ပြည်မြို့သို့ မီးသတ်ကားသစ် ရောက်ရှိ
ဦးဇော်လွင်ဦး မိသားစု
ရွှေဇီးကွက်{နိုနို}မုန့်တိုက် ရန်ကုန်မြို့ မှလှူဒါန်းသည့် ကိုးသောင်းရပ်ကွက်/ခရမ်းကုန်း တပ်ခွဲ{၅}တပ်စု{၅၀} အတွက် မီးသတ်ကား ယနေ့ 2.1.2016 ရက်နေ့ ညနေ 3း40 အချိန် ပြည်မြို့သို့ရောက်ရှိခဲ့သည်။ 4.1.2016 ရက်နေ့တွင်အခမ်းအနားများဖြင့်ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းအပြည့်စုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
Saturday, January 2, 2016
ပြည်မြို့သို့ မီးသတ်ကားသစ် ရောက်ရှိ
အမှိုက်ကောက်ခြင်းလုပ်ငန်းများနက်ဖြန်ဆောင်ရွက်မည်
အမှိုက်ကောက်ခြင်းလုပ်ငန်းများနက်ဖြန်ဆောင်ရွက်မည်
သတင်းတို
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် မနက်ဖြန် ၃. ၁. ၂၀၁၆ နံနက် ၇း၀၀ အချိန်တွင်ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်၍ မိုးမေတ္တာပရဟိတအဖွဲ့ အရပ်ဘက်အဖွဲ့အစည်းများ သည်ပြည်မြို့ အထွေထွေဆေးရုံကြီး ဆေးရုံဝန်းအတွင်းတွင်အမှိုက်ကောက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
ဥသျှစ်ပင်မြို့တွင် ကတ္တရာလမ်းဖွင့်ပွဲကျင်းပပြုလုပ်
ဥသျှစ်ပင်မြို့တွင် ကတ္တရာလမ်းဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျစ်ပင်မြို့ တွင် ၂ - ၁ -၂၀၁၆ နေ့နံနက်၈း၀၀နာရီချိန်ခန့်က ရွှေကျွန်းတောလမ်း၊ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
အဆိုပါလမ်းအား (၆၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့်ပန်းတောင်းမြိုနယ်စည်ပင်သာယာရေးရံပုံငွေဖြင့်ဆောင်ရွက်ကြောင်းသိရှိရပါသည်။
အခမ်းအနားကိုပန်းတောင်းမြိုနယ်စည်ပင်သာယာရေးအဖွဲ့၊အမူ့ဆောင်အရာရှိဦးကျော်မိုးလွင်မှအဖွင့်အမှာစကားပြောကြားပြီးအလံများပေးအပ်ခြင်းပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍တိုင်းဒေသကြီး၊စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဦကျော်မြင့်၊မြို့နယ်အုပ်ချုပ်ရေးမူှးဦ၀င်းဇော်ထွေး၊စည်ပင်သာယာရေးကော်မီတီဥက္ကဌဦးတင်အေးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
ဖိုးအေး(ပန်းတောင်း)
Friday, January 1, 2016
နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီ ပညာရေးတိုက်ပွဲဝင် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများ လွှတ်ပေးရန် တောင်းဆို သတင်းတို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ၂.၁.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီချိန်ခန့်က ပြည်ခရိုင်အတွင်း ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအပါဝင် တစ်နိုင်ငံလုံးရှိ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများလွှပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်) နှင့် ပြည်သူ့အထောက်အကူပြုကွန်ရက်(ပြည်)တို့မှ နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီ ပညာရေးတိုက်ပွဲဝင် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများ လွှတ်ပေးရန် တောင်ဆိုခဲ့ကြောင်းသိရသည်။ သတင်းအပြည့်စုံဆက်လက်ဖော်ပြပါမည်။ ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019
နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီ ပညာရေးတိုက်ပွဲဝင် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများ လွှတ်ပေးရန် တောင်းဆို
သတင်းတို
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ၂.၁.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီချိန်ခန့်က ပြည်ခရိုင်အတွင်း ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအပါဝင် တစ်နိုင်ငံလုံးရှိ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများလွှပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်) နှင့် ပြည်သူ့အထောက်အကူပြုကွန်ရက်(ပြည်)တို့မှ နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီ ပညာရေးတိုက်ပွဲဝင် ကျောင်းသားများ နှင့် ၀န်းရံပြည်သူများ လွှတ်ပေးရန် တောင်ဆိုခဲ့ကြောင်းသိရသည်။
သတင်းအပြည့်စုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019




