Sunday, June 5, 2016

ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍

Leave a Comment



ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍
လွှတ်တော်ကိုယ်စားလှယ်များမှ ရပ်ထောက်ကူများနှင့်တွေ့ဆုံ


ပြည်၊ဇွန်-၅


     ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ လွှတ်တော်ကိုယ်စားလှယ်များမှ
ပြည်ထောင်စုလွှတ်တော်မှ ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး
ရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများအား  တွေ့ဆုံခေါ်ယူ၍ မူဝါဒရှင်းလင်းပွဲ တစ်ရပ်ကို
ပြည်မြို့၊ရွာဘဲရပ်ကွက် မူယာပင်ပန်းခြံ သီရိခေတ္တရာခန်းမတွင်
ဇွန်-၅ ရက်နေ့ နံနက်-၁၀-နာရီအချိန်ခန့်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


     အဆိုပါ တွေ့ဆုံပွဲသို့ ပြည်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်အောင်၊ပြည်မြို့နယ် စည်ပင်သာယာ
ရေးဦးစီးမှူး သူရဦးမြင့်သူ၊ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဝင်းမြင့်ချစ် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-ဦးသက်ဝင်းလိုင်၊အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-ဦးကျော်ဇေယျတို့ အပါဝင်  ပြည်မြို့နယ်အတွင်းရှိ
ရပ်ကွက်၊ကျေးရွာများမှ အထောက်အကူပြုအဖွဲ့များ အုပ်ချုပ်ရေးမှူးများ
အင်အား ၅၀၀-ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်မှ
အဖွင့်အမှာစကားပြောကြားပြီး မူဝါဒရေးရာနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည် က ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။

 

“ကျွန်မတို့ရပ်ကွက်ကလမ်းတွေဘေးမှာရှိနေတဲ့အိမ်တွေက သူတို့အိမ်ထဲရေမ၀င်အောင် လမ်းထက်မြင့်တဲ့ မြေတွေကိုယ့်အိမ်ရှေ့ကိုယ်ဖို့နေကြတယ်။မိုးတွင်းရေတွေဝင်လာတာနဲ့ လမ်းပေါ်မှာရေတွေဝပ်ကျန်နေခဲ့ပြီး လမ်းတွေမကြာခဏဆိုသလိုပျက်စီးနေခဲ့ရတယ်။ဒီလိုကိစ္စမျိုးတွေကိုလဲ ကိုယ်စားလှယ်တွေအနေနဲ့ဖြေရှင်းပေးဆောင်ရွက်ပေး အကြံပြုပေးစေလိုပါတယ်။” ဟု အဆိုပါ အခမ်းအနားတက်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ဆွေးနွေးပြောကြားသွားခဲ့သည်။

 


     ယင်းတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
ခင်စိုးစိုးကြည်က ရှင်းလင်းပြောကြားရာ တွင် ရပ်ကွက်/ကျေးရွာများအနေဖြင့်
မိမိတို့ ရပ်ကွက်ကျေးရွာများမှ လိုအပ်ချက်များကို ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများနှင့် ရပ်ထောက်ကူအဖွဲ့များမှ ဆွေးနွေးတိုင်ပင်ပြီး
ဇွန်လ(၁၃)ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ကိုယ်စားလှယ်များရုံးသို့ စာနှင့်
အထောက်အထားဓါတ်ပုံများ တင်ပြပေးရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော
ရပ်/ကျေး အထောက်အကူပြုအဖွဲ့များမှ သိလိုသည်များကို မေးမြန်းပြီး
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

 

“ဒေသဖွံ့ဖြိုးရေးရံပုံငွေသိန်းတစ်ထောင်ကို ရပ်ကွက်ကျေးရွာတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ ရေကိစ္စ နဲ့ လမ်းကိစ္စတွေမှာ အဓိကထားပေးအပ်သွားမှာဖြစ်ပါတယ်။အမှန်တစ်ကယ်ကျေးရွာနဲ့ရပ်ကွက်တွေက အင်မတန်ပျက်စီးနေတဲ့ အပျက်စီးဆုံးနေရာကို ဓာတ်ပုံရိုက်ယူ၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြသွားရမှာဖြစ်ပါတယ်။ ချထားပေးတဲ့ လမ်းကိစ္စ ရေးကိစ္စကို ချထားပေးတဲ့ ရံပုံငွေနဲ့ထိုက်သင့်တဲ့ လမ်း ထိုက်သင့်တဲ့ရေ ကိစ္စတွေကို ပြန်လည်တင်ပြပေးသွားရမှာဖြစ်ပါတယ်။”ဟု ယင်းတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ဒေါက်တာဒေါ်ခင်စိုးစိုးကြည်-ကပြောကြားသွားခဲ့သည်။

 


     ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်အတွင်းတွင်ရပ်ကွက်ကြီး(၁၄)ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း(၅၅)အုပ်စု၊ကျေးရွာပေါင်း(၂၅၃)ရွာရှိကြောင်း သိရပြီး ပြည်ထောင်စုလွှတ်တော်မှ ချထားပေးမည့် ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကျပ်သိန်းတစ်ထောင်အား ရပ်ကွက်/ကျေးရွာတွေမှာ လိုအပ်လျှက်ရှိနေသည့် လမ်းကိစ္စများ နှင့် ရေကိစ္စများမှာ အဓိကထာသုံးစွဲသွားမှာဖြစ်ကြောင်းသိရပြီး ယင်းအခမ်းအနားအား ထိုနေ့ နံနက် ၁၂-နာရီအချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)






Read More...

“လွှတ်တော်ကိုယ်စားလှယ်များ နှင့် မိုက်ခဲကြီးပြဿနာ”

Leave a Comment



သို့/

 

“လွှတ်တော်ကိုယ်စားလှယ်များ နှင့် မိုက်ခဲကြီးပြဿနာ”

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝင်းမြင့်ချစ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ခင်စိုးစိုးကြည်

အမှတ်(၁)မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ဝင်းလိုင်

အမှတ်(၂)မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ

 

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ လွှတ်တော်ကိုယ်စားလှယ်များမှ
ပြည်ထောင်စုလွှတ်တော်မှ ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး
ရံပုံငွေ ကျပ်သိန်းတစ်ထောင်ကိစ္စနှင့်ပါတ်သက်၍ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ရပ်/ကျေး
အုပ်ချုပ်ရေးမှူးများအား  တွေ့ဆုံခေါ်ယူ၍ မူဝါဒရှင်းလင်းပွဲ တစ်ရပ်ကို
ပြည်မြို့၊ရွာဘဲရပ်ကွက် မူယာပင်ပန်းခြံ သီရိခေတ္တရာခန်းမတွင်
ဇွန်-၅ ရက်နေ့ နံနက်-၁၀-နာရီအချိန်ခန့်တွင်ပြုလုပ်ခဲ့သည့်အခမ်းအနားတွင် ၀က်ထီးကန်မြို့မှ ဦးသန်း-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-က အများနည်းတူမိုက်ကိုင်မပြောဘဲ အများထက်ချွန်ထွက်၍ မိုက်ခဲကာပြောဆိုနေခြင်း နှင့် မကြာခနမိုက်ကိုင်၍ ပြောဆိုသွားသည့်ကိစ္စရပ်များ နှင့် ဒေါက်တာခင်မောင်ဝင်း-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ပြောဆိုသွားသည့် ပါတီတွင်းရေး စောင့်ကြည့်ရေးကိစ္စစသည့် ကိစ္စရပ်များသည် ယင်းအခမ်းအနားကျင်းပခြင်းခေါင်းစဉ်ဖြင့် တစ်လွဲတစ်ချော် အလွဲလွဲအချော်ချော်ဖြစ်ပေါ်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များခေါင်းငုံခံနေမှု နှင့် ငါ့ထက်အသက်ကြီးတာပဲ၊ငါ့ထက်နိုင်ငံရေးဖြတ်သန်းမှုရှိတာပဲဟူသောစိတ်ဖြင့်ခေါင်းငုံခံနေခြင်းသည် လက်သန်းမှင်စွန်းခဲ့သည် ပြည်သူတွေအနေဖြင့် အမြင်မတင့်တယ်ခဲ့ပါ။ကျင်းပပြုလုပ်သည့် အခမ်းအနားပွဲနှင့်လဲမသက်ဆိုင်ပါ။အခမ်းအနားမှူးအဖြစ်ပါဝင်ခဲ့သူကိုလည်း ၀က်ထီးကန်မြို့မှ ဦးသန်းက အများပြည်သူ ဌာနဆိုင်ရာရှေ့တွင် ပြစ်တင်ဝေဖန်ပြောဆိုသွားမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အကျဉ်းတန်အရုပ်ဆိုးစေသလို တက်ရောက်လာသည့် ပြည်သူ နှင့် ဌာနဆိုင်ရာများကိုလည်း လေးစားရကောင်းမှန်းမသိ တက်ရောက်လာသည့် မီဒီယာသတင်းထောက်များကိုလည်းလေးစားရကောင်းမှန်းမသိ ဖြစ်ခဲ့သည်။ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သူမှာ လိုအပ်ချက်ရှိနေပါက ယင်းအခမ်းအနားအပြီးတွင် ပြောလျှင်ဘာမှမဖြစ်ပါ။တစ်ဦးနှင့်တစ်ဦးနားလည်မှုယူပြီး ဒီမိုကရေစီခရီးဆက်လျှောက်သင့်ပါသည်။ထိုကဲ့သို့ လူလယ်ခေါင်မှာ အခမ်းအနားမှူးအား ၀က်ထီးကန်မြို့မှဦးသန်းဆိုသူက ပြစ်တင်မှုကိုလည်း မည်သည့်လွှတ်တော်ကိုယ်စားလှယ်များကမှ ၀င်ရောက်ရပ်တည်ပေးခြင်းမရှိခဲ့ပါ။ထိုအခမ်းအနားပွဲကျင်းပပြုလုပ်မည်ကိုလည်း ကျွန်တော်တို့ မီဒီယာများထံဖိတ်ကြားထားခြင်းမရှိပါ။ သို့သော် မဖိတ်သော်လည်း ရောက်အောင်လာခဲ့ပြီး သတင်းရယူခဲ့ပါသည်။ဖိတ်ခြင်း မဖိတ်ခြင်းကအဓိကမကျသော်လည်း ပြောင်းလဲချိန်တန်ပြီဆိုသည့် NLD-အစိုးရ၏ ပြည်သူကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတွေသိရှိအောင် ပွင့်လင်းမြင်သာအောင် ပြည်သူ့ထံကို ပြန်လည်တင်ပြပေးမည့် မီဒီယာများကိုတော့ ဖိတ်ကြားပေးရန်လိုအပ်ပါသည်။ သတင်းရယူနေချိန်တွေမှာလဲ ခေါင်းစဉ် နှင့် ဆွေးနွေးမှုတွေလွဲချော်နေမှုကိုလည်း ပြောင်းလဲပေးကြပါရန် နှင့် အပြန်အလှန်လေးစားစွာ နောက်ကျင်းပမည့် အခမ်းအနားတွေမှာ တစ်ယောက် တစ်ပေါက် ဆယ်ယောက် ဆယ်ပေါက်ပုံစံမျိုး ခုတစ်မျိုးတော်ကြာတစ်မျိုး အမျိုးမျိုး ဟိုလူက ဒီဟာပြော ဒီလူကဒီဟာပြော ပြောချင်ရာပြောခဲ့သည့် ၄င်းအခမ်းအနားတွင် ဘယ်ကဘယ်လို သတင်းစရေးရမည်ကိုတောင်မနည်း စဉ်းစားရေးသားနေရပါသည်။ထို့ကြောင့် ပြောင်းလဲချိန်တန်ပြီဆိုသူတွေက အမှန်တစ်ကယ် စိတ်ဓါတ်တွေပြောင်းလဲချိန်တန်နေပါပြီ။ဒီစာကို ပြည်မြို့နေသူ ပြည်သားတစ်ယောက်အနေနှင့် ရင်းနှီးပွင့်လင်းစွာရေးသားအပ်ပါသည်။ ပြောင်းလဲချိန်တန်ပြီ အမှန်တစ်ကယ်ပြောင်းလဲဖို့ အောက်ခြေကပါတီဝင်တွေကို ပြုပြင်ကြပါစို့…..

 

ကိုကျော်ဝင်းခိုင်(ခေါ်)ရှမ်းတရုတ်-ပြည်သတင်းလူငယ်(ပြည်သတင်း-အွန်လိုင်းမီဒီယာ)-ပြည်မြို့-၇/ပမန(နိုင်)၁၇၈၄၂၂-ဖုန်း-၀၉-၂၅၃၃၁၁၀၁၉
 






 

 
Read More...

Saturday, June 4, 2016

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းငွေကျပ် သိန်းငါးထောင်အား ရန်ကုန်-နာ/ကူ ဥက္ကဌ ဦးကျော်သူမှ ထပ်ဆင့်ပြန်လည်ပေးအပ်လှူဒါန်းခြင်းပြုလုပ်ခဲ့

Leave a Comment



ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းငွေကျပ် သိန်းငါးထောင်အား ရန်ကုန်-နာ/ကူ ဥက္ကဌ ဦးကျော်သူမှ ထပ်ဆင့်ပြန်လည်ပေးအပ်လှူဒါန်းခြင်းပြုလုပ်ခဲ့

 

ပန်းတောင်း၊ဇွန်၊၎

 

ရန်ကုန်-နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ဦးဆောင်တည်ထားသည့် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်အတွင်းရှိ မဟာပဏီတ ပရဟိတအောင်တော်မှုစေတီတော်မြတ်ကြီးကုန်းမြင့်ထက်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ ရန်ကုန်-နာ/ကူအသင်းဥက္ကဌ ဦးကျော်သူဦးစီးသည့် ကျော်သူပရဟိတကွန်ယက်အဖွဲ့အား ကျပ်သိန်းငါးထောင်လှူဒါန်းထားသည့်အလှူငွေများထဲမှ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ပရဟိတအဖွဲ့ခြောက်ဖွဲ့အား ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ထပ်ဆင့်ပြန်လည်ပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား ဇွန်-၄ ရက်နေ့ နံနက်-၉နာရီအချိန်ခန့်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ထပ်ဆင့်အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ပြည်၊ပေါင်းတလည်၊ထုံးဘို၊လက်ပံတန်း စသည့်မြိ့နယ်များအတွင်းရှိ နာရေးကူညီမှုလုပ်ငန်းများ နှင့် ပရဟိတဆောင်ရွက်နေသည့် အသင်းအဖွဲ့ခြောက်ဖွဲ့အား လက်လှမ်းမှီသ၍ ဖိတ်ကြား၍ ယခုလို ကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ထပ်ဆင့်ပြန်လည်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။

 

“ပရဟိတဆိုတာမြင့်မြတ်တဲ့အလုပ်ပါ။ဘယ်အစိုးရတက်တက်ပရဟိတဆိုတာရှိနေမှာပဲ။ဘယ်နိုင်ငံမဆိုပရဟိအသင်းအဖွဲ့တွေအများကြီးရှိနေပါတယ်။မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတာတွေခေါင်းပါးနေသ၍ တိုင်းပြည်ကပ်ဘေးရောက်နေအုံးမှာပဲ။လူတွေရဲ့စိတ်ဓာတ်တွေပြုပြင်ပြောင်းလဲဖို့အရေးကြီးတယ်။လက်ရှိလေဘေး၊မီးဘေး၊စစ်ဘေး၊လူမျိုးရေးပဋိက္ခဘေး ဒါတွေကကပ်ဘေးတွေပဲ။အစိုးရကို ပုံချလို့မရဘူး။ကိုယ်တွေရဲ့စိတ်ဓာတ်တွေပြုပြင်ကြဖို့အရေးကြီးပါတယ်။အခုလိုလှူဒါန်းမှုနဲ့ပရဟိတအသင်းအဖွဲ့တွေတိုးမြှင့်လာအောင် ကူညီပံ့ပိုပေးတဲ့ ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းနဲ့မိသားစုအားလုံးနဲ့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ကိုကျေးဇူးတင်တယ်။ရွှေကိုမလို ရေကိုသာလိုတဲ့ကျေးရွာတွေမှာလဲ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့လက်တွဲပြီးရေလှူတာတွေလုပ်ဆောင်နေတယ်။”ဟု ရန်ကုန်-နာ/ကူအသင်း ဥက္ကဌ ဦးကျော်သူ-ကပြောသည်။

 

အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း မှ ကျော်သူပရဟိတကွန်ယက်အဖွဲ့အား လှူဒါန်းထားသည့် ငွေကျပ်သိန်းငါးထောင်ထဲမှ  ရန်ကုန်/နာကူအသင်းအတွက် ကျပ်သိန်းငါးရာ၊ပြည်တစ်ဘက်ကမ်းရှိ မဟာပဏီတ ပရဟိတအောင်တော်မှုစေတီကြီး ဖြစ်မြောက်ရေးအတွက် ကျပ်သိန်းငါးရာ၊အနုပညာဆည်းဆာရိပ်အတွက် ကျပ်သိန်း နှစ်ရာ၊ကျော်သူပရဟိတကွန်ယက်အဖွဲ့အတွက် ကျပ်သိန်းနှစ်ရာနှင့်ကျန်ရှိနေသည့်အသင်းအဖွဲ့ပေါင်း ၂၄-သင်းအတွက် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ထက်ဆင့်ပြန်လည်လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

“ပြည်သူ့ကူညီမှုကနေပြည်သူ့ကူညီမှုဆီသို့ဆိုသလို ရရှိလာတဲ့ အလှူငွေတွေကို ပြည်သူတွေအတွက်ပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ဦးကျော်သူဆီက အကူအညီတွေကအခုမှမဟုတ်ပါဘူး အရင်ကတည်းက ပရဟိတကိစ္စနာရေးကူညီမှုကိစ္စတော်တော်များများ ဦးကျော်သူကိုယ်တိုင်ကအကူအညီပေးထားတာတွေရှိနေပါတယ်။ဦးကျော်သူကိုကျေးဇူးတင်သလိုကမ္ဘောဇဘဏ်ကိုလဲအထူးကျေးဇူးတင်ပါတယ်။ပရဟိတလုပ်ငန်းတွေဟာဘယ်အစိုးရဖြစ်ဖြစ် တိမ်ကောပျောက်ကွယ်မသွားနိုင်ပါဘူး။ယခင်အစိုးရလက်ထက်က ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ရတာကြပ်တည်းပါတယ်။အခုအစိုးရလက်ထက်မှာတော့ပွင့်လင်းလာတာတွေ့ရပါတယ်။ပြည်သူအတွက်ကျွန်တော်တို့အသင်းအနေဖြင့် ဆက်လက်လုပ်ဆောင်သွားနေအုံးမှာပါ။”မိုးမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးကြည်အေး-ကပြောသည်။

 

အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှလှူဒါန်းထားသည့် ငွေကျပ်သိန်းငါးထောင်အား ပြည်နယ်နှင့်တိုင်းအလိုက် ထပ်ဆင့်အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ ကမ္ဘောဇဘဏ်မှတာဝန်ရှိသူများ၊နာရေးကူညီမှုအသင်း-ရန်ကုန်၊ကျော်သူပရဟိတကွန်ယက်အဖွဲ့ နှင့် ဖိတ်ကြားထားသည့် ပြည်၊ပေါင်းတလည်၊လက်ပံတန်း၊ထိုးဘုံ စသည့်မြို့နယ်များမှအသင်းအဖွဲ့များတက်ရောက်ခဲ့ပြီး အလှူငွေပေးအပ်ခြင်းများ နှင့် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကျေးဇူးတင်စကားပြောကြားခြင်းများပြုလုပ်ခဲ့ပြီး ယင်အခမ်းအနားအား ထိုနေ့ နံနက် ၁၁း၃၀ခန့်တွင်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)








Read More...

သံယောဇဉ်ချစ်သူ ဒိုင်နာကား လမ်းလယ်ရှိ အုတ်ခုံအားတိုက်၍ တိမ်းမှောက် အသက်အန္တရာယ်စိုးရိမ်စရာမရှိ

Leave a Comment



သံယောဇဉ်ချစ်သူ ဒိုင်နာကား လမ်းလယ်ရှိ အုတ်ခုံအားတိုက်၍ တိမ်းမှောက် အသက်အန္တရာယ်စိုးရိမ်စရာမရှိ

 

ပြည်၊ဇွန်၊၎

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲရပ်၊ရတနာမာန်အောင်လမ်းပေါက်ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မြို့သစ်အဝေးပြေးကားကြီးဝန်းဘက်မှ ပြည်မြိ့တွင်းဘက်မောင်းနှင်လာသည့် ဒိုင်နာ ၁၄-ပေ သံယောဇဉ်ချစ်သူ အမည်ရှိ အဖြူရောင် ဒိုင်နာကားတစ်စီးသည် ဗိုလ်ချုပ်လမ်းမကြီးလမ်းအလယ်ရှိ အုတ်ခုံအားဝင်ရောက်တိုက်မိ၍ တိမ်းမှောက်သွားခဲ့ကြောင်းသိရသည်။

 

“ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်သွားမှာ။အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး။ပွန်းပဲ့ဒဏ်ရာတော့အနည်းငယ်ရသွားတယ်။အမှုကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေကို ဆက်လက်တင်ပြသွားမှာဖြစ်ပြီး လက်ရှိကတော့ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိနေပါတယ်။”ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ သံယောဇဉ်ချစ်သူ အမည်ပါရှိသည့် ဒိုင်နာ အဖြူရောင် ယာဉ်အမှတ်-YGN-4L/….CANTER ၆-ဘီး မော်တော်ယာဉ်သည် ဇွန်-၄ ရက် နေ့လည် ၁း၃၀ အချိန်ခန့်ကတိမ်းမှောက်သွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ၏ ယာဘက်လက်မောင်းပွန်းဒဏ်ရာ(ပြင်ပလူနာ-မစိုးရိမ်ရ) ရရှိခဲ့ပြီး မော်တော်ယာဉ်၏ အရှေ့ဘန်ဘာတွန့်လိမ်ပျက်စီးခြင်း၊ယာရှေ့မီးကြီးကွဲခြင်း၊ယာနောက်ကြည့်မှန်ကွဲခြင်း၊ယာဘက်ခြမ်းဘေးဘော်ဒီပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါမော်တော်ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းနှင်သူ ပြည်မြို့၊အောင်ဆန်းပြည်သာယာရပ်ကွက်နေထိုင်သူ မော်တော်ယာဉ်မဆင်မခြင်မောင်းနှင်သည့် မြင့်အောင်(၃၅)နှစ်-ယာဉ်မောင်းလိုင်စင်မရှိ-သူအား ယာဉ်ထိန်း-ရဲအုပ်-အောင်မျိုးဦး မှ ပြည်မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် ယာဉ်(ပ)၃၉/၂၀၁၆၊ပြစ်မှုပုဒ်မ-၃၃၇ အရအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိနေပြီး ယင်းအမှုအား ပြည်မြို့မရဲစခန်း ဒုရဲအုပ် မြတ်သူစိုး မှ လက်ခံစစ်ဆေးဆောင်ရွက်၍ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 





Read More...

အရက်သေစာသောက်စားမှုးယစ်နေသူအား သွားရောက်တားမြစ်ခဲ့သည့် ရဲတပ်သားတစ်ဦးသေဆုံးခဲ့

Leave a Comment



အရက်သေစာသောက်စားမှုးယစ်နေသူအား သွားရောက်တားမြစ်ခဲ့သည့် ရဲတပ်သားတစ်ဦးသေဆုံးခဲ့

 

ပေါင်းတည်၊ဇွန်၊၎

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့ရှိ ပြည်-ရန်ကုန်လမ်းမကြီးပေါ်တွင် ဇွန်-၃ရက်နေ့ ည ၈-နာရီအချိန်ခန့်က အရက်သေစာသောက်စားပြီး မှုးယစ်ရမ်းကားနေသူအား ပေါင်းတည်မြို့မရဲစခန်းမှ ရဲတပ်သားနှင့် ၄င်းသူငယ်ချင်းတို့ နှစ်ဦးသွားရောက်တားမြစ်ရာ အချင်းများ၍ ရဲတပ်သားတစ်ဦး ထိုးသွင်းဒဏ်ရာများရရှိကာ ယင်းဒဏ်ရာများကြောင့်သေဆုံးသွားခဲ့ကြောင်းသိရသည်။

 

“မနေ့က ည ၈-နာရီလောက်ကဖြစ်သွားခဲ့တာပါ။လက်ရှိအခြေက သူတို့ကျူးလွန်တဲ့အတိုင်း အမှုဖြစ်စဉ်အတိုင်း အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး သက်ဆိုင်ရာဌာနတွေကိုဆက်လက်တင်ပြသွားမှာပါ။ကျူးလွန်တဲ့ပြစ်မှုပုဒ်မအတိုင်းပဲဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု ပေါင်းတည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ ပေါင်းတည်မြို့ ပြည်-ရန်ကုန်လမ်းမကြီး ဈေး ၂-ရပ်ကွက် ၁၁-လမ်းထိပ်တွင် အရက်သေစာမှုးယစ်သောက်စား၍ ပြည်-ရန်ကုန်ကားလမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလာသူများကို အော်ဟစ်ဆဲနေသူ ကောင်းကျော်ကျော်ထွန်းအား ပေါင်းတည်မြို့မရဲစခန်းမှ ရဲတပ်သား-စစ်နိုင် နှင့် သူငယ်ချင်း ၂-ဦးတို့သည် သွားရောက်တားမြစ်ရာမှ အချင်းစကားများ၍ ဟော်ဟစ်ဆဲဆိုနေသူ ကောင်းကျော်ကျော်ထွန်း၊ဖခင်ဖြစ်သူ ထွန်းသန်းဦး နှင့် ဦးလေးတော်စပ် ဇော်နိုင်ထွန်းတို့မှ ရဲတပ်သား-စစ်နိုင်နှင့် လုံးထွေးသတ်ပုတ်ကြရာ  ရဲတပ်သား-စစ်နိုင်ထွန်း၏ လည်ပင်တွင် ထိုးသွင်းဒဏ်ရာ၊ဘယ်ဘက်နို့အုံ နံကြား ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ယင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ သေဆုံးသွားသူ ပေါင်းတည်မြို့မရဲစခန်း ရဲတပ်သား-စစ်နိုင် ၏အမျိုးသမီးတွင် ကိုယ်ဝန် ၆-လဖြင့်ကျန်ရစ်ခဲ့ရပြီး ပြစ်မှုကျူးလွန်သူများကို သက်သေခံ နှင့်အတူတူဖမ်းဆီးရမိခဲ့ပြီး ပေါင်းတည်မြို့မရဲစခန်းမှ ပ-၃၅၃/၂၀၁၆၊ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၁၄၄ တို့ဖြင့် အရေးယူဆောင်ရွက်ထားလျှက်ရှိကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)




Read More...

Facebook Like Page