Tuesday, December 29, 2015

ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

Leave a Comment




ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

ပြည် ဒီဇင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မင်္ဂလာဂါးဒန်း ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ၂၉ ရက်နေ့ နံနက် ၉-နာရီ ချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မှုလအခွင့်အရေးအရေးများ မြှင့်တင်နိုင်ရန် နှင့် ကာကွယ်ရန်တို့အတွက်  ၂၄.၉.၂၀၁၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူ့အခွင့်အရေးဆိုင်ရာအသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးအား MNHRC မှ သင်တန်းပို့ချ ဟောပြောခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊NGO အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“၀န်ကြီးဌာနတွေ နဲ့ သက်ဆိုင်ရာဌနတွေအပါဝင် ပြည်သူတွေအထိ ဟောပြောပွဲပေါင်း ၅၈-ခုဟောပြောပြီးပါပြီ။ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက လူ့အခွင့်အရေးသိတာ ပြည်သူလောက်ထိတွေ့မှုမရှိတော့ သိပ်မသိကြဘူး။ပြည်သူမှာအခြေခံလေးတွေသိထားကြတယ်။ထိုင်းနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ အကူညီတောင်းခံထားပါတယ်။ လူသားတိုင်းအသက်ရှင်သန်ခွင့်ရှိရမယ်။တန်းတူညီမျှခွင့်ရှိရမယ်။ ထိုင်းလူမျိုးအကျဉ်းသားတွေရရှိတဲ့အခွင့်အရေးကို မြန်မာနိုင်ငံသား နှစ်ယောက်လဲအပြည့်အ၀ရရှိစေဖို့လိုတယ်။ အဲဒိအခွင့်အရေးရရှိရင် သေဒဏ်ကလွတ်ရင်လွတ် မလွတ်ရင်တောင်မှ လျော့ပေါ့သွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် ကပြောသည်။



၎င်းဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် မှလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ဦးဆောင်ဆွေးနွေးဟောပြော သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသူများမှလဲ အပြန်အလန်ဆွေးနွေးမှုများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“အရင်းက CSOတွေခုလိုအောက်ခြေအထိ ပြည်သူနဲ့ထိတွေ့ပြီး ခုလိုပညာပေးအစီစဉ်တွေမလုပ်ဆောင်ခဲ့ဘူး။အခုလုပ်ဆောင်လာပြီဆိုတောါ အရမ်းဝမ်းသာကြိုဆိုပါတယ်။ဒီပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် လူအခွင့်အရေးအပြည့်အ၀ရတဲ့အတွက် အင်မတန်ကောင်းမွန်တဲ့ပွဲပါ။ တစ်ချို့က လူ့အခွင့်အရေးကာကွယ်တာတွေလုပ်နေပြီး လူ့အခွင့်အရေးတွေကိုယ်တိုင်ချိုးဖောက်တာတွေလဲရှိနေတယ်။ဒီလိုပွဲတွေများများလုပ်လေကောင်းလေပဲ။ ကိုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးကိ ကိုယ်ကိုယ်တိုင်သိမှ ကိုယ့်အခွင့်အရေးတွေသေချာ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။” ပြည်မြို့ ဂရုဏာလက်များကွန်ယက် အတွင်းရေးမှူး ကိုပုည ကပြောသည်။




အဆိုပါ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး၏ အနှစ်သာရငါးချက်ဖြစ်သည့် ဂုဏ်သိက္ခာ၊လွတ်လပ်ခြင်း၊ခွဲခြားမှုမရှိခြင်း၊တန်းတူညီမျှခြင်း၊တစ်ပါးသူ၏ အခွင့်အရေးကိုလေးစားခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှတာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

၎င်းဆွေးနွေးပွဲအား ပြည်မြို့နယ်အတွင်းရှိ ဂရုဏာလက်များကွန်ယက်၊ရတနာ့မာန် ပညာဒါနကျောင်း၊မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ဒေသခံသတင်းထောက်များ၊အမျိုးသမီးရေးရာအဖွဲ့၊တယ်လီနောလိုင်း ဟော့ကာပညာရှင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊မိခင် နှင့် ကလေးစောင့်ရှောက်ရေး၊စစ်မှုထမ်းဟောင်းများအဖွဲ့၊ကွန်ပျူတာပညာရှင်များ၊HRDP(လူ့အခွင့်အရေး)အဖွဲ့ များတ စုစုပေါင်း အင်အား ၄၀-ကျော်တက်ရောက်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲအား ညနေ ၄-နာရီထိ တစ်ရက်သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

K3(pyay)
Read More...

Monday, December 28, 2015

လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့် တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment


သတင်းတို ပြည် ဒီဇင်ဘာ ၂၉ ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မင်္ဂလာဂါးဒန်း
ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်
တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၉ ရက်
နေ့ နံနက် ၉း၀၀အချိန်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်
းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ

Read More...

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

Leave a Comment



ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

 

ပြည် ဒီဇင်ဘာ ၂၇

 

 

ဗြိတိန်နိုင်ငံသား နှစ်ဦး လိပ်ကျွန်းတွင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး သံသယတရားခံ မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှုအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊ပြည်မြို့ဒေသခံများစုပေါင်း၍ ထိုင်းတရားရုံးမှ မြန်မာလုပ်သား ၂ ဦးအားသေမိန့်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မှ ပြန်လည်လွှတ်မြောက်စေရန် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ၊မြန်မာနိုင်ငံသား နှစ်ဦး၏ပုံစံတူ ပါဖောမန့်(သရုပ်ဆောင်ခြင်း) များ နှင့် ဆန္ဒပြသူများအား ကြိုဆို ဂုဏ်ပြု ထောက်ခံ အားပေးသည့် ရှမ်းအိုးစည်များ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ထူးခြားစွာပါဝင် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တစ်ခြားနိုင်ငံသားတွေတောင်ကျွန်တော်တို့နိုင်ငံမှာ ရာဇ၀တ်မှုဖြစ်တာကို (၈)ရက်လောက်နဲ့ လွှတ်ပေးတာမျိုးရှိသေးတာပဲ။ အခုကျွန်တော်တို့နိုင်ငံသားတွေ အခုလိုတိုင်းတစ်ပါးမှာခံရတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေအခြားတိုင်းတစ်ပါးကိုသွားရင်ခေါင်းငုံ့ခံရတော့မှာပဲ။ ဒါကြောင့်ဒီကိစ္စကိုအမျိုးသားရေးကိုရှေ့တန်းတင်ပြီး အခုလိုဆန္ဒထုတ်ဖော်ရတာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။”ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်ကပြောသည်။

 

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊အရပ်ဖက်အဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်ပြည်မြို့ဒေသခံပြည်သူများမှ အုပ်စုလိုက် မိမိတို့သတ်မှတ်ရာနေရာတွေမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်မှစတင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ကလဲ ပြည်မြို့အတွင်းရှိဒေသခံလူငယ်တွေ စုပေါင်းကာ ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်တွင် ဆုတောင်းပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တရုတ်နိုင်ငံသားတွေကိုတောင်(၈)ရက်နဲ့ပြန်လွှတ်ပေးနိုင်သေးတာ။ အခုထိုင်းမှာရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ခလေးတွေကိစ္စက တိုင်းပြည်ခေါင်းဆောင်တွေအားလုံးမှာ လုံးဝတာဝန်ရှိပါတယ်။ သမ္မတအချင်းချင်း ဒါမှမဟုတ် ကာချုပ်အချင်းချင်း စာတင်တာမျိုးတွေလုပ်ပြီး တောင်းဆိုပေးဖို့ပြောချင်ပါတယ်။”ဟု လူ့အခွင့်အရေးအဖွဲ့ ကိုဇော်ထွန်း ကပြောသည်။

 

ယင်းဆန္ဒထုတ်ဖော်ကြသူများ နျင့် မြန်မာတစ်နိုင်ငံလုံးရှိ လိပ်ကျွန်းလူသတ်မှုကြောင့် သံသယဖြင့် ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးအား ထိုအမှုမှလွှတ်မြောက်စေရန် ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများအားလုံးကို ထူးခြားစွာ ပြည်ဒေသခံလူငယ်များစုပေါင်း၍ ရှမ်းအိုးစည်များတီးခတ်ဖျော်ဖြေကာ အားပေး ထောက်ခံကြိုဆိုဝန်းရံခဲ့ကြသည်။

 

“ဟိုးရှေးပဝေသနီကထဲက ထိုင်းနိုင်ငံနဲ့ ဆက်ဆံလာခဲ့တာ။ အခုဟာကလဲ သံသယတရားခံ အနေနဲ့ပဲရှိတာကို အခုလိုသေဒဏ်ချလိုက်တာဟာ ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကာကွယ်မပေးနိုင်တာ ကိုပြောချင်ပါတယ်။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။သက်ဆိုင်ရာခေါင်းဆောင်အချင်းချင်း ညှိနိုင်းဆောင်ရွတ်ဖို့လိုနေပြီ။နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာရင်မကောင်းဘူး။”ဟု ပြည်သူ့အကျိုးဆောင်ကွန်ယက် မှ ကိုဇော်ဦးကပြောသည်။

 

၎င်းဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည့် မိုးမေတ္တာနာရေးကူညီမှုအသင်း၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုရန်စာအား ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ခွင့်ပြုစာတင်ပြခဲ့ရာ ထိုနေ့ညမှာပင် ခွင့်ပြုကြောင်းစာ ပြန်လည်ကျရောက်ခဲ့ကြောင်းသိရသည်။ ၄င်းဆန္ဒပြပွဲကို ပြည်မြို့နယ်လုံးကျွတ်ခန့်ပါဝင်ခဲ့ကြောင်းသိရပြီး ပြည်မြို့ ဗိုလ်ချုက်ကျောက်ရုပ်တွင် နံနက် ၁၁ နာရီ ဆန္ဒဖော်ထုတ်သည့်အဖွဲ့များစုပေါင်းကာ နိုင်ငံတော်သီချင်ဆိုခဲ့ကြကြောင်းသိရသည်။

 

K3(pyay)


Read More...

Saturday, December 26, 2015

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

Leave a Comment

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

ပြည် ဒီဇင်ဘာ ၂၇

ဗြိတိန်နိုင်ငံသား နှစ်ဦး လိပ်ကျွန်းတွင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး သံသယတရားခံ မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှုအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊ပြည်မြို့ဒေသခံများစုပေါင်း၍ ထိုင်းတရားရုံးမှ မြန်မာလုပ်သား ၂ ဦးအားသေမိန့်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မှ ပြန်လည်လွှတ်မြောက်စေရန် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ၊မြန်မာနိုင်ငံသား နှစ်ဦး၏ပုံစံတူ ပါဖောမန့်(သရုပ်ဆောင်ခြင်း) များ နှင့် ဆန္ဒပြသူများအား ကြိုဆို ဂုဏ်ပြု ထောက်ခံ အားပေးသည့် ရှမ်းအိုးစည်များ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ထူးခြားစွာပါဝင် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖော်ပြပေးပါမည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


Read More...

မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး သွေးနဲ့ရေးပြီး ဆန္ဒပြ

Leave a Comment

မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး သွေးနဲ့ရေးပြီး ဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦးကို တရားခံတွေအဖြစ်စွပ်စွဲပြီး သေဒဏ်ချမှတ်လိုက်မှုဟာ တရားမျှ တမှုမရှိဘူးလို့ ယုံကြည်နေတဲ့ မြန်မာအမျိုးသမီးငယ်တယောက်ဟာ သူမလက်ရဲ့သွေးကိုဖောက်ပြီး အသနားခံစာရေးကာ ထိုင်းဘုရင်ကြီးထံ အသနားခံတောင်းဆိုလိုက်ပါတယ်။

ဧရာဝတီသတင်း
သတင်း - ကျော်ခ၊ ဓာတ်ပုံ၊ ဝေဆိုင်း

မှကူးယူဖော်ပြသည်။
ပြည်သတင်းလူငယ်


Read More...

Facebook Like Page