Monday, December 28, 2015

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

Leave a Comment



ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

 

ပြည် ဒီဇင်ဘာ ၂၇

 

 

ဗြိတိန်နိုင်ငံသား နှစ်ဦး လိပ်ကျွန်းတွင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး သံသယတရားခံ မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှုအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊ပြည်မြို့ဒေသခံများစုပေါင်း၍ ထိုင်းတရားရုံးမှ မြန်မာလုပ်သား ၂ ဦးအားသေမိန့်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မှ ပြန်လည်လွှတ်မြောက်စေရန် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ၊မြန်မာနိုင်ငံသား နှစ်ဦး၏ပုံစံတူ ပါဖောမန့်(သရုပ်ဆောင်ခြင်း) များ နှင့် ဆန္ဒပြသူများအား ကြိုဆို ဂုဏ်ပြု ထောက်ခံ အားပေးသည့် ရှမ်းအိုးစည်များ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ထူးခြားစွာပါဝင် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တစ်ခြားနိုင်ငံသားတွေတောင်ကျွန်တော်တို့နိုင်ငံမှာ ရာဇ၀တ်မှုဖြစ်တာကို (၈)ရက်လောက်နဲ့ လွှတ်ပေးတာမျိုးရှိသေးတာပဲ။ အခုကျွန်တော်တို့နိုင်ငံသားတွေ အခုလိုတိုင်းတစ်ပါးမှာခံရတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေအခြားတိုင်းတစ်ပါးကိုသွားရင်ခေါင်းငုံ့ခံရတော့မှာပဲ။ ဒါကြောင့်ဒီကိစ္စကိုအမျိုးသားရေးကိုရှေ့တန်းတင်ပြီး အခုလိုဆန္ဒထုတ်ဖော်ရတာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။”ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်ကပြောသည်။

 

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊အရပ်ဖက်အဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်ပြည်မြို့ဒေသခံပြည်သူများမှ အုပ်စုလိုက် မိမိတို့သတ်မှတ်ရာနေရာတွေမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်မှစတင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ကလဲ ပြည်မြို့အတွင်းရှိဒေသခံလူငယ်တွေ စုပေါင်းကာ ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်တွင် ဆုတောင်းပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တရုတ်နိုင်ငံသားတွေကိုတောင်(၈)ရက်နဲ့ပြန်လွှတ်ပေးနိုင်သေးတာ။ အခုထိုင်းမှာရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ခလေးတွေကိစ္စက တိုင်းပြည်ခေါင်းဆောင်တွေအားလုံးမှာ လုံးဝတာဝန်ရှိပါတယ်။ သမ္မတအချင်းချင်း ဒါမှမဟုတ် ကာချုပ်အချင်းချင်း စာတင်တာမျိုးတွေလုပ်ပြီး တောင်းဆိုပေးဖို့ပြောချင်ပါတယ်။”ဟု လူ့အခွင့်အရေးအဖွဲ့ ကိုဇော်ထွန်း ကပြောသည်။

 

ယင်းဆန္ဒထုတ်ဖော်ကြသူများ နျင့် မြန်မာတစ်နိုင်ငံလုံးရှိ လိပ်ကျွန်းလူသတ်မှုကြောင့် သံသယဖြင့် ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးအား ထိုအမှုမှလွှတ်မြောက်စေရန် ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများအားလုံးကို ထူးခြားစွာ ပြည်ဒေသခံလူငယ်များစုပေါင်း၍ ရှမ်းအိုးစည်များတီးခတ်ဖျော်ဖြေကာ အားပေး ထောက်ခံကြိုဆိုဝန်းရံခဲ့ကြသည်။

 

“ဟိုးရှေးပဝေသနီကထဲက ထိုင်းနိုင်ငံနဲ့ ဆက်ဆံလာခဲ့တာ။ အခုဟာကလဲ သံသယတရားခံ အနေနဲ့ပဲရှိတာကို အခုလိုသေဒဏ်ချလိုက်တာဟာ ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကာကွယ်မပေးနိုင်တာ ကိုပြောချင်ပါတယ်။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။သက်ဆိုင်ရာခေါင်းဆောင်အချင်းချင်း ညှိနိုင်းဆောင်ရွတ်ဖို့လိုနေပြီ။နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာရင်မကောင်းဘူး။”ဟု ပြည်သူ့အကျိုးဆောင်ကွန်ယက် မှ ကိုဇော်ဦးကပြောသည်။

 

၎င်းဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည့် မိုးမေတ္တာနာရေးကူညီမှုအသင်း၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုရန်စာအား ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ခွင့်ပြုစာတင်ပြခဲ့ရာ ထိုနေ့ညမှာပင် ခွင့်ပြုကြောင်းစာ ပြန်လည်ကျရောက်ခဲ့ကြောင်းသိရသည်။ ၄င်းဆန္ဒပြပွဲကို ပြည်မြို့နယ်လုံးကျွတ်ခန့်ပါဝင်ခဲ့ကြောင်းသိရပြီး ပြည်မြို့ ဗိုလ်ချုက်ကျောက်ရုပ်တွင် နံနက် ၁၁ နာရီ ဆန္ဒဖော်ထုတ်သည့်အဖွဲ့များစုပေါင်းကာ နိုင်ငံတော်သီချင်ဆိုခဲ့ကြကြောင်းသိရသည်။

 

K3(pyay)


0 comments:

Post a Comment

Facebook Like Page