Sunday, September 28, 2014

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်

Leave a Comment

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်


��ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမည့်အလုပ် ဖြစ်တယ်၊၊��

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ လူသားရဲ့ အင်မတန် ထူးခြားတဲ့ အရည်အသွေးတမျိုး ဖြစ်တယ်၊၊ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး၊၊ တကယ် အမှန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်၊၊

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိကအကြောင်း ဖြစ်တယ်၊၊ ဒီတခုကိုမှ မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး၊၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်၊၊

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကို ကိုယ် ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ အခု လုပ်နေတာ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲ ဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်၊၊

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့အရည်အချင်း ဖြစ်တယ်၊၊

ကိုယ့်စိတ်ကိုကိုယ် ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကိုကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ၊၊
➖ ➖➖➖➖➖➖➖
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊
(စိုးပိုင်)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်

Leave a Comment

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်


ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ အတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။

အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။
ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်းအားဖြင့် ရေယုန်နာကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
ကျော်လင်းနိုင်

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

မုန့် ကြာစေ့ - မုန့် ပိန္န္နဲစေ့

Leave a Comment
မုန့် ကြာစေ့ - မုန့် ပိန္န္နဲစေ့

နေ့ လည်ခင်းတွေမှာ အဆာပြေစားဖို့  အသည်လေးတွေ မုန့် အစုံ ဗန်းနဲ့ လာရောင်းတဲ့အခါ အမြဲစားဖြစ်တဲ့ မုန့် လေးပါ။ သာကူနဲ့ ရောပြီး စားကြပါတယ်။ ကဲကဲကတော့ သူ့ ချည်းသပ်သပ် စားရတာကို ပိုကြိုက်ပါတယ်။

မုန့် ပိန္န္နဲစေ့ လုပ်နည်းလေးကို share ပါမယ်ရှင်။

Ingredients:
ကောက်ညင်းမှုန့် ဆန်ချိန်ခွက် ၁ခွက်
ဆန်မှုန့် ဆန်ချိန်ခွက် ၁၀က်
ရေ ဆန်ချိန်ခွက် ၁၀က်
ဆား အနည်းငယ်
ထန်းညက်ခဲ ၂၀ခဲ
အုန်းသီး ၁လုံး

Preparation Method:

၁) ကောက်ညှင်းမှုန့် ၊ဆန်မှုန့် ၊ဆားတို့ ကို ရေသုံးပုံ နှစ်ပုံ လောက်ထည့်ပြီး မုန့်အစေးပေါက်တဲ့ အထိ နှယ်ပါ။ အရေးကြီးတာကတော့ ရေကို ဖြေးဖြေးချင်း လောင်းထည့်ပါ၊ နယ်ရင်းနဲ့  လုံးလို့ ရပြီဆို ရေထည့်တာကို ရပ်ပါ။
၂) မုန့် သားနပ်သွားအောင် ၂နာရီလောက် ရေစိုပိတ်စ နဲ့ အုပ်ထားပေးပါ။
၃) ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။ အိုးက အ၀ကျယ်ဆို ပိုကောင်းပါတယ်။ ပြီးလျှင် မုန့် သားနည်းနည်းချင်းစီယူပြီး အလုံးတွေ လုံးပြီး အိုးဘေးတစောင်းကနေ ထည့်ပါ။ (အပူငွေ့  သတိထားပါ။)
မုန့် ကြာစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပါ။ မုန့် ပိန္န္နဲစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပြီး လက်နှင့် အသာလေးလှိမ့်လိုက်လျှင် ပိန္န္နဲစေ့ပုံစံ ရပါပြီ။
၎) မုန့် တွေ ကျက်ပြီဆိုလျှင် ရေပေါ်သို့ တက်လာပါတယ်။ ဆယ်ယူပြီး ရေအေးထဲ စိမ်ထားပါ။
၅) အုန်းသီးတခြမ်းကို ခြစ်ပြီး အုန်းနို့ ရည်ရအောင် ကျိုထားပါ။ ကျန်တခြမ်းကို အပေါ်မှဖြူးစားရန် ခြစ်ထားပါ။
၆) ထန်းညက်ရည်အတွက် ထန်းညက်ခဲတွေကို ရေအရင် စိမ်ထားပါ..ပြီးလျှင် ရေစစ်ဖြင့် စစ်ပြီး ဆား အနည်းငယ် ထည့်ကာ မပြစ်မကျဲ ကျိုထားပါ။
၇) ထန်းညက်ရည်အနေတော်ရပြီဆိုလျှင် ဆယ်ထားသော မုန့် လေးတွေထည့်ပါ။ (အုန်းနို့ ရည်ကို တခါတည်းထည့်လည်းရပါတယ်။ )

ပြင်ဆင်ပုံ
စားမယ့်ပန်းကန်လေးထဲ လိုသလောက်ထည့်ပြီး အုန်းနို့ ရည်ဆမ်းပါ။ အုန်းသီးခြစ်ကြိုက်လျှင် အပေါ်မှဖြူးပါ။

အချိုကြိုက်တဲ့သူတွေအတွက် ပူပူမွှေးမွှေး အဆာပြေစားစရာ မုန့် ပိန္န္နဲစေ့ ရပါပြီ။

*** ကောက်ညင်းမှုန့်၊ဆန်မှုန့် အမျိုးအစားပေါ် မူတည်ပြီး ရေကို ချိန်ဆထည့်ပါ။

p.s မြန်မာမုန့် တွေက ကောက်ညှင်းနဲ့ ဆန်ကို တညသိပ်ရေစိမ်၊ မုန့် ကြိတ်ဆုံမှာသွားကြိတ် ၊ ပြီးမှ အပေါ်ကအလေးတင်ပြီး ရေစစ်ထား မုန့် သားနပ်သွားမှ ကိုယ်လုပ်ချင်တဲ့ မုန့် ကို လုပ်စားရတာပါ။ မုန့် အမျိုးအစားပေါ် မူတည်ပြီး သုံးတဲ့ ဆန်၊ အချိုးအစားလည်း ကွာပါတယ်။

Shared from KaeKae's Food Palace (FB)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

အဟောင်းတွေကြားမှာဆက်မနေချင်ဘူး သရ၀ဏ်(ပြည် )

Leave a Comment

အဟောင်းတွေကြားမှာဆက်မနေချင်ဘူး
သရ၀ဏ်(ပြည် )
မြန်မာ.နိုင်ငံရေးအခင်းအကျင်းသည်တဖြည်းဖြည်းနှင်.ဇာတ်ရှိန်မြင်.လာပါသည် ။ ၂၀၁၅ ကလည်းတဖြည်းဖြည်းနီးလာပါပြီ ။ မြန်မာနိုင်ငံကိုခေါင်းဆောင်မည်. ခေါင်းဆောင်သစ် (သို.မဟုတ် )သမ္မတသစ်သည်မဝေးလှသော ၂၀၁၅ နှစ်ကုန်ခန်.တွင်ပေါ်ပေါက်လာပါတော.မည် ။လက်ရှိအုပ်ချုပ်နေသော သမ္မကြီးဦးသိန်းစိန်သည် မူလက သူ၏သမ္မတသက်တမ်းကုန်လျှင်နောက်ထပ်သက်တမ်း တစ်ခါထပ်ပြီးတာဝန်မထမ်းဆောင်လိုတော.ပါဟုပြောခဲ.ဖူးသည် ။ ထို.နောက်ပြည်ပခရီးစဉ်တစ်ခုတွင်ပြည်သူလူထုကလိုလားလျင် နောက်ထပ်သက်တမ်းတစ်ကြိမ်ထပ်မံတာဝန်ထမ်းဆောင်ပါဦးမည်ဟုဆိုလာပြည်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအပြီးကတည်းက သမ္မတဖြစ်မည်ဟုလူများစုခန်.မှန်းခဲ.ကြပြီးမှ ပြည်သူ.လွှတ်တော်ဥက္ကရာထူးနှင်.ကြေနပ်ခဲ.ရသော (ယခုပြည်ထောင်စုလွှတ်တော်နာယကကြီး ) သူရဦးရွှေမန်းကရော သူသမ္မတဖြစ်ချင်သည်ဟုတရားဝင်ထုတ်ဖော်ကြေငြာထားဖူးသည် ။ မြန်မာကရော ကမ္ဘာကပါ လေးစားလက်ခံသောဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလဲသူသမ္မတလုပ်လိုပါသည်ဟုတရားဝင်ကြေငြာထားလေသည် ။သူတို.သုံးယောက်အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင်.ဆွေ (ဗိုလ်ချုပ်မြင်.ဆွေ )ကိုလည်း ယခင်က သီဟသူရဦးတင်အောင်မြင်.ဦးနေရာတွင်လစ်လပ်သွားသောဒုသမ္မတရာထူးတွင်ရာထားခဲ.ကြသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေကိုလိုရာဆွဲပြင်လိုက်လျင် သားမက်နှင်.ချွေးမများနိုင်ငံခြားသားဖြစ်သော်လည်းသမ္မတဖြစ်ခွင်.ရသွားပြီး ဦးမြင်.ဆွေသမ္မတဖြစ်ရန် လမ်းပေါက်သွားနိုင်သည်ဟုနိုင်ငံရေးအကဲခတ်များကခန်..မှန်းကြပါသည် ။ထို.အပြင် ယခုလက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သမ္မတဖြစ်လာနိုင်စရာအကွက်များလဲရှိပေသည် ။
တကယ်တော.မြန်မာနိုင်ငံတွင်လက်ရှိနိုင်ငံ၏လိုအပ်ချက်အရ မဖြစ်မနေပြင်ဆင်သင်.သည်မှာ သမ္မတရွေးချယ်ပုံစနစ်ဖြစ်သည် ။ ယခုလက်ရှိကျင်းပနေသော အစုအဖွဲ.သုံးဖွဲ.မှတဆင်.ခံရွေးကောက်သောစနစ်မှအမေရိကန်ပြည်ထောင်စုမှာကဲ.သို. ပြည်သူလူထုကသမ္မတကိုတိုက်ရိုက်မဲပေးရွေးချယ်သော တိုက်ရိုက်သမ္မတရွေးပွဲစနစ်သို.ပြောင်းလဲသင်.ပါသည် ။သို.မှသာမည်သူမဆိုသမ္မတလောင်းအဖြစ်စာရင်းတင်သွင်းပြီး ပြည်သူ.အဆုံးအဖြတ်ကိုခံယူကာ ကြိုက်လျင်ကြိုက်သလိုတက်လာမည် ၊မကြိုက်လျင်မကြိုက်သလို ပြုတ်ကျန်ခဲ.မည်ဖြစ်သည် ။ပြည်သူကြိုက်လျင်ဆက်လုပ်မည်ဟုပြောသူသည် ထိုစနစ်ဖြင်.သာပြည်သူကြိုက်မကြိုက် ပြတ်ပြတ်သားသားသိရပေမည် ။ယခုသမ္မတရွေးပွဲစနစ်သည်ဝေ.လည်ကြောင်ပါတ်နိုင်လွန်းသည်ဟုယူဆမိပါသည် ။ သမ္မတဆိုသည်မှာ ဒုသမ္မတများကိုသူ.စိတ်ကြိုက်ရွေးချယ်ဖွဲ.စည်းကြစမြဲဖြစ်သည် ။မြန်မာနိုင်ငံမှာတော. သမ၀ါယမဆိုင်တွင် ဆီတစ်ပိသာဝယ်လျင် ဆင်ချေးတုံးဆပ်ပြာတစ်တောင်.ရောယူရသောစနစ်လို သမ္မတလုပ်မည်.သူသည် လွှတ်တော်ကရွေးပေးသော ရွေးကျသမ္မတလောင်းနှစ်ယောက်ကိုကြိုက်ကြိုက်မကြိုက် ဒုသမ္မတအဖြစ်လက်ခံရလေသည် ။ နိုင်ငံအတွက်အရေးအပါဆုံးရာထူးပိုင်ရှင်သမ္မတသည် သူ.လက်အောင်တွင် သူနှင်.ငါးနှစ်အတူအလုပ်တွဲလုပ်မည်. ဒုသမ္မတနှစ်ဦးကိုကိုယ်.စိတ်ကြိုက်ရွေးချယ်ခန်.အပ်ပိုင်ခွင်.မရှိခြင်းမှာ အတော်ကို ဒီမိုကရေစီစံနှင်.လွဲချော်နေပါသည် ။ ထိုအချက်ကိုအဓိကပြုပြင်ပြောင်းလဲရမည်.အစား အာဏာရပါတီသည် မယောင်ရာဆီလူးကာ အချိုးကျကိုယ်စားပြုစနစ်ဟူသော P.R စနစ်ကိုဇွတ်ကြီးပြောင်းလဲရန်ကြိုးစားနေပါသည် ။ ခုတ်ရာတခြား ရှရာတခြားဖြစ်နေပါသည် ။ တကယ်ဖြစ်သင်.သည်က အရည်အချင်း အရှိဆုံးလူတစ်ယောက်ကို တိုင်းပြည်က သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခွင်.ရဖို.ဖြစ်သည် ။ လက်ရှိအခြေအနေတွင်ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ကန်.သတ်ချုပ်ချယ်ထားသည် ပုဒ်မ ၅၉ (စ)ကို ပြည်ခိုင်ဖြိုးပါတီလွှမ်းမိုးထားသောလွှတ်တော်ကပြင်ဆင်လိုသော ဆန္ဒမရှိပေ ။ ထို.ကြောင်.ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးမှာ ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေပါသည် ။ အရည်အချင်းရှိသောသမ္မတကိုရွေးချယ်မိဖို.အရေးကြီးပါသည် ။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ.သော ၁၉၄၈ ခုနှစ်မှ ယနေ.အချိန်အထိ သမ္မအဖြစ်တာဝန်ထမ်းဆောင်ခဲ.သူ (သမ္မတဦးသိန်းစိန်အပါအ၀င် သမ္မတ ကိုးဦး ရှိခဲ.ပါသည် )
လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီးမှာ စ၀်ရွှေသိုက်ဖြစ်ပါသည် ။ သမ္မတကြီးစ၀်ရွှေသိုက်သည် ညောင်ရွှေစော်ဘွားဖြစ်ပြီး ၁၉၄၈ မှ ၁၉၅၂ အထိသမ္မတ တာဝန်ထမ်းဆောင်ခဲ.ပါသည် ။ သမ္မကြီးသည် ပထမကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်တပ်တွင်အမှုထမ်းခဲ.ဖူးသော်လည်း ညောင်ရွှေစော်ဘွားဖြစ်လာသော၁၉၂၉ မှစကာစစ်မှုထမ်းမဟုတ်တော.ပေ ။ သမ္မတအဖြစ်ရွေးချယ်ခံရချိန်တွင် အရပ်သားပညာတတ်တစ်ယောက်ဖြစ်သည် ။ မြန်မာ.ပထမဆုံးသမ္မတသည် ရှမ်းတိုင်းရင်းသား ပညာတတ်အရပ်သားတစ်ယောက်ဖြစ်ပါသည် ။ဦးနေ၀င်း၁၉၆၂ တွင်အာဏာသိမ်းသောအခါထိမ်းသိန်းခံရပြီးကွယ်လွန်သည် ။
မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတအဖြစ်ဆက်ခံသူမှာသမ္မတကြီး ဒေါက်တာဘဦးဖြစ်သည် ။၁၉၅၂ မှ ၁၉၅၇ အထိ တာဝန်ထမ်းဆောင်ခဲ.သည် ။ အင်္ဂလန်နိုင်ငံကိန်းဘရစ်တက္ကသိုလ်မှ မဟာဝိဇ္စာဘွဲ.နှင်.၀တ်လုံစာမေးပွဲအောင်မြင်ခဲ.သူဖြစ်သည် ။ သမ္မတအဖြစ်ခန်.အပ်ခံရချိန်တွင် တရားလွှတ်တော်ချုပ် တရားဝန်ကြီးဖြစ်သည် ။ နောက်ထပ်ပညာတတ်အရပ်သားသမ္မတတစ်ဦးဖြစ်သည် ။
တတိယမြောက်သမ္မတသည် သမ္မတကြီးဦးဝင်းမောင်(ခေါ်)မန်းဝင်းမောင်ဖြစ်သည် ။ကရင်တိုင်းရင်းသားဖြစ်သည် ။၁၉၅၇ မှ ၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းသည်.အချိန်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ.သည် ။ ၁၉၄၁ ဗိုလ်သင်တန်းတက်ခဲ.ပြီးဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်ပါဝင်ခဲ.သည် ။သမ္မတဖြစ်ချိန်တွင်စစ်တပ်နှင်.အဆက်အစပ်မရှိတော.ပဲ အရပ်သားသမ္မတအဖြစ်တက်လာခြင်းဖြစ်သည် ။
မြန်မာ.သမိုင်း၏စတုတ္ထမြောက်သမ္မတမှာ ဗိုလ်ချုပ်နေ၀င်းဟုနာမည်ကျော်သော သမ္မတကြီးဦးနေ၀င်းဖြစ်သည် ။ ဦးနေ၀င်းသည် ပြည်သူကရွေးချယ်တင်မြှောက်၍ခေါင်းဆောင်ဖြစ်လာသူမဟုတ်ပဲ အာဏာသိမ်းဗိုလ်ချုပ်အဖြစ်တိုင်းပြည်ခေါင်းဆောင်ဖြစ်လာသူဖြစ်သည် ။မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေအရ သမ္မတတင်မြှောက်ခြင်းကိုခံရသူဖြစ်သည် ။ ၁၉၇၄ မှ ၁၉၈၁ အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ.သည် ။ စစ်တပ်ကတိုင်းပြည်ကိုစတင်လွှမ်းမိုးစေသောသမ္မတဖြစ်သည် ။ သမ္မတဖြစ်သော်လည်းဦးနေ၀င်းသည် တပ်မတော်ကို သူ.အာဏာစက်ကွင်းအောက်တွင်ထိမ်းချုပ်ထားနိုင်ခဲ.သည် ။
ဦးနေ၀င်းကိုဆက်ခံသော ပဉ္စမမြောက်မြန်မာ.သမ္မတမှာ ဦးစန်းယုဖြစ်သည် ။ ၁၉၈၁ မှ ၁၉၈၈ အထိသမ္မတာဝန်ထမ်းဆောင်ခဲ.သည် ။ ဦးစန်းယုသည်လည်းတပ်မှလာသူဖြစ်သည် တပ်ရင်းမှူး၊တပ်မမှူး၊တိုင်းမှူး၊ကာကွယ်ရေးဦးစီးချုပ်တာဝန်များကိုထမ်းဆောင်ခဲ.သည် ။ စစ်တပ်မှလာသောနောက်ထပ်သမ္မတတစ်ယောက်ဖြစ်သည် ။
၁၉၈၈ အရေးအခင်းဖြစ်ပွားသောအခါ သမ္မတဦးစန်းယုနုတ်ထွက်သွားပြီး နိုင်ငံတော်ကောင်စီဝင် ဦးအေးကိုက ယာယီသမ္မတအဖြစ် ဇူလိုင် ၂၅ မှ ၂၇ အထိ (၃) ရက် တာဝန်ထမ်းဆောင်သဖြင်. သမိုင်းတွင်သက်တမ်းအတိုဆုံးသမ္မဖြစ်သည် ။ ခြောက်ယောက်မြောက်သမ္မတဖြစ်သောဦးအေးကိုမှာလည်းတပ်မှလာသူပင်ဖြစ်သည် ။သူသည် တပ်မတော်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဆင်းအထိတာဝန်ထမ်းဆောင်ခဲ.သည် ။
ဒီမိုကရေစီတောင်းဆိုပွဲလူထုတော်လှန်ရေးအရှိန်မြင်.တက်နေဆဲ ကာလ၀ယ် ကျားကွက်ထဲသို.ထိုးကျွေးခံရသောဦးနေ၀င်း၏နယ်ရုပ်တစ်ရုပ်သဖွယ်ဖြစ်သည် ။ဦးစိန်လွင်သည် ၁၉၈၈ ဇူလိုင် (၂၇)ရက်နေ.တွင် သမ္မတဖြစ်ကာ သြဂုတ်လ (၁၂)ရက်နေ.တွင်တာဝန်မှအနားယူနုတ်ထွက်ခဲ.ရသဖြင်. ဆယ်.ခြောက်ရက်ပဲအုပ်ချုပ်ခဲ.ရသော သမ္မတဖြစ်သည် ။ ဦးစိန်လွင်သည်လည်း တပ်မှလာသောသမ္မတဖြစ်သည် ။ ဗိုလ်မှူးချုပ်အဆင်.အထိတာဝန်ထမ်းဆောင်ခဲ.သူဖြစ်သည် ။ ပညာတတ်တစ်ယောက်မဟုတ်ပဲ ဒီမိုကရေစီဆန္ဒပြသမားများကိုအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ.သဖြင်. အရေးအခင်းကာလတွင် ပြည်သူလူထုက “ စိန်လွင်ခြောက်တန်း၊တဇောက်ကမ်း ၊စောက်ရမ်းအုပ်ချုပ်တိုင်းပြည်ပြုတ် “ ဟု ကြွေးကြော်ရှုတ်ချခြင်းကိုခံရသူဖြစ်သည် ။
ဦးစိန်လွင်ပြုတ်ကျသွားပြီးသောအခါ ပညာတတ်သမ္မတတစ်ဦးဖြစ်သောဒေါက်တာမောင်မောင်သည် ရှစ်ယောက်မြောက်မြန်မာ.သမ္မတအဖြစ် တက်လာပါသည် ။ဒေါက်တာမောင်မောင်သည် လူတော်တစ်ဦးဖြစ်သော်လည်း ဦးနေ၀င်း၏လူဖြစ်ခြင်း ၊ လူထုမုန်းတီးသော မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီမှဆင်းသက်လာသူဖြစ်ခြင်း၊ တပ်မတော်လူထွက်တစ်ယောက်ဖြစ်ခြင်း ကြောင်.လူကြိုက်နည်းခဲ.ပါသည် ။ သူသည် သမ္မတအဖြစ် ၁၈.၈.၁၉၈၈ မှ ၁၈.၉.၁၉၈၈ စစ်တပ်မှအာဏာသိမ်းသည်.နေ.အထိ တာဝန်ထမ်းဆောင်ခဲ.ပါသည် ။ တပ်မှလာသော်လည်း ကျောင်းသားသမဂ္ဂအဆောက်အဦကိုပြန်ဆောက်ပေးမည် ၊ ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ.ခွင်.ပေးမည်ဟုပြောခဲ.သောသမ္မတဖြစ်ပါသည် ။
ဒေါက်တာမောင်မောင်အလွန်တွင်မြန်မာနိုင်ငံ၌ သမ္မတမရှိတော.ပါ ။သို.သော် ထိုစဉ်ကအာဏာကိုရယူအုပ်ချုပ်ခဲ.သော ခေါင်းဆောင်များသည် သူတို.ကိုယ်သူတို. နိုင်ငံတော်အကြီးအကဲ ဟူ၍မကြာခနညွှန်းဆိုသဖြင်. ဗိုလ်ချုပ်မှူးကြီးစောမောင် နှင်. ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို.သည် (မကြေငြာသော်လည်း ) ၁၉၈၈ မှ ၂၀၁၀ အထိ သမ္မတသဖွယ်ဖြစ်ပါသည် ။ ထိုသူနှစ်ဦးသည်လည်း တပ်မှတိုက်ရိုက်အုပ်ချုပ်သောစနစ်ကိုရွေးချယ်ခဲ.ပါသည် ။ နှစ်ယောက်လုံးသည် ပညာတတ်များတော.မဟုတ်ပါ ။
၂၀၁၀ တွင်တော. သမ္မတဦးသိန်းစိန် အာဏာရလာပါသည် ။မြန်မာနိုင်ငံ၏ (၉) ဦးမြောက်တရားဝင်သမ္မတဖြစ်ပါသည် ။ ဦးသိန်းစိန်သည်လည်းစစ်တပ်မှထွက်လာသော ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါသည် ။
ဤသည်မှာအတိတ်ကသမ္မတရှစ်ဦးနှင်.လက်ရှိသမ္မတတို.၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည် ။ ၂၀၁၅ တွင် မြန်မာနိုင်ငံ၏ဆယ်ဦးမြောက်သမ္မတကိုရွေးချယ်ပါမည် ။ စ၀်ရွှေသိုက် ၊ဒေါ်က်တာဘဦး ၊မန်းဝင်းမောင်တို. နောက်ပိုင်းတွင်ပျောက်ကွယ်ခဲ.သော ပညာတတ်သမ္မတမျိုးဆက်ကိုပြည်သူလူထုကတောင်.တနေကြပါသည် ။တစ်ခါလာလည်း မဲပြာပုဆိုးဆိုသလို စစ်ဗိုလ်လူထွက်များ ၁၉၆၂ မှ ပုံစံအမျိုးမျိုးဖြင်.အုပ်ချုပ်နေသည်ကို အားလုံးကစိတ်ကုန်နေပါပြီ ။ အရပ်သားပညာတတ် သမ္မတများလက်ထက်ကမြန်မာနိုင်ငံသည် အာရှတွင် အဘက်ဘက်မှရှေ.ဆုံးတွင်ရှိခဲ.ပါသည် ။နိုင်ငံ.ဂုဏ်သည်ကမ္ဘာတွင်တင်.တယ်ခဲ.ပါသည် ။ယခုအခါတွင်မြန်မာသည် မကောင်းသည်.အရာများစာရင်းပြုစုလိုက်တိုင်းအနဲဆုံး 1 to 10 စွဲပါသည် ။ လူကိုလက်ခံပါသည် ဦးရွှေမန်းလည်းကောင်းပါသည် ။ဦးသိန်းစိန်လည်းကောင်းပါသည် ။ ဦးမြင်.ဆွေလည်းကောင်းပါသည် ။သို.သော် တပ်မတော်သားများအုပ်ချုပ်နေသည်မှာကြာမြင်.လှပါပြီ ။ပြည်သူလူထုသည်အပြောင်းအလဲကိုလိုချင်လှ မြင်ချင်လှပါပြီ ။ ၂၀၁၅ တွင် မောင်ဖြူပဲတက်တက် ၊ မနီပဲတက်တက် တက်ချင်သည်.သူတက်ပါ ။ သို.သော် စစ်တပ်နှင်.အာဏာရပါတီမှမဟုတ်သော အရပ်သားပညာတတ်သမ္မတစ်ယောက်အုပ်ချုပ်သည်ကိုမြင်တွေ.ချင်တာအပြောင်းအလဲလိုလားသူအားလုံး၏ဆန္ဒဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
ကိုးကား
သည်းခံမျိုးဟေ.ဒို.ဗမာနှင်.နိုင်ငံရေးဆောင်းပါးများ (မောင်ရေစက်)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Friday, September 26, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ ကြိုဆိုသောအားဖြင့် အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ပြည်မှလုပ် အား ဒါနပြုလုပ်ခဲ့ မှုခင်းသတင်းထောက် ပိုင်ထူး(ပြည်)

Leave a Comment


မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့
ကြိုဆိုသောအားဖြင့် အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ပြည်မှလုပ်
အား ဒါနပြုလုပ်ခဲ့
မှုခင်းသတင်းထောက် ပိုင်ထူး(ပြည်)



မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့
ကြိုဆိုသောအားဖြင့်အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ နေပြည်ေ
တ်ာလက်အောက်ရှိ အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ပြည်မှတပ်
ဖွဲ့စုမှူးဝင်းနိုင်ဦး ဦးစီးအရာရှိ အခြားအဆင့်တပ်ဖွဲ့ဝင်(၂၄)ဦးတို့
သည်စက်တင်ဘာ(၂၇)ရက်နေ့ နံနက် ၅နာရီ၃၀အချိန်မှ ၇နာရီ ၃၀
အချိန်အထိ ပြည်မြို့ ရွှေကူရပ်ကွက် ရွှေတစ်ချောင်းလမ်းနှင့်ပန်းဘဲ
တန်းလမ်း တစ်လျှောက်လမ်းဘေးဝဲ/ယာ အမှိုက်သရိုက်ချုံ နွယ်ပိတ်
ပေါင်းများရှင်းလင်းခြင်း ၊ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်
ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများအားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တကယ့်ဖြစ်ရပ် မှုခင်းသတင်းထောက် ပိုင်ထူး(ပြည်)
Read More...

Facebook Like Page