဏ်ရာရရှိသူ(၁၆)ဦးအနက်(၁)ဦးမှာ
ကားပေါ် ပါလာသောမီးစက်ပိ၍ အမျိုးသား(၁)ဦး
သေဆုံးခဲ့ကြောင်းယာဉ်ပေါ်ပါလာသူ လူဦးရေပေါင်း
(၄၀)ကျော်(၅၀) နီးပါးပါရှိသည်ဟု လက်တစ်လော
သတင်းအရသိ ရှိသည်။

အဆိုပါ ယာဉ်တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူများ
ကို ဥသျှစ်ပင်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူပြီး ယခုညနေ
(၄)နာရီ (၂၀)အချိန်ခန့်မှာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး
သို့ပရဟိတအဖွဲ့များမှကူညီ၍ ပြန်လည်ခေါ်ဆောင်ပြေ
ာင်းရွေ့နေပြီဖြစ်ကြောင်း ကနဦးသတင်းရရှိကာသတင်း
အပြည့်အစုံအား ဆက်လက်ဖော်ပြပေးမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Tuesday, March 21, 2017

"အောင်ရင် ထွန်း"ဆိုတဲ့အကောင့်ပိုင်ရှင် ညီလေးဖတ်ဖို့

Leave a Comment

"အောင်ရင် ထွန်း"ဆိုတဲ့အကောင့်ပိုင်ရှင် ညီလေးဖတ်ဖို့

ဒီကနေ့ ကျွန်တော် ပြည်ခရိုင်တွင်းမှာရှိတဲ့ ထူးခြားဖြစ်စဉ်
နှင့်ပြည်သူအကျိုးပြုစေသော အကြောင်းအရာများကိုကျွန်
တော်တတ်သ၍ ရေးသားဖော်ပြပေးခဲ့ပါသည်။ထိုသို့ရေး
သားဖော်ပြရာမှာလဲ ကျွန်တော်တာဝန်ယူဖြေရှင်းပေးနိုင်
သောသတင်းအကြောင်းအရာများကိုသာ ဖော်ပြပေးခဲ့ပါ
သည်။ရေးသားသောစာသားများတွင်လဲ မည်သူတစ်ဦး
တစ်ယောက်နစ်နာပါစေဆိုတဲ့ရည်ရွှယ်ချက်ဖြင့် ရေးသား
ခြင်းမဟုတ်ခဲ့ပါ။

သို့ပါသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ရွှေ
တောင်ဆန်စက်မီးလောင်မှုသတင်းအား ပြည်သတင်း
Likes Page မှ Live လွှင့်ခဲ့ရာ "အောင်ရင် ထွန်း" ဆို
သောအကောင့်မှ ပုံတွင်ဖော်ပြထားသည့်အတိုင်း Com
ment တွင် ဆဲရေးတိုင်းထွာရေးသားခဲ့ပါသည်။မှန်ပါတ
ယ်သူပြောသလိုဆိုရင် မီးသတ်က မီးသတ်အလုပ်လုပ်
ပါတယ် သတင်းသမားကသတင်းသမားအလုပ်ကိုလုပ်ရ
ပါတယ် ဒါပေမဲ့ ညာဘက်လက်က ဖုန်းကိုကိုင်ကာLive
လွှင့်နေပေမဲ့ ဘယ်ဘက်မှာမီးသတ်ရေပိုက်မပြီး ကူညီ
ပေးနေတာ ဒီကောင်လေးမသိလို့လား ဒါမှမဟုတ် ကျွန်
တော်ဖော်ပြပေးခဲ့တဲ့ Live ဗီဒီယိုဖိုင်တွေကိုအကုန်မကြ
ည့်ဖြစ်တာလား လက်ကအလုပ်လုပ်နေပေမဲ့ ပါးစပ်ကလဲ
အနားမနေခဲ့ပါဘူး မီးသတ်ရဲဘော်တွေနဲ့ပါဝင်ကူညီသူ
တွေ အန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ပေးခဲ့တာ
ရော ဒီကောင်လေးမသိလို့လား ဆိုတဲ့အသိနဲ့သူကျွန်
တော့ကို အမေကိုင်တုတ်တာ အခုအချိန်ထိဘာမှလက်
တုန့်မပြန်ခဲ့ပါ ညီလေး "အောင်ရင် ထွန်း"ဆိုတဲ့အကောင့်
ပိုင်ရှင်ရယ် မင်းလောက်ကို အကိုကရင်ကိုမခုန်တာပါညီ
လေး fbမှာလက်ဆော့တယ်ဆိုတာလွယ်ပါတယ်ညီလေး
ဒါပေမဲ့နောက်ဆက်တွဲပြသနာဆိုတာရှင်းရခက်တယ်ညီ။

မင်းလောက်ကို အကိုကလေ လက်သီးနဲ့တစ်ချက်ထိုးစရာ
မလိုပါဘူးကွာ မင်းဖင်ထိုင်ကျသွားလောက်တဲ့ရိုက်ချက်
တွေနဲ့ရိုက်လိုက်ရင် မင်းဘဝလေးစုပ်ပြတ်သက်သွားမယ်
မင်း Comment မှာဆဲပြီးရေးလောက်တဲ့သူလားဆိုတာ
မင်းမရေးခင် သေချာလေ့လာဖို့လိုတယ်ညီ အကိုကLive
လွှင့်တယ်ဆိုတာ ပြည်သူတွေ မီးဆိုတာကို ကြောက်တတ်
အောင် အလေးထားတတ်အောင် မီးသတ်သမားတွေရဲ့မီး
သတ်ရတဲ့နေရာမှာဘယ်လောက်  အန္တရယ်များတယ်ဆို
တာ ပြည်သူတွေသိအောင် ရည်ရွယ်ပြီးဖော်ပြပေးတာပါ
fb မှာပိုက်ဆံရှိလို့ ဖင်ယားပြီး Live လွှင့်ခဲ့တာမဟုတ်ဘူး
ဒါကြောင့် fbမှာ လက်ကမြင်းတတ်တဲ့ အကျင့်ဆိုးတွေကို
ဒီကနေ့ဒီအချိန်ကစပြီးပြင်လိုက်ပါတော့ ညီ ။

ညီရေးတဲ့စာသားက အကို့အတွက်သိပ်ပြီးထိရောက်တဲ့
စာသားမဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ fb ထုံးစံအ
တိုင်းမမြင်ချင်ရင်ကျော်သွားလို့ရပါတယ် ဒါပေမဲ့ ညီရေး
တဲ့စာသားကိုတော့ ညီရဲ့အပေါင်းအသင်း   အနီးဆုံးမှာ
ရှိတဲ့ ညီကောင်မလေးအသိုင်းအဝိုင်းက ညီရေးတဲ့စာကို
မမြင်ဘဲမနေဘူးလေ ဘာလို့လဲဆိုတော့ အိမ်ထဲမှာနေ
တဲ့ပြည်မြို့သူ ပြည်မြို့သား တော်တော်များများက ပြည်
သတင်းကို ဖတ်နေကြလို့ပါ ။ဒါကြောင့် အကို့ကိုယ် ဆဲ
ထားတဲ့စာသားကိုလဲ အခုထိမဖျက်သေးတာပါ ညီ။

မှတ်ချက်။      ။ပြည်သူတွေအဆဲခံဖို့ အမြဲအသင့်ရှိနေတဲ့
ပြည့်သဲမောင်(ပြည်) ပြည်မြို့သူ ပြည်မြို့သားများအတွက်
သတင်းများ ဆက်လက်ရေးသားနေရင် အမှားရှိရင် အမှန်
ဖြစ်အောင်ပြင်သွားပါမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

ဧပြီလဆန်း(၃)ရက်နေ့ အတန်းသစ်စမည်။

Leave a Comment

ဧပြီလဆန်း(၃)ရက်နေ့ အတန်းသစ်စမည်။
(ဆရာ ဆရာမများအတွက် နွေရာသီကျောင်း
ပိတ်ရက်များတွင် အင်္ဂလိပ်စာဖတ်နည်းကို
ဆရာကြီး ဦးမြကြိုင်၏ GTM Formula ဖြင့်
ထိရောက်စွာသင်ကြားပါမည်။)

## အချိန် နှင့် နေ့ရက်ကိုသိချင်ရင် ?
     3-4-2017
                         
## ဘယ်အရွယ်တက်လိုရလဲ ?
      (အထက်တန်း - တက္ကသိုလ်နှင့်ဘွဲ့ရများ စိတ်ပါဝင် စားသူများ တက်ရောက်နိုင်သည်။


@@ ရည်ရွယ်ချက်
       အင်္ဂလိပ်စာသင်ရတဲ့ ရည်ရွယ်ချက်သည် အရေး အဖတ်
       အပြော အကြားတို့ကို သင်ကြားရခြင်းဖြစ်ပါသည်။ထို့အ
       အတွက် ဤကျောင်းတွင် ၄င်း 4 skills လုံးကိုသင်ကြား
       ပေးမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာဘာသာစကားကို သင်
       ယူတဲ့အခါ ကလေးများပျော်ရွှင်နှစ်သက်လာစေရမည်။

%% လူကြီးများအတွက် အတန်းသစ်ကို မတ်လ(4)ရက်နေ့နှင့်
       (6)ရက်နေ့ အတန်းသစ်များဖွင့်လှစ်မည်။
##   သင်တန်းချိန်
         (SAT to SUN )
         (8:00) မှ (9:30) Am
         (4:30) မှ (6:00) Pm
       
          (MON to THUR)
          (6:30 to 8:00 Pm)
          (8:00 to 9:30 am)


အင်္ဂလိပ်စာတကယ် ကျွမ်းကျင်တတ်မြောက်လိုပါသလား
ဆရာ ဦးကျော်ဆန်းကျောင်းသို့လာခဲ့ပါ။

မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု
လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး

များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်

လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်

ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),Dip.In English(YUFL)မှENGLISH


တက်ရောက်သင်ကြားနိုင်သော Levels များ

Basic (4 Skills )
Intermediate,
Advanced

Level Basic Level (၃) လ Intermediate Level (၃) လ တစ်

##သင်တန်းကြေးကို သိချင်ပါသလား?

တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ထောင်ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။

##ကျောင်းချိန်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်နေလား?

ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင်ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။

##သင်တန်းအချိန်များ သိချင်ရင်တော့!

% (Monday to Thursday)%

Reading - 7:00 to 8:00 am

Basic Leveel - 8:00to 9:30 am

                  - 5:00 to 6:30 pm

                   - 6;30 to 8:00 Pm

Intermediate Level-3;30 to5;00 Pm

(Saturday to Sunday)
Basic Leveel -8:00 to 9:30 Am
                  -4:30 to 6:00 Pm

General English-2;30 to 3;30 pm

 Intermediate Leveel-6;00 to7;30 pm

Advanced level-3:30 to 4:30 pm
 ဖြစ်ပြီးသင်တန်းတည်နေရာမှာ..................

အမှတ်(၃၄)၊ခရမ်းကုန်းထိပ်၊ရွှေတစ်ချောင်းလမ်း၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး

ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165






Read More...

Facebook Like Page