ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ
လှူဒါန်းငွေကျပ် သိန်းငါးထောင်အား ရန်ကုန်-နာ/ကူ ဥက္ကဌ ဦးကျော်သူမှ ထပ်ဆင့်ပြန်လည်ပေးအပ်လှူဒါန်းခြင်းပြုလုပ်ခဲ့
ပန်းတောင်း၊ဇွန်၊၎
ရန်ကုန်-နာရေးကူညီမှုအသင်း
ဥက္ကဌ ဦးကျော်သူ ဦးဆောင်တည်ထားသည့် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်အတွင်းရှိ
မဟာပဏီတ ပရဟိတအောင်တော်မှုစေတီတော်မြတ်ကြီးကုန်းမြင့်ထက်တွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း
မှ ရန်ကုန်-နာ/ကူအသင်းဥက္ကဌ ဦးကျော်သူဦးစီးသည့် ကျော်သူပရဟိတကွန်ယက်အဖွဲ့အား ကျပ်သိန်းငါးထောင်လှူဒါန်းထားသည့်အလှူငွေများထဲမှ
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ပရဟိတအဖွဲ့ခြောက်ဖွဲ့အား ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်စီ
ထပ်ဆင့်ပြန်လည်ပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား ဇွန်-၄ ရက်နေ့ နံနက်-၉နာရီအချိန်ခန့်မှာ
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထပ်ဆင့်အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ပြည်၊ပေါင်းတလည်၊ထုံးဘို၊လက်ပံတန်း စသည့်မြိ့နယ်များအတွင်းရှိ
နာရေးကူညီမှုလုပ်ငန်းများ နှင့် ပရဟိတဆောင်ရွက်နေသည့် အသင်းအဖွဲ့ခြောက်ဖွဲ့အား လက်လှမ်းမှီသ၍
ဖိတ်ကြား၍ ယခုလို ကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ထပ်ဆင့်ပြန်လည်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။
“ပရဟိတဆိုတာမြင့်မြတ်တဲ့အလုပ်ပါ။ဘယ်အစိုးရတက်တက်ပရဟိတဆိုတာရှိနေမှာပဲ။ဘယ်နိုင်ငံမဆိုပရဟိအသင်းအဖွဲ့တွေအများကြီးရှိနေပါတယ်။မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတာတွေခေါင်းပါးနေသ၍
တိုင်းပြည်ကပ်ဘေးရောက်နေအုံးမှာပဲ။လူတွေရဲ့စိတ်ဓာတ်တွေပြုပြင်ပြောင်းလဲဖို့အရေးကြီးတယ်။လက်ရှိလေဘေး၊မီးဘေး၊စစ်ဘေး၊လူမျိုးရေးပဋိက္ခဘေး
ဒါတွေကကပ်ဘေးတွေပဲ။အစိုးရကို ပုံချလို့မရဘူး။ကိုယ်တွေရဲ့စိတ်ဓာတ်တွေပြုပြင်ကြဖို့အရေးကြီးပါတယ်။အခုလိုလှူဒါန်းမှုနဲ့ပရဟိတအသင်းအဖွဲ့တွေတိုးမြှင့်လာအောင်
ကူညီပံ့ပိုပေးတဲ့ ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းနဲ့မိသားစုအားလုံးနဲ့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ကိုကျေးဇူးတင်တယ်။ရွှေကိုမလို
ရေကိုသာလိုတဲ့ကျေးရွာတွေမှာလဲ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း နဲ့လက်တွဲပြီးရေလှူတာတွေလုပ်ဆောင်နေတယ်။”ဟု
ရန်ကုန်-နာ/ကူအသင်း ဥက္ကဌ ဦးကျော်သူ-ကပြောသည်။
အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း
မှ ကျော်သူပရဟိတကွန်ယက်အဖွဲ့အား လှူဒါန်းထားသည့် ငွေကျပ်သိန်းငါးထောင်ထဲမှ ရန်ကုန်/နာကူအသင်းအတွက် ကျပ်သိန်းငါးရာ၊ပြည်တစ်ဘက်ကမ်းရှိ
မဟာပဏီတ ပရဟိတအောင်တော်မှုစေတီကြီး ဖြစ်မြောက်ရေးအတွက် ကျပ်သိန်းငါးရာ၊အနုပညာဆည်းဆာရိပ်အတွက်
ကျပ်သိန်း နှစ်ရာ၊ကျော်သူပရဟိတကွန်ယက်အဖွဲ့အတွက် ကျပ်သိန်းနှစ်ရာနှင့်ကျန်ရှိနေသည့်အသင်းအဖွဲ့ပေါင်း
၂၄-သင်းအတွက် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ထက်ဆင့်ပြန်လည်လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြည်သူ့ကူညီမှုကနေပြည်သူ့ကူညီမှုဆီသို့ဆိုသလို
ရရှိလာတဲ့ အလှူငွေတွေကို ပြည်သူတွေအတွက်ပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ဦးကျော်သူဆီက အကူအညီတွေကအခုမှမဟုတ်ပါဘူး
အရင်ကတည်းက ပရဟိတကိစ္စနာရေးကူညီမှုကိစ္စတော်တော်များများ ဦးကျော်သူကိုယ်တိုင်ကအကူအညီပေးထားတာတွေရှိနေပါတယ်။ဦးကျော်သူကိုကျေးဇူးတင်သလိုကမ္ဘောဇဘဏ်ကိုလဲအထူးကျေးဇူးတင်ပါတယ်။ပရဟိတလုပ်ငန်းတွေဟာဘယ်အစိုးရဖြစ်ဖြစ်
တိမ်ကောပျောက်ကွယ်မသွားနိုင်ပါဘူး။ယခင်အစိုးရလက်ထက်က ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ရတာကြပ်တည်းပါတယ်။အခုအစိုးရလက်ထက်မှာတော့ပွင့်လင်းလာတာတွေ့ရပါတယ်။ပြည်သူအတွက်ကျွန်တော်တို့အသင်းအနေဖြင့်
ဆက်လက်လုပ်ဆောင်သွားနေအုံးမှာပါ။”မိုးမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးကြည်အေး-ကပြောသည်။
အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှလှူဒါန်းထားသည့်
ငွေကျပ်သိန်းငါးထောင်အား ပြည်နယ်နှင့်တိုင်းအလိုက် ထပ်ဆင့်အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့
ကမ္ဘောဇဘဏ်မှတာဝန်ရှိသူများ၊နာရေးကူညီမှုအသင်း-ရန်ကုန်၊ကျော်သူပရဟိတကွန်ယက်အဖွဲ့ နှင့်
ဖိတ်ကြားထားသည့် ပြည်၊ပေါင်းတလည်၊လက်ပံတန်း၊ထိုးဘုံ စသည့်မြို့နယ်များမှအသင်းအဖွဲ့များတက်ရောက်ခဲ့ပြီး
အလှူငွေပေးအပ်ခြင်းများ နှင့် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကျေးဇူးတင်စကားပြောကြားခြင်းများပြုလုပ်ခဲ့ပြီး
ယင်အခမ်းအနားအား ထိုနေ့ နံနက် ၁၁း၃၀ခန့်တွင်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
0 comments:
Post a Comment