Friday, May 2, 2014

(၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအတွက် ပြည်မြို့ တပ်ခွဲ(၂)တပ်စု(၅)ဆံတော်အရံ မီးသတ်တပ်ဖွဲ့ဝင်တွေ တက် တက်ကြွကြွဆောင်ရွက် နေ

Leave a Comment



(၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအတွက်
ပြည်မြို့ တပ်ခွဲ(၂)တပ်စု(၅)ဆံတော်အရံ မီးသတ်တပ်ဖွဲ့ဝင်တွေ တက်
တက်ကြွကြွဆောင်ရွက် နေပုံပါ ။ပြည်မြို့က မီးသတ်တွေက ဘယ်တိုင်း ဘယ်မြို့ကမီးသတ်တွေနဲ့မှ မတူတာတော့အမှန်ပဲ...မီးလောင်တယ်လို့
ကြားတာနဲ့ဘယ်အမိန့်မှမစောင့်ဘူး ပြည်သူလူထု၏အသက်အိုးအိမ်စည်း
စိမ်အတွက်..ချက်ချင်းထွက်ပြီးမီးငြိမ်းသတ်တယ်..မိမိအသက်ကိုအဒိကမထားဘူး..
.လေးစားပါတယ်ဗျာ......ပြည့်သဲမောင်(ပြည်)
Read More...

မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန် ပြည်မြို့တွင် ဧရာဝတီမြစ် ဖြတ်ကူးဆန္ဒပြ သတင်း....ပြည့်သဲမောင်( ပြည်) ဓါတ်ပုံ......ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment


မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန် ပြည်မြို့တွင် ဧရာဝတီမြစ် ဖြတ်ကူးဆန္ဒပြ
*******************************************
   သတင်း....ပြည့်သဲမောင်( ပြည်)

ဓါတ်ပုံ......ပြည်သတင်းလူငယ်(ပြည်သတင်း)

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးတော့မည့်ဧရာဝတီမြစ်အား ကာကွယ်ပေးလိုကြောင်း ပဲခူးတိုင်း ၊ပြည်ခရိုင် ပြည်မြို့တွင် မေလ(၁)ရက်နေ့က ဒေသခံပြည်သူ (၁၄)ဦး ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ ဖြတ်ကူးဆန္ဒထုတ် ဖော်မှုပြုလုပ်ခဲ့သည်။ ထိုနေ့ နေ့လည်(၄)နာရီအချိန်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ပြည်မြို့ စည်ပင်သာယာရေး ရေစစ်ကန်ဝင်း နောက်ဘက်မှ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရွှေဘုံသာစေတီဘက်သို့ ဖြတ်ကူးဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။ “မြစ်ဆုံစီမံကိန်းကြောင့်ဧရာဝတီမြစ်ကြီး သေတော့မလို ဖြစ်နေပြီ။ ဧရာဝတီမြစ်ကြီးက ကျဉ်းနေတော့ ဟိုဘက်ဒီဘက်တောင် လမ်းလျှောက်လို့ရတယ်။ ဧရာဝတီမြစ်ကို မသေ သေအောင် သတ်နေကြတယ်။ ဧရာဝတီမြစ်ကို ကာကွယ်ဖို့လိုတဲ့အတွက် မြစ်ဖြတ်ကူး ဆန္ဒထုတ်ဖော်တာ” ဟု မြစ်ဖြတ်ကူးရာတွင် ပါဝင်သည့် ဦးကျော်ဆွေကပြောသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေသာရှိပြီး ငြိမ်းချမ်းစွာ ရေဖြတ်ကူးခွင့် ဥပဒေမရှိသည့်အတွက် မြစ်ဖြတ်ကူးရန် ခွင့်ပြုချက် မယူထားကြောင်းလည်း ဦးကျော်ဆွေကမဇျိမသို့ပြောသည်။ “စာလည်းမတင်ဘူး။ အကြောင်းလည်း မကြားထားဘူး။ ရေဖြတ်ကူးခွင့် ဆိုတာ ဥပဒေမှာမရှိဘူး”ဟု ၄င်းကဆိုသည်။ မြစ်ဖြတ်ကူးဆန္ဒပြသူများကို အသက်ကယ်လှေသုံးစင်းက လိုက်လံစောင့်ရှောက်ခဲ့ပြီး ဆန္ဒပြသူများကို မြို့ခံလူထုနှစ်ရာကျော်လာရောက်အားပေး ကြည့်ရှုခဲ့ပါသည်။ အသက်ကယ်လှေများပေါ်တွင် “မြစ်ဆုံစီမံကိန်း နှင့် ဧရာဝတီမြစ်ကို မသေသေအောင် သတ်နေကြပြီ ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူတိုင်း ဧရာဝတီကိုကာကွယ်ကြ ဧရာဝတီကိုကယ်တင်ကြ”စာသားပါ မေခ နှင့်မလိခ မြစ်များဆုံသည့်ပံ၊ု ဧရာဝတီမြစ်ရှုခင်းပုံ၊ ဧရာဝတီမြစ်ပါြ မန်မာနိုင်ငံမြေပုံစသည့် ဗီနိုင်းပိုစတာသုံးချပ်ကို တင်ဆောင်ဆန္ဒပြသည်။


သတင်း....ပြည့်သဲမောင်( ပြည်)
ဓါတ်ပုံ......ပြည်သတင်းလူငယ်(ပြည်သတင်း)





Read More...

လက်အောက်ဝန်ထမ်းအားပါးရိုက်ဆုံးမသူ ချည်မျှင်နှင့်အထည်စက်ရုံ မန်နေဂျာကို (ILO)ထံ တိုင်မည် ပြည့်သဲမောင်(ပြည်)

Leave a Comment


လက်အောက်ဝန်ထမ်းအားပါးရိုက်ဆုံးမသူ ချည်မျှင်နှင့်အထည်စက်ရုံ မန်နေဂျာကို (ILO)ထံ တိုင်မည်

 ပြည့်သဲမောင်(ပြည်) 

အစိုးရဌါနပိုင်စက်ရုံတစ်ခုဖြစ်သော ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ချည်မျှင်နှင့် အထည်စက်ရုံမှ မန်နေဂျာတစ်ဦးသည် လက်အောက်ဝန်ထမ်းတစ်ဦးအား ပါးရိုက်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း(ILO)ထံတိုင်တန်းသွားမည်ဟု ပါးရိုက်ခံရသူ ၀န်ထမ်းကပြောသည်။ “(ILO)ကို တိုင်တန်းဘို့ ကြိုးစားနေပါတယ်။ နောက်လူတွေလဲ အစဉ်အလာဆက်ဖြစ်နေမှာစိုးလို့ ပြင်းပြင်း ထန်ထန် အရေးယူ စေချင်တယ်။ ယောကျာင်္းချင်း ပါးရိုက်ခံရတာ သိက္ခာကျတယ်” ဟု ပါးရိုက်ခံရသူ ကိုသိန်းသန်းမိုးက ပြောသည်။ ရွှေတောင်မြို့နယ် ချည်မျှင်နှင့်အထည်စက်ရုံ စက်မှုရေသန့်ဌါနမှ မန်နေဂျာ ဦးမြင့်ဦးသည်၎င်း၏ လက်အောက်ဝန်ထမ်း စက်မှုကျွမ်းကျင်(၃) သိန်းသန်းမိုးကို နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီလ(၂၁)ရက် နေ့ကလက်ဖြင့်တစ်ချက်၊ ဖိနပ်ဖြင့်တစ်ချက် ပါးရိုက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာထိုနေ့မနက်(၉)နာရီချိန်က ချည်မျှင်ရေသန့်ဌါနတွင် ကိုသိန်းသန်းမိုး တစ်ဦးတည်းရှိနေစဉ် မန်နေဂျာဦးမြင့်စိုးသည် အလုပ်ရုံစိတ်မှူးဦးသိန်းဇော် နှင့်အတူ ရောက်ရှိလာပြီး ဆူပူကြိမ်းမောင်းခဲ့ကြောင်းကို သိန်းသန်းမိုးကပြောသည်။ “ဂျူတီသမားတွေမေးတော့ တစ်ယောက်က ခဏ ထမင်းစားပြန်သွားတယ် ပြောလိုက်တယ်။ အရာရှိက ထမင်းစား ပြန်ပြန် နိုင်လွန်းတယ်ဆိုပြီး ဆူပူကြိမ်းမောင်းတယ် ရှိတဲ့လူကိုဘဲ ဘာလို့ဆူရသလဲလို့ မေးလိုက်တော့ ဒေါသထွက်ပြီး စတီးခွက်နဲ ကောက် ပေါက်တယ်” ဟု၎င်းကဆိုသည်။ ထို့နောက် ၄င်းမှဆက်လက်၍ “ပေါက်တာကို မရှောင်ဘဲ ပြေလည်ရာ ပြေလည်ကြောင်း ပြောတော့ ငယ်ထိပ်က ဆံပင်ကို ဆွဲပြီး ၀ဲဘက်ပါးနအုံကို လှမ်းရိုက်တယ်။ ရိုက်တဲ့အချိန် အကျိုးသင့် အကြောင်းသင့် ရှင်းပြတော့လည်း လက်မခံဘူး။ ရေနွေးအိုးနဲ့ ထပ်ပေါက်ဖို့ လုပ်တယ်။ ဒေါသမထွက်ဘဲ ရေနွေးအိုးနဲ့ ပေါက်လည်း ခံလိုက်မယ်ဆိုပြီး နေသေးတယ်။ ရေနွေးအိုးနဲ့ မပေါက်ဘဲ သူစီးထားတဲ့ ဖိနပ်ချွတ်ပြီး ၀ဲဘက်နားအုံကို ထပ်ရိုက်တယ်”ဟုပြောသည်။ ထိုအချိန်တွင်မန်နေဂျာ ဦးမြင့်ဦးအား အလုပ်ရုံစိတ်မှူးဦးသိန်းဇော်က ဆွဲခေါ်ကာ ၀င်ရောက် ထိန်းသိမ်းခဲ့သည်။ ပါးရိုက်ခံရမှုအား စက်ရုံတာဝန်မှူး ထံမှတဆင့် စက်ရုံမှူးထံသို့ အကြောင်းကြား တိုင်တန်းထားခဲ့ကြောင်း ကိုသိန်းသန်းမိုးကပြောသည်။ တိုင်တန်းထားမှုနှင့်ပတ်သတ်ပြီး ဧပြီလ(၂၂)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် စက်ရုံမှူး ဒေါ်ခင်မျိုးသွင်အား သွားရောက်တွေ့ဆုံခဲ့ရာ စက်ရုံမှူးက ပြေလည်အောင်ညှိနှိုင်းရန်နှင့် သတိပေးရုံသာအရေးယူမည်ဟု ပြောကြောင်း ၄င်းကပြောသည်။ ပါးရိုက်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး စက်ရုံမန်နေဂျာဦးမြင့်ဦးအား ဆက်သွယ်မေးမြန်းရာ စက်ရုံစည်းကမ်းနှင့်ပတ်သတ်ပြီး ပြောဆိုဆုံးမရာမှ ဒေါသ အလျောက် ပါးရိုက်ခဲ့မိကြောင်း ၀န်ခံပြောကြားခဲ့သည်။ “ဒီလိုပါ။ စက်ရုံက မကြာခင် ကုမ္ပဏီကို လွှဲတော့မယ်။ ၀န်ထမ်းတွေ စည်းမဲ့ကမ်းမဲ့ဖြစ်နေရင် ကုမ္ပဏီနဲ့ဆို ပြသနာ ဖြစ်နိုင်တယ်။ ၀န်ထမ်းအချင်းချင်းက နားလည်မှု ရှိကြတာပေါ့။ စည်းကမ်းနဲ့ပတ်သတ်ပြီးပြောနေရင်းနဲ့ ကွန်ပလိန်း တက်လာလို့ ဖြစ်သွားတာ”ဟု မန်နေဂျာဦးမြင့်ဦးကပြောသည်။ ပါးရိုက်ခဲ့မိသည့်အတွက် တပည့်ဖြစ်သူ စက်မှုကျွမ်းကျင်(၃) ကိုသိန်းသန်းမိုး အား တောင်းပန်စကားပြောထားကြောင်း လည်း၎င်းကဆက်ပြောသည်။

သတင်း နှင့် ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)



 
Read More...

ရွှေတောင် ချည်မျှင် နှင့် အထည်စက်ရုံရှိ လက်ထောက်စက်ရုံမှူးမှ အောက်ခြေ၀န်ထမ်းအား ၄င်းစီးလာသောဖိနပ်ဖြင့် ပါးရိုက်ခဲ့

Leave a Comment


ရွှေတောင် ချည်မျှင် နှင့် အထည်စက်ရုံရှိ လက်ထောက်စက်ရုံမှူးမှ အောက်ခြေ၀န်ထမ်းအား ၄င်းစီးလာသောဖိနပ်ဖြင့် ပါးရိုက်ခဲ့
********************************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင်ေ၇ွှတောင်မြို့နယ် အမှတ်(၁)စက်မှုဝန်ကြီးဌာန ရွှေတောင်ချည်မျှင် နှင့် အထည်စက်ရုံ စီမံရေးရာ
 ပြုပြင်ထိန်းသိမ်းရေးဌာနခွဲ စက်မှုရေသန့်ဌာန ကျွမ်းကျင်အဆင့်(၃) အတန်း(၁)၀န်ထမ်း ကိုသိန်းသန်းမိုးအား (လ/ထ စက်ရုံမှူး)ဖြစ်သူ
ဦးမြင့်ဦးမှ ၂၁.၄.၂၀၁၄ ခုနှစ် ည(၉း၄၈)မိနစ်အချိန်ခန့်တွင် ၄င်းစီးလာသောဖိနပ်ဖြင့်ပါးရိုက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်း
ဖြစ်စဉ်မှာ...
ပါးအရိုက်ခံရသူအောက်ခြေ၀န်ထမ်း ကိုသိန်းသန်းမိုး သည် ၂၁.၄.၂၀၁၄ ရက်နေ့တွင် ကိုကျော်ညွှန့်နှင့်အတူတူ ညတာဝန်ကျသည့်နေ့ဖြစ်သည်။
ထိုနေ့မှာ ဦးမြင့်ဦး(လ/ထ စက်ရုံမှူး)သည် ညအချိန် ၉း၄၈ မိနစ်အချိန်ခန့်တွင် လာရောက်စစ်ဆေးရာတွင် ညတာဝန်ကျ ကိုကျော်ညွှန်မှာ ထမင်းမစားရသေးသဖြင့်
ထမင်းပြန်စားကြောင်း ကိုသိန်းသန်းမိုး မှ ဦးမြင့်ဦး(လ/ထ စက်ရုံမှူး)အားပြောပြခဲ့သည်။ ထိုသို့လာရောက်စစ်ဆေးချိန်မှာလည်း ဦးမြင့်ဦး(လ/ထ စက်ရုံမှူး)
မှာမှုးရစ်ယစ်သောက်စားထားသည်ဟုထင်ရပါတယ်။  ထို့နောက် မင်းတို့က အားတိုင်း ထမင်းပဲပြန်စားနေတယ် ဟုပြောပြောဆိုဆိုဖြင့် ကိုသိန်းသန်းမိုးအား
စတီးရေခွက်ဖြင့် လှမ်းပေါက်ပြီး  ဒုတိယအကြိမ်တွင် ကိုသိန်းသန်းမိုး၏ ဆံပင်မွှေးကိုဆွဲကာ(၀ဲ)ပါးပြင်အားရိုက်ခဲ့ပါသည်။  ထို့နောက်တပြိုင်တည်းမှာပင်
တတိယအကြိမ် ကိုသိန်းသန်းမိုး ၏(၀ဲ)ပါးပြင်အား ၄င်းစီးလာသောဖိနပ်ဖြင့်ထပ်မံရိုက်ခဲ့ကြောင်း ထိုအချိန်အထိကို ကိုသိန်းသန်းမိုးမှ ဦးမြင့်ဦး(လ/ထ စက်ရုံမှူး)
အားခုခံခြင်းမရှိခဲ့သေးပဲ  ဆရာရိုက်တာ(၃)ခါရှိရှိပြီ ဟုပြောဆိုခဲ့ရာ ၄င်းမှ (၁၀)ခါရိုက်တော့ရောဘာဖြစ်လည်း ဘယ်ကောင်ကိုမှ ငါဂရုမစိုက်ဘူး ဟု
အဏာရှင်ဆန်ဆန်ပြောဆိုခဲ့ပြီး စတုတ္ထအကြိမ် ထပ်မံရိုက်မည် ပြုစဉ် အနီးရှိ ဦးသိန်းဇော်(စိတ်မှူး)မှ ဆွဲထားသောကြောင့် အရိုက်ခံရမည့်ဘေးမှလွှတ်မြောက်
ခဲ့ရပါသည်။ ထို့ကြောင့်လည်း အစိုးရ၀န်ထမ်းအရာရှိ ဦးမြင့်ဦး(လ/ထ စက်ရုံမှူး)အား သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် နှင့်
ပြည်ထောင်စုဝန်ကြီး အမှတ်(၁)စက်မှုဝန်ကြီးဌာန နေပြည်တော် ကိုလည်းအဆိုပါကိစ္စအား ၂၀၁၄ ခုနှစ် ဧပြီလ(၂၅)ရက်နေ့ကတိုင်ကြားထားကြောင်းသတင်းရရှိခဲ့ပါတယ်
 အဆိုပါသတင်းကိစ္စနှင့်ပတ်သက်ပြီး  ဦးမြင့်ဦး(လ/ထ စက်ရုံမှူး) အား ၄င်း၏ဖုန်းနံပါတ်ကို ပြည်သတင်းမှ ဆက်သွယ်မေးမြန်းခဲ့ရာ....ဒီကိစ္စနှင့်ပက်သတ်ပြီး
ဘာမှပြောစရာမရှိပါဘူးခင်ဗျာ ဖိနပ်နဲ့ပါးရိုက်တယ်ဆိုတာလည်းမဟုတ်ပါဘူး သူကတမှင်သက်သက်ပြောတာပါ ဒီကိစ္စကိုလည်း စစ်ဆေးမှုတွေခံယူပြီးပါပြီ
လူကြီးတွေဆိုတော့  ကိုယ့်အကြောင်းသားပုတ်လေလွင့်ပြောတာတွေတော့ခံရပါတယ်ခင်ဗျာ ကျန်တာတော့ ပြောစရာမရှိပါဘူး ဟု ပြည်သတင်းသို့ ပြန်လည်ဖြေကြားသွားခဲ့သည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Thursday, May 1, 2014

ဓမ္မစကူးလ်း-ပြည် ကျောင်းဖွင့်ပွဲကျင်းပမည်

Leave a Comment
ဓမ္မစကူးလ်-ပြည် ကျောင်းဖွင့်ပွဲကျင်းပမည်

ပြည်မြို့ ဗိုလ်ချုပ်လမ်း ရွာဘဲရပ်ကွက်အတွင်းရှိ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုမာရ၏ သြ၀ါဒခံယူဖွဲ့စည်းထားသည့် ဓမ္မစကူးလ်-ပြည် ကျောင်းဖွင့်ပွဲအခမ်းအနားကို ၁၃၇၆ ခုနှစ် ကဆုန်လဆန်း(၅)ရက်နေ့ (3.5.2014) စနေနေ့ မနက် ၈း၀၀ နာရီတိတိအချိန်တွင် ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဗိုလ်ချုပ်လမ်း ရွာဘဲရပ်ကွက် ပြည်မြို့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

Facebook Like Page