Sunday, March 2, 2014

တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်

Leave a Comment
(2-3-2014)ရက်နေ့ နေ့လည်(1)နာရီမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားမြောက်စောင်းတန်း ခြင်္သေ့ကြီး နှစ်ကောင်အနီးတွင် ဖျက်ဆီးခံရတော့မည့် ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်တော်ကြီးအား နောက်ဆုံးဖူးမျှော်နိုင်ကြပါ စေရန် စာသားပါတဲ့ဗွီနိုင်းပိုစတာကို ကိုင်ဆောင်ပြီး ဦးကျော်ဆွေ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်၍ လယ်တီ သိမ်တော်ကြီးနှင့် ဘုရားကို ပြောင်းရွေ့ရန် ပြည်ထောင်စုအစိုးရမှ ဆုံးဖြတ်ချက်၊ သံဃမဟာနာယက ဗန်းမော် ဆရာတော်ကြီးကလည်းခွင့်ပြုတယ်လို့သိရတဲ့စာသားနဲ့ ကျွန်တော်တို့ပြည်သူများမှ လယ်တီသိမ်တော်ကြီးနှင့် မြေနေရာ အား ပြန်၍၀ယ်ချင်ပါသည်။

ထွက်သမျှကြေးနီတနိဖိုး၏နှစ်ဆပေး၍ ၀ယ်ချင်ပါတယ်လို့စာသားပါ စာရွက်များကို ဖြန့်ဝေကြောင်းသိရပါတယ်။
လယ်တီသိမ်တော်ကြီးဖျက်ဆီးမှုကို ကန့်ကွက်ကြောင်း၊ ရှေးဟောင်းသမိုင်းအဖြစ်ရပ်တည်တာကြာပြီဖြစ်ပြီး မပြောင်းရွေ့ သင့်ကြောင်း၊ ဘာသာ သာသနာ လူမျိုးကို စော်ကားတဲ့အစိုးရဖြစ်ကြောင်း၊ ဘာဒီမိုကရေစီလဲ၊ ပြည်သူဆန္ဒကို အသိအမှတ် မပြုတဲ့အစိုးရဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာသာသာသနာကိုကာကွယ်တာပါ၊ ခွင့်ပြုချက်မတင်ပဲ ဆန္ဒဖော်ထုတ်ကြောင်း ဦးကျော်ဆွေကပြောသည်။

Zaw Htun
Read More...

ရှင်ပြုအလှူပွဲများအတွက် မြင်းအလှငှါးနိုင်

Leave a Comment
ရှင်ပြုအလှူပွဲများအတွက် မြင်းတစ်ကောင်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ငှါးနိုင်ပါသည်။

ဆက်သွယ်ရန် ကိုဦး ၀၉ ၂၅၀၄၀၆၃၁၇
Read More...

အယ်ဒီတာ အာဘော် အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

Leave a Comment


ပဲခူးအသံ ဂျာနယ်(အတွဲ ၁၊ အမှတ် ၁) အယ်ဒီတာ အာဘော်

အရေးပါသည့် ဒေသန္တရ သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

၂၀၁၁ ခုနှစ်နောက်ပိုင်း သတင်းစာစောင်များ ထုတ်ဝေခွင့်ဖြေလျော့လိုက်သည့်နောက် ပြည်နယ် နှင့်တိုင်းများတွင် ဒေသန္တရသတင်းစာစောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အချို့မှာ တိုင်းရင်းသား လူမျိုးစုလက္ခဏာ အသွင်ဆောင်သည့် သတင်းစာစောင်များဖြစ်ပြီး အချို့မှာမူ ပဲခူး အသံကဲ့သို့သော ဒေသဆိုင်ရာ အသွင်လက္ခဏာဖြင့် ထွက်ပေါ်လာသည့် စာစောင်များဖြစ်သည်။

်မည်သည့်အသွင်ဆောင်သည်ဖြစ်စေ စာစောင်၏ ပရိသတ်
နေထိုင်သည့် ဒေသမှ သတင်းများ မျက်မှောက်ဖြစ်ရပ်များ၊ ဝေဖန် သုံးသပ်မှုများ၊ လူထု၏ ခံစားမှုတို့ကို ထင်ဟပ်နိုင်သော သတင်းမီဒီယာများ ပေါ်ထွက်လာခြင်းသည် ယင်းလူမှု အဖွဲ့အစည်းအဖို့ ကြီးမားသည့် အပြောင်းအလဲပင်ဖြစ်သည်။

သတင်းမီဒီယာများက လူထု ရင်ဆိုင်နေရသည့် ပြဿနာရပ်များ၊ အခက်အခဲများ၊ မြေသိမ်း ယာသိမ်းကိစ္စများ၊ အလုပ်ရှင် အလုပ်သမားကိစ္စများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ လွဲမှားမှုများ၊ အာဏာ အလွဲသုံးမှုများ စသည့်တို့ကို သတင်းမီဒီယာများမှ တဆင့် သက်ဆိုင်ရာတာဝန်ရှိသူ၊ အဖွဲ့အစည်းတို့ သိရှိကာ ဖြေရှင်းဖို့ တွန်းအားပေးစေနိုင်မည်ဖြစ်သည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ထုတ်သော သတင်းစာစောင်များ၏ စာမျက်နှာများတွင် မိမိဒေသအကြောင်းကို စောင့်မျှော်ဖတ်ရှုနေရခြင်းမှ မိမိဒေသမှ အဖြစ်အပျက်များ အရေးကြီးသည့်ကိစ္စရပ်များ လူထုခံစားချက် အသံများကို ဒေသန္တရ စာစောင်တွင် ဖတ်ရှုလာနိုင်ခြင်း အုပ်ချုပ်သူ အာဏာပိုင် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ထံလည်း လူထု ပရိသတ်၏ အမြင်ကို ဆက်သွယ်ပေးနိုင်ခြင်းသည် ပင်လျင် သတင်းမီဒီယာ၏ အရေးကြီးသည့် အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားတစ်ရပ်ကိုေ
ဆာင်ရွက်နေခြင်းဖြစ်ပေသည်။

ဤနေရာတွင် ဒေသန္တရ သတင်းမီဒီယာသည် ကြားနေသည့် သတင်းမီဒီယာဖြစ်ဖို့ လွတ်လပ်သည့် သတင်းမီဒီယာ ဖြစ်ဖို့လည်း အရေးကြီးပေသည်။ အုပ်ချုပ်သူ အာဏာပိုင် သို့မဟုတ် နိုင်ငံရေး ပါတီတစ်ခုခု ၏ အာဘော် မဖြစ်ဖို့ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ဖွဲ့၏ အကျိုးစီးပွားကို ငဲ့ပြီး ပရိသတ်အကျိုးကို လျစ်လျူမရှုဖို့ အထူးအရေးကြီးပေသည်။

ပဲခူးအသံသည် လွတ်လပ်သည့် ရပ်တည်ချက်ပေါ်တွင် ခိုင်ခိုင်မာမာကိုင်စွဲ၍ ပရိသတ် အများပြည်သူ အကျိုးရှိမည့် သတင်းများကို
ဖေါ်ပြသွားမည်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသုံးချခံမည်မဟုတ်ကြောင်း စာဖတ်ပရိသတ်ကို ကတိပြုပါသည်။

အယ်ဒီတာ
Read More...

ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၂ တွင် ဖော်ပြခဲ့သည့် ၂၁ ရာစု ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)၏ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

Leave a Comment


ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၂ တွင် ဖော်ပြခဲ့သည့်
၂၁ ရာစု ဆရာ မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)၏ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သား၊ သမီးများ အတွက်

ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ ကြက်ခွပ် ကားတိုက် နတ်ကနား နိမိတ်များတွေရင် ငွေ ရတတ်သည်။ အလှူ မင်္ဂလာ ကိစ္စများ စကားပြော စီစဉ်ရတတ်သည်။ လူမျိုးခြား ဘာသာခြား ကူညီမစမည်။ မထင်မှတ်တဲ့ ဧည့်သည်မျိုးတွေရောက်လာတတ်သည်။ လူကြီး တစ်ယောက်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရတတ်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ... သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ၊ အနက်၊ အပြာ၊ ညိုမှိုင်းသော အရောင်များ။

ကံကောင်းစေမည့် ယတြာ။ ။ကံ့ကောက်ပင် အောက်မျာ အရှေ့ အရပ်မျက်နှာမူ ဖိနပ်ချွတ်ပြီး ထန်းလျက်ခဲ စားရင်း အလိုရှိရာကို တ၀ကြီး ဆုတောင်းပါ ။

ထီထိုးရန် ။ ။ ၃၊ ၉ များများ ပါအောင် ထိုးပါလေ...။

တနင်္လာ သားသမီးများအတွက်

ကံ တအားကောင်းနေသည်။ ရည်ရွယ်ချက်ရှိသမျှ ရဲရဲ လုပ်သင့်သည်။ ငွေ အစုလိုက်အပုံလိုက် ၀င်လာတတ်သည်။ ရောက်လေရာ အလုပ်တိုင်းနေရာတိုင်မှာ ကူညီမစ မယ့် သူများနေတတ်သည်။ မထင်မှတ်ဘဲ လူကြီးတစ်ယောက် ထံမှ အကူအညီကောင်းတွေ ရတတ်သည်။ အဖိုးတန် ရတနာ ရွှေ လက်ကောက် ၀င်လာတတ်သည်။ အောက်လက်ငယ်သား ငယ်ရွယ်သူများကို အကြောင်းပြု၍ စိတ်ချမ်းသာရတတ်သည်။ ပြဿနာဟောင်း ပြန်ပေါ်တတ်သည်။ မိတ်ဟောင်း ဆွေ ဟောင်းများ နှင့်လည်း ပြန်တွေ့ရတတ်သည်။ အလှအပ အနုပညာ ရွှေ ယဉ်ရထား ရေလုပ်ငန်း ရေ သန့် လက်ဖက်ရည် အအေး အရက် ဘီယာ ယိုစုံ စငည့်လုပ်ငန်းများ အိုးအိမ် အဆောက်အဦ ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ ...အထူးအကျိုးပေးအောင်မြင်တတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ အစိမ်း အနီ ဖြူနီကြား။

ကံကောင်းစေမည့် ယတြာ။ ။ဝါး ပင်အောက်မှာ အရှေ့အရပ်မျက်နှာမူ ဖိနပ်ချွတ် ကိတ်မုန့်စားရင်း အလိုရှိ ရာများကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန်။ ။ ၇၊ ၅ များများ ပါအောင်ထိုးပါ..။

အင်္ဂါ သား၊ သမီးများ အတွက်

ရုတ်တရက် ဘ၀ တစ်ဆစ်ချိုးမြင့်တက်ပြောင်းလဲသွားနိုင်သည့် အဆက်အသွယ်ကောင်းများ အခွင့်အလမ်းကောင်းများ ပေါ်လာတတ်သည်။ ထီပေါက်သလို ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ အဖိုးတန် စက် ပစ္စည်းဝင်လာတတ်သည်။ ပညာအသစ်ရတတ် သင်တန်း တင်ရတတ်သည်။ မထင်မှတ်တဲ့ နေရာက မထင်မှတ်တဲ့ ပုံစံ မျိုးနှင့် ငွေ ရတတ်သည်။ မိတ်ဆွေရင်း ဆရာရင်းများ၏ အကူအညီကောင်းတွေရတတ်သည်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျတတ်သည်။ မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူးအကျိုးအောင်မြင်နိုင်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ...အထူးအကျိုးပေး အောင်မြင်တတ်သည်။

ကံကောင်စေမည့်အရောင်များ ။ ။အညို အ၀ါ အဖြူ ။

ကံကောင်းစေမည့် ယတြာ။ ။ပိတောက်ပင်အောက်မှာ အနောက်တည့်တည့်မျက်နှာမူ ဖိနပ်ချွတ် ဇီးယို စားရင်းအလိုရှိရာကို စိတ်ထဲမျ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန်။ ။ ၃၊ ၅ များများပါအောင်ထိုးပါလေ..။

ဗုဒ္ဓဟူး သား၊ သမီးများ အတွက်

ကံအခြေအနေ ကောင်းလည်းမကောင်း ဆိုးလည်းမဆိုးဖြစ်နေတတ်သည်။ လူကြီးတစ်ယောက် ၏ အကူအညီကြီးကြီးမားမားရတတ်သည်။
ကောင်းသောခရီးများ သွားရတတ်သည်။ အလုပ်အကိုင်များ ပွင့်လန်းတိုးတက်မည်။ မထင်မှတ်ဘဲ ပညာ အသစ်ရတတ် သင်တန်းတက်ရတတ်သည်။ ရစရာ ပေးစရာ ငွေ အချို့ ကြန့်ကြာ နေတတ်သည်။ စက်ပစ္စည်းများ ပျက်ထွက် အသစ်လဲရခြင်း အရေးကြီးစာရွက်စာတမ်းပျောက် ခြင်းတိုက ကြုံတတ်သည်။ အိုးအိမ် အဆောက်အဦ ဆောက်လုပ်ရေး အုတ်သဲကျောက် အိမ်ဆောက်ပစ္စည်း အိမ်ထောင်ပရိဘောဂ အုပ်ချုပ်ရေး ဥပဒေ အိမ်ခြံမြေ အကျိုးဆောင် ကြက်ဥ ဘဲဥ လုပ်ငန်းများ ... မြေပဲ ပြောင်း နှမ်း မြေယာ ဖယောင်း မုန့် ပန်းချီ ပန်းပု ပန်းထိမ် ဖုန်း ပညာ ဆရာ နှင့်ပက်သက်သော အလုပ်များ အထူးအကျိုးအောင်မြင်နိုင်သည်။

ကံကောင်းစေမည့် အရောင်များ။ ။အနီ အပြာ အ၀ါ ရွှေ။

ကံကောင်းစေမည့် ယတြာ ။ ။အုန်းပင်အောင်တွင် အရှေ့ မြောက်အရပ် မျက်နှာမူ ဖိနပ်ချွတ် သရက်ယို စားရင်း အလိုရှိရာများကို ဆုတောင်းပါ..။

ထီ ထိုး၇န် ။ ။ ၄၊ ၇ များများ ပါအောင်ထိုးပါ..။

ကြာသပတေး သား၊ သမီးများ

ကံ အခြေအနေ အသင့် အတင့် ရှိ သည်။ အလုပ်များ တေ့လွဲ လွဲချော်နေတတ် သည်။ အဆုံးဖြတ်ချက် အမှားအယွင်းများ ချမိတတ်သည်။သတိထားသင့်..။ ငွေ အ၀င်နည်းပြီး ၀င်သလောက်ပြန်ထွက်နေတတ်သည်။ အကြီးအကဲ လူမျိုးခြား ဘာသာခြားများ ကူညီမစတတ်သည်။ အဖိုးတန် စက်ပစ္စည်း ၀င်လာတတ်သည်။ ၀မ်းသာစရာ စာ ရောက်လာတတ်သည်။ ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ အထူးကောင်းမွန် အထည် အလိပ် ထီး ဖိနပ် နာရီ ဥိးထုပ် လူမျိုးခြား နိုင်ငံခြား မီးလျှပ်စစ်အပူ ထီလုပ်ငန်းထုံးလုပ်ငန်း ၀န်ထမ်း အလုပ်များ . အထူး အကျိုးပေး အောင်မြင်တတ်သည်။

ကံကောင်းစမည့် အရောင်များ ။ ။အနီ အညို အနက် ဖြူနီကြားအရောင် များ

ကံကောင်းစေမည့် ယတြာ ။ ။ဇီးပင် (သို့) ညောင်ပင်အောက်မှာ
အရှေ့တောင်အရပ် မျက်နှာမူ ဖိန်ပချွတ် အုန်းသီးစိပ် စားရင်း အလိုရှိရာကို စိတ်ထဲမှ တ၀ကြီး ဆုတောင်းပါ..။

ထီထိုးရန် ။ ။ ၁၊ ၆ များများ ပါအောင်ထိုးပါလေ...

သောကြာ သား၊ သမီးများ အတွက်

အလှူ မင်္ဂလာ ကိစ္စများ စကားပြော စီစဉ်ရတတ်သည်။ လူမျိုးခြား ဘာသာခြား ကူညီမစမည်. မထင်မှတ်တဲ့ ဧည့်သည်မျိုးတွေရောက်လာတတ်သည်။ ငွေ အစုလိုက်အပုံလိုက်ရတတ်သည်။ ကြက်ခွပ် ကားတိုက် နတ်ကနား နိမိတ်များတွေရင် ငွေ ရတတ်သည်။ လူကြီး တစ်ယောက်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရတတ်သည်။ ငွေ ခြံ ကား ကျောက် ကုန်သည် ကုန်ခြောက် ကွန်ပြူတာ ကွမ်းသီးကွမ်းယာ ပစ္စည်း ကြက်ဥ ကြက်သား လုပ်ငန်းများ ... သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အဖြူ အနက် အပြာညိုမှိုင်းသော အရောင်များ။

ကံကောင်းစေမည့် ယတြာ။ ။ကံ့ကောက်ပင် အောက်မျာ အရှေ့ အရပ်မျက်နှာမူ ဖိနပ်ချွတ်ပြီး ဒိန်ချဉ် သောက်ရင်း စားရင်း အလိုရှိရာကို တ၀ကြီး ဆုတောင်းပါ။

ထီထိုးရန် ။ ။ ၇၊ ၅ များများ ပါအောင် ထိုးပါလေ...

စနေ သား၊ သမီးများအတွက်

ကံတအားကောင်းသော်လည်း စိတ်အနှေုက်အယှက် ဖြစ်စရာများ ဒွန်တွဲနေတတ်သည်။ အလုပ်အဆက်အသွယ်သစ်တွေ
ပေါ်လာတတ်သည်။ နေရာထိုင်ခင်းပြုပြင်ရ မွမ်းမံရတတ်သည်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျတတ်သည်။ အဖိုးတန်ရတနာ စက်ပစ္စည်း ၀င်လာတတ်သည်။ ရပ်ဝေးမှ သတင်းကောင်းတွေ ကြားရတတ်သည်။ အမှန်ဘက်ကနေ ငြင်းခုန်စကားပြောရတတ်သည်။ ငွေ ၊ ပစ္စည်း ပျောက်တတ်သည်။ သစ် သံ သွပ် သစ်သီး သီးနှံ စကားပြော ခရီးသွား လှုပ်ရှား ပွဲစား ရေကြောင်းခရီး ကုန်သည်ကြီး အလုပ် များ... ဆန် ဆီ ဆေး ဆား စက်မှု စပ်တူ စားသောက်ကုန် စားသောက်ဆိုင် စက်ချုပ် စိုက်ပျိုးရေး စကားပြော စာပေ စသည့်လုပ်ငန်းများ အထူးကောင်းမွန် အကျိုးပေးတတ်သည်။

ကံကောင်းစေမည့်အရောင်များ ။ ။အပြာ အညို အစိမ်းနု အစိမ်းရင့် ဖြူနီကြား အရောင်များ

ကံကောင်းစေမည့်ယတြာ ။ ။သရက်ပင်အောက်မှာ မြောက်အရပ် မျက်နှာမူ ဖိနပ်ချွတ် ပြီး ရေ သောက် ရင်း အလိုရှိရာ ဆုတောင်းပါ...။

ထီထိုးရန် ။ ။ ၂၊ ၇ များများပါအောင်ထိုးပါလေ...။
Read More...

ပဲခူးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းချပေးမည် The Bago Voice

Leave a Comment


ပဲခူးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းချပေးမည်

The Bago Voice

ပဲခူး၊ ဖေဖော်ဝါရီ ၁၂။

ပဲခူးတိုင်းအရှေ့ခြမ်းမှ ဖြူး၊ ညောင်လေးပင်မြို့နယ်တို့နှင့် အနောက်ခြမ်းမှ သာယာဝတီနှင့် လက်ပံတန်းမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL အင်တာနက်လိုင်း ဝန်ဆောင်မှုပေးတော့မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးနိုင်ကိုကိုက အတည်ပြု ပြောကြားသည်။

ပဲခူးတိုင်အတွင်း ယင်းလေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းများကို ပထမဆုံးချထားပေးခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ဆောင်မှုတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ လိုအပ်သည့် စက်ပစ္စည်းတပ်ဆင်မှုများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တည်ဆောက်မည်ဖြစ်ရာ ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ပဲခူးတိုင်းထဲမှာက ADSL သုံးလို့ရတာ ပဲခူးရယ်၊ ပြည်ရယ်၊ တောင်ငူရယ်ပဲရှိသေးတယ်” ဟုဦးနိုင်ကိုကိုက ပြောသည်။

လက်ရှိအချိန်တွင် အင်တာနက်သုံးစွဲနိုင်ရန် စကိုင်းနက် MPSဖြင့်သာ ချိတ်ဆက်ထားနေရပြီး မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်းများ ချထားပေးမည်ဆိုပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း၊ လိုင်းနှစ်လိုင်း ဖြင့်ဝန်ဆောင်မှုပေးပါက သုံးစွဲသူများအတွက် ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့တွင် အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးကဆိုသည်။

“ADSL ကဈေးနှုန်းကတော့သက်သာတယ်။ လိုင်းကောင်းဖို့ပဲမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။
ပဲခူးမြို့တွင်လည်း ADSL အင်တာနက်လိုင်းချထားပေးမှုမှာ အရည်အတွက်ပြည့်သွားပြီးဖြစ်သောကြောင့် ပဲခူးမြို့ရှိ ပဲခူးမြို့မ အိတ်ချိန်းရုံးနှင့် ဥဿာအိတ်ချိန်းရုံးတို့တွင် ADSL Portများထပ်မံ တိုးမြှင့်တပ်ဆင်သွားမည် ဖြစ်ပြီး ယင်းသို့တပ်ဆင်ပြီးမှသာ ADSLလိုင်းများ ထပ်မံချထားပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဆက်သွယ်ရေးမန်နေဂျာရုံးမှ မန်နေဂျာဦးနိုင်ကိုကိုက ဆိုသည်။

ပဲခူးမြို့တွင် ADSL အင်တာနက်လိုင်းချထားပေးမှုမှာ ပဲခူးမြို့မ အိတ်ချိန်းရုံးမှ ၁၄၀လိုင်းနှင့် ဥဿာအိတ်ချိန်းရုံးမှ ၂၄လိုင်းချထားပေးပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဆက်သွယ်ရေးမန်နေဂျာရုံးမှ သိရသည်။

(ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁)
Read More...

Facebook Like Page