Showing posts with label ပြည်​ခရိုင်​သတင်း. Show all posts
Showing posts with label ပြည်​ခရိုင်​သတင်း. Show all posts

Saturday, September 12, 2015

One Stop Shop ပြည်သူ့ဝန်ဆောင်မှုရုံးများ ပြည်သူလိုအပ်ချက်ရှိပါကထပ်မံတိုးချဲ့သွားမည်ဟုဆို

Leave a Comment
One Stop Shop ပြည်သူ့ဝန်ဆောင်မှုရုံးများ ပြည်သူလိုအပ်ချက်ရှိပါကထပ်မံတိုးချဲ့သွားမည်ဟုဆို



ပြည် စက်တင်ဘာ ၇



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(0ne Stop Shop) အား ဌာန ၁၀-ခုဖြင့်ဖွဲ့စည်း၍ ပြည်သူတို့၏ တိုင်စာများအပြင် သက်ဆိုင်ရာအခြားကိစ္စဆောင်ရွက်ပေးမှုများအချိန်တိုအတွင်လျှင်မြန်စွာဆောင်ရွက်စေနိုင်ရန်အတွင် နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်ဖြင့် ပြည်မြို့ ပန်းဘဲတန်းလမ်းနှင့်ရွှေလက်လှလမ်းထောင့် ယခင် မြို့နယ်ထွေ/အုပ်ရုံးဟောင်းနေရာတွင် ဖွင့်လှစ်ထာခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်သူဝန်ဆောင်ရုံး(0ne Stop Shop) အား သြဂုတ် ၂၄-ရက်နေ့ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများတက်ရောက်၍အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်တင်-၇ရက်နေ့နံနက်ထိ ပြည်သူအမှုတွဲ ၃၈-ခုနှင့်ထောက်ခံချက်များပြုလာရောက်ပြုခဲ့ကြောင်းသိရသည်။အဆိုပါရုံးနှင့်ပတ်သက်၍ ပြည်ခရိုင်ဒေသခံ ဦးမောင်ဇော်က…



“ရုံးဖွင့်ထားတယ်ဆိုတာမသိပါဘူး။ပြည်သူတွေလိုအပ်ချက်ကိုအချိန်တိုတွင်းထိရောက်စွာဆောင်ရွက်ပေးသွားမယ်ဆိုရင်တော့ ကြိုဆိုလက်ခံပါတယ်။ပြည်သူတွေမှာ အခက်ခဲပေါင်းများစွာရှိတယ်။ဒါတွေကိုတိတိကျကျသေသေချာချာဆောင်ရွက်ပေးမယ်ဆိုရင်တော့ နိုင်ငံရဲ့တိုးတက်မှုတစ်စိတ်တစ်ဒေသဖြစ်တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ခါတိုင်းရုံးတွေမှာ အမှုဖွင့် တိုင်ကြားစာပေးပို့ မှတ်ပုံတင်လုပ် ဒါမျိုးတွေမျာအရမ်းအချိန်ကြန့်ကြာခဲ့ပါတယ်။ ဟိုနေရာပြေးရဒီနေရာပြေးရဆိုတော့ ပိုဆိုးတာပေါ့။အခုတစ်နေရာထဲမှာအကုန်ရှိတယ်ဆိုတော့ ၀မ်းသာစရာပါပဲ ”ဟု၎င်းကဆိုသည်။



အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံး(0ne Stop Shop) များအား မြန်မာနိုင်ငံအတွင်း ခရိုင်ဆိုက်သည့် မြို့နယ်များတွင်ယခုလိုဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖွင့်ပြီးသောမြို့နယ်များရှိသလို ဖွင့်လှစ်ရန်ကျန်ရှိနေသောမြို့နယ်များလည်းရှိနေကြောင်းသိရသည်။ထိုကိစ္စများနှင့်ပတ်သက်၍ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်မှ…



“ရပ်ကျေးရုံးတွေကို စာတွေဖြန့်ထားပါတယ်။ဒေသခံပြည်သူတွေဆီကို ပန်းဖလက်တွေဝေငှပေးထားပြီးပါပြီ။အခက်ခဲဘာမှမရှိပါဘူး။မြို့နယ်ကနေ ခရိုင် တိုင်း တစ်နိုင်ငံလုံးအထိပြည်သူတွေသိအောင် အဆင်ပြေအောင်ကြိုးစားဆောင်ရွက်နေပါတယ်။တိုင်စာတွေလည်လက်ခံပေးပါတယ်။လက်ရှိအချိန်အရကတော့ ပေါ့ပေါ့ပါးပါးလုပ်ကိုင်နေကြရလို့ ဘားချက်ဆိုတာတော့မရှိပါဘူး။အားလုံးခရိုင်ကပဲလုပ်နေပါတယ်။ ”ဟု၎င်းကဆိုသည်။



ယခင်က အဆိုပါရုံးတွင် ဌာန ၇-ခုပါဝင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်သူ့လိုအပ်ချက်များကြောင့် ယခုအခါတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ပြည်တွင်းအခွန်များဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊မြို့နယ်မီးသတ်ဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာန စုစုပေါင်း ဌာန ၁၀-ခုပါဝင်ဖွဲ့စည်းဖွင့်လှစ်ခဲ့ပြီး လက်ရှိ မြို့နယ်ထွေ/အုပ်၊လယ်ယာစီမံနှင့်လ.၀.က ဌာနတွေမှာ ပြည်သူလာရောက်ဆွေးနွေးညှိနိုင်းတိုင်ကြားခြင်းအများဆုံးရှိသည်ဟုသိရပြီး ကျန်ရှိသည့်ဌာနများကိုလည်း ပြည်သူတွေတစ်ကယ်လိုအပ်ပါက တိုးချဲ့၍ဖွဲစည်းသွားမည်ဖြစ်ကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေး ​နေ့စဉ်​သတင်းစာ


Read More...

Monday, September 7, 2015

ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ သစ်အစားထိုး သံဖြင့်ပြုလုပ်ထားသည့်အိမ်သာများသွားရောက်လှူဒါန်း

Leave a Comment
ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ သစ်အစားထိုး သံဖြင့်ပြုလုပ်ထားသည့်အိမ်သာများသွားရောက်လှူဒါန်း



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ရွှေတောင်မြို့၊ပန်းတောင်းမြို့နှင့်ပြည်မြို့နယ်အတွင်း မိုးမေတ္တာနာရေကူညီမှုအသင်း(ပြည်)မှဦးဆောင်၍ အမြို့မြို့အနယ်နယ်မှ စေတနာရှင်များစုပေါင်းပြီး ရေအိမ်(အိမ်သာ)တစ်လုံးလျှင် ငါးသောင်းခန့်တန်ဖိုးရှိ သံဖြင့်ပြုလုပ်ထားသည့် ရေအိမ်(အိမ်သာ)များသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၂၈-ရက်နေ့မှစတင်ကာ ပြည်ခရိုင်အတွင်းရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ၁၅-ရက်ခန့်ရေကြီးမှုဒဏ်ခံစားခဲ့ရကြောင်းသိရသည်။ရေကျသွားပြီးနောက်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များပြန်လည်ပြုပြင်ရန်သာာအားစိုက်နေကြရပြီး ကျန်းမာရေးအရ ယင်လုံအိမ်သာနှင့်အိမ်သာကျွင်းများပျက်စီးခဲ့ရသည်ကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးဘဲ နေထိုင်ရန်ကိစ္စများသာဦးစားပေးစီစဉ်နေရမှုများကြောင့် ၀မ်းရောဂါနှင့်အခြားရောဂါများမဖြစ်စေရန်အတွက် ယခုလိုအိမ်သာများသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။



“ရေးဘေးသင့်ခဲ့တဲ့နေရာတွေသွားလှူရင်နဲ့  ရွာလုံးကျွတ်နစ်မြုပ်ကြလို့ အိမ်သာတွေအကုန်လုံး သုံးမရအောင် ပျက်စီးခဲ့တယ်။အိမ်သာတွေကျွတ်ထွက်ရေထဲမျှောပါတာတွေမနည်းဘူး။အိမ်သာကျွင်းတွေဆိုအကုန်ပြည့်နေတယ်မြေတွေနဲ့ ။ ခုချိန်မှာသူတို့တွေ အိမ်သာဆောက်ဖို့စဉ်းစားနေမှာမဟုတ်ဘူးလေ။အဲဒါကြောင့်သွားလှူဖြစ်ကြတာပါ။ကျန်းမာရေးမကောင်းရင်စားဝတ်နေရေးအပြင်အခြားကိစ္စတွေထပ်မံဆုံးရှုံးနစ်နာမှာ။ကျန်းမာရေးရဲ့အခြေခံဖြစ်တဲ့ ယင်လုံအိမ်သာတွေဟာမဖြစ်မနေလိုအပ်တယ်။အဲဒါ့ကြောင့် ဒီအစီစဉ်ကိုလုပ်ဖြစ်သွားကြတာ။သစ်နဲ့လုပ်ရင် သစ်တောတွေပြုန်းတီးမှာဆိုလို့ သစ်နဲ့မလုပ်ခဲ့တာ။အခုရေကြီးတာတွေက မလိုအပ်ပဲသစ်တောတွေခုတ်ကြလို့ခုလိုသဘာဝဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရာတာပါ။အဲဒါကြောင့် သစ်အစားထိုးသံနဲ့ပြုပ်လုပ်ခဲ့တာပါ။အဓိကသက်ဆိုင်ရာဌာနဖြစ်တဲ့ကျန်းမာရေးဌာနနဲ့နိုင်ငံတော်အစိုးရကိုဒါတွေလုပ်ဖို့လိုအပ်တယ်လို့တစ်ခုထောက်ပြလိုက်တာပဲ။”  ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။



အဆိုပါမြို့နယ်အတွင်းရှိ တချို့သောကျေးရွာများမှာရေကြီးနစ်မြုပ်ခဲ့စဉ်က ရေထဲမှာ ၁၅-ရက်ကြာနေခဲ့ရသောကြောင့် ဖျားနာမှုများရှိနေပြီး ကျန်းမာရေးစောင့်လျှေက်မှုအနည်းငယ်သာရှိကြောင်းသိရသည်။ဒေသခံများ အိမ်သာတက်မည်ဆိုပါက လှေပေါ်မှ၎င်း၊တောထဲသို့၎င်း သွားရောက်ဖြေရှင်းနေရကြောင်းသိရပြီး သံဖြင့်ပြုလုပ်ထားသည့်အောက်ခံ အုတ်ဖိနပ်အပါ အိမ်သာတစ်လုံးကုန်ကျငွေမှာ ၅၀၀၀၀ိ-ခန့်ရှိကြောင်းသိရပြီး ကျန်လိုအပ်နေသည့် နေရာဒေသများသို့သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။စက်တင်ဘာလ ၁-ရက်နေ့မှစတင်ကာ ရွှေတောင်မြို့နယ် ညောင်စာရေးအုပ်စု လှေကြီးစုရွာတွင် အိမ်သာအလုံး ၂၀ လှူဒါန်းသွားမှာဖြစ်ပြီး ယခုလက်ရှိမှာတော့ အရေးပေါ် ၃-လုံးသွားရောက်လှူဒါန်းခဲ့ပြီး ရွှေတောင်မြို့ ကြည်းသဲ တောင်ရေကျော် မှုလတန်းစာသင်ကျောင်းနှင့်ပြည်မြို့ န၀င်းရပ်ကွက် ချောင်းနားတန်းမှုလတန်းစာသင်ကျောင်းတို့တွင်အရေးပေါ် ၁-လုံးစီသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ထို့အပြင် ပန်းတောင်းမြို့ ကန့်လန့်ကုန်းရွာတွင် အိမ်သာ ၈-လုံး၊ပြည်မြို့ ဖိုးခေါင်ရပ်ကွက်နှင့်ချောင်းနားတန်းရပ်ကွက်တို့တွင် အိမ်သာ ၅-လုံးသွားရောက်လှူဒါန်းရန်ရှိနေကြောင်းလက်တလောမြစ်ရေအနည်းငယ်ပြန်တက်လာသောကြောင့် ခေတ္တစောင့်ဆိုင်းနေရကြောင်းသိရသည်။အိမ်သာနောက်တစ်ကြိမ်အိမ်သာများလှူဒါန်းမည့်နေရာမျးတွင်လည်း အိမ်သာအနံ့ဆိုးကင်းပျောက်ဆေးရည်၊ရေတွင်း၊ရေကန်သန့်ရှင်းအောင်ပြုလုပ်သည့်ဆေးရည်များအား ကျန်းမာရေးအဖွဲ့များခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။



“ဒီလိုလာလှူတာမရှိပါဘူး။ရေကျသွားပြီးနောက်ပိုင်းအိမ်ပြင်တာတွေနဲ့ရှုပ်နေကြလို့အဲဒိကိစ္စကိုမစဉ်းစားခဲ့မိဘူး။အခုလိုလာလှူမှ ၀မ်းသာလွန်းအားကြီးပြီး ကျေးဇူးတင်မဆုံးဖြစ်နေကြတာပါ။ကျန်းမာရေးအရ အရေးကြီးတာတွေသိခဲ့ရတယ်။ပျက်စီးသွားတဲ့လယ်တွေကို မြို့နယ်မြေစာရင်တင်ပြထားတယ်။ခုထိတော့ဘာမှမထူးသေးဘူး။ဖျားတာနာတော့ရှိတယ်။ရေကမှုလအခြေအနေထက် လေးပေလောက်တက်လာလို့စိုးရိမ်နေရတယ်။ ”ဟု လှေကြီးစုကျေးရွာအုပ်ချူပ်ရေးမှူး ဦးစံရွှေကသမဂ္ဂဂျာနယ်သို့ပြောသည်။



အဆိုပါ ညောင်စာရေးအုပ်စု လှေကြီးစုကျေးရွာအတွင်း နေအိမ် ၇၈-လုံးရှိပြီး ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကိုယ်အားကိုယ်ကိုးကာ ပြန်လည်တည်ဆောက်နေလျှက်ရှိကြောင်းသိရသည်။



                                                                                            မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
Read More...

ပည်မြို့လယ်ရှိ ညဈေးတန်းဆိုင်ခန်းပိုင်ရှင်များအား စက်တင်ဘာ၂၄-ရက်နောက်ဆုံးထားရွေ့ပြောင်းခိုင်းမှုအပေါ်အငြင်းပွားမှုများဖြစ်ပေါ်လျှက်ရှိနေ

Leave a Comment
ပည်မြို့လယ်ရှိ ညဈေးတန်းဆိုင်ခန်းပိုင်ရှင်များအား စက်တင်ဘာ၂၄-ရက်နောက်ဆုံးထားရွေ့ပြောင်းခိုင်းမှုအပေါ်အငြင်းပွားမှုများဖြစ်ပေါ်လျှက်ရှိနေ

ပြည် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အလယ်ရှိ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှ ပြန်ကြားရေးဝန်ကြီးဋ္ဌာနပိုင်ဆိုင်သည်ဟူသော ဈေးဆိုင်ခန်း ၁၅-ခန်းအားစာချုပ်စာတန်းအပြည့်အစုံနှင့်ဝယ်ယူထားသည့်ဆိုင်ခန်းတွေကို၊နစ်နာကြေးတစုံတရာမပေးဘဲအတင်းဖယ်ခိုင်းနေသောကြောင့်ဆိုင်ခန်းပိုင်ရှင်တွေကြားညှိနိုင်းဖြေရှင်းမှုများယနေ့ထိမရရှိသေးကြောင်းသိရသည်။
အဆိုပါညဈေးတန်းဆိုင်ခန်းတွေကို၊လွန်ခဲ့သည့်(၁၂)နှစ်ကျော်ကတည်းမှ ဆိုင်းခန်းတစ်ခန်းကို၊သိန်း(၇၀)စီကနေ၊(၂၅)သိန်းထိပေးပြီး၊စာချုပ်စာတန်းတွေနဲ့ဝယ်ယူထားခဲ့ပြီး၊စာချုပ်မှာလည်းတစုံတရာအရှုတ်အရှင်းပေါ်ပေါက်လာခဲ့ပါက၊ရောင်းချသူမှ မိမိစားရိတ်နှင့်အကုန်အကျခံပြီးပြေလည်သည်အထိတာဝန်ယူဖြေရှင်းပေးမည်ဟုစာချုပ်တွင်ပါရှိသောကြောင့်စိတ်ချပြီး၊လက်မှတ်ထိုးဝယ်ယူထားခဲ့ရာမှစတင်ကာ ယခု ၀န်ကြီးဋ္ဌာနက၊လာမည့်စက်တင်ဘာ(၂၄)ရက်နေ့နောက်ဆုံးထားပြီးဖယ်ရှားခိုင်းမှုများဖြစ်ပေါ်လာသောကြောင့်၊ဈေးဆိုင်အခန်းပိုင်ရှင်တွေအခဲကြုံတွေ့နေရကြောင်းသိရသည်။

အဆိုပါညဈေးတန်းဆိုင်ခန်းတွင် မလိုင်လုံးဆိုင်မှ မစောဥမ္မာက “ကျမတို့ကရွေ(၁)ကျပ်သားသုံးလေးသောင်းကထဲကဒီဆိုင်ခန်းတစ်ခန်းလေးကိုသိန်း(၇၀)ပေးဝယ်ထားတာ၊အခုကာလပေါက်ဈေးအတိုင်းလျှော်မှာလား၊လျှော်ရင်အခုဆင်းပေးမယ်။” ဟုဆိုသည်။
 အဆိုပါညဈေးတန်းဆိုင်ခန်းတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် မဆန်းဆန်းမွန်က “စာချုပ်တွေနဲ့လုပ်ထားတာ အခုလိုအနိုင်ကျင့်ဗိုလ်ကျတာကိုခေါင်းငုံ့ခံနေမှာမဟုတ်ဘူး။ကျမတို့ကတန်ရာတန်ကျေးပေးပြီးဝယ်နေရတာ၊နေလာတာ(၁၀)နှစ်ကျော်နေပြီ၊ကျောင်းသားခလေး(၃)ယောက်လဲရှိတယ်၊ဒီကဖယ်ရမယ်ဆိုရင်လဲတခြားမှာပြန်ဝယ်နေဖို့၊မတတ်နိုင်ပါဘူး၊သူတို့ကတရားစွဲမယ်ဆိုလ၊ကျမတို့ကလဲ ပြန်တရားစွဲဆိုသွားမှာ” ဟု ဆိုသည်။
 အဆိုပါကိစ္စနှင့် ပက်သတ်ပြီးကိစ္စသြဂုတ်(၂၆)ရက်နေ့တွင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနရုံးမှာ၊တိုင်ဦးစီးမှုး၊ဦးလှမျိုးအောင်က၊ဆိုင်ခန်းပိုင်ရှင်တွေကိုခေါ်ယူပြီး “ပြည်သူ့စာကြည့်တိုက်ဆောက်လုပ်ဖို့အတွက်(၂၄၊၉၊၂၀၁၅)ရက်နေ့နောက်ဆုံးထားပြီး၊ဆိုင်ခန်းတွေဖယ်ပေးရမယ်၊မဖယ်ပေးရင်၊(၁၉၅၅)ခုနှစ်၊အစိုးရအိမ်ဥပစာ(နှင်ထုပ်ခြင်း)အပ်ဥပဒေအရတရားစွဲဆိုသွားမယ်၊အဲဒီဥပဒေမှာ၊ထောင်ဒဏ်၊ငွေဒဏ်တွေလဲပါကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
နောက်ထပ်အသစ်တည်ဆောက်လုပ်မည့်အထဲမှာ၊အေးအေးချမ်းချမ်းဖယ်ပေးတဲ့ဆိုင်တွေကို၊မြေညီထပ်ကဆိုင်ခမ်းအသစ်တွေမှာဦးစားပေးမယ်လို့တရားဝင်စာထုပ်ပြီးဖေါ်ပြထားခဲ့ပြီး

   အဆိုပါတွေ့ဆုံပွဲမှာ ဖယ်ရှားပေးတဲ့ဆိုင်တွေအတွက်မြေနေရာအစားတောင်းတာတွေ၊ခံစားခွင့်တွေ တောင်းဆိုခဲ့ပေမဲ့မရရှိခဲ့ကြောင်း နောက်ထပ်အသစ်ဆောက်လုပ်မည့် ဆိုင်တွေအတွက် ငွေသက်သာခွင့်တွေလဲမရရှိခဲ့သောကြောင့် ဆိုင်ခန်းပိုင်ရှင်တွေ မှသက်ဆိုင်သည့်ပုဂ္ဂိုလ်များအားတရားပြန်လည်စွဲဆိုသွားမည်ဖြစ်ပြီး ၀ယ်ယူထားသည့်ဆိုင်ခန်းများမှ နစ်နာကြေးပြန်လည်ပေးခြင်း၊မြေနေရာပြန်လည်ပေးခြင်းများ၊ပြုလုပ်ခြင်းမရှိပါက မည့်သို့မှဖယ်ပေးမည်မဟုတ်ကြောင်း စက်တင်ဘာ ၅-ရက်နေ့တွင်ပြောဆိုလိုက်သည်။

K3(pyay) ဒီမိုက​ရေစီတူ​ဒေး သတင်းစာ
Read More...

နေ့စဉ် ပြည်သတင်းအား ဖတ်ရှုနေသည့် မိဘပြည်သူများအား အထူးပန်ကြားချက်

Leave a Comment
နေ့စဉ် ပြည်သတင်းအား ဖတ်ရှုနေသည့် မိဘပြည်သူများအား အထူးပန်ကြားချက်

ပြည်သတင်း အားနေ့စဉ် ဖတ်ရှုနေ့သည့် မိဘပြည်သူများအတွက် ပြည်ခရိုင်အတွင်းဖြစ်ပွားနေသော သတင်းများအား ယခင်ကထက် ပိုမိုတိကျမှန်ကန်ပြီး အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားတော့မှာဖြစ်ကြောင်း အထူးပန်ကြားအပ်ပါသည်။

ယခုကဲ့သို့ သတင်းများကို ဖေါ်ပြရာတွင် သတင်းဖတ်ရှုသူ မိဘပြည်သူများ ယုံကြည်စိတ်ချမှု အပြည့်ရရှိစေရန် ပြည်မြို့ပေါ်တွင်နေထိုင်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းဌာနများတွင် တရားဝင် သတင်းထောက်အဖြစ် လုပ်ကိုင်နေသည့် သတင်းထောက် (၈) ဦးနှင့် Admin တဦးတို့မှ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်း၍ ကြိုးစာတင်ဆက်သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မိဘပြည်သူများအနေနှင့် အစိုးရဌာနဆိုင်ရာများနှင့် တစုံတရာပြဿနာဖြစ်ခဲ့လျှင့်သော်လည်းကောင်း လာဘ်ပေး၊ လာဘ်ယူကိစ္စများအပြင်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးများတွင် အနှောင့်အယှက် အဟန့်အတားများရှိခဲ့ပါက  မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ပြည်သတင်းသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး သတင်းရေးသားမှုနှင့်ပတ်သက်၍ အခကြေးငွေ ပေးစရာမလိုအပ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းထောက်များမှာ ...

၁။ ကိုလေး (New Watch- စောင့်ကြည့်ဂျာနယ်) Ph- 09423722439
၂။ ကိုမင်းညို (DVB- ဒီမိုကရက်တစ်မြန်မာ့အသံ) Ph- 095368590
၃။ ကိုဝေလင်း(ပြည်) (Eleven Media Group) Ph- 0933706052
၎။ ကိုဇော်မင်းထိုက် ( 7 Day daily and weekly) Ph- 0943180250
၅။ ကိုကောင်းမြတ်မင်း ( The Irrawaddy- ဧရာဝတီ) Ph- 09423744712
၆။ ကိုသီဟလွင်(ပြည်) ( မြစ်မခမီဒီယာ) Ph- 09423703914
၇။ ကိုရဲ(ပြည်)  (Tomorrow journal) Ph- 09780390179
၈။ K3(Pyay) (Democracy Today- ဒီမိုကရေစီတူဒေး) Ph- 09973970818 တို့ဖြစ်ပြီး

၉။ Admin - Pyae Phyo Pyay (Ph- 0943047862) တို့ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ၊ သာရေး၊ နာရေးများအား အခကြေးငွေဖြင့် ကြော်ငြာများကို လက်ခံသွားမှာဖြစ်ပြီး၊ လူပျောက်ကြော်ငြာနှင့် ပရဟိတလုပ်ငန်းများအား အခမဲ့ ကြော်ငြာထည့်သွင်းနိုင်သည်။

ကြော်ငြာထည့်လိုသူများအတွက် ဆက်သွယ်ရန်
ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်) Ph- 09973970818/ 09253311019
အားဆက်သွယ်နိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။.
Read More...

ပြည်သူ့ကဗျာဆရာ (သို့) ကဗျာမောင်ချောနွယ်

Leave a Comment
ပြည်သူ့ကဗျာဆရာ (သို့) ကဗျာမောင်ချောနွယ်
Kငြိမ်းချမ်း

၂၀၁၅ စက်တင်ဘာ ၁၃ ရက်နေ့ ဆိုရင် မြန်မာပြည်သား ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၃ နှစ် ပြည့်ပါပြီ။ ၁၃ နှစ် တိုင်ခဲ့ပေမယ့် မြန်မာကဗျာ ချစ်သူ၊ မောင်ချောနွယ်ချစ်သူ တွေရဲ့ ရင်ဘတ်ထဲမှာတော့ မနေ့တနေ့ကလို လန်းဆန်း တက်ကြွ သတိတရ ဖြစ်နေကြတယ်ဆိုတာ Facebook သတင်းတွေအရရော၊ လူချင်းတွေ့တဲ့ သတင်းတွေအရရော သိရပါတယ်။

မြန်မာပြည်သူ တွေဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင် စနစ်အောက်မှာ ဖြတ်သန်းခဲ့ကြရတာ ကမ္ဘာသိပါ။ အခုလည်း အလုံးစုံ လွတ်မြောက်တယ်လို့ မဆိုနိုင်သေးပါဘူး။ ခေတ်အဆက်ဆက် အာဏာရှင်ကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ အထဲမှာ ကဗျာဆရာဆိုတဲ့ လူတန်းစား တရပ်ဟာလည်း စင်ပေါ်မတက်ရင်သာ နေရမယ်၊ သံပုံးတီးရင် ရှေ့ဆုံးက ရပ်တည်ခဲ့တယ်ဆိုတာ ဘယ်လိုမှငြင်းမရခဲ့ပါဘူး။

သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး၊ ဒေါင်းနွယ်ဆွေ၊ ဗန်းမော်ညိုနွဲ့ အစရှိတဲ့ အမျိုးသား စာဆိုကြီးတွေက စလို့ မောင်လေးအောင်၊ ဖော်ဝေး၊ မောင်ချောနွယ်၊ လှသန်း၊ အောင်ဘညို အစရှိတဲ့ ကွယ်လွန်သူ ကဗျာဆရာတွေ ဟာလည်း ပြည်သူ့ဘက်မျက်နှာမူ ရပ်တည်ချက် မှန်မှန် နေထိုင်ခဲ့ကြတာ စာပေချစ်မြတ်နိုးသူတိုင်း အသိ ဖြစ်ပါတယ်။

အဲဒီ အထဲမှာမှ ကဗျာဆရာ မောင်ချောနွယ် ကတော့ လူငယ်မျိုးဆက် ကဗျာဆရာတွေ အပေါ်မှာရော၊ မြန်မာ ကဗျာဖတ်သူတွေ အကြားမှာရော မှတ်မှတ်ထင်ထင်၊ ထင်ထင်ရှားရှား ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်ထွန်းခဲ့ရ သလဲဆို သူဟာ ကဗျာဆိုတဲ့ အနုပညာအပေါ်မှာ သေချာခဲ့လို့ပါပဲ။ မယိမ်းမယိုင် မားမားမတ်မတ် ပြည်သူ့ဘက် မျက်နှာမူခဲ့လို့ပါပဲ။

ပြည်မြို့ မြို့ပိုင်မင်းကြီး တယောက်ရဲ့သားက သူ့ဖခင်ကို ပြန်လည် ပြောဆိုခဲ့တဲ့ စကားတခွန်းကို နားထောင်ကြည့်ပါ။ ဆယ်တန်းအောင်လို့ အရာရှိသင်တန်း ဆက်တက်ပြီး မြို့အုပ်လုပ်ဖို့ ပြောတာကို ပြန်လည်ချေပ ပြောဆိုခဲ့တာပါ။ “ကမ္ဘာကျော် မြို့ပိုင်ဆိုတာ မရှိဘူးအဖေ၊ ကမ္ဘာကျော် ကဗျာဆရာ ဆိုတာပဲရှိတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒါ ကွယ်လွန်သူ မြန်မာကဗျာဆရာ မောင်ချောနွယ်ပါပဲ။

ပန်းချီ

ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။

ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။

ငါ့အဆုတ်တွေက
ဖွတ်ချက်ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့မရတော့ဘူး။

ငါ့အရိုးနဲ့အဆစ်တွေ ဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင် သူရဲကောင်းကြီးလေ…
သူရဲကောင်းကြီးတဲ့ …
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။

ငါဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာလက်နက် မရှိလို့ပါကွယ်တဲ့။ ။

မောင်ချောနွယ်

မြန်မာကဗျာနဲ့ မြန်မာကဗျာဆရာ တွေဟာ ခေတ်အဆက်ဆက် စစ်ဝါဒီတွေရဲ့ စောင့်ကြည့်၊ ဖမ်းဆီးတာတွေလည်း ခံခဲ့ကြရ ပါတယ်။ စကားလုံးတလုံး၊ ကဗျာတပိုဒ်ဟာ အာဏာရှင်တွေရဲ့ ရင်ဘတ်ကို ထိမှန်စေခဲ့လို့ မဂ္ဂဇင်း၊ စာအုပ် များမှာ ပါလာခဲ့ရင် ဆုတ်ဖြဲဖျက်ဆီး လိုက်တတ်ကြပါတယ်။ လိုအပ်လာရင် ဖမ်းဆီး ထောင်ချပစ်လေ့လည်း ရှိပါတယ်။ ကဗျာဆရာ တော်တော်များများ ဟာလည်း ဒီရန်ကိုမကြောက်ဘဲ ရေးစရာရှိတာ ရေးမြဲရေးခဲ့ကြပြီး ပြည်သူ့အရေး ကိုယ့်အရေး လုပ်ခဲ့ကြတာ သမိုင်း တခုပါပဲ။

အိမ်

ပလတ်စတစ် အကြည်သားပေါ်
တိမ်တွေရေးဆွဲချလိုက်ပြီး
တိမ်အိမ်ကလေး ဆောက်ကာ ဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။

မောင်ချောနွယ်

ကဗျာဆရာဆိုတာလည်း လူထဲကလူပါပဲ။ ချစ်ခြင်းမေတ္တာ ရှိမယ်၊ မိသားစုရှိမယ်၊ သားသမီးတွေရှိမယ်။ အကျိုးအမြတ်၊ အခွင့် အရေး ဘာဆိုဘာမှ မသေချာတဲ့ ကဗျာဆရာဘဝကို ရွေးချယ်မိကြသူတွေမှာ မိသားစုတာဝန် ကျေပွန်ဖို့ဆိုတာ မလွယ်ပါဘူး။ နားလည်မှုကြီးတဲ့ မိသားစုတခု ရရှိထားမှသာလျှင် မိသားစုနဲ့ အနုပညာကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်လာမှာပါ။

ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း၊ မယုတ်မလျော့ လူနေမှုအဆင့်အတန်း တခုကို လူတိုင်း မက်မောကြမှာ မလွဲပါဘူး။ ဒါပေမယ့် အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို အာဏာရှင်အောက်ရောက် ပြည်တွင်းစစ်မီး ရှည်ကြာနေတဲ့ တိုင်းပြည် တခုမှာ ကိုယ်လွတ်ရုန်း ရှောင်ခွာသူတွေထဲ ကဗျာဆရာ မပါတာကတော့ အသေချာဆုံးပါပဲ။ အဲဒီအတွက် ရလာတဲ့ အကျိုးအပြစ် တွေကို ခါးသီးစွာ ခံယူရင်း ပြည်သူတွေရဲ့ မျက်မှောက် ခံစားရုန်းကန် နေရပုံတွေကို ပုံဖော် မှတ်တမ်းတင်ခဲ့ ကြတာပါပဲ။

ဘယ်လို မှတ်တမ်းတင်ခဲ့သလဲ ဆိုတော့ …

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။

မောင်ချောနွယ်ရဲ့ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် ကဗျာမှ –

တကယ်တော့ မြန်မာကဗျာဆိုတာ ပြည်သူလူထုနဲ့ မစိမ်းပါဘူး။ မွေးကင်းစအရွယ် သားချော့တေးတွေက အစ ကျောင်းနေ အရွယ် ကျောင်းသင်ခန်းစာ ထဲပါ ကဗျာတွေအလယ်၊ အရွယ်ရောက်ချိန် ရည်စားသနာ ရှာကြချိန် ကိုယ့်ချစ်သူကို ချစ်ခွန်းတုံ့လှယ်တဲ့ အချိန်ထိ ကဗျာဟာ တည်ရှိခဲ့ပါတယ်။ ဘုန်းတော်ဘွဲ့တွေ ကတော့ ခြွင်းချက်ပေါ့လေ။

အဲသလို တည်ရှိနေရာကနေ စားဝတ်နေရေးတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပြည်တွင်းစစ်တွေရဲ့ ဒဏ်တွေကို ပြည်သူတွေ ခံစားလာကြရင်း ပြည်သူလူထုဟာ ကဗျာဘက် မလှည့်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။ ဥပမာ-စစ်အစိုးရတိုင်းဟာ စာပေ ဟောပြောပွဲတွေကို ပိတ်ပင်ခဲ့တာတွေ၊ လွတ်လပ်တဲ့ စာပေအနုပညာ တွေကို စိစစ်ရေးဆိုပြီး ဖြုတ်ထုတ် လုပ်ခဲ့တာတွေ။

တိုင်းပြည်တခု တိုးတက်ဖို့ ရုပ်ဝတ္တု တမျိုးတည်း တိုးတက်နေရုံနဲ့ မပြီးပါဘူး။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ဘက်ပေါင်းစုံ တိုးတက် ဖွံ့ဖြိုးနေဖို့ပါ လိုပါတယ်။ အဲဒီလို ဖန်တီးနေတဲ့ အနုပညာရှင်တွေ ကိုလည်း အားပေး ထောက်ခံကြိုဆိုမှ ဖြစ်မှာပါ။

အဲဒီလိုတွေ မရှိခဲ့ဘူးဆိုရင်ရော – ကျနော်တို့ရဲ့ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ်က အခုလို ကြေညာခဲ့ပါသေးတယ်။

အနုပညာ နွေဦးပေါက် ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့ အလုပ်ကိုမညာချင်ဘူး။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့် ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။

အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆာဟာရကို
အာဟာရလို့ထင်တယ်။

pppp ကဗျာမှ –

၁၃ နှစ်ဆိုတာ အာဏာရှင်တယောက်၊ ဘယ်သူသေသေ ငတေမာပြီးရော ဒုစရိုက် စီးပွားရေးသမား တယောက်ကို တိုင်းပြည်ထဲက ကိုင်ဆွဲမြှောက်ပြီး မြေမြှုပ်လို့ရပေမယ့် ပြည်သူ့ဘက်တော်သား လူထုကဗျာဆရာ တယောက်ကိုတော့ မနေ့တနေ့ ကလို လွမ်းဆွတ် တမ်းတနေကြမယ် ဆိုတာ အသေအချာပါပဲ။

ဒါကို ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်က ကြိုသိနေပုံထောက်ရဲ့။ ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် ကဗျာမှာ ဒီလို ထည့်ရေးထားခဲ့ပါတယ်။

ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။

ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အမှတ်တရ။
ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။
Read More...

Sunday, September 6, 2015

ကျောက်စရစ်စုပ်စက်လှေတွေနဲ့၊ဒေသခံကျေးရွာတွေပဋိပက္ခဖြစ်ပွားခဲ့ပြီး၊ကျေးရွာကစက်တပ်လှေ(၂)စီးနစ်မြုတ်ပျက်စီးပြီး၊လူတွေလဲဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Comment
ကျောက်စရစ်စုပ်စက်လှေတွေနဲ့၊ဒေသခံကျေးရွာတွေပဋိပက္ခဖြစ်ပွားခဲ့ပြီး၊ကျေးရွာကစက်တပ်လှေ(၂)စီးနစ်မြုတ်ပျက်စီးပြီး၊လူတွေလဲဒဏ်ရာရရှိခဲ့ပါတယ်။



ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်၊ထဲကရေလည်ကျွန်းအနီးမှာ၊ကျောက်စရစ်စုပ်စက်လှေတွေလာရောက်စုပ်ယူနေမှုကြောင့်၊ကျွန်းကမ်းပါးတွေပြိုကျနေတာကြောင့်၊ဒေသခံတွေက၊သွားရောက်တားမြစ်ခဲ့တာကို၊မကျေနပ်တာကြောင့်၊ကျောက်စရစ်စုပ်မော်တော်(၆)စီးလူ(၆၀)လောက်နဲ့၊ကျေးရွာက၊စက်တပ်လှေကလေးတွေကိုလိုက်လံတိုက်ပြီး၊လိုက်လံသတ်ဖြတ်ခဲ့တာကြောင့်၊လူ(၂)ယောက် ဒဏ်ရာ ရရှိပြီး၊ လှေ(၂)စင်းပျက်စီးပြီးရေနစ်မြုတ်သွားကာ ၊လှေပေါ် ပါလာတဲ့၊ကျွန်းသားတွေ၊ရေထဲမျှောပါသွားကာ။လိုက်လံဆယ်ယူနိုင်ခဲ့တာကြောင့်၊အသက်အန္တရယ်က လွတ်မြောက်လာခဲ့ပါတယ်။

သူတို့ကမော်တော်(၆)စီးနဲ့ဒီကမ်းနားထိလိုက်တိုက်တာ၊လက်နှက်တွေလဲပါလာတယ်၊အနားရောက်မှ၊ဒါးနဲ့ပြစ်တယ်၊အဲဒိဒါးထိတဲ့သူလဲရှိတယ်၊အဲဓိဒါးလဲသိမ်းထားတယ်၊ရဲသွားတိုင်တော့လဲ၊ပန်းတောင်ရဲစခန်းက၊သူတို့နဲ့မဆိုင်ဘူးရွှေတောင်ကိုသွားတိုင်ပါတဲ့ဦးသိန်းလွင် ကပြောပါတယ်
ကျောက်စရစ်စုပ်တဲ့ကိစ္စတွေကော၊အခုပြသနာတက်တဲ့ကိစ္စတွေကော၊အာဏာပိုင်အဖွဲ့အစဉ်းတွေကဘာမှဆောင်ရွက်ပေးတာမရှိတာကြောင့်ဒေသခံတွေလူစုပြီးဖြေရှင်းဖို့ပဲရှိတော့တယ်လို့၊ဒေသခံတယောက်ကလဲအခုလိုပြောပါတယ်
 စက်လှေ(၆)စင်းနဲ့၊ဒုတိယအကြိမ်လာပြီး၊သွားတားတဲ့ကျွန်တော်တို့လှေတွေကိုအတင်းလိုက်တိုက်ပါတယ်၊ဓါးတွေ၊လက်နှက်တွေနဲ့ အရင်ပြစ်ပါတယ်၊ကျွန်တော်တို့လှေ(၂)စင်းလုံးမြုတ်သွားပြီး၊ လူတွေကိုရေထဲမှာ လိုက်ဆယ် ယူရပါတယ်၊အခုဒဏ်ရာရတဲ့သူတွေကိုတော့ပန်းတောင်းဆေးရုံမှာတင်ထားရပါတယ်
ပဋိပက္ခဖြစ်ရတာက၊ကျောက်စုပ်နေတာကိုသွားတားလို့ပါ အာဏာပိုင်အဖွဲ့အစဉ်းလိုလိုဘာလိုလို နဲ့ ကျွန်းပတ်ဝန်းကျင်းမှာလာပြီး၊ကျောက်စုပ်နေကြပါတယ်၊အရင်က ကျွန်းက(၃)မိုင်လောက်ရှိတာအခုဆိုရင်၊(၁)မိုင်ကျော်ပဲရှိတော့တယ်လို့ ဦးထွန်းမြင့်ဒေသခံတယောက်ကပြောပါတယ်
 အဲဒီကိစ္စနဲ့ပတ်သတ်ပြီး၊ပန်းတောင်စခန်းမှုးကိုမေးကြည့်ရာ၊သူတို့အပိုင်မဟုတ်ပါလို့ပဲဖြေကြားခဲ့ပါတယ်
   ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှုးကတော့၊အခုလိုဖြေကြားပေးခဲ့ပါတယ်
ပန်းတောင်းစခန်းမှုးနဲ့၊ရွှေတောင်စခန်းမှုးတွေကိုမေးကြည့်ပြီးပါပြီ၊အမှုလာဖွင့်သူမရှိသေးပါဘူး၊လာရင်တော့၊အရေးယူဆောင်ရွက်ပေးပါမယ်လို့ (ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးသန်းထွန်းပြောပါတယ်

    ပြည်ခရိုင်၊ ဧရာဝတီမြစ်အတွင်းကျောက်စရဏ်ထုပ်ယူခွင့် ကို၊ပြည်ခရိုင်အုပ်ချုပ်ရေးမှုးကသြဂုတ်လ(၁၃) ရက်နေ့အစည်းဝေးဆုံးဖြတ်ချက် နဲ့၊နေရာပေါင်း(၂၃)နေရာကိုခွင့်ပြုထားခဲ့ကြောင်းအစည်းဝေးဆုံးဖြတ် ချက်စာအရသိရပါတယ်။
  ပြီးခဲ့တဲ့ဇူလိုင်လထဲမှာလဲ၊ကျောက်စရစ်စုပ်မော်တော်တွေကိုတားစီးပေးဖို့ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှုးကိုဒေသခံတွေကအကြောင်းကြားခဲ့ရာ၊ဒီတခါလာလုပ်ရင်၊လုပ်တဲ့သူကိုဖမ်းလာခဲ့ဆိုလို့၊စက်လှေ(၁၇)စီးကို၊သူတို့ဒေသခံတွေဝိုင်း ဖမ်းပြီး၊ပို့လိုက်ပေမဲ့အရေးယူတာမရှိခဲ့တာကြောင့်၊နောက်ထပ် ၊ဇူလိုင်လ(၁၂)ရက်နေ့က တကြိမ်၊ဇူလိုင်လ(၁၄)ရက်နေ့ကတကြိမ်၊တရွာလုံးကြွပ်လိုက်လံပြီး လှေတွေနဲ့ ထွက်တားစီးခဲ့တာကြောင့်ကျောက်စရစ်သမားတွေနဲ့ဒေသခံတွေပြသနာတက်ခဲ့ရပါတယ်။
      အခုကစက်တင်ဘာလ(၃)ရကိနေ့ညနေ(၃)နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ကျောက်စရစ်ဆုပ်နေတဲ့စက်လှေတွေကိုတားမြစ်ဖို့အတွက်၊ကျေးရွာက၊စက်တပ်လှေ(၂)စင်းနဲ့သွားတာကို၊၊ဒုတ်၊ဓါး၊၀ါးချွန်၊ဂေါ်၊စတဲ့လက်နှက်တွေနဲ့၊လိုက်လံတိုက်ခိုက်တာကြောင့်၊လှေ(၂)စင်း၊စက်(၂)လုံး၊ဖုန်းတလုံး၊ပျက်စီးပျောက်ဆုံးခဲ့ကာ၊လူ(၂)ယောက်ဒဏ်ရာရရှိခဲ့တာကြောင့်၊နောက်နောင်ကိုလဲ၊အခုလိုမျိုးပဋိပက္ခတွေကနေ၊ရာဇ၀တ်မှုကြီးတွေဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြကြောင်းသိရသည်။

မင်းညို(DVB)
Read More...

ဈေးသည်အမျိုးသမီးတစ်ဦး ပျောက်နေ၍ လှေနစ်ရာတွင် ပါဝင်သည် အထင်ဖြင့် ရှာဖွေနေ

Leave a Comment
ဈေးသည်အမျိုးသမီးတစ်ဦး ပျောက်နေ၍ လှေနစ်ရာတွင် ပါဝင်သည် အထင်ဖြင့် ရှာဖွေနေ
By
ဇော်မင်းထိုက်
7day Daily

 ပြည်မြို့ ဧရာဝတီမြစ်အ တွင်း စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခန့်က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ စက်လှေပေါ်တွင်ပါ သူအားလုံးအသက်ရှင်ခဲ့သည်ဟု ဆိုသော်လည်း ဈေးသည်အမျိုး သမီးတစ်ဦး ပျောက်ဆုံးနေသဖြင့် စက်လှေနစ်မြုပ်ရာတွင် ပါဝင်နိုင် သည်ဟူသော သံသယဖြင့် မြစ် အတွင်းရှာဖွေနေကြောင်း သ တင်းရရှိသည်။

ပျောက်ဆုံးနေသောအမျိုး သမီးမှာ ပန်းတောင်းမြို့နယ် ညောင်ပင်သာကျေးရွာမှ အသက် (၃၀)ကျော်အရွယ်ရှိ မခင်စန်းဝင်း ဆိုသူဖြစ်ပြီး လှေမှောက်သည့်အ ချိန်မှစတင်ကာ ပျောက်ဆုံးခဲ့ပြီး စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီအထိပြန်မတွေ့ရှိ၍ ကျေးရွာတာဝန်ရှိသူများက မြစ်အတွင်း လိုက်လံရှာဖွေနေကြောင်း မခင် စန်းဝင်း၏ ညီမ၀မ်းကွဲ မစန်းစန်း ဝေကပြောသည်။

မခင်စန်းဝင်းသည် ပြည်မြို့ အောင်မင်္ဂလာဈေးအတွင်း သ င်္ဘောသီးစိမ်းရောင်းချသူဖြစ်ပြီး ယင်းနေ့နံနက် ၁၀ နာရီခန့်ကစက် လှေဖြင့် ပြန်မည်ဟုပြောကာ ပြန် သွားခဲ့ကြောင်း အောင်မင်္ဂလာ ဈေးအတွင်း ဈေးလာရောင်းသော ညောင်ပင်သာကျေးရွာ ဒေသခံ များထံမှ သိရသည်။

စက်တင်ဘာ ၄ ရက်ကပြည် မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာ ဆိပ်ကမ်းမှ ထွက်ခွာသည့် လှိုင် မေတ္တာစက်လှေသည် အရှိန်မ ထိန်းနိုင်ဘဲ မြစ်အတွင်း ကျောက်ချထားသည့် သင်္ဘောတစ်စီး၏ ကျောက်ဆူးကြိုးကို တိုက်မိကာ ၀မ်းဗိုက်ပေါက်ကွဲ နစ်မြုပ်ခဲ့ပြီး စက်လှေမောင်းသူနှင့် ဈေးသည်အမျိုးသမီးခုနစ်ဦး ရေကူးလွတ်မြောက်ခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့မှသိရသည်။

‘‘ကျွန်မတို့လည်း ကိုယ့်အ သက်ကိုယ်လုပြီး ရုန်းကန်နေရ တော့ စက်လှေပေါ် ဘယ်သူတွေ ပါမှန်းမသိဘူး။ အခုမခင်စန်းဝင်း ကတော့ ပျောက်နေတယ်။ ရွာက လူကြီးတွေလိုက်ရှာနေကြတယ်’’ ဟု စက်လှေနစ်မြုပ်ရာတွင် ပါဝင် ခဲ့သူ မမူမူစန်းကပြောသည်။

စက်လှေနစ်မြုပ်ရာတွင် မ ခင်စန်းဝင်းပါဝင်ခြင်းနှင့်ပတ် သက်၍ ပန်းတောင်ရဲစခန်းသို့ အ ကြောင်းကြားခြင်း မရှိသေး ကြောင်း၊ လူပျောက်အနေဖြင့် လည်း လာရောက်အကြောင်း ကြားခြင်းမရှိသေးကြောင်း၊ယမန် နေ့က စစ်ဆေးခဲ့ရာတွင်လည်းဒေသခံများ ရေနစ်မြုပ်ရာတွင် ပါဝင်သူများက စက်လှေပေါ်တွင်ပါဝင်သူအားလုံး အသက်ရှင်သည်ဟု ဖြေကြားခဲ့ကြောင်း၊စက်လှေမောင်းသူကို စစ်ဆေးနေပြီး မခင်စန်းဝင်းမှာ စက်လှေနစ်မြုပ်ရာတွင် ပါဝင်သွားသည်ဟုအ တည်ပြုမပေးနိုင်သေးကြောင်း အမှုစစ်ရဲအရာရှိရဲအုပ်စံရွှေမြင့်က ပြောသည်။
Read More...

လက်ပစ်ဗုံးပုံစံ ဂတ်စ်မီးခြစ်ကြောင့် ရပ်ကွက်နေပြည်သူအချို့အထိတ်တလန့်ဖြစ်ခဲ့

Leave a Comment
လက်ပစ်ဗုံးပုံစံ ဂတ်စ်မီးခြစ်ကြောင့် ရပ်ကွက်နေပြည်သူအချို့အထိတ်တလန့်ဖြစ်ခဲ့
By
ဇော်မင်းထိုက်
7Day Daily

လက်ပစ်ဗုံးပုံစံ ဂက်စ်မီး ခြစ်တစ်လုံးကြောင့် ပြည်မြို့ ဆင် စုနယ်မြေ မီးချောင်းရဲရပ်ကွက် နေပြည်သူအချို့ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂ ရက် ည ၇ နာရီခန့်က မီးချောင်းရဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လက်ပစ်ဗုံးပုံစံဂက်စ်မီးခြစ်တစ်လုံးကို ကလေး များထံ၌ တွေ့ရသဖြင့် ကြောက် လန့်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ ဖုန်းဆက်အကြောင်းကြားခဲ့ ခြင်း ဖြစ်သည်။

‘‘လက်ပစ်ဗုံးကို မြင်ကြသူ တွေ အားလုံးထိတ်လန့်သွားကြ တယ်။ ဆယ်အိမ်မှူးက ကျွန်တော့်ဆီယူလာတယ်။ ရဲစခန်းကို အ ကြောင်းကြားပြီး ရဲလက်ထဲအပ် လိုက်တယ်။ ရဲတပ်ဖွဲ့ကနေ အင် ဂျင်နီယာတပ်ကိုအကြောင်းကြား ပြီး စစ်ဆေးကြည့်တဲ့အခါ လက် ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ် ဖြစ်နေ တယ်’’ဟု ဆင်စုနယ်မြေအုပ်ချုပ် ရေးမှူးက ပြောသည်။

အဆိုပါလက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်ကို မီးချောင်းရဲရပ်ကွက်နေ မောင်မျိုးအောင်က အလုပ်မှပြန် လာစဉ် လမ်းခုလတ်တွင် တွေ့ရှိ ၍ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး နေ အိမ်သို့ယူလာခဲ့ရာမှ ဗုံးဟု ထင်မှတ်ကာ ကြောက်လန့်ခဲ့ကြ ခြင်း ဖြစ်ကြောင်း မီးချောင်းရဲရပ် ကွက်နေ ဒေသခံတစ်ဦးက ပြော ကြားသည်။

‘‘သတ္တုနဲ့လုပ်ထားတော့ တ ကယ့်လက်ပစ်ဗုံးလို့ ထင်မှတ်မှား စေပြီး ထိတ်လန့်စေတယ်။ ဗုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိ တော့ အင်ဂျင်နီယာတပ်ကို အ ကြောင်းကြားတယ်။ လာရောက် စစ်ဆေးပြီး ယူသွားကြပြီ’’ဟု ပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

 အဆိုပါ  လက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်သည် နာနတ်သီးပုံ သဏ္ဌာန်ဖြစ်ပြီး စနက်တံ၊ လက် ပစ်ဗုံးချိတ်ဆွဲကိုင်းနှင့် လက်ပစ်ဗုံး အစစ်သဏ္ဌာန်ရှိနေခြင်းကြောင့် ပြည်သူလူထုအဖို့ ထင်မှတ်မှား ကာ ထိတ်လန့်စေနိုင်သဖြင့် ပြု လုပ်ရောင်းချခြင်းမျိုး မပြုလုပ် သင့်ကြောင်း ရဲအရာရှိတစ်ဦးက ဝေဖန်ပြောကြားသည်။
လက်ပစ်ဗုံးပုံ ဂတ်မီးချစ်ကို တာဝန်ရှိသူတစ်ဦးကပြသနေစဉ်(ဓါတ်ပုံ ဇော်မင်းထိုက်)
Read More...

ပြည်မြို့တွင် ရထားကြိတ်၍သေဆုံးသူ မြင့်တက်

Leave a Comment
ပြည်မြို့တွင် ရထားကြိတ်၍သေဆုံးသူ မြင့်တက်
By
ဇော်မင်းထိုက်
7DayDaily

 ပြည်မြို့တွင် အရက်သေ စာသောက်စား၍ ရထားလမ်းပေါ် မဆင်မခြင်သွားလာမှုများကြောင့် ရထားကြိတ်သေဆုံးသူ အရေ အတွက်မှာ ယမန်နှစ်နှင့်နှိုင်းယှဉ် ပါက မြင့်တက်လာကြောင်း ပြည် ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နှစ်က ရထားကြိတ် တာ သုံးမှုပဲရှိခဲ့တယ်။ အခုနှစ်က မကုန်သေးဘူး။ အမှုငါးခုနဲ့ ငါးဦး သေဆုံးနေတယ်။ နှိုင်းယှဉ်ကြည့် ရင် ရထားကြိတ်သေဆုံးမှုမြင့် တက်လာတယ်လို့ ပြောလို့ရပါ တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ရထား ကြိတ်ခံရခြင်းကြောင့် ဧပြီ ၁၁ ရက်တွင် အမျိုးသားတစ်ဦး၊ မေလ၄ ရက်တွင် အမျိုးသားတစ်ဦး၊ ဇွန်လ ၂၉ ရက်တွင် အမျိုးသား တစ်ဦး၊ ဇူလိုင် ၉ ရက်တွင် အမျိုး သားတစ်ဦးနှင့် စက်တင်ဘာ ၃ ရက်တွင် အမျိုးသားတစ်ဦး စုစု ပေါင်းငါးဦးသေဆုံးခဲ့သည်။

ပြည်မြို့ ရွှေတံခါးရပ်ကွက်နှင့် ခေတ္တရာမြို့သစ်ရပ်ကွက်တို့တွင် အဖြစ်များကြောင်းသိရသည်။

‘‘ရထားကြိတ်သေသူတွေ ဟာ အရက်မူးလွန်ပြီး ရထားလမ်း ပေါ်အိပ်ပျော်နေကြသူတွေလို့ နယ်မြေပိုင်ရဲစခန်းတွေရဲ့ မှတ် တမ်းတွေအရ သိရတယ်။ ရထား လမ်းပေါ်သွားပြီး မဆင်မခြင်နေ တာတွေ များလာတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာတွေမှာ သောက်စားမူးယစ်သွားလာခြင်းတွေ ဆင်ခြင်သင့်တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
Read More...

နဝဒေးတံတားထိပ်တွင် ယာဉ်တန်ချိန် ကတ္တားပေါ်မှ ဆီဘောက်ဆာကားတစ်စီးချော်ကျ

Leave a Comment
နဝဒေးတံတားထိပ်တွင် ယာဉ်တန်ချိန် ကတ္တားပေါ်မှ ဆီဘောက်ဆာကားတစ်စီးချော်ကျ
By
ဇော်မင်းထိုက်
7Day Daily

 ပြည်မြို့ နဝဒေးတံတား ကြီးအရှေ့ဘက်ထိပ်ရှိ နေလ သစ္စာကုမ္ပဏီ၏လမ်း၊ တံတား ကြေးကောက်ခံသော ယာဉ်တန် ချိန်ကတ္တားပေါ်မှ ဆီဘောက်ဆာ ကားတစ်စီးချော်ကျတိမ်းစောင်း သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆီဘောက်ဆာကား သည် စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က ယာဉ်တန်ချိန်ရန် ကတ္တားပေါ်သို့ မောင်းတက်စဉ် ချော်ကျခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် လူများထိခိုက်ဒဏ်ရာမရရှိခဲ့ သော်လည်း ယာဉ်မောင်းသည်အရက်သေစာသောက်စားထား ၍ ကတ္တား၏ဘယ်ဘက် ဘေးသို့ အရှိန်မထိန်းနိုင်ဘဲ ချော်ကျတိမ်း စောင်းခဲ့သောကြောင့် ယာဉ်မောင်းကို  ယာဉ်မဆင်မခြင်မောင်း နှင်မှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားသည်။

‘‘ကားထဲ ဓာတ်ဆီပါတယ်။ ယာဉ်မောင်းက မူးနေတယ်။ အရှိန်ပြင်းပြင်းနဲ့ချော်ကျတာမဟုတ်တဲ့ အတွက် အန္တရာယ်ကင်းသွား တယ်’’ဟု ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောသည်။

အရက်သေစာသောက်စား ၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရန်ကုန်မြို့နေ ဦးတင်အေးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Read More...

Saturday, August 15, 2015

ဥသျှစ်​ပင်​တွင်​ ယဉ်​တိုက်​မှု့ဖြစ်​ခဲ့ ဖိုး​အေး(ပန်း​တောင်း)

Leave a Comment



ဥသျှစ်​ပင်​တွင်​ ယဉ်​တိုက်​မှုဖြစ်​ခဲ့

သြဂုတ်​လ ၁၃ ရက်​ ၂၀၁၅ ​နေ့ နံနက်​ ၂း၄၅ ချိန်​ခန့်​တွင်
ပဲခူးတိုင်း​ဒေသကြီး ပန်း​တောင်းမြို့နယ်​ ပန်း​တောင်း နှင့်​ ​တောင်​ကုတ်​ဆက်​သွယ်​လမ်းမကြီး မိုင်​တိုင်​အမှတ်​ ၁၇/၆ တွင်​ ဥသျှစ်​ပင်​မှ​မောင်းနှင်​လာ​သော ၁၀-ဘီးကား နှင့်​ ပန်း​တောင်းဘက်​မှ ​မောင်းနှင်​လာ​သော SKIRT အမျိုးစား ၆-ဘီးကားတို့ ​ခေါင်းဆိုင်​တိုက်​မှု့ဖြစ်​ပွားခဲ့သည်​။ ယဉ်​​မောင်း ၂-ဦးလုံး ဒဏ်​ရာများရရှိခဲ့သည်​။ ထိုဒဏ်​ရာရ ယဉ်​​မောင်း ၂-ဦး (မစိုးရိမ်​ရပါ) လုံးအား ဥသျှစ်​ပင်​တိုက်​နယ်​​ဆေးရုံတွင်​ ​ဆေးကုသခံယူလျှက်​ရှိရာ ၄င်းအမှုအား ဥသျှစ်​ပင်​တိုက်​နယ်​ ရဲစခန်းမှ ဒုရဲအုပ်​ ၀င်းကိုမှဆက်​လက်​တာဝန်​ယူ​ဆောင်​ရွင်​ထား​ကြောင်းသိရသည်​။

ဖိုး​အေး(ပန်း​တောင်း)
Read More...

Facebook Like Page