Thursday, April 24, 2014

သဲကုန်းမြို့နယ်အတွင်းက လယ်ယာမြေတွေ သိမ်းခဲ့တဲ့သူတွေကို မြေမြုပ်သဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်

Leave a Comment

ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းက လယ်ယာမြေတွေ သိမ်းခဲ့တဲ့သူတွေကို မြေမြုပ်သဂြိုဟ်ခြင်း အခမ်းအနားတခု လယ်သမားတွေက ဧပြီလ ၂၂ ရက်နေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။
ရိုက်ကူး - မင်းညို 

DVB TV - 23.04.2014

Read More...

ပြည်မြို့၊ လူသုံးဦးကို ကြိတ်မိသည့် မီးသတ်ယာဉ်ကို ဆက်အသုံးမပြုတော့

Leave a Comment
ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ သင်္ကြန်ကာလအတွင်းက ကလေးတစ်ဦးအပါအဝင် လူသုံးဦးကို ကြိတ်မိခဲ့သည့် မီးသတ်ယာဉ်ကို မီးသတ်ဦးစီးဌာနက ဆက်လက်အသုံးမပြုတော့ဘဲ အသစ်တစ်စီး
လဲလှယ်လိုက်သည်ဟု ပြည်မြို့ ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေမှူး ဦးဇော်လွင်က ပြောသည်။

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခေတ္တရာမြို့သစ်တွင် ၂၀၁၂ခုနှစ် သင်္ကြန်အတွင်းက ယာဉ်တိုက်မှုဖြစ်ကာ လူသေမှု ဖြစ်ခဲ့သော မီးသတ်ယာဉ်ကို လဲလှယ်ပေးရန် ၂၀၁၃ခုနှစ်က တောင်းခံခဲ့ရာ
၂၀၁၄ခုနှစ် ဧပြီလ ၂၄ ရက်တွင် မီးသတ်ယာဉ်သစ်တစ်စီး လဲလှယ်လိုက်ခြင်းသည်ဟု ဆိုသည်။

၂၀၁၂ သင်္ကြန်အတက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခေတ္တရာမြို့သစ် မီးသတ်ဌာနယာဉ်သည် အဝေးပြေး ကားဂိတ်ဝင်းအနီးရှိ မဏ္ဍပ်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို တက်ကြိတ်မိခဲ့သည်။ မီးသတ်ကား ကြိတ်မှုကြောင့် (၈)နှစ်အရွယ် ကလေး(မိန်းကလေး) တစ်ဦး သေဆုံးခဲ့ရပြီး မီးသတ် ယာဉ်မောင်းသူကို ထောင်သုံးနှစ် ချမှတ်ခဲ့သည်။

“တိုက်မှုဖြစ်ပြီး ကတည်းက မသုံးတော့တာ။ သုံးလို့တော့ရသေးတယ်။ အသုံးပြုဖို့မသင့်တော့တာပေါ့” ဟုဦးဇော်လွင် ကဆိုသည်။

အစားထိုးလဲလှယ်သည့် တီအီး အမျိုးအစား မီးသတ်ယာဉ်ကို ပြည်ခရိုင်မီးသတ်ဌာနက ခေတ္တရာမြို့သစ် အုပ်ချုပ်ရေးမှူးဦးဇော်လွင်၊ ရပ်ကွက် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအိုစောနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးနိုင်တို့ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese
Read More...

န၀င်းတာရိုးရှိ နေအိမ်ထောင့်ငါးရာကျော်ကို ဆည်မြောင်းဌါနက ဖယ်ရှားခိုင်းထား

Leave a Comment
ပြည့်သဲမောင်(ပြည်)
ဧရာဝတီမြစ် ရေကြီးမှုအား ကာကွယ်ရန် တည်ဆောက်ထားသော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ရှိ န၀င်းတာဧရိယာအတွင်းရှိ ကျူးကျော်နေအိမ်(၁၅၀၀)ကျော်အား အမြန်ဆုံးဖယ်ရှားပေးရန် ဆည်မြောင်းဌါနက အကြောင်းကြားထားသည်ဟု ဖယ်ရှားခံရသူများကပြောသည်။ “တာအတွင်း အပြင်ဘက်နှစ်ခုလုံးဆိုရင်အိမ်ထောင့်ငါးရာလောက်ရှိတယ်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်း ပါတယ်။ အိမ်ကြီး အိမ်ကောင်းတွေ နှစ်ထပ်ပျဉ်ထောင်အိမ်တွေ လည်းပါတယ်”ဟု ဖယ်ရှားခံရသူ ကိုတင်ထွဋ်ကပြောသည်။

ပြည်မြို့ဆည်မြောင်းဦးစီးဌါန မြို့မ ရုံး၏ ဧပြီလ(၂၀)ရက်နေ့နေ့စွဲပါစာအမှတ် ၀၅၇/ စတ (န၀င်းတာ)အရဖယ်ရှားပေးရန် အကြောင်းကြားထားခြင်းဖြစ်သည်။ မိုးရာသီရေဘေးအန္တရာယ်ရှိသဖြင့် နေအိမ်ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး နေအိမ်မဖယ်ရှားသူများကို ဆည်မြောင်းဌါနက ဥပဒေအရအရေးယူမည် ဟု၎င်းစာတွင်ဖော်ပြထားသည်။ လွန်ခဲ့သည့်နှစ်ပေါင်း(၃၀)ကျော် ကတည်းက နေထိုင်လာသည့် နေအိမ်များကိုဖယ်ရှာခိုင်းခြင်းဖြစ်ပြီး ၁၉၉၅-၉၆ခုနှစ် ၀န်းကျင်ကတာအလယ် မှ ပေငါးဆယ်နောက်ဆုတ်ပေးခဲ့ရပြီး ၂၀၁၃ခုနှစ်တွင်လည်း ဖယ်ရှားစာပေးပို့ခဲ့ကြောင်း ဖယ်ရှားခံရသူ မမြမြသန်းကပြောသည်။

“ထုံးစံအတိုင်း တာအလယ်ကနေ ပေငါးဆယ်နောက်ဆုတ်ရမယ် ဆိုရင်တော့ လွတ်တဲ့အိမ်တွေရှိတယ်။ အခုတာအခြေကနေ တိုင်းမယ်လို့တော့ သိထားရတယ်။ အဲဒါဆိုတစ်အိမ်မမှမလွတ်ဘူး” ဟု၎င်းကဆိုသည်။ န၀င်းတာရိုးတွင် နေထိုင်သူများသည် တာရိုးလုံခြုံရေးအတွက် ကာကွယ်ပေးပြီး တာရိုးမိသားစုများနှင့် ဖွဲ့စည်းထားသော တပ်စု(၂၅) အရန်မီးသတ်တပ်ဖွဲ့ကလည်း ရေကြီးသည့် ကာလများတွင် စောင့်ရှောက်မှုများ ပြုလုပ်ပေးကြောင်း မီးသတ်တပ်ကြပ်ကြီး ဦးဌေးလွင်ကပြောသည်။ “တာရိုးနားမှာ အမှိုက်လာမပြစ်ဖို့တားတယ်။ တာရိုးပေါ် နွားလှည်း မမောင်းဖို့တားတယ်။ ကိုင်းတွေခြုံတွေ ရှင်းတယ်။ရေစီးရေလာကောင်းအောင် မြောင်းတွေ ရှင်းပေးတယ်။ ရေတက်လာရင် ရေတံခါးမှာ ကင်းစောင့်တယ်။ရေဘေးဒုက္ခသည်တွေကိုပစ္စည်းတွေရွှေ့ပေးတယ်။ ထမင်းထုတ်တွေဝေတယ်”ဟု ၄င်းကပြောသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူနှင့် ပတ်သတ်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့်သတင်းစာမူအတွက်မှန်ကန်ကြောင်းကတိခံဝန်ချက်ပြုပါသည်။
Read More...

Wednesday, April 23, 2014

ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု တစ်နှစ်ပြည့်သည့်တိုင် ဖော်ထုတ်ပေးနိုင်ခြင်း မရှိ၍ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

Leave a Comment
၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ချစ်သူစုံတွဲကို လုယက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့်သည့်တိုင်အောင် အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့်အတွက် သေဆုံးသူ ကိုဇော်မင်းဦး၏ မိသားစုများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုထံက သိရသည်။

“အခုချိန်ထိ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပေးတာ မရှိသေးဘူး။ ကိုဇော်မင်းဦးရဲ့ ဈာပနတုန်းက တပ်မတော်အရာရှိတွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာမှစိတ်မပူဖို့၊ သူတို့တပ်သားတွေ မဟုတ်ဘူး ဆိုရင်လည်း အမြန်ဆုံးတရားခံကို ဖော်ထုတ်ပေးမှာပါလို့ ကတိခံသွားကြတယ်။ CID ကလည်း လာစစ်သွားပြီး သုံးလေးလကြာတော့ ရဲမှူးမိုးအောင်က ဖုန်းတောင်မကိုင်တော့ဘူး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာကလည်း ပြည်သူတွေအားလုံး သိသွားစေချင်တယ်။ တပ်မတော်အနေနဲ့ သူတို့မဟုတ်ရင်လည်း ရှင်းပေးစေချင်လို့ပါ” ဟု မအိဇင်မိုးကိုက ပြောကြားသည်။

လူသတ်လုယက်မှုတွင် တပ်မတော်သားသုံးယောက် ပါဝင်ပတ်သက်သည်ဟု သံသယ ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာနှင့် မလှမ်းမကမ်းတွင် ဖမ်းဆီးရမိခဲ့သော တပ်မတော်သား သုံးယောက်ကို သက်ဆိုင်ရာ မိခင်တပ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ် ဖြေရှင်းပေးသွားမည်ဟု တပ်၏အကြီးတန်း အရာရှိများက တာဝန်ခံခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ပြည်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) တွင် ပြုလုပ်သော ကာယကံရှင် မိသားစုနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ၎င်းတို့၏တပ်သားများ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြောင်း၊ ဖြေရှင်းပေးရန် တာဝန်ခံခဲ့သည့် ခ.လ.ရ (၇၅) တပ်မှ တပ်ရင်းမှူး ကျော်စွာမောင်အား တောင်ငူသို့ ပြောင်းရွှေ့ခဲ့ခြင်း၊ တပ်မ (၆၆) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးနေ၀င်းအား ဘူးသီးတောင်မောင်တောသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကိုဇော်မင်းဦး၏ မိသားစုများထံက သိရသည်။

“တစ်နှစ်ပြည့်ပြီးတဲ့အထိ တရားခံမပေါ်တာ အရမ်းဝမ်းနည်းမိတယ်။ အသတ်ခံရပြီး သေတဲ့အတွက်ကော အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်ပေးမယ့် သူတွေက လုပ်မပေးတဲ့ အတွက်လည်း ယူကျုံးမရ ဖြစ်မိတယ်” ဟု ကိုဇော်မင်းဦး၏ အစ်မဖြစ်သည့် မသီတာဦးက ပြောကြားသည်။

သတင်းစာရှင်းလင်ပွဲကို ဧပြီ ၂၇ ရက်တွင် ပြည်မြို့ တစ်လမ်းမောင်းထောင့်ရှိ သံလွင်ခက် စွမ်းရည်မြင့်တင်မှုကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
Read More...

ပြည်မြို့မှာတွေ့ရတဲ့ ဦးဝင်းတင် အမှတ်တရ အစီအစဉ်

Leave a Comment








NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ စာနယ်ဇင်းဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအစီအစဉ်ကို ပြည်မြို့မှာလည်း ဒီမနက် ပြုလုပ်ကြပါတယ်။

သံဃာတော်များကို ဆွမ်းကပ်လှူခြင်း၊ ရေစက်ချအမျှပေးဝေခြင်းများအပြီးမှာတော့ အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုဖတ်ကြားကြ၊ ဆရာကြီးအတွက် အမှတ်တရစကားများပြောဆိုကြပါတယ်။

ပြည်နဲ့ အနီးတ၀ိုက်မြို့တွေက အမှတ်တရစကား ပြောဆိုသူများထဲမှာ မဆလခေတ်မှ နအဖခေတ်အထိ (၅)ကြိမ်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်တလည်မြို့က စာရေးဆရာ နိုင်ငံရေးသမား ဆရာချစ်ဆောင်ဦး (ပြည်ချစ်ဆောင်) ရဲ့ ပြောဆိုချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

"ကျနော်နဲ့ ဆရာကြီးနောက်ဆုံး ဆုံဖြစ်ခဲ့တာ ၁၃၀၀ ပြည့် အရေးတော်ပုံ အခမ်းအနားမှာ။
ဆရာကြီး မရှိတော့တဲ့အတွက် NLD မဟုတ်တဲ့တခြားအဖွဲ့အစည်းတွေက NLD ကိုပြောချင်တာတွေရှိရင် ပြောပြပေးနိုင်တဲ့သူမရှိတော့လို့ NLD နဲ့ ဆက်ဆံရေးမှာ အားယုတ်သွားတဲ့အတွက် အများကြီးနစ်နာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြောချင်တာရှိရင် ဆရာကြီးကနေတဆင့် ပြောလို့ရတယ်။
ကျနော်တို့နိုင်ငံသားတွေတင်မကပါဘူး ကမ္ဘာ့နိုင်ငံရေး အသိုင်းအဝိုင်းအတွက်လည်း ဒီမိုကရေစီအရေးလှုပ်ရှားနေသူ ဝါရင့်သတင်းစာဆရာကြီးတယောက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းရပါတယ်"

"ဆရာကြီးအကြောင်းကတော့ (၁၉၈၀ နောက်ပိုင်း) ထောင်ကျတုန်းက ဆရာကြီးလူထုစိန်ဝင်းနဲ့ တခန်းတည်း နေရတုန်းကတည်းက ကြားဖူးတာပါ။
၁၉၉၀ ခုနှစ်နောက်ပိုင်း ထောင်ကျတော့မှ ဆရာကြီးနဲ့ ထောင်တခုတည်းနေဖြစ်ခဲ့တာ။
သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးကွန်ရက်လုပ်တော့ အမြဲတွေ့ဖြစ်တယ်။
နေမကောင်းဖြစ်တော့ ကျနော်သွားမတွေ့ဖြစ်တာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်"

" ကျနော်ကို ဂျာနယ်ကျော်ဦးချစ်မောင်က ဥတ္တရအလင်းဆိုတာကို ဆရာကြီးဦးဝင်းတင် မြန်မာလို့မပြန်ခင်က ဖတ်ခိုင်းတယ်။
အင်္ဂလိပ်လိုဘာသာနဲ့ ဖတ်တော့ ခက်ခဲတာပေါ့ဗျာ။ နားလည်သင့်သလောက်နားမလည်နိုင်ဘူး။
ဆရာကြီးမြန်မာလို့ ပြန်လိုက်တော့မှ တော်တော်အဆင်ချောသွားတယ်။
ဂျာနယ်သမားကြီးဆိုတော့ အဲဒိစာအုပ်ကိုသူပြန်ုလိုက်အင်မတန် ကောင်းပါတယ်။
ဆရာကြီးလူထုစိန်ဝင်းက သူ့ကို သိပ်ချီးမွမ်းတာ အင်မတန်နှိမ့်ချတဲ့ ပုဂ္ဂိုလ်တဲ့ဗျာ။ ထောင်ထဲမှာ သူ့အကြောင်း လူပြောသိပ်များတယ်။
နိုင်ငံရေးသမားတွေကြားထဲမှာပေါ့။ အခုသူ့အတွက် ကောင်းမှုကုသိုလ်လုပ်ပြီး ဆုတောင်းမေတ္တာပို့သပေးတာပေါ့ဗျာ"



Irrawaddy Blog
(သတင်းနဲ့ဓာတ်ပုံ - ကောင်းမြတ်မင်း)

Read More...

Facebook Like Page