Friday, October 3, 2014

၈တန်း ကျောင်းသားတစ်ဦး သေဆုံးမှု နှစ်လကျော်မှ ကလေးတရားရုံး တင်မည်

Leave a Comment
သီဟလွင် - ပြည် (မြစ်မခ)

ပဲခူးတိုင်းအနောက်ပိုင်း၊ ဥသျှစ်ပင်မြို့တွင် ကျောင်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားရာမှ ၈ တန်း ကျောင်းသားတစ်ဦးသေဆုံးခဲ့ရမှုအား နှစ်လကျော်ကြာပြီးနောက် ပန်းတောင်းမြို့နယ် ကလေး သူငယ်တရားရုံးသို့ ပုဒ်မ(၃၀၂) လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဥသျှစ်ပင်ရဲစခန်းမှ သိရသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုမှာ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း တရားရုံးတင်ရန် ပြင်ဆင်နေခြင်းမှာ ကြန့်ကြာသည်ဟု သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။

“ကျွန်မတို့ကို ဆရာမတွေက နှစ်ခါ၊ ရဲစခန်းက တစ်ခါ ကျေအေးဖို့လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမဲ့ ကျွန်မသားသေခဲ့ရတာက သွေးရိုးသားရိုးမှ မဟုတ်ပဲ။ ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးစေချင်တယ်”ဟု သေဆုံးသူ၏မိခင် ဒေါ်ယဉ်ယဉ်အေးကပြောသည်။

အဆိုပါကိစ္စအား ဇူလိုင်လ(၁၀)ရက်နေ့က အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ(၂၂)ရက်နေ့ကတည်းက ဥပဒေအကြံပြုထံမှ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့်တရားစွဲတင်ရန် ပြန်ကျလာပြီဖြစ်သော်လည်း ပန်းတောင်းမြို့နယ် တရားရုံးတွင် မြို့နယ်တရားသူကြီး အပြောင်းအလဲရှိသောကြောင့် တရားစွဲတင်ရန် နောက်ကျနေခြင်း ဖြစ်ကြောင်း ဥသျှစ်ပင်ရဲစခန်းမှ သိရသည်။

“ဒါက ကလေးသူငယ်တရားရုံးနဲ့စစ်ရမှာ။ ကျွန်တော်တို့တင်တာတော့ ခရိုင်ဥပဒေရုံးကိုတင်ရတယ်။ တကယ်တမ်း တရားစွဲရမှာက မြို့နယ်တရားသူကြီးကလေးသူငယ်တရားရုံးကပေါ့။ ဒီမှာက ဘယ်လို ဖြစ်လဲဆိုတော့ မြို့နယ်တရားသူကြီးက ပြောင်းသွားတယ်။ အကြမ်းဖျင်းအားဖြင့် အောက်တိုဘာ ၆ရက် နောက်ပိုင်းမှ ရောက်မယ်။ ကျွန်တော်တို့ဘက်ကတော့ အားလုံးပြင်ဆင်ပြီးသား အားလုံးစွဲရုံပဲ ကျန်တော့တယ်”ဟု ဥသျှစ်ပင်နယ်မြေ ရဲစခန်းမှူး ဦးဝင်းဆန်းက ပြောသည်။

ဥသျှစ်ပင် အ.လ.က.ခွဲကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးအား ခုနှစ်တန်းကျောင်းသားတစ်ဦးက ပန်းတစ်ပွင့် ပေးခဲ့ရာမှ စတင်ကာ သေဆုံးသူ ရှစ်တန်းကျောင်းသား မောင်အေးမင်းစိုးနှင့် ခုနှစ်တန်း ကျောင်းသား ၂ဦးမှာ ကျောင်းရှေ့တွင် ဇူလိုင်(၈)ရက်နေ့၊ နေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဘေးပတ်ဝန်းကျင်မှ လူစုခွဲလိုက်သဖြင့် ရန်ပွဲပြီးဆုံးသွားခဲ့ကြောင်း မျက်မြင် သက်သေများက ပြောဆိုသည်။

“ရန်ဖြစ်တော့ကျွန်တော်တို့ လိုက်ခွဲပေးတာ နေ့လည်ထမင်းစားကျောင်းဖြုတ်တဲ့အချိန်မှာ ဖြစ်တာ။ ရန်ဖြစ်ပြီးတဲ့အချိန်ထိအကောင်းပဲ။ နောက်နေ့ သေပြီဆိုမှ ယုံတောင်မယုံဘူး။ အိမ်မှသွားကြည့်မှပဲ ယုံရတာ”ဟု သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရဲသွေးက ပြောသည်။

မောင်အေးမင်းစိုးမှာ အဆိုပါနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်းရှိသော်လည်း ညပိုင်း (၉း၀၀)နာရီခန့်တွင် ခေါင်းကိုက်လာသဖြင့် မိသားစုများမှ နှိပ်ပေးခဲ့ကြောင်း၊ ကျောင်းသားမှာ တစ်ချက်တစ်ချက် တက်လာသဖြင့် ဆေးရုံသို့ပို့ခဲ့ကြောင်း၊ ဆေးရုံတွင် မနက်(၅း၀၀)နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ ပုံမှန် အတိုင်းထင်၍ သဂြိုလ်ရန်ပြင်ဆင်နေချိန်တွင် ရာအိမ်မှူးဟောင်းတစ်ဦးက ကျောင်းသားအချင်းချင်း ရန်ဖြစ်ခဲ့ကြောင်းကို ကျောင်းသားမိဘများအား ပြောပြသဖြင့် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဖခင် ဦးမြင့်လွင်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဥသျှစ်ပင်ရဲစခန်းမှ ဇူလိုင်လ(၁၀)ရက်နေ့မှာပင် (ပ) ၇၉ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး သေဆုံးသူနှင့် ခိုက်ရန်ဖြစ်ပွားသူ ၁၄ နှစ်အရွယ် (၇) တန်းကျောင်းသား မောင်ဇင်ထက်ပိုင်အား တရားရုံးတွင်ချုပ်ရမာန်ယူကာ အသက်မပြည့်သေးသောကြောင့် မိဘထံတွင် ခံဝန်ချုပ်ဖြင့် ပြန်လည်ထားရှိကြောင်း သိရသည်။

သေဆုံးသူမှာ ခွဲစိတ်ဆေးစစ်ချက်အရ ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် ဦးနှောက်အမှေး အထက်အောက် သွေးယိုစီးခဲ့ခြင်းတို့ကြောင့် ဦးနှောက်ဖိသိပ်ခံရပြီး သေဆုံးရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း ဥသျှစ်ပင်ရဲစခန်းမှ သိရသည်။

Shwe Myitmakha Media Group
Read More...

အော်ရီဒူးမှ မက်ဆေ့ခ်ျပို့ခနှုန်းထားကို ၁၅ ကျပ်သို့လျှော့ချ Voiceမက်ဆေ့ခ်ျ ၀န်ဆောင်မှုစတင်ပြီဖြစ်ကြောင်းကြေညာ

Leave a Comment


အော်ရီဒူးမြန်မာသည် မက်ဆေ့ခ်ျ(SMS)ပို့ခနှုန်းထားကို တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့လျှော့ချလိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အော်ရီဒူးမြန်မာသည် ယခင်က ၄င်းတို့၏ အော်ပရေတာအချင်းချင်းဖြစ် စေ၊ အခြားအော်ပရေတာများသို့ဖြစ်စေ မက်ဆေ့ခ်ျ(SMS) ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြင့်ကောက်ခံနေမှုကို ယနေ့(အောက်တိုဘာ ၃ ရက်) နေ့စွဲဖြင့် အော်ရီဒူးဖုန်းအချင်းချင်းဖြစ်စေ၊ အခြားအော်ပရေတာဖြစ် မက်ဆေ့ခ်ျ(SMS) တစ်စောင်လျှင် ၁၅ ကျပ်သို့ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အော်ရီဒူးမြန်မာသည် Voice မက်ဆေ့ခ်ျ ၀န်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်းကြေညာ လိုက်သည်။ Voice မက်ဆေ့ခ်ျ မှာ ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ရှေ့တွင် * သင်္ကေတဖြည့်စွက်ခေါ်ဆိုပြီး မိမိပြော ချင်သည်များကို မက်ဆေ့ခ်ျအဖြစ် ပေးပို့နိုင်မည့်ဝန်ဆောင်မှုဖြစ်သည်။ အဆိုပါ Voice မက်ဆေ့ခ်ျ ၀န်ဆောင်မှု မှာ စက္ကန့် ၂၀ ကြာသည့်အသံဖိုင်မက်ဆေ့ခ်ျတစ်ခုကို ၂၀ ကျပ် နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရ သည်။

အမ်းဝေ
TechSpace Journal
Read More...

Thursday, October 2, 2014

အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်နှင့် တောင်ကြီး၊ ကလော၊ ပင်းတယ ၄ ရက် ဘုရားဖူးခရီးစဉ်

Leave a Comment
 အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော် ခရီးစဉ် (ဒုတိယအကြိမ်) ထွက်မည်


















အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ကို သွားရောက် ကြည်ညိုဖူးမျှော်ရင်း အင်းလေး၏ သဘာဝအလှနှင့် ဓလေ့များ၊ တောင်ကြီး၊ ကလော၊ ပင်းတယမြို့များနှင့် အဆိုပါမြို့များရှိ တန်ခိုးကြီးဘုရားများ၊ နာမည်ကျော် သဘာဝလှိုင်ဂူဘုရားများသို့ ရှမ်းပြည်၏ အလှအပများကို ခံစားရင်း ဘုရားဖူးထွက်ခွာမည်ဖြစ်ပါသည်။ အဆိုပါ ဘုရားဖူးခရီးစဉ်မှာ ၄ ရက်ခရီး ဖြစ်ပါည်။ ၇.၁၀.၂၀၁၄ အင်္ဂါနေ့ ညတွင် ပြည်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၁၀.၁၀.၂၀၁၄ သောင်္ကြာနေ့ ညတွင်  ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

(တောင်ကြီး၊ ကလော၊ ပင်းတယ၊ အင်းလေးရှိ ဘုရားများ အစုံရောက်ရှိမည်ဖြစ်ပါသည်)

ဘုရားဖူးခရီးကို Light Truck နှစ်စီးဖြင့် (လိုင်းဆွဲနေသည့် ကားများမဟုတ်ပါ) ထွက်ခွာမည်ဖြစ်ပြီး တစ်စီးလျှင် (၁၄) ဦးအထိသာ တင်ဆောင်မည်ဖြစ်ပါသည်။ တည်းခိုရန်အတွက် ဘုန်းတော်ကြီးကျောင်းများ စီစဉ်ထားပြီး တည်းခိုခန်း၊ ဟော်တယ်များတွင် တည်းလိုပါကလည်း ဆောင်ရွက်ပေးပါမည်။ အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် ၃၅၀၀၀ိ/ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးပါမည်။

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄ ၉၇၉၀၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

============================
ဖောင်တော်ဦးစေတီ ပွဲတော်ကျင်းပပုံ
============================

ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူလျက် ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ သဒ္ဓါလွန်မှုကြောင့် ဆင်းတုတော်တို့မှာ မူလရုပ်သွင်ပင်ပျောက်၍ မမှတ်မိ နိုင်တော့ပါ။ စောစောပိုင်း အင်းလေးဒဏ္ဍာရီပိုင်းမှာ တင်ပြခဲ့သလို ယင်းဗုဒ္ဓရုပ်ပွားတော်တို့ကို မာလာယုမှယူခဲ့ရာ ၁၂ ရာစုနှစ်အတွင်း မြန်မာဘုရင် အလောင်းစည်သူဖြစ်ပါသည်။

ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင် နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်မှာ နိုင်ငံအဆင့်အထိအရေးပါတတ်၍ ဗုဒ္ဓဆင်းတု ၄ ဆူ ကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍ လှည့်လည်အပူဇော်ခံလေ့ရှိပါသည်။ ဤဘာသာရေးအခါသမယမှာ ပါဝင်လိုသူအများကိုစွဲဆောင်နိုင်သည့်အ ပြင် တပြည်ထောင်လုံးမှ တက်ရောက်ဆင်နွှဲသူတို့လည်းရှိကြသည်ကို အားပါးတရကြည့်ရှုနိုင်ကြပါသည်။ အင်းသားအချင်းချင်း စွမ်းအားပြိုင်သည့်ပွဲဟုလည်း ခေါ်နိုင်ပါသည်။

ဗုဒ္ဓမြတ်စွာအတွက် ကြာချည်များလောင်းလှူကြခြင်းကိုလည်း အထူးကြာသင်္ကန်းယက်ဖို့ ပြုလုပ်ကြပါသည်။ အင်းလေးကန်အတွင်းနှင့် ဝန်းကျင်နေကြသူများအဖို့ ပဓါနသယ်ယူပို့ဆောင်ရေးက ရှေးရိုးအစဉ်အလာအသုံးပြုကြသည့် လောင်းလှေငယ်များဖြစ်ကြ၏။ သို့သော်လည်းယနေ့ဆို လျှင် အတန်ငယ်ကြီးသောရေယာဉ်တို့ကို စက်အင်ဂျင်ယန္တရားတပ်ဆင်၍ သယ်ယူပို့ဆောင်ရေးအတွက်သုံးနေကြပါပြီ။

ဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ် သတီးကျွတ်လဆန်း (၁) ရက်နေ့မှ စ၍ လပြည့်ကျော် (၃ ) ရက်နေ့အထိ စည်းကားစွာကျင်းပလေ့ရှိသည်။ သီတင်းကျွတ်လဆန်း ၁ ရက် =ရုပ်ပွားတော် ၅ ဆူမှ ၄ ဆူကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ပြောင်းရွှေ့ ကာ တစ်ညတာ ဖောင်ပေါ်တွင် စံနေတော်မူသည်။ ကျောင်းတော် ထုတ်ပွဲ ဟုခေါ်လေ့ရှိသည်။

သီတင်းကျွတ်လဆန်း ၂ ရက်= နန်းဟူးမှ ကြေးပေါ်ခုံကျောင်းတွင် ဆွမ်းကပ်၍ တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၃ ရက်= ဟဲယားရွာမတွင် ဆွမ်းကပ်၍ တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၄ ရက်= ငဖယ်ချောင်ကျောင်းကြီးပေါ်တွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၅ ရက်= ကြေးစားရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၆ ရက်= လင်းကင်းကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၇ ရက်= ညောင်ရွှေမြို့ တွင် ၂ ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၀ ရက်= မိုင်းသောက်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၁ ရက်=သလဲဦးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၂ ရက်=ဇရပ်ကြီးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၃ ရက်=နန်းပန်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၄ ရက်=ကျိုင်းခမ်းရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လဆန်း ၁၅ ရက် (လပြည့်နေ့)=မိုင်းပျိုးရွာတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်=နောင်တော်ကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၂ ရက်=ရေသာရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ညတာ စံနေတော်မူသည်။
သီတင်းကျွတ်လပြည့်ကျော် ၃ ရက်=နဂို စံကျောင်းရှိရာ နန်းပန်ရွာသို့ ပြန်လည် ကြွချီတော် မူသည်။

ရုပ်ပွားတော်များကြွချီရာတွင် ရှေးယခင်က (၅) ဆူ စလုံး ဒေသစာရီကြွချီတော်မူသည်။ ၁၉၆၈ ခုနှစ်တွင် ဒေသစာရီလှည့်လည်တော်မူစဉ် အင်းရေပြင်၌ မိုးကြီး၊ လေကြီး သည်းထန်းစွာ ရွာသွန်းတိုက်ခိုက်ရာ ဖောင်တော်ကြီးသည် ရုပ်ပွားတော် ၅ ဆူနှင့်အတူ နစ် မြုပ်ခဲ့သည်။ လူပေါင်းများစွာတို့ ရေထဲဆင်း၍ ရုပ်ပွားတော်များကို ရှာရာတွင် ၄ ဆူကို သာ ပြန်တွေ့ ပြီး ကျန်တစ်ဆူကို ရှာ၍မတွေ့ တော့ပါ။ သို့သော် ဖောင်တော်ဦး ကျောင်း တော် သို့ ပြန်ရောက်၍ ဂန္ဒကုဋီတိုက်ဖွင့်လိုက်သည့်အခါ ရေအောက်တွင် ရှာမတွေ့  ခဲ့သော ရုပ်ပွားတော်ကို ဦးခေါင်းတွင် ရေမှော်များတင်လျှက်အတိုင်း မူလပလ္လင်ပေါ်တွင် အံ့သြဖွယ် ဖူးတွေ့ လိုက်ကြရသည်။ နောက်တစ်ကြိမ်တွင်လည်း အင်းတိမ်ရွာအရောက် တွင် မိုးလေသည်ထန်စွာ တိုက်ခိုက်လာပြန်သဖြင့် ထိုရုပ်ပွားတော်ကို ညတွင်းချင်းပင် မူလစံကျောင်းသို့ ပြန်လည်ပင့်ခဲ့ရသည်။ ထိုအချိန်မှ စ၍ ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ ဆူသာ ဒေသစာရီ ကြွချီတော်မူသည်။

ဖောင်တော်ဦးဘုရားပွဲတော်ကို ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်တော်များ မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ် စည်းကားသိုက်မြိုက်စွာ လာရောက် လေ့ရှိသည်။

အင်းလေးဒေသရှိ ထင်ရှားသော အဆောက်အဦးများနှင့်စေတီပုထိုးများမှာ-

၁။ နမ့်ဟူးရွာရှိ ဖောင်တော်ဦးဘုရား
၂။ အင်းတိမ်ရွာရှိ ရွှေအင်းတိမ်ဘုရားနှင့် စောင်းတော်ကြီး
၃။ ခေါင်တိုင်ရွာရှိ ရွှေမြင်တင်ဘုရာနှင့် ခေါင်းလောင်း
၎။ သန်းတောင်ရွာရှိ ရွှေသန်းတောင်ဘုရား
၅။ ဟဲယာရွာမရှိ ရွှေဂူဘုရားနှင့် ခေါင်းလောင်း
၆။ နမ့်ပန်ရွာရှိ အလိုတော်ပေါက်ဘုရား
၇။ မြသိန်းတန်ရွာရှိ မြသိန်းတန်ဘုရား
ဂ။ သလဲဦးရွာရှိ ခွဲခြမ်းစေတီ
၉။ မိုင်းသောက်ရွာရှိ ဆုတောင်းပြည့်စေတီ
၁၀။ ငါးဖယ်ချောင်းရွာရှိ ဘုန်းတော်ကြီးကျောင်း
၁၁။ဝက်သကင်ရွာရှီ ၀က်သကင်ဘုန်းတော်ကြီးကျောင်း
၁၂။ခေါင်တိုင်ကျေးရွာအနီးရှီ ရေပူရေနွေးကန်
၁၃။မင်းသားကုတ်ကျိုးဘုရား
တို့ ဖြစ်ပါသည်။

ကိုးကား

↑ ညိုညိုမြင့်......၂၀၀၄ ခုနှစ်...တောင်ကြီးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း
↑ မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ

စိုင်းနက်ရှိုင်း မှတ်စုစာအုပ်မှ ပြန်လည်မျှဝေပါသည်။
Read More...

ပြည်မြို့ရဲ့ ၇ ရက် ငြိမ်းချမ်းရေးဆုတောင်း

Leave a Comment
 
ပြည်မြို့ပေါ်ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘုန်းတော်ကြီးတွေ၊ သိက္ခာတော်ရဆရာတွေ ဦးဆောင်ပြီးတော့...   ဘာသာရေးပိဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေး၊  ပြည်တွင်းငြိမ်းချမ်းရေး၊  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ရည်ရွယ်ပြီး ၇ ရက် တိတိ ဆုတောင်းပွဲ ကျင်းပပြုလုပ်နေပါပြီ။  
 
တိုက်ပွဲများဖြစ်ပွားနေ့တဲ့ တိုင်းရင်းသားဒေသတွေနဲ့  ပိဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆင်ပြေစေရန် ဆုတောင်းကြသလို ကမ္ဘာကြီးမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းစေရေး အတွက်လည်း ဆုတောင်းကြတာဖြစ်တယ်လို့ ပထမမြန်မာနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘကျင်လှက ပြောပါတယ်။

            “လက်ရှိ တိုက်ပွဲဖြစ်ပြီး မငြိမ်းချမ်းတဲ့ဒေသများမှာ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်သည့် တိုင်းရင်းသားဒေသတွေဖြစ်နေတယ်။ အစိုးရနဲ့ လက်နက်ကိုင်တွေ ဆွေးနွေးနေတာကို အမြန်ဆုံး ပြေလည်စေချင်တယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်တော့ မပြောချင်ပါဘူး။

 နှစ်ဘက်စလုံးက ဘုရားမေတ္တာကို ခံစားပြီး အလျှော့ပေးမှ အဆင်ပြေနိုင်မယ်

ငြိမ်းချမ်းရေးဆုတောင်းပွဲတွေဟာ ကနဦးခြေလှမ်းဖြစ်တယ်လို့  ဆရာဘကျင်လှက ရှင်းပြပါတယ်။
         
 “လောလောဆယ်တော့ ကျနော်တို့က UN တို့လို့ သံတမန်အနေနဲ့ ကြားဝင်ညှိနှိုင်းတာလည်း မလုပ်တတ်ဘူး။
NGO တွေလိုလည်း ငွေကြေးနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်မှု မရှိသေးတော့ ပထမခြေလှမ်းအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေစုပြီး
သူတို့တွေအတွက်  ဆုတောင်းခြင်းနဲ့ ပါဝင်ကြတာပေါ့”

  အခြေအနေပေးလာတဲ့အခါ သူတို့မှာ ဒုက္ခသည်တွေအတွက် ကူညီမယ့် အစီအစဉ်ရှိကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

“နောက်ပိုင်း ကျန်းမာရေးနဲ့ လိုအပ်တာတွေ လှူဒါန်းသွားနိုင်အောင်လည်း ကြိုးစားနေပါတယ်”

            အဲဒီလို ဆုတောင်းပွဲတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၈ ရက်နေ့)က စတင် ကျင်းပပြုလုပ်ခဲ့တာပါ။

 အောက်တိုဘာလ (၄) ရက်နေ့ (စနေနေ့)အထိ  တရက်ကို ပြည်မြို့ပေါ်ရှိ ဘုရားကျောင်းတကျောင်းစီ အလှည့်ကျ ဆုတောင်းပွဲကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဆုတောင်းပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 
The Irrawaddy (Burmese Version)
ကောင်းမြတ်မင်း (ဧရာဝတီ)
Read More...

ရဲစခန်းများတွင် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးမှု လာဘ်ပေးလာဘ်ယူမှုအပြင် တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေသည့် ရဲလုပ်ငန်းပေါ့လျော့မှုများ ဖြစ်နေဆဲဟု ပြည်ထဲရေးဝန်ကြီး ပြောကြား

Leave a Comment

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက် ရဲစခန်းများတွင် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုအပြင် တစ်ဦးချင်းစီ တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေသော ရဲလုပ်ငန်းပေါ့လျော့မှုများသည် ယနေ့တိုင်ဖြစ်နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားနည်းချက်များကို အရှိပကတိအတိုင်း ရှုမြင်ဖော်ထုတ် ထောက်ပြလိုတယ်။ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက်များ စစ်ဆေးကြပ်မတ် နေမှုများပြုနေတဲ့ကြားက လက်အောက် ရဲစခန်းများမှာ ကျင့်ဝတ်များနှင့်အညီ ပြုမှုကျင့်ကြံကြရန် လိုအပ်မှု လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုအပြင် တစ်ဦးချင်းနဲ့ တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေတဲ့ ရဲလုပ်ငန်း ပေါ့လျော့မှုများဟာလည်း ယနေ့တိုင် ဖြစ်နေဆဲပဲဖြစ်တယ်။ ဒီအတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေလုပ်ထုံးနဲ့အညီ မဆောင်ရွက်မှု အာဏာအလွဲသုံးစားမှုများကို လူထုရဲ့ တိုင်ကြားချက် လက်ခံခြင်း ဖုန်းထားရှိခြင်း အင်တာနက်များ ဖေ့စ်ဘွတ်ခ်များမှ တင်ပြချက်များရယူပြီး စုံစမ်းဖော်ထုတ် အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

ဆက်လက်၍ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ နောက်ဖြစ်ပေါ်လာမယ့် အခြေအနေများကို မျှော်တွေးပြီး လုံခြုံရေး မကျိုးပေါက်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဥပမာ ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကာလအစမှ အဆုံးတိုင် တည်ငြိမ်အေးချမ်း ချောမွေ့စွာ အောင်မြင်ပြီးစီးရေးကို စိန်ခေါ်မှုအဖြစ်မျှော်မှန်းပြီး အသင့်ဖြစ်အောင်နဲ့  အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လိုတယ်၊ ထို့အတူ လတ်တလောကာလမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုအန္တရာယ်နဲ့ ပတ်သက်ပြီး မိမိနိုင်ငံ လူမျိုးနဲ့ ပြည်သူလူထုအပေါ် ဘယ်လိုဘေးအန္တရာယ်မှ မကျရောက်စေဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်တွင်းလုံခြုံမှုကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အဘက်ဘက်က ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြဖို့ လိုပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ ဖွဲ့စည်းပုံအတိုင်း ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖွဲ့စည်းပုံအသစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ စသည့် တပ်ဖွဲ့အသစ်များ တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အဂတိရားကင်းရှင်းရုံမျှမက တိုင်ကြားလာသမျှ အမှုများကို ဥပဒေနှင့်အညီ ဖြောင့်မတ်စွာ လက်ခံရေးဖွင့် ဖော်ထုတ်ပေးရခြင်း၊ လူမှုအဖွဲ့အစည်းကို ဥပဒေနှင့်အညီ လုံခြုံမှု အကာအကွယ်ပေးခြင်း၊ ပြည်သူကို နှိပ်စက်ခြင်း၊ တရားခံ ညှဉ်းပန်းခြင်းများ မဖြစ်အောင် ထိန်းချုပ်ကြပ်မတ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။          

ELEVEL
Written by: နေရိုင်း
Read More...

Facebook Like Page