Sunday, February 9, 2014

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့ဆု ရွေးချယ်ဖို့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ(၂၈)မြို့နယ်တွင် ပြည်မြို့ကို ဇကာတင်ရွေးချယ်မှု့ခံရ

Leave a Comment





မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့ဆု ရွေးချယ်ဖို့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ(၂၈)မြို့နယ်တွင် ပြည်မြို့ကို ဇကာတင်ရွေးချယ်မှု့ခံရ
********************************************************************************************************
တိုင်းနဲ့ ပြည်နယ်(၁၄)ခုနှင့် နေပြည်တော်ကောင်စီနယ်မြေပါ(၁၅)ခုမှာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့အဖြစ်ရွေးချယ်မှာပါ ပဲခူးတိုင်းဒေသကြီးမှာ  (၂၈)မြို့နယ်ရှိပါတယ်
အဲဒိအထဲမှ ကျွန်တော်တို့ ပြည်မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့အဖြစ် ဇကာတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ် အဲဒိရွေးချယ်မှုကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က
ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ် အဲဒိရွေးချယ်မှုနဲ့ပတ်သတ်ပြီး အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုရှိမရှိကို နေပြည်တော်မှ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ချုပ်
ဦးမြင့်ဦး နှင့်အဖွဲ့ဝင်(၁၃)ဦးပါလာရောက်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ် ပြည်မြို့အပြင် ၀က်ထီးကန်၊ပေါင်းတလည် နှင့် ကျေးရွာအုပ်စု၏ ဖွံ့ဖြိုးတိုးတက်မှုများကို
လည်း သွားရောက်စစ်ဆေးခဲ့ပါတယ် ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ဒေသခံဖြစ်သူ ကိုရဲမင်းဦး မှ ပြည်သတင်းကို ယခုလိုပြောကြားခဲ့
***************************************************************
ကျွန်တော့အနေနဲ့ကတော့ အတိုင်းမသိဝမ်းသာပါတယ် ဘာလို့လည်းဆိုတော့ ပဲခူးတိုင်းဒေသကြီးမှာ (၂၈)မြို့နယ်ရှိတဲ့အထဲက ကျွန်တော်တို့နေထိုင်တဲ့ ပြည်မြို့ကို
ဇကာတင်ရွေးချယ်ခံရတဲ့အတွက် ပြည်မြို့သား/သူတွေကိုယ်စား အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ် အကယ်လို့ဒီဆုသာရခဲ့ရင် ကျွန်တော်တို့ ပြည်မြို့နယ်အတွင်း
မှာနေထိုင်တဲ့ လူထုအတွက် စီးပွားရေး၊ကျန်းမာရေး၊ပညာရေးတွေစတဲ့ကိစ္စတွေပိုမိုတိုးတက်လာမယ်လို့ယုံကြည်မိပါတယ်။ အခုလက်ရှိအနေအထားမှာလည်း ကျွန်တော်
တို့ပြည်မြို့ဟာ အရင်ကနဲ့မတူတော့ဘဲ အစစအရာရာတိုးတက်လာတယ်လို့မြင်တွေ့ရပါတယ် ။ တကယ်လို့ဒီဆုသာရခဲ့ရင်အတိုင်းထက်အလွန်ပေါ့ဗျာ မရခဲ့ရင်လည်း
ကျွန်တော်တို့ ပြည်မြို့အုပ်ချုပ်ရေးအာဏာပိုင်များနဲ့ ပြည်မြို့သူ/သားများကလည်း ပြည်မြို့ကြီးကို အစစအရာရာတိုးတက်လာအောင် ကြိုးစားသွားဖို့လိုပါလိမ့်မယ်လို့
ပြောချင်ပါတယ်ဗျာ...ဟု ပြည်မြို့ဒေသခံဖြစ်သူ ကိုရဲမင်းဦး မှ ပြည်သတင်းကို ပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ မြို့မိမြို့ဖတဦးကိုမေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြားခဲ့
**********************************************************************************
ဆုရဖို့ကတော့သေချာသလောက်ဖြစ်နေပါတယ် ပြည်မှာသိရသလောက်ကတော့ (၁၀၀)ကို အမှတ်(၈၂)မှတ်ရနေပါပြီ ဒီကတင်ထားတဲ့အမှတ်ထက်ပိုရပါတယ် ဒီကတင်လိုက်တာ
(၇၀)ကျော်ပါ။ ဆုက ရတော့မရသေးဘူး ရခဲ့ရင်တော့ အတိုင်းမသိဝမ်းသာမိပါတယ် ပြီးတော့ မြို့မှာရော မြို့နားဝန်းကျင်က ကျေးရွာအုပ်စုတွေမှာပါ ရေ၊မီးမရသေးတာတွေ ရလာမှာပါ
မနက်ဖြန်သဖက်ခါ အစည်းဝေးပြီးရင်တော့ပြောရတာပိုကောင်းပါတယ် လက်ရှိရဖို့တော့သေချာသလောက်ဖြစ်နေပါပြီ (၈၂)မှတ်ဆိုတာတော့ အတော်ကလေးကိုရနေပါတယ်
ပြီးတော့ မှော်ဇာဘက်က ရှေးဟောင်းဇုံကြောင့် အမှတ်တွေပိုရခဲ့တယ်  အဲဘက်မှာလည်း တိုးတက်ကောင်းမွန်စရာအလုပ်တွေအများကြီးလုပ်ဖို့ရှိနေပါသေးတယ် ဟုပြောကြားသွားခဲ့ပါသည်။..ဟုပြောကြားသွားခဲ့ပါသည်
ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

ပေါက်ခေါင်းသတင်းမီဒီယာ(အွန်လိုင်း) နဲ့ စာရေးဆရာ လင်းသိုက်ညွှန့်(မြန်မာ့မြေ)တို့ တွေ့ဆုံမေးမြန်းမှုအပေါ် ပြည်မြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှုး မင်းယွန်း(ခေတ္တရာ) ၏အမြင်ကို ပြည်သတင်းလူငယ်(ပြည်သတင်း)မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့

Leave a Comment


ပေါက်ခေါင်းသတင်းမီဒီယာ(အွန်လိုင်း) နဲ့ စာရေးဆရာ လင်းသိုက်ညွှန့်(မြန်မာ့မြေ)တို့ တွေ့ဆုံမေးမြန်းမှုအပေါ် ပြည်မြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှုး
မင်းယွန်း(ခေတ္တရာ) ၏အမြင်ကို ပြည်သတင်းလူငယ်(ပြည်သတင်း)မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့
******************************************************************************************************
အဲဒိတွေ့ဆုံမှုမှာ ဆရာလင်းသိုက်ညွှန့်ရဲ့ အဖြေဟာ ကျွန်တော့အနေနဲ့ပြောရရင် ညီလေးရေးထားသလိုပဲ ပေါက်ခေါင်းအန္တရာယ်ရှောင်တခင် ရှောင်သွားတယ်လို့
ပဲမြင်ပါတယ် တကယ်တော့သူအနေနဲ့ လုပ်သင့်တာက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရားဝင်တောင်းပန်တာမျိုး မလုပ်နိုင်တောင် သတင်းစာတို့ ဂျာနယ်တို့မှာ တရား
ဝင်တောင်းပန်သင့်ပါတယ် အခုသူလုပ်တဲ့ပုံစံက ဘာနဲ့တူသလည်းဆိုတော့ (၀င်တုန်းက ဘီလူးဆိုင်းတီးပြီး ခပ်ကြမ်းကြမ်းဝင်လာပြီး ထွက်တော့မှ ပုဆိုးခြုံပြီး လူမသိသူ
မသိထွက်သွားတာမျိုး) ဖြစ်နေတယ်။

ပြီးတော့သူပြောတာရှိသေးတယ်( ပြည်မြို့မှာစာပေချစ်မြတ်နိုးတဲ့သူများကိုလည်း လေးစားပါကြောင်း ။ စာပေဟောပြောပွဲကျင်းပရေး ကော်မတီကိုလည်း နားလည်ပေးပါ
ကြောင်းတဲ့)  တောင်းပန်စကားပါမသွားဘူး အဲဒိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို တောင်းပန်တယ်လို့မမြင်ဘူး တောင်းပန်ခြင်း မတောင်းပန်ခြင်းကသူ့ရဲ့ အပိုင်း
ပါ ဒါပေမဲ့ သူ့အသက်ကအခုမှ(၂၈)နှစ်ပါ ငယ်ငယ်လေးပဲ ရှေ့လျောက်ခရီးတွေအများကြီးရှိပါသေးတယ် ဒီအသက်အရွယ် ဒီအောင်မြင်မှု သူ့အတွက်ကျေနပ်စရာအကောင်း
ဆုံးဆိုရင်တော့ ဘာပြောစရာရှိတော့လည်း ကျွန်တော်တို့ နိုင်ငံက မြန်မာနိုင်ငံပါ ယဉ်ကျေးမှု၊ဂါရ၀တရား၊သိမ်မွေ့နူးညံ့မှုတွေကို အလေးထားမြတ်နိုးတတ်တဲ့ လူမှုကျင့်ဝတ်နဲ့
ပတ်ဝန်းကျင်ဆိုတာကိုမေ့ပြီး မာန်မာနတွေ ထောင်လွှားနေမယ်ဆိုရင်တော့ သူ့လမ်းသူသွားမှာပေါ့လေ ။

အခုဆိုရင် ညီလေးဖတ်လိုက်ရမလားမသိဘူး ဟစ်တိုင်ဂျာနယ်မှာ ဆရာခြူးဆက်မိုးပွင့်က ဒီပြည်မြို့ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုဝေဖန်ရေးသားထားတယ်လေ ဆရာရာခြူးဆက်မိုး
ပွင့် ဟာကျွန်တော်တို့ ပြည်မြို့စာရေးဆရာတွေနဲ့ ခင်မင်ရင်းနှီးတဲ့သူမဟုတ်ပါဘူး ဒါပေမဲ့ သူ့ဆောင်းပါးမှာ ပါတဲ့အဆိုအရ ဒီဆရာလည်းစာပေဟောပြောပွဲဖြစ်မြောက်ရေးပွဲတွေ
တော်တော်များများလုပ်ခဲ့ဘူးသူပါ အဲဒိတော့ ဒီလိုဟောပြောပွဲ တစ်ပွဲဖြစ်မြောက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ရတဲ့ ကော်မတီတွေရဲ့ ဒုက္ခကို ကောင်းကောင်းသဘောပေါက်ပြီး ကိုယ်
ချင်းစာလို့ရေးတယ်လို့ ကျွန်တော်တို့ယူစပါတယ်။ ကျွန်တော်တို့ စာပေဟောပြောပွဲဖြစ်မြာက်ရေး ကော်မတီဆိုတာ တကယ့်ကိုအရမ်းအပင်ပန်းခံပြီး စေတနာသက်သက်နဲ့ ပွဲကြီးဖြစ်
မြောက်အောင် အစ မှ အဆုံး တိုင်အောင် လုပ်ကြရတဲ့အဖွဲ့တွေပါ။

ပြီးတော့လာပြီးဟောပြောသွားတဲ့ ဆရာတွေ ပြန်သွားတဲ့အထိ ကျွန်တော်တို့အလုပ်တွေ မပြီးသေးပါဘူး ဖျက်၊ခုံသိမ်းကအစပေါ့လေ ငွေကြေးကမတောင့်တင်းတော့ အလုပ်သမား
က မငှားနိုင် အဖွဲ့အင်အားကနည်းဆိုတော့ ကျွန်တော်တို့ဘယ်လောက်ပင်ပန်းတယ်ဆိုတာကိုသိစေချင်လို့ပါ ဆရာခြူးဆက်မိုးပွင့်ရေးတဲ့အထဲမှာပါတဲ့ အမေလူထုဒေါ်အမာ ရဲ့အမှာ
စကားလေးကို သိပ်ကြိုက်တယ် အဲဒိမှာအမေပြောတာက (လေယာဉ်နဲ့ ကြိုရတာနဲ့ စရိတ်နည်းမှာမဟုတ်ဘူး လုပ်ရတဲ့သူတွေမှာလည်း အခက်အခဲမျိုးစုံရှိမှာနော် မပြေလည်တာတွေ
ရှိရင်ခွင့်လွှတ်ပေးပါ မြို့အကျိုးရှိအောင်ဟောပြောပေးပါ ဒုက္ခရောက်အောင် မလုပ်ကြပါနဲ့)  တဲ့ ကိုယ်ချင်းစာတရားထားတတ်ဖို့လေး အဲဒိလိုပါပဲ နားလည်တတ်ရင်တော့ ပိုအဆင်ပြေ
မှာပေါ့ ဒါတွေကိုနားလည်စေချင်တယ် အဲဒါပါပဲ ကျေးဇူးတင်ပါတယ်.....ဟု ပြည်မြို့နယ် စာရေးဆရာအသင်း မှ အတွင်းရေးမှုး မင်းယွန်း(ခေတ္တရာ) မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

စိုက်သိပ္ပံ သာယာဝတီ အာစရိယပူဇော်ပွဲကျင်းပမည်

Leave a Comment

စိုက်သိပ္ပံ သာယာဝတီ အာစရိယပူဇော်ပွဲကျင်းပမည်
************************************
ပဲခုးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ စိုက်ပျိုးရေးသိပ္ပံေ ကျာင်းသား/သူ ဟောင်းများ၏ အာစရိယပူဇော်ပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်သော ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ မနက်(၁၀း၀၀)အချိန်ခန့်တွင် (၁၁)ကြိမ်မြောက်အဖြစ်ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း (၉၈ ခုနှစ်)မှကျောင်းသားဟောင်းတစ်ဦးမှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ညပိုင်းအချိန်တွင်လည်း တေးသံသာအစီအစဉ်များ နှင့် ပျော်ရွင်စရာ အစီအစဉ်များပါ ပါဝင်မှာဖြစ်သောကြောင့် ယခင်နှစ်များနှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆရာကြီး/ဆရာမကြီး များနှင့်တကွ ကျောင်းသား/သူ ဟောင်း များအားလုံးစုံညီစွာတက်ရောက်နိုင်ကြစေရန် ပြည်သတင်းမှတဆင့် ဖိတ်ကြားအပ်ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

Saturday, February 8, 2014

အမျိုးသမီး အလုပ်သင်ဝန်ထမ်းအလိုရှိသည်

Leave a Comment


အမျိုးသမီး အလုပ်သင်ဝန်ထမ်းအလိုရှိသည် Angelic Salon, Spa & Nail Art (အမျိုးသမီးသီးသန့် ) အခန်း(၇)၊ အမှတ်(၂)ရဲစခန်းတိုက်တန်း၊ မြောက်စောင်းတန်းလမ်း ပြည်မြို့  ဆိုင်သို့ လူကိုယ်တိုင်လာရောက်လျောက်ထားနိုင်ပါသည်။....
Read More...

I.E.L.S ကျောင်းမှ နိုင်ငံခြားသားများနှင့်တွေ့ဆုံစကားပြောနေကြသော ကျောင်းသားများနှင့် ဆရာမများ ၏ ပျော်ရွှင်ဖွယ် ခရီးသွားမှတ်တမ်းတစ်ခု

Leave a Comment








I.E.L.S ( INTERNATIONAL ENGLISH LANGUAGE SCHOOL )

I.E.L.S ကျောင်းမှ နိုင်ငံခြားသားများနှင့်တွေ့ဆုံစကားပြောနေကြသော ကျောင်းသားများနှင့် ဆရာမများ ၏ ပျော်ရွှင်ဖွယ် ခရီးသွားမှတ်တမ်းတစ်ခုကို7.2.2014. ညနေ 43း0မိနစ်အချိန် ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ် အဆိုပါပွဲတွင် ကျောင်းသား/သူ နှင့် ဆရာမ များစုစုပေါင်းအင်အား ၃၀ ကျော်ပါဝင်ခဲ့ပြီး အဆိုပ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူလေးများမှလည်း နိုင်ငံခြားခရီးသွားများနှင့် စကားများအပြန်အလှန်တွေ့ဆုံဆွေးနွေးသွားခဲ့ပြီး လေ့လာမှတ်သားမူများပြုလုပ်သွားခဲ့ကြောင်းသိရပါသည်။

ပြည်သတင်းလူငယ် (ပြည်သတင်း)
Read More...

Facebook Like Page