Sunday, September 6, 2015

လက်ပစ်ဗုံးပုံစံ ဂတ်စ်မီးခြစ်ကြောင့် ရပ်ကွက်နေပြည်သူအချို့အထိတ်တလန့်ဖြစ်ခဲ့

Leave a Comment
လက်ပစ်ဗုံးပုံစံ ဂတ်စ်မီးခြစ်ကြောင့် ရပ်ကွက်နေပြည်သူအချို့အထိတ်တလန့်ဖြစ်ခဲ့
By
ဇော်မင်းထိုက်
7Day Daily

လက်ပစ်ဗုံးပုံစံ ဂက်စ်မီး ခြစ်တစ်လုံးကြောင့် ပြည်မြို့ ဆင် စုနယ်မြေ မီးချောင်းရဲရပ်ကွက် နေပြည်သူအချို့ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂ ရက် ည ၇ နာရီခန့်က မီးချောင်းရဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လက်ပစ်ဗုံးပုံစံဂက်စ်မီးခြစ်တစ်လုံးကို ကလေး များထံ၌ တွေ့ရသဖြင့် ကြောက် လန့်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ ဖုန်းဆက်အကြောင်းကြားခဲ့ ခြင်း ဖြစ်သည်။

‘‘လက်ပစ်ဗုံးကို မြင်ကြသူ တွေ အားလုံးထိတ်လန့်သွားကြ တယ်။ ဆယ်အိမ်မှူးက ကျွန်တော့်ဆီယူလာတယ်။ ရဲစခန်းကို အ ကြောင်းကြားပြီး ရဲလက်ထဲအပ် လိုက်တယ်။ ရဲတပ်ဖွဲ့ကနေ အင် ဂျင်နီယာတပ်ကိုအကြောင်းကြား ပြီး စစ်ဆေးကြည့်တဲ့အခါ လက် ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ် ဖြစ်နေ တယ်’’ဟု ဆင်စုနယ်မြေအုပ်ချုပ် ရေးမှူးက ပြောသည်။

အဆိုပါလက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်ကို မီးချောင်းရဲရပ်ကွက်နေ မောင်မျိုးအောင်က အလုပ်မှပြန် လာစဉ် လမ်းခုလတ်တွင် တွေ့ရှိ ၍ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး နေ အိမ်သို့ယူလာခဲ့ရာမှ ဗုံးဟု ထင်မှတ်ကာ ကြောက်လန့်ခဲ့ကြ ခြင်း ဖြစ်ကြောင်း မီးချောင်းရဲရပ် ကွက်နေ ဒေသခံတစ်ဦးက ပြော ကြားသည်။

‘‘သတ္တုနဲ့လုပ်ထားတော့ တ ကယ့်လက်ပစ်ဗုံးလို့ ထင်မှတ်မှား စေပြီး ထိတ်လန့်စေတယ်။ ဗုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိ တော့ အင်ဂျင်နီယာတပ်ကို အ ကြောင်းကြားတယ်။ လာရောက် စစ်ဆေးပြီး ယူသွားကြပြီ’’ဟု ပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

 အဆိုပါ  လက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်သည် နာနတ်သီးပုံ သဏ္ဌာန်ဖြစ်ပြီး စနက်တံ၊ လက် ပစ်ဗုံးချိတ်ဆွဲကိုင်းနှင့် လက်ပစ်ဗုံး အစစ်သဏ္ဌာန်ရှိနေခြင်းကြောင့် ပြည်သူလူထုအဖို့ ထင်မှတ်မှား ကာ ထိတ်လန့်စေနိုင်သဖြင့် ပြု လုပ်ရောင်းချခြင်းမျိုး မပြုလုပ် သင့်ကြောင်း ရဲအရာရှိတစ်ဦးက ဝေဖန်ပြောကြားသည်။
လက်ပစ်ဗုံးပုံ ဂတ်မီးချစ်ကို တာဝန်ရှိသူတစ်ဦးကပြသနေစဉ်(ဓါတ်ပုံ ဇော်မင်းထိုက်)
Read More...

ပြည်မြို့တွင် ရထားကြိတ်၍သေဆုံးသူ မြင့်တက်

Leave a Comment
ပြည်မြို့တွင် ရထားကြိတ်၍သေဆုံးသူ မြင့်တက်
By
ဇော်မင်းထိုက်
7DayDaily

 ပြည်မြို့တွင် အရက်သေ စာသောက်စား၍ ရထားလမ်းပေါ် မဆင်မခြင်သွားလာမှုများကြောင့် ရထားကြိတ်သေဆုံးသူ အရေ အတွက်မှာ ယမန်နှစ်နှင့်နှိုင်းယှဉ် ပါက မြင့်တက်လာကြောင်း ပြည် ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နှစ်က ရထားကြိတ် တာ သုံးမှုပဲရှိခဲ့တယ်။ အခုနှစ်က မကုန်သေးဘူး။ အမှုငါးခုနဲ့ ငါးဦး သေဆုံးနေတယ်။ နှိုင်းယှဉ်ကြည့် ရင် ရထားကြိတ်သေဆုံးမှုမြင့် တက်လာတယ်လို့ ပြောလို့ရပါ တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ရထား ကြိတ်ခံရခြင်းကြောင့် ဧပြီ ၁၁ ရက်တွင် အမျိုးသားတစ်ဦး၊ မေလ၄ ရက်တွင် အမျိုးသားတစ်ဦး၊ ဇွန်လ ၂၉ ရက်တွင် အမျိုးသား တစ်ဦး၊ ဇူလိုင် ၉ ရက်တွင် အမျိုး သားတစ်ဦးနှင့် စက်တင်ဘာ ၃ ရက်တွင် အမျိုးသားတစ်ဦး စုစု ပေါင်းငါးဦးသေဆုံးခဲ့သည်။

ပြည်မြို့ ရွှေတံခါးရပ်ကွက်နှင့် ခေတ္တရာမြို့သစ်ရပ်ကွက်တို့တွင် အဖြစ်များကြောင်းသိရသည်။

‘‘ရထားကြိတ်သေသူတွေ ဟာ အရက်မူးလွန်ပြီး ရထားလမ်း ပေါ်အိပ်ပျော်နေကြသူတွေလို့ နယ်မြေပိုင်ရဲစခန်းတွေရဲ့ မှတ် တမ်းတွေအရ သိရတယ်။ ရထား လမ်းပေါ်သွားပြီး မဆင်မခြင်နေ တာတွေ များလာတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာတွေမှာ သောက်စားမူးယစ်သွားလာခြင်းတွေ ဆင်ခြင်သင့်တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
Read More...

နဝဒေးတံတားထိပ်တွင် ယာဉ်တန်ချိန် ကတ္တားပေါ်မှ ဆီဘောက်ဆာကားတစ်စီးချော်ကျ

Leave a Comment
နဝဒေးတံတားထိပ်တွင် ယာဉ်တန်ချိန် ကတ္တားပေါ်မှ ဆီဘောက်ဆာကားတစ်စီးချော်ကျ
By
ဇော်မင်းထိုက်
7Day Daily

 ပြည်မြို့ နဝဒေးတံတား ကြီးအရှေ့ဘက်ထိပ်ရှိ နေလ သစ္စာကုမ္ပဏီ၏လမ်း၊ တံတား ကြေးကောက်ခံသော ယာဉ်တန် ချိန်ကတ္တားပေါ်မှ ဆီဘောက်ဆာ ကားတစ်စီးချော်ကျတိမ်းစောင်း သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆီဘောက်ဆာကား သည် စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က ယာဉ်တန်ချိန်ရန် ကတ္တားပေါ်သို့ မောင်းတက်စဉ် ချော်ကျခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် လူများထိခိုက်ဒဏ်ရာမရရှိခဲ့ သော်လည်း ယာဉ်မောင်းသည်အရက်သေစာသောက်စားထား ၍ ကတ္တား၏ဘယ်ဘက် ဘေးသို့ အရှိန်မထိန်းနိုင်ဘဲ ချော်ကျတိမ်း စောင်းခဲ့သောကြောင့် ယာဉ်မောင်းကို  ယာဉ်မဆင်မခြင်မောင်း နှင်မှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားသည်။

‘‘ကားထဲ ဓာတ်ဆီပါတယ်။ ယာဉ်မောင်းက မူးနေတယ်။ အရှိန်ပြင်းပြင်းနဲ့ချော်ကျတာမဟုတ်တဲ့ အတွက် အန္တရာယ်ကင်းသွား တယ်’’ဟု ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောသည်။

အရက်သေစာသောက်စား ၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရန်ကုန်မြို့နေ ဦးတင်အေးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Read More...

ကာတွန်း ကာဠုပြည်

Leave a Comment
ကာတွန်း ကာဠုပြည်


Read More...

ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်

Leave a Comment
`` ရွှေမင်းသမီး စိန်ရွှေရတနာဆိုင် ´´

ရွှေမင်းသမီး ချစ်သူ Customer များသို့ ( 24-6-2015 ) ရက်နေ့မှစ၍ Promotion Card များပေးထားရာ ( 7-9-2015 ) ရက်နေ့သည် Promotion ကာလ နောက်ဆုံးနေ့ဖြစ်သဖြင့်  Card ထဲရှိ ဆုကြေးငွေများနှုတ်ပေးခြင်း ၊ တန်ဘိုးရှိ လက်ဆောင်ပစ္စည်းများ ဗလာမပါ ကံစမ်းမဲ ဖောက်ပေးခြင်း များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် Promotion Card ရှိသူများမပျက်မကွက်ကြွရောက်၍ ဆုကြေးငွေများအားတန်ဘိုးရှိရှိ အသုံးပြုနိုင်ပါရန် လေးစားစွာအကြောင်းကြားနှိုးဆော်အပ်ပါသည်။
နေရာ။ ရွှေမင်းသမီး
         စိန်ရွှေရတနာဆိုင် ၊
         လမ်းမတော်လမ်း  ၊
         ပြည်မြို့ ။
         ph:053-27822
         ရွှေမင်းသမီး
         စိန်ရွှေရတနာဆိုင်ခွဲ(
         ၁ ) အခန်း(၁၁/၁၂ )
         ဈေးကြီးအရှေ့ ၊
         ရွှေဘုန်းပွင့်ဘုရား
         တိုက်ခန်း ၊ ပြည်မြို့ ။
         Ph:053-25030
နေ့ရက် ။ ( 7-9-2015 )
အချိန်  ။  မနက် 8:00   မှ
            ည 8:00 အထိ

ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ပါ​ကြောင်း အ ထူးသတင်း​ကောင်းပါးလိုက်​ပါတယ်​။




Read More...

Facebook Like Page