Thursday, July 21, 2016

မုန့်ဟင်းခါးစက်မှအနံ့စိုးများကြောင့်ကျန်းမာရေးထိခိုက်နိုင်ဟု ရပ်ကွက်နေပြည်သူများကဆို ပြည့်သဲမောင်(ပြည်)094236 71883

Leave a Comment



မုန့်ဟင်းခါးစက်မှအနံ့စိုးများကြောင့်ကျန်းမာရေးထိခိုက်နိုင်ဟု ရပ်ကွက်နေပြည်သူများကဆို
ပြည် ဇူလိုင်(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ရွာဘဲနယ်မြေ ၊ဂန္ဓမာကွက်သစ်တွင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိ
သော မုန့်ဟင်းခါးစက်မှစွန့်ပြစ်သော အညစ်အကြေးနှင့်မုန့်ဖတ်ချဉ်ရည် အနံ့စိုးများကြောင့်
ရပ်ကွက်နေပြည်သူများ ကျန်းမာရေးအတွက်စိုးရိမ်ရကြောင်း ရပ်ကွက်နေပြည်သူများထံမှ
သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးကိုအရင်တိုင်ပါတယ်။အုပ်ချုပ်ရေးက (၃)ကြိမ်ခေါ်ရှင်း
ပေးရတယ်။ဒါလဲဂရုမစိုက်ဘူး။မိုးရွာရင်ရေစီးပြီး အနံ့သိပ်မထွက်ပေမဲ့ နေပူပြီးမြောင်းထဲရေ
ဝပ်နေရင် အနံ့ကဘယ်လိုမှမခံနိုင်ဘူး”ဟု အိမ်ချင်းကပ်တွင် နေထိုင်သော ကိုစိုးထွဋ်ဆိုသူ
ကပြောသည်။

အဆိုပါ မုန့်ဟင်းခါးစက်သည်(၂၀၀၀)ခုနှစ်မှစတင်လုပ်ငန်းလုပ်ကိုင်ပြီး ၄င်းမုန့်ဟင်းခါးဖတ်
ဖိုမှ စွန့်ပြစ်သော အညစ်အကြေးနှင့်မုန့်ဖတ်ချဉ်ရည်များကို ရပ်ကွက်နေပြည်သူတစ်ဦး၏အိမ်
အနောက်ဘက်လမ်းဘေးမြောင်းထဲသို့ စွန့်ပြစ်ခဲ့ကြောင်း ၊(၂၀၀၁)ခုနှစ်တွင် ၄င်းစွန့်ပြစ်သော
အညစ်အကြေးအရည်များ၏ အနံ့ဆိုးများအား ရပ်ကွက်တွင်းရှိလူအများမှ နေ့စဉ်ရှုရှိုက်နေရ
သောကြောင့် သက်ဆိုင်ရာသို့တိုင်ကြားသော်လည်းမရဘဲ အညစ်အကြေး စီးဆင်းရာ ရေမြေ
ာင်းထဲတွင် ရွံ့၊နွံ၊ဗွက်အိုင်ကဲ့သို့ဖြစ်ပေါ်နေပြီး ခြင်ကောင်၊ယင်ကောင်နှင့်လောက်ကောင်များတိုး
ပွားလာကြောင်း ၄င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ထပ်မံ၍ သက်ဆိုင်ရာသို့ (၂၀၁၄) ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် စည်ပင်သာယာဝန်
ကြီးသို့ တိုင်ကြားခဲ့သော်လည်း မိမိလုပ်ငန်းနှင့်ထုတ်လုပ်သည့်ကုန်ကြမ်းက မညီမျှသဖြင့် အဆိုပါ
အနံ့ဆိုးများထွက်မြဲထွက်လျှက်ရှိကြောင်းစည်ပင်တာဝန်ရှိသူမှပြောသည်။

“ကျွန်တော်တို့ သွားရောက်စစ်တယ်။ဒီမုန့်ဖတ်အချဉ်ရည်တွေကို ကန်တစ်ခုထဲကိုယာယီထည့်ခိုင်း
တယ်။ပြီးမှထည့်ထားတဲ့အရည်တွေကိုတစ်ညသိပ် အနံ့ပျောက်ဆေးထည့်ပြီးမှစွန့်ပြစ်ရမယ်လို့သေ
ဘာတူချက်နဲ့လုပ်ခိုင်းတယ် ။ကုန်ကြမ်းထုတ်တဲ့ပမာဏကများတော့ ထုတ်လိုက်တဲ့အရည်ကိုညမ
သိပ်နိုင်ဘူးဖြစ်နေတယ်။လက်ရှိ ရှိတဲ့ကန်က ၁၀ ပေ ၁၂ ပေကန်ပဲရှိတယ် ၊အမှန်တော့ သူ့လုပ်ငန်း
နဲ့ဆိုရင် ဒီအညစ်အကြေးစွန့်ပြစ်ကန်က ပေ ၂၀ ၃၀ လောက်ရှိသင့်တာ ဘာလို့လဲဆိုရင်သူ့လုပ်ငန်း
ကရပ်မှမရပ်တာ”ဟု စည်ပင်သာယာမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမျိုးဇင်ဝင်းကပြောသည်။
အဆိုပါ မုန့်ဟင်းခါးစက်မှ ထွက်သောစွန့်ပြစ် အနံ့များကြောင့် ရပ်ကွက်တွင်းရှိ ကလေးသူငယ်များ၊
သက်ကြီးရွယ်အိုများအတွက် များစွာရှိခိုက်မှုရှိကြောင်း ယခုအခါမိုတွင်းကာလဖြစ်နေသဖြင့်အချဉ်
ရည်များကမြောင်းအတိုင်းစီးဆင်းသော်လည်း မိုးမရွာလျှင်အလွန်ဘဲအနံ့ဆိုးကြောင်းဆိုသည်။

“ကလေးတွေအတွက် အရမ်းအန္တရာယ်ရှိတယ် ။စက်မှုဇုန်ဆိုပေမဲ့လဲ ကိုယ်လုပ်တဲ့ လုပ်ရပ်ကပတ်
ဝန်းကျင်ကို မထိခိုက်သင့်ဘူး။ဒီလုပ်ငန်းပြောင်းရမယ်လို့ မဆိုပါဘူး ဒါပေမဲ့ အခုလိုအနံ့ဆိုးတွေ
ထွက်နေတော့ ဘယ်လိုမှမနေနိုင်တော့ဘူး။အနံ့ဆိုးတွေ ဘယ်လိုပျောက်အောင်လုပ်ရင်ရမလဲ
လို့ဆိုပြီး ပိုင်ရှင်အနေနဲ့စဉ်းစားသင့်တယ် လုပ်သင့်တယ် ဒီလိုမှမဟုတ်ရင်တော့ကျနော်တို့ရပ် 
ကွက်သားတွေစုပြီး ထပ်တိုင်ရမှာဘဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်
သူကပြောသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








Read More...

Wednesday, July 20, 2016

အင်းမ ပြည်-ရန်ကုန်လမ်းမဘေးတွင် ဇူလိုင်(၂၁)ရက်နေ့ မအူကန်ဘုန်းကြီး ကျောင်းမီးလောင်ခဲ့ကြောင်းကနဦးသ တင်းရရှိပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်အပြည့်အစုံနောက် ဆက်တွဲဖော်ပြပေးပါမည်။ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

အင်းမ ပြည်-ရန်ကုန်လမ်းမဘေးတွင်
ဇူလိုင်(၂၁)ရက်နေ့ မအူကန်ဘုန်းကြီး
ကျောင်းမီးလောင်ခဲ့ကြောင်းကနဦးသ
တင်းရရှိပြီး မီးလောင်မှုဖြစ်ပွားရသည့်
အကြောင်းအရင်အပြည့်အစုံနောက်
ဆက်တွဲဖော်ပြပေးပါမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

မြေကွက်နှင့်အိမ်ရောင်းရန်ရှိသည်။

Leave a Comment

ပြည်မြို့ ဦးဝင်းမြစက်ကွင်းလမ်း
လမ်းမဘေး အဝေးသင်ပေါက်နှင့်
ဗိုလ်ချုပ်လမ်းမကြီးအနီး ပတ်ဝန်း
ကျင်သန့်ရှင်းသော ရပ်ကွက်တွင်
မျက်နှာ ၄၀×၆၀ ရှိမြေကွက်နှင့်
အိမ်ရောင်းရန်ရှိပါသည်။

ဆက်သွယ်ရန် 0943007003




Read More...

Tuesday, July 19, 2016

အာဇာနည်နေ့အ ခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့များကိုယ်စား ပြည်သတင်း နှင့်သတင်းထောက်များက အသိအမှတ်ပြုမှတ်တမ်းတင်အပ် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

တာဝန်ကိုယ်စီ အသိစိတ်ဓါတ်ကိုယ်စီနဲ့အောင်အောင်
မြင်မြင် ပြီးဆုံးခဲ့တဲ့ကျွန်တော်တို့ပြည်မြို့က ကျင်းပပြု
လုပ်တဲ့(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား
တွင် ပါဝင်အားဖြည့်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပြည်
ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
တပ်ဖွဲ့ဝင်များ၊ပြည်မြို့မစခန်းမှူးနှင့်စခန်းမှူးများ ရဲတပ်ဖွဲ့
ဝင်များ ၊ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ပြည်ခရိုင်
မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ် တပ်ရင်း
မှူးနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်
များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ အားအာဇာနည်နေ့အ
ခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့များကိုယ်စား ပြည်သတင်း
နှင့်သတင်းထောက်များက အသိအမှတ်ပြုမှတ်တမ်းတင်အပ်
ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

မြန်မာနိုင်ငံရဲ့ အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်မြို့သူ ပြည်မြို့ သားများနှင့်ဌာနဆိုင်ရာ အရာရှိအရာခံများ၊လူမှုရေးအသင်းအဖွဲ့ များစေတနာ့ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အားလုံးက ရိုသေလေးစားစွာဝမ်းနဲကြေကွဲအစဉ်အမြဲ အလေးပြုလျှက်ရှိနေသ ည့် မြင်ကွင်းလေးအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

မြန်မာနိုင်ငံရဲ့ အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်း
နှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်မြို့သူ ပြည်မြို့
သားများနှင့်ဌာနဆိုင်ရာ အရာရှိအရာခံများ၊လူမှုရေးအသင်းအဖွဲ့
များစေတနာ့ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အားလုံးက 
ရိုသေလေးစားစွာဝမ်းနဲကြေကွဲအစဉ်အမြဲ အလေးပြုလျှက်ရှိနေသ
ည့် မြင်ကွင်းလေးအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Facebook Like Page