Monday, September 1, 2014

ပုဆိန်ကိုသွေးဖို့လည်း မမေ့ပါနဲ့..

Leave a Comment
ပုဆိန်ကိုသွေးဖို့လည်း မမေ့ပါနဲ့..
======================

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ” လို့ အဘိုးအိုက ရှင်းပြလိုက်လေသည်။

ဒီလိုပါပဲ.. လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့ ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ထင်းလည်းခုတ် ပုဆိန်သွေးဖို့လည်း မမေ့ကြဖို့ လိုသည်မဟုတ်ပါလားးးးးးးး။

Kyaw Gyi
ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ

Leave a Comment
သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့
****************************************
သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ပါ
======================================
မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
======================================
ကျမ်းပြုပညာရှင် အမတ်ကြီးဦးခြိမ့် ''ဘယ်လို ကုသိုလ်မျိုးတွေများ လုပ်ခဲ့သလဲ''ရှာဖွေကြည့်တော့
ဦးခြိမ့်ရဲ့ နိဗဒ္ဓဝတ်ကုသိုလ်ဦးခြိမ့်ရဲ့ ကုသိုလ်ကို တွေ့လိုက်ရတာ အခြားဟုတ်ပါရိုးလား။ ငွေကုန်ကျမှုမရှိတဲ့ ကုသိုလ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အိမ်ကနေပြီး မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ လမ်းခုလတ်မှာ သူ့မိခင်ရဲ့အိမ်ရှိတယ်။ ဒီအချိန်မှာ ဖခင်ကြီးကတော့ ရှိဟန်မတူတော့ပါဘူး။

မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ သူ့ရဲ့မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်။ နန်းတွင်းက ပြန်လာတဲ့အခါမှာလည်း မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်တဲ့။ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိသလဲလို့ စဉ်းစားကြည့်ပေါ့။ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။ နေ့စဉ် တစ်ရက်ကို တစ်ခေါက်သွားရင် နှစ်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။
တစ်ရက်ကို နှစ်ခေါက်သွားရင် လေးကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ သုံးခေါက်သွားရင် ခြောက်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ ဒီတော့ မိဘကျေးဇူးကို သိပြီးတော့ မိဘကို ရှိခိုးပူဇော်တယ်။ စားကောင်းသောက်ဖွယ်ပို့ပေးတယ်။ ကျေးဇူးဆပ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကုသိုလ်တရားတွေအများကြီးဖြစ်နေခဲ့ပါတယ်။
ဒါဟာ ဦးခြိမ့် နေ့စဉ်ဆည်းပူးနေတဲ့ နိဗဒ္ဓဝတ်ကုသိုလ်တွေပေါ့။ ဦးခြိမ့်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘုန်းကြီး ဆက်ပြောပြဦးမယ်။ သူ့အိမ်မှာ ဟင်းကောင်းလေးတွေ ချက်တယ်ဆိုရင် ဦးဦးဖျားဖျား မိခင်ဆီကို ကိုယ်တိုင်သွားပို့တယ်။ ဒါလည်း ပြောသလောက်ကြီး ငွေကုန်တာမဟုတ်ဘူး။ ချက်တဲ့ဟင်းကို သွားပို့တဲ့အတွက်သူ့မှာ ကုသိုလ်စေတနာတွေ ဖြစ်ပွါးနေတယ်။ ဟင်းက ငွေကြေးအရ ဘာမှတန်းဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။တိရစ္ဆာန်ကို ကျွေးမွေးတာတောင်မှ ကုသိုလ်ဖြစ်သေးတာပဲ။ ကျေးဇူးရှင်မိဘကို ဦးဦးဖျားဖျားလေးတွေကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာဟာ ဘယ်လောက်မွန်မြတ်သလဲ။

ယနေ့ခေတ်လူငယ်တွေစဉ်းစားသုံးသပ်ဖို့ကောင်းတယ်။နောက်ပြီး ထူးထူးဆန်းဆန်းပြုလုပ်တဲ့ ကုသိုလ်တစ်ခုကိုသွားတွေ့ရသေးတယ်။ သူ့ရဲ့ မိခင်အိမ်ကို ရောက်တဲ့အခါ မိခင်ရဲ့အဝတ်အစားဖြစ်တဲ့ ထဘီ၊ အင်္ကျီတွေကို ညစ်နွမ်းနေတာတွေ့ရင်ဦးခြိမ့်က အလဲခိုင်း
တယ်။ ပြီးတော့ သူ့အိမ်ယူသွားပြီး ညဦးကတည်းက အင်တုံကြီးထဲမှာ စိမ်ထားလိုက်တယ်။ အစေခံတွေ၊ အလုပ်သမားတွေကို မလျှော်ခိုင်းဘူး။ မနက်ကျတော့ မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ခြောက်သွားတဲ့အခါ ခေါက်ပြီးတော့ မိခင်ဆီကို ပြန်ပို့တယ်။ အင်တုံထဲမှာ ထဘီ၊ အင်္ကျီတွေစိမ်ထားတဲ့ ချေးရည်တွေ ကျန်နေတယ်။ ဦးခြိမ့်က အပေါ်ယံရေကြည်တွေကို ခပ်ပြီး သွန်ပစ်တယ်။ အနှစ်ရည်တွေပဲ ကျန်ရစ်နေတယ်။ ဒီအနှစ်ရည်တွေကို နေပူလှန်းလိုက်တော့ ခဲသွားတာပေါ့။ ဒီချေးခဲလေးတွေကို ကျောက်ပျဉ်ပေါ်မှာ မှုန့်မှုန့်ညက်ညက် ကျေအောင်ကြိတ်ပြီး သူတို့ခေတ်က နံ့သာဆီတို့၊ ပန်းပေါင်းဆီတို့နဲ့ ရောပြီး အခဲလေးတွေလုပ်။ ပြီးတော့ နားမှာပန်ပြီး မင်းကြီးဆီ အခစားဝင်တယ်တဲ့။

မိခင်ကို အမှီပြုပြီး ဦးခြိမ့်ရဲ့ နှလုံးသားမှာ ဖြစ်ပွါးသွားတဲ့ ကုသိုလ်စေတနာတွေကို မှန်းဆကြည့်ပါ။ သိပ်ပြီး ကြည်ညိုစရာကောင်းသလို အားကျအတုယူစရာလည်း ကောင်းပါတယ်။ အကျိုးတရားအနေနဲ့ ကြည့်လိုက်ရင်လည်း ဒီဘဝမှာပဲ ဥရောပအပါအဝင်နိုင်ငံခြားကို အခေါက်ခေါက်အခါခါ သွားရတယ်။ နိုင်ငံခြားမင်းတွေရဲ့ ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်တာကိုလည်း ခံရတယ်။ ပညာကို မြတ်မြတ်နိုးနိုး ကြိုးစားတဲ့အတွက်၊ စာဖတ်အားကောင်းတဲ့အတွက် ပညာရှိကျမ်းပြုပုဂ္ဂိုလ် ဖြစ်သွားတယ်။ သိပ်ပြီးတော့ အားကျစရာကောင်းတယ်။ သူပြုလုပ်တဲ့ ကုသိုလ်တွေဟာ ငွေကုန်တဲ့ကုသိုလ်တွေ မဟုတ်ဘူး။ ဘယ်သူမဆို လက်လှမ်းမီ
ကြပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ မလုပ်နိုင်ကြဘူး။ ဒါလေးတွေကို မှော်ဘီဆရာသိန်းက မှတ်တမ်းတင်ခဲ့လို့ ဘုန်းကြီးတို့ သိခွင့်ရကြတာပါ။ မိဘကို ပြုစုလုပ်ကျွေးတဲ့ကုသိုလ်ဟာ နောက်ဘဝအထိ မစောင့်ပါဘူး။ ဒီဘဝမှာပဲ လက်ငင်း အကျိုးပေးတယ်လို့ ဆရာသမားတွေက ဆုံးမခဲ့ဖူးပါတယ်။ နောက်ပြီး မိဘစိတ်ချမ်းသာအောင် ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးတဲ့။ ပစ္စည်းဥစ္စာ ဆင်းရဲတောင်မှ စိတ်မဆင်းရဲဘူး။ မိဘတွေ စိတ်ကသိကအောက်ဖြစ်အောင်လုပ်တဲ့ သားသမီးကတော့ ပစ္စည်းချမ်းသာတောင်မှ စိတ်ချမ်းသာဖို့ မလွယ်ပါဘူးတဲ့။

နောက်တစ်ခု ပြောလိုပါသေးတယ်။ ပညာရှိဦးခြိမ့်ရဲ့အကြောင်းကို တက္ကသိုလ်ကျောင်းဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက်ကပေါ့။ ပြောပြတဲ့အခါ တက္ကသိုလ်ကျောင်းသားလေးက ဦးခြိမ့်ကို အားကျပြီး သူ့မိဘတွေရဲ့ လုံချည်၊ အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ ချေးရည်လေးတွေယူပြီး အနှစ်ရည်ကို နေလှန်း အမှုန့်ကြိတ်တယ်ပေါ့။ သနပ်ခါးလိမ်းတဲ့အခါမှာ ရောပြီးတော့ အမြတ်တနိုးလိမ်းသတဲ့။
တစ်နေ့တော့ ကျောင်းမှာ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
ကျောင်သားသုံးယောက် ရွေးချယ်တယ်။ ကျောင်းသားတစ်ရာထဲကနေ သုံးယောက်ပဲ ရွေးချယ်တာပါ။အင်တာဗျူးဖြေမယ့်နေ့ကျတော့ အဲဒီတက္ကသိုလ်ကျောင်းသားဟာခုနချေးရည်နဲ့ရောသွေးထားတဲ့သနပ်ခါးကို မျက်နှာတင်မကဘဲ တစ်ကိုယ်လုံး လိမ်းသွားတယ်။ နောက်ဆုံး ကျောင်းသားတစ်ရာထဲက သုံးယောက်ပဲ ရွေးချယ်တဲ့အထဲမှာ ဦးခြိမ့်ကို အားကျခဲ့တဲ့ ကျောင်းသားလေး ပါသွားတယ်။ ပညာကို ကြိုးစားသင်ယူတာလည်း ပါတာပေါ့။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ ဒီအကြောင်းအရာလေးကို ဆရာတော်လေးတစ်ပါးက ရေးထားတာပါ။ ဘုန်းကြီးက ဒီစာအုပ်ကိုဖတ်ပြီး သိခွင့်ရခဲ့တာပါ။

စစ်ကိုင်းမြစကြာဆရာတော်၏ သူတော်ကောင်းတို့၏ တောင်းဆုများ(၂)စာအုပ်မှ

ဖတ်သင့်တာတွေ ဖတ်စေချင်တာတွေကို မျှဝေပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်

သာသနာနွယ် သာသနာနွယ်

ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

ဘန်ကောက်က ကားစပယ်ယာ ရန်ကုန်ကို ပို့လိုက်ပါ

Leave a Comment

ဘန်ကောက်က ကားစပယ်ယာ ရန်ကုန်ကို ပို့လိုက်ပါ

 

 ဗုဒ္ဓဟူးနေ့က ဘန်ကောက်ပို့စ်သတင်းစာက အွန်လိုင်းမှာ၂ မိနစ်စာ ရုပ်သံဖိုင်တခု ထည့်လိုက်ပါတယ်။

ဘန်ကောက်မြို့ အမှတ် ၇၉ ဘတ်စ်ကားလိုင်းမှာ လုပ်ကိုင်နေတဲ့ ကားစပယ်ယာတယောက်အကြောင်း ရိုက်ကူးထားခြင်းပါ။

ဘန်ကောက်မှာ တခြားသော ကားစပယ်ယာများက ကားလက်မှတ်ရောင်းတဲ့အလုပ်ပဲ လုပ်ပေမယ့် သူက အဲဒါထက် ပိုပြီး လုပ်သူပါ။

သူက ခရီးသည်တွေနဲ့ တရင်းတနှီးနေ၊ စကားပြောတယ်။
စာအုပ်တအုပ်ကိုင်ပြီး စာဖတ်ပြလိုက်ပါသေးတယ်။ အပျင်းပြေအောင် ဖြစ်ပါလိမ့်မယ်။
ဒါက ခရီးစဉ်တိုင်း သူ လုပ်နေကျပါပဲ တဲ့။
(သူ့အသံ အမြဲကြားရမယ့် ကားဒရိုင်ဘာကတော့ စိတ်ညစ်နိုင်တယ် သို့မဟုတ် သဘောကျလိမ့်မယ်။
ခရီးသည်တချို့လည်း သူ စာဖတ်ပြတာကို ကြိုက်ချင်မှ ကြိုက်မယ်)

သေချာတာကတော့ ခရီးသည်တွေကို သူက ၀န်ဆောင်မှုကောင်းကောင်းပေးဖို့ ကြိုးစား၊ ဖျော်ဖြေတင်ဆက်ဖို့ ကြိုးစားနေခြင်းပါပဲ။

ခရီးသည်တွေဆီကနေ ရလာတဲ့ တုန့်ပြန်ချက်တွေကြောင့် ဝမ်းသာရတယ်၊ ဒီရဲ့ ပီတိကို ဘယ်မှာမှ သွားဝယ်လို့ မရဘူးလို့ သူက ပြောဆိုတာကို ရုပ်သံမှာ ဖော်ပြပါတယ်။

ခရီးသည်တွေ သူ့ကို တွေ့တာနဲ့ နွေးထွေးမှု ရသွားစေချင်ပါတယ် တဲ့။

သူ့နာမည်က Paitoon Samraj

ခရီးသည်တဦးရဲ့ အိတ်ကို ကူညီ သယ်ချပေးတာလည်း တွေ့ရပါမယ်။

ရန်ကုန်က ဘတ်စ်ကားတွေမှာ သူ့လိုမျိုး ကားစပယ်ယာ ရှိမယ်ဆိုရင် ကောင်းမှာပဲ။

ရန်ကုန်က ကားစပယ်ယာများလည်း အဆက်မပြတ် ပြောနေကြတာပါပဲ။ သို့သော်လည်း ပြောပုံခြင်းတော့ မတူပါလေ။

အမျိုးသမီး ခရီးသည်တယောက်ဆိုရင် ဘောပြားမ ဆိုပြီး စပယ်ယာက ဆူပူပြောဆိုတာ ခံရတယ်၊ ကားပေါ်ကအဆင်းမှာ ကန်ချခံရလို့ ကားပေါ်ကနေ မှောက်လျက် ပြုတ်ကျတယ်လို့ မှုခင်းသတင်းတပုဒ်က ဆိုတယ်။ ဒါကတော့ အဆိုးဆုံးသော ဖြစ်ရပ်တခု ဆိုပါစို့။

ခရီးသည်တွေ ကားစပယ်ယာတချို့ရဲ့ဒဏ်ကို ခံနေရတာကတော့ ရန်ကုန်ရဲ့ပုံရိပ်ဆိုးတခုပါပဲ။

ကားစပယ်ယာတချို့ ရိုင်းစိုင်းတာတော့ ဟုတ်ပါပြီ။ ယာဉ်မောင်းသူတွေကရော?

ရန်ကုန်က ယာဉ်မောင်းသူတွေအကြောင်း သိချင်ရင် ရန်ကုန်မြို့ထဲမှာ လမ်းကူးကြည့်လိုက်ရုံပါပဲ။
ခင်ဗျားတို့ကို လမ်းပေါ်မှာ လမ်းလျှောက်ခွင့်မပေးချင်တဲ့ ယာဉ်မောင်းတွေ အများအပြား ရှိတယ်ဆိုတာကို အံ့သြတကြီး တွေ့ရပါလိမ့်မယ်။

လူအများအပြား စိတ်ရိုင်းဝင်လာကြခြင်းဟာ ဘာကြောင့်များလဲ။
ဒါကတော့... ဆက်လက် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ 

 ပြည်သတင်းလူငယ်(ပြည်သတင်း)

 

Read More...

ဆီးချို ပျောက်တဲ့နည်း (ကျန်းမာရေး ဗဟုသုတ ဆိုင်ရာ)

Leave a Comment

ဆီးချို ပျောက်တဲ့နည်း (ကျန်းမာရေး ဗဟုသုတ ဆိုင်ရာ)
**************************************************************
ဇန်န၀ါရီ ၂၃ ရက် ၂၀၁၄ ခုနှစ်

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင်
ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ။

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို
တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။
အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် )
ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို
ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်
အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊
တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက်
စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။
အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ
ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။
ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ။

သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။
သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။
တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။
ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင်
ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက
ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to: ဦးစန်းမောင် (မန်း)
 
 
Photo: ဆီးချို ပျောက်တဲ့နည်း (ကျန်းမာရေး ဗဟုသုတ ဆိုင်ရာ)
**************************************************************
ဇန်န၀ါရီ ၂၃ ရက် ၂၀၁၄ ခုနှစ်

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင်
ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ။

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို
တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။
အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် )
ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို
ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်
အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊
တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက်
စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။
အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ
ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။
ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ။

သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။
သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။
တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။
ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင်
ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက
ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to: ဦးစန်းမောင် (မန်း)
Read More...

အသေထွက် ကျော်သူ

Leave a Comment

အသေထွက် ကျော်သူ

 

 “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊ ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏ နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်းဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီအတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့် ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

“ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။ ယင်း “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ် ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင် ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။

ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမားတစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊ ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။ ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့်
ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။ ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။


အသေထွက်

လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ

အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …

ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ

နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။


နိုင်မြန်မာ
၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ် တို့ လူ ကြီး “ ကို ကျော် သူ ” ၅ ၄ နှစ် ပြည့် မွေး နေ့ အ မှတ် တ ရ)

 

ပြည်သတင်းလူငယ်(ပြည်သတင်း)

 

Read More...

Facebook Like Page