Thursday, November 20, 2014

ခိုးရာပါကားအား ဝယ်ယူမထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန် ရရှိသောသတင်းအား သတင်းပေးအကြောင်းကြားခြင်း

Leave a Comment


 




























ခိုးရာပါကားအား ဝယ်ယူမထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန်
ရရှိသောသတင်းအား သတင်းပေးအကြောင်းကြားခြင်း

ပြည်မြို့ဗိုလ်ချုပ်လမ်းမပေါ်တွင်ရပ်ထားသောပုံတွင်ဖော်ပြပါရှိသည့်ကား
သည်၁၈.၁၁.၂၀၁၄ ရက်နေ့ နံနက် ၃း၃၀ အချိန့်ပျောက်ဆုံးသွားကြောင်း
အမာခံသတင်းပေးတစ်ဦးထံမှသိရှိရပါသည်။ထို့ကြောင့်၎င်းကားအား မိမိ
ထံလာရောက်ရောင်းချသည်ဖြစ်စေ၊လာရောက်ပေါင်နှံသည်ဖြစ်စေဝယ်ယူ
မထားမိစေရန်နှင့်အပေါင်လက်ခံမထားမိစေရန် မိမိသိသောအကြောင်းအရာ
အား အကြောင်းကြားပေးခြင်းဖြစ်ပြီး ထိုဓါတ်ပုံတွင်ပါရှိသောကားအားတွေ့ရှိ
ပါက သတင်းပေးသူ၏ဖုန်းနံပါတ်အားဆက်သွယ်စုံစမ်းနိုင်ပါကြောင်းအသိပေး
အပ်ပါသည်။
မှတ်ချက်။ ။၎င်းအကြာင်းအရာသည်မှန်ကံကြောင်းသတင်းပေးသူမှအာမခံ
ထားရှိပါသည်။

သတင်းပေးသူ ဖုန်း၀၉ ၉၇၅၇၆၈၀၁၅
Read More...

Wednesday, November 19, 2014

လွှတ်တော်အမတ်တွေ လစာ သိန်းဆယ်ဂဏန်းထိတိုးပြီ

Leave a Comment


မဇ္ဈိမ

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံ အမတ်များအပြင် တပ်မတော်သား ကိုယ်စားများ၏ လစာနှင့် ချီးမြှင့်စရိတ်ကို အနည်းဆုံး ၁၀သိန်းမှ အများဆုံး ၁၆သိန်းအထိ တိုးမြှင့်လိုက်ကြောင်း နိုဝင်ဘာ ၁၈ရက်က လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိုက်သည်။ ၎င်းတို့၏ မူလ လစာနှင့် ချီးမြှင့်စရိတ်မှာ ကျပ် ၃သိန်း ဖြစ်သည်။

ထို့ပြင် ယင်က ကျပ် ၂သိန်းသာ ရရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမတ်များ၏ လစာနှင့် ချီးမြှင့်စရိတ်ကို အနည်းဆုံး ၅သိန်းမှ အများဆုံး ၁၀သိန်းအထိ တိုးမြှင့်လိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဦးစီးအဖွဲ့များ၏ လစာနှင့် ချီးမြှင့်စရိတ်ကိုလည်း အနည်းဆုံး ကျပ် ၂သိန်းမှ အများဆုံး ကျပ် ၅သိန်းသို့ တိုးမြှင့်လိုက်ကြောင်း အတည်ပြုလိုက်သည်။


www.mizzimaburmese.com
Read More...

ဆန္ဒပြခံရသည့် အခြေခံပညာကျောင်းများ ဆောက်လုပ်မှု ပဲခူးတိုင်းလွှတ်တော် စုံစမ်းနေ

Leave a Comment

 ရေခဲ (ပြည်)

ယြင်းအရေးဖြေရှင်းပေးရန်  နိုဝင်ဘာ ၅ ရက်က ကျောင်းဆောက်လုပ်ရေး ကော်မတီအဖွဲ့ဝင်များ အပါအဝင် မြို့ခံလူထု(၁၀၀)ခန့်က ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

“တိုင်စာသုံးစောင်အတွက် လာစစ်တာခင်ဗျ။ မနေ့ကလဲစစ်တယ်။ ဒီနေ့လဲစစ်တယ်” ဟု ကိုနိုင်လင်းထွန်းကပြောသည်။

ကျောက်တံခါး၊ အုတ်ဖို၊ သနပ်ပင်၊ ဝေါ၊ မင်းလှ မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ၅ ဦး လာရောက်၍ နိုဝင်ဘာ ၁၈၊ ၁၉ ရက်များတွင် ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ နှစ်ဖက်သက်ဆိုင်သူ တို့ ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါ စာသင်ကျောင်းတို့ကို ဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံဘဏ္ဍာရန်ပုံငွေမှ ငွေကျပ်သိန်း (၂၇၀၀) ချပေး ထားသော်လည်း အချိန်မီ မပြီးခြင်း၊ အရည်အသွေးလျော့ပေါ့ထားခြင်း တို့ ဖြစ်ပေါ်နေသည်ဟု ကျောင်းဆောက် လုပ်ရေး ကော်မတီဝင် အချို့နှင့် ဒေသခံတို့ကပြောသည်။

ရွှေတောင်မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဌေးကမူ “အဲဒီကျောင်းတွေကို ကျွန်မတို့ အပ်ပြီးသွားပါပြီ။ အဆင့်အတန်း မီပါတယ်၊ ငွေကြေး ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ဆီ တိုင်ထားတာတော့မရှိဘူး” ဟု မဇ္ဈိမကို ပြောထားသည်။

တိုင်းလွှတ်တော်သို့ မိဘများပါဝင်သည့် ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်တို့က သတ်မှတ်ချိန်မပြီးခြင်း၊ အရည်အသွေးမမီခြင်းကို တိုင်ကြားခဲ့ပြီး၊ လက်သမားပန်းရံအဖွဲ့က လုပ်ခငွေများမရဟုဆိုကာ တိုင်ကြားထားသည်။ ထို့ပြင် ဆောက်လုပ်ရေး မန်နေဂျာကလည်း ရရှိသည့် ရန်ပုံငွေများကို တိုင်းလွှတ်တော်အမတ်တစ်ဦးထံ ခွဲဝေပေးရသည်ဟု တိုင်ကြားထားသည်။ပည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း စာသင်ကျောင်း (၁၄) ကျောင်းကို အဆင့်အတန်းမီ၊ အချိန်မီ တည်ဆောက်ပေးခြင်း မရှိသည့်အပြင် ငွေကြေးအရှုပ်အရှင်းများလည်း ရှိနေသည်ဟုဆိုကာ ဆန္ဒပြခံရပြီးနောက် နှစ်ပတ်အကြာတွင် ပဲခူးတိုင်းလွှတ်တော်မှ ကိုယ်စားလှယ် စေလွှတ်စစ်ဆေးနေပြီဟု ကျောင်းဆောက်လုပ်ရေး လက်ထောက်တာဝန်ခံ ကိုနိုင်လင်းထွန်းက ပြောသည်။

Mizzima - News in Burmese
ရွှေတောင်မြို့နယ်အတွင်း စာသင်ကျောင်းများ အဆင်မီပြန်ဆောက်ပေးရေ နိုဝင်ဘာ ၅ ရက်က ဆန္ဒပြစဉ်။ (ဓာတ်ပုံ- ရေခဲ (ပြည်)၊ မဇ္ဈိမ)

Read More...

ပြည်မြို့တွင် စာပေဟောပြောပွဲ ကျင်းပမည်

Leave a Comment

Read More...

အရည်အချင်းကို ဦးစားပေး၍ အောင်ချက်ကျဆင်းရခြင်းဟု ပြည် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဆို

Leave a Comment
သီဟလွင်-ပြည် (မြစ်မခ)

“မနှစ်ကထက်စာရင် နည်းနည်းလျော့သွားတာပေါ့။ ကျောင်းသားတွေကို အရေအတွက်ကနေ အရည်အသွေးကို သွားမယ်ဆိုပြီး ဒီနှစ်မှာ လုပ်လိုက်တယ်။ စတုတ္တနှစ်နှင့် အင်ဂျင်နီယာဘွဲ့(B.E) အတွက်ဆိုရင် ကျရှုံးလို့ပြန်လည် ကုစားတဲ့စနစ် လုံးဝမရှိတော့ဘူး”

ပြည်နည်းပညာတက္ကသိုလ်တွင် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်းထက် အရည်အချင်းကို ပိုမိုဦးစားပေးလိုက်သည့်အတွက် အောင်ချက်ကျဆင်းသွားရခြင်းဖြစ်ကြောင်း ပြည်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုမင်းဟန်က ပြောကြားလိုက်သည်။

ဓာတ်ပုံ - သီဟလွင် (မြစ်မခ)
Shwe Myitmakha Media Group
Read More...

Facebook Like Page