Wednesday, August 3, 2016

ပြည်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်

ပြည် အထူးသတင်း သြဂုတ်(၃)ရက်နေ့

ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒရုံးမှ ၃.၈.၂၀၁၆၊
နံနက် (၆) နာရီတွင် ဧရာဝတီမြစ်ရေတိုင်းတာချက်အ
ရ (၂၉၄၅) စင်တီမီတာအထိ မြင့်တက်နေကြောင်းသိ
ရှိရပြီး၊ စိုးရိမ်ရေအမှတ်သတ်မှတ်(၂၉၀၀) စင်တီမီတာ
အထက်(၄၅)စင်တီမီတာ ကျော်လွန်သွားပြီဖြစ်ကြောင်း
သိရပါသည်။

လက်ရှိအချိန်တွင် မြစ်ရေသည်ထပ်တက်ရန်ရှိသော်လည်း
ဒီကနေ့တိုင်းတာချက်အရ ယခင်ရက်(၁၀)စင်တီမီတာ တက်
ခဲ့သော်လည်း ယနေ့နံနက်တိုင်တာချက်အရ(၄)စင်တီမီတာ
သာမြင့်တက်လာကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ တွင် အမြင့်
ဆုံးရေတက်မှတ်မှာ (၂၉၆၇) အထိရှိခဲ့ကြောင်း မိုးလေဝသ
နှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနရုံး၏ တာဝန်ရှိသူတစ်ဦး
မှ ပြည်သတင်းသို့ ဖြေကြားပေးခဲ့ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်သတင်းလူငယ် 09 253311019





Read More...

Tuesday, August 2, 2016

ပြည်မြို့နယ်အတွင်း အစားအသောက်ရောင်းချ သူများသည် အများပြည်သူများအတွက် ကျန်းမာ ရေးနှင့်ညီညွတ်သော သန့်ရှင်းသောအစားအစာ များ ရောင်းချနိုင်ရေး အောက်ဖော်ပြပါစည်းကမ်း ချက်များအား လိုက်နာဆောင်ရွက်၍ပြန်လည်ရောင်းချခွင့်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှအကြံပြုစာထု တ်ပြန်ခဲ့ကြောင်းသိရှိရ။ ပြည့်သဲမောင်(ပြည်)09-4236 71883 ဓါတ်ပုံ ပြည်သတင်း

Leave a Comment

ပြည်မြို့နယ်အတွင်း အစားအသောက်ရောင်းချ
သူများသည် အများပြည်သူများအတွက် ကျန်းမာ
ရေးနှင့်ညီညွတ်သော သန့်ရှင်းသောအစားအစာ
များ ရောင်းချနိုင်ရေး အောက်ဖော်ပြပါစည်းကမ်း
ချက်များအား လိုက်နာဆောင်ရွက်၍ပြန်လည်ရေ
ာင်းချခွင့်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှအကြံပြုစာထု
တ်ပြန်ခဲ့ကြောင်းသိရှိရ။

ပြည့်သဲမောင်(ပြည်)09-4236 71883

ဓါတ်ပုံ ပြည်သတင်း


Read More...

Monday, August 1, 2016

သတင်းတို ပန်တောင်း သြဂုတ်(၂)ရက်နေ့

Leave a Comment

သတင်းတို ပန်တောင်း သြဂုတ်(၂)ရက်နေ့
(၂.၈.၂၀၁၆)ရက်နေ့ နံနက်(၉)နာရီခန့်က မြစ်တစ်ဘက်ကမ်း နဝဒေးတံတားထိပ်တွင် ဖြစ်သွားသောယာဉ်တိုက်မှုပါ၊ဒါဏ်ရာရ ဆိုင်ကယ်သမားနှစ်ဦးအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါ
တယ်၊ဆိုင်ကယ်နောက်မှလိုက်ပါလာသူသည် ဆိုင်ကယ်စီးဦးထုပ်
ဆောင်းထားသော်ညား ဆေးရုံရောက်သည်ထိ သတိမရသေးပါ၊
နှစ်ဦးစလုံး ပါးစပ်မှ သွေးထွက်လျှက်ရှိပြီး လက်ကြိုးသွားတယ်လို့ 
ယူစရပါတယ်၊.

.ခေတ္တရာလူငယ်



Read More...

ဖော်ပြပါ ဓါတ်ပုံရှိ Myo Swe Oo(ရဲဝန်ထမ်းဟောင်းတစ်ဦး) အကောင့်ပါသောဖုန်းသည် သြဂုတ်(၁)ရက်နေ့ နေ့လည်(၃) နာရီအချိန်ခန့်ကမ်းနားအကြော်ဆိုင်တွင် မေ့ကျန်ခဲ့ရာမှပျောက် ဆုံးသွားပြီး အဆိုပါအကောင့်ပါသွားပါသဖြင့် မိတ်ဆွေသူငယ် ချင်းများသိရှိစေရန် အကြောင်းကြားရခြင်းနှင့်၎င်းအကောင့်မှ ထပ်မံတင်လာသော post နှင့်ပတ်သက်၍ဖြေရှင်ပေးမယ်မ ဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မှတ်ချက် ။ ။အကောင့်ပြန်လည်ရရှိရင် ထပ်ပြောပါ မည်။ Myo Swe Oo

Leave a Comment

ဖော်ပြပါ ဓါတ်ပုံရှိ Myo Swe Oo(ရဲဝန်ထမ်းဟောင်းတစ်ဦး)
အကောင့်ပါသောဖုန်းသည် သြဂုတ်(၁)ရက်နေ့ နေ့လည်(၃)
နာရီအချိန်ခန့်ကမ်းနားအကြော်ဆိုင်တွင် မေ့ကျန်ခဲ့ရာမှပျောက်
ဆုံးသွားပြီး အဆိုပါအကောင့်ပါသွားပါသဖြင့် မိတ်ဆွေသူငယ်
ချင်းများသိရှိစေရန် အကြောင်းကြားရခြင်းနှင့်၎င်းအကောင့်မှ
ထပ်မံတင်လာသော post နှင့်ပတ်သက်၍ဖြေရှင်ပေးမယ်မ
ဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက် ။ ။အကောင့်ပြန်လည်ရရှိရင် ထပ်ပြောပါ
မည်။

Myo Swe Oo

Read More...

မြေလတ်ဒေသမှာရှိသည့် နယ်သတင်းထောက်များစုပေါင်း၍ မြေလတ်ဒေသတင်းထောက်များကွန်ရက်ဖွဲ့စည်း

Leave a Comment

မြေလတ်ဒေသမှာရှိသည့် နယ်သတင်းထောက်များစုပေါင်း၍ မြေလတ်ဒေသတင်းထောက်များကွန်ရက်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)ရုံးတွင် ဇူလိုင်(၃၀)ရက်နေ့ နံနက် (၉း၃၀)အချိန်ခန့်က မြေလတ်ဒေသ သတင်းထောက်များကွန်ရက် ဖွဲ့စည်းနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ နှင့် မြေလတ်ဒေသရှိ သတင်းထောက်များတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြေလတ်ဒေသသတင်းထောက်များကွန်ရက်အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ မြေလတ်ဒေသသတင်းထောက်များကွန်ရက်အား ဖွဲ့စည်းနိုင်ရန် အခမ်းအနားအစီစဉ်နှစ်ခုဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး စည်းဝေးခေါ်ယူရသည့် ရည်ရွယ်ချက်များ နှင့် နယ်သတင်းထောက်များ၏ တွေ့ကြုံနေရသည့် အခက်ခဲများ၊လိုအပ်ချက်များအား ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုကောင်းမြတ်မင်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

“မြေလတ်ဒေသမှာရှိတဲ့ တရားဝင်မီဒီယာတစ်ခုခုမှာ သတင်းထောက်အဖြစ် သတင်းရေးသားနေတဲ့နယ်သတင်းထောက်တွေစုပေါင်းပြီး ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်တာပါ။ဒေသတွင်းကသတင်းသမားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ဒေသတခုနဲ့တခုကြားသတင်းရရှိမလွယ်ကူစွာချိတ်ဆက်ဆက်သွယ်နိုင်ဖို့၊သတင်းသမားအချင်းချင်းစည်းလုံးညီညွှတ်ဖို့၊သတင်းသမားတွေရဲ့ သာရေး၊နာရေးလူမှုရေးကိစ္စတွေပှုးပေါင်းကူညီပေးဖို့၊သတင်းဌာနကြီးက မျက်နှာသာပေးဖြေကြားပြောဆိုတာတွေမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အပံ့ရရှိတဲ့အခါတွေမှာ သာတူညီမျှ တန်းတူအခွင့်အရေးရရှိစေဖို့၊ဒေသအတွင်းသတင်းသမားတွေကိုခြိမ်းခြောက်ပြောဆိုနေတာတွေကာကယ်ဖို့ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်တာဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့သတင်းသမားတွေကို ကွန်ရက်ကထုတ်ပယ်သွားမှာပါ။”ဟု မြေလတ်ဒေသသတင်းထောက်များကွန်ရက် အထွေထွေအတွင်းရေးမှူး ကောင်းမြတ်မင်း(ဧရာဝတီ-သတင်းဌာန)ကပြောသည်။

အဆိုပါအခမ်းအနားတွင် မြေလတ်ဒေသသတင်းထောက်များကွန်ရက် အလုပ်အမှုဆောင်များရွေးချယ်ခြင်း၊တက်ရောက်လာသည့်သတင်းထောက်များမိမိတို့ ကြုံတွေ့ခဲ့ရသည့် အခက်ခဲများအား အပြန်အလှန်မျှဝေခြင်း၊ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းကိစ္စများအပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

“အသင်းရံပုံငွေအတွက်မန်ဘာမြေလတ်သတင်းထောက်တွေကိုလစဉ်ငွေသုံးထောင်ကျပ်ကောက်ခံပြီး မြေလတ်နယ်သတင်းထောက်တွေ သာရေးနာရေးအခြားကိစ္စတွေမှာ CEC-အဖွဲ့နဲ့တိုင်ပင်ပြီးသုံးစွဲသွားမယ်။မျိုးဆက်သစ်အနာဂတ်သတင်းထောက်တွေကိုသေချာပြုစုပျိုးထောင်ပြီး ဒီကွန်ရက်ကမွေးထုတ်သွားမယ်။မြေလတ်ဒေသမှာရှိတဲ့ သတင်းထောက်တွေရဲ့ သတင်းရေးသားတဲ့နေရာမှာ ကွန်ရက်အနေနဲ့ဖြေရှင်းကူညီဆောင်ရွက်သွားဖို့ရှိတယ်။သတင်းအချက်အလက်တွေနဲ့လိုအပ်ချက်တွေရှိရင် ကွန်ရက်အနေနဲ့ထုတ်ပြန်ကြေငြာချက်တွေထုတ်မယ်။မြေလတ်ဒေသအတွင်းမှာရှိတဲ့သတင်းထောက်တွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေမဆုံးရှုံးအောင် နဲ့ သတင်းယူတဲ့နေရာမှာ ဥပဒေနဲ့အညီသတင်းကို လွတ်လပ်စွာရယူရန်အတွက် ကွန်ရက်အနေနဲ့ကျိုးစားသွားမယ်။”ဟု မြေလတ်ဒေသသတင်းထောက်များကွန်ရက် CEC-တစ်ဦးဖြစ်သူ ကိုမင်းညို(DVB)ရုပ်သံသတင်းဌာန ကပြောသည်။

အဆိုပါအခမ်းအနားသို့ မြေလတ်ဒေသများရှိ DVB(ရုပ်သံသတင်းဌာန)၊7-Day(သတင်းစာ)၊ဒီမိုကရေစီတူဒေး(သတင်းစာ)၊News Warth(စောင့်ကြည့်ဂျာနယ်)၊Eleven(သတင်းစာ)၊သူရိယအလင်း-ဂျာနယ်၊ဧရာဝတီ(သတင်းဌာန)၊မြစ်မခ(သတင်းအေဂျင်စီ)၊MCN-(မြန်မာကေဘယ်လ်ရုပ်သံသတင်းဌာန)၊D.K(သတင်းအေဂျင်စီ)စသည့် သတင်းဌာနများမှ နယ်သတင်းထောက်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများစုစုပေါင်း အင်အား ၂၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရပြီးအခမ်းအနားအား ထိုနေ့ နေ့လည်(၁)နာရီခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

K3(pyay) နှင့် WT(LPN)ဒီမိုကရေစီတူဒေးသတင်းစာ

Read More...

Facebook Like Page