Sunday, March 2, 2014

မီးဖိုထဲကိုဝင်ရင်... ပဲခူးအသံ ဂျာနယ်

Leave a Comment


မီးဖိုထဲကိုဝင်ရင်
Vol-1, No-3 ပဲခူးအသံ ဂျာနယ်
မီးဖိုထဲကိုဝင်ရင်
ဂျာနယ်ထဲမှာပါတဲ့ သတင်းတပုဒ်ကြောင့် ကျမသူငယ်ချင်းအတော်များများ ရယိပွဲဖွဲ့ ကြ၏ သတင်းကတော့ မူခင်းသတင်းပါ။ ရယ်စရာတော့မဟုတ်။ထမင်းမချက်တတ်သောယောကျာ်းကို မိန်းမဖြစ်သူက ဓားနှင့်ခုတ်သတ်လိုက်သည်ဆိုသောသတင်း ။တချို့ ကတော့ ထမင်းမချက်တတ်တာနှင့် ယေကျာ်းကို ခုတ်သတ်ရသော အဆိုပါမိန်းမကိုအပြစ်မြင်၏ တချို့ ကတော့ဟာသတခုတဖွယ်ရယ်မောကြ၏။ ကျမကတော့ ထိုမိန်းမကို အပြစ်မတင်ချင်သလို ဟာသတခုလို့ လည်း မရယ်မောရက်ပါ ။သူ၏ဒေါ်သကိုခံစားနားလည်၍ ရသောကြောင့်ဖြစ်ပါသည်
အနောကိတိုင်းကအမျိုးသားများလိုမဟုတ် ။ကျမတို့ မြန်မာပြည်မှာက ယေကျိားတေိာတော်များများက အိမ်မှုကိစ္စတွေကို လုပ်တတ်သူနည်းပါးသည်။ဒါကယဉ်ကျေးမှု ဓလေ့ထုံးစံကြောင့်ဖြစ်ပါသည်။ သားကိုသခင်လင်ကိုဘုရားဟုသော ယုံကြည်မှုအရ အိမ်မှာ ခင်ပွန်း၊သား၊မောင်ဖွားတွေကို အမျိုးသမီးများကဘဲ ချက်ပြုတ်လုပ်ကိုင်ကျွေးမွေးကြသည်။ အမျိုးသားများက အိမ်၏စားဝတ်နေရေးကိုတာဝန်ယူပြီး အမျိုးသမီးများက အိမ်ထောင်မှုနှင့် မီးဖိုချောင်ကိစ္စကိုတာဝန်ယူခဲ့ သည်။ အဘိုးတို့ အဖေတို့ ကသာအလုပ်လုပ်ပြီး အိမ်အတွက်စီးပွားရှာသည်။ကျမ၏ အဘွား၊ ကျမ၏ အမေအပြင်ထွက်စီးပွားမရှာကြ ထို့ ကြောင့် အိမ်မှုကိစ္စများကို သူတို့ ကသာတာဝန်ယူခဲ့ သည်။ နေ့တိုင်းဈေးအခေါက်ခေါက်ပြေးကာ မိသားစုအတွက်ချက်ပြုတ်ကြသည်။ ကလေးထိန်းကာ အလျှော်အဖွပ်ကိုလည်းတာဝန်ယူ၏။လွန်ခဲ့ သော နှစ်ပေါင်း ၂၀ ခန့်အထိ မြန်မာအိမ်ထောင်စုများက ထိုပုံစံအတိုင်းသာဖြစ်သည်မြို့ ကြီးပြကြီးများကလွဲပြီး အမျိုးသမီးတွေ အိမ်ထောင်စုအတွက် အလုပ်လုပ်တာနည်းပါးလှသည်။
သို့ သော်ယနေ့ ခေတ်မှာတော့ အဆိုပါလူနေမှုစနစ်က ပြောင်းလဲသွားပြီ။ စရိတ်ကြီးလာသောလူနေမှူစနစ်ကြောင့် ယောကျာ်းမိန်းမခွဲခြားမရတော့ အကုန်အလုပ်ထွက်လုပ်ကြရပြီ
သို့ သော်လည်း အိမ်ထောင်မှုကိစ္စကိုတော့ အမျိုးသမီးများတာဝန်ဟု အများစုက ယူဆနေကြတုန်းဘဲဖြစ်သည်။ ထို့ကြောင့်အလုပ်လုပ်ရသောအမျိုးသမီးများမှာ အိမ်မှာကူဖော်လောင်ဖက်မထားနိုင်လျှင် ရုံးအလုပ်လည်းလုပ် အိမ်အလုပ်လည်းလုပ်ရသဖြင့် အတော်ဖိုသီဖတ်သီကသီလင်တနိုင်ကုန်ကြ၏
တလောကတော့ ကျမသူငယ်ချင်းအမျိုးသမီးတယောက်ကသူ့ အမျိုးသားနှင့်ကွဲရန်ကြံစည်၏ သူ့ အမျိုးသားမှာလူရည်သန့် ပညာတတ်တဦးဖြစ်ပြီး သူတို့ နှစ်ဥိးက တကယ်ချစ်ခင်စုံမက်ကြပြီးယူခဲ့တာဖြစ်သောကြောင့် သူငယ်ချင်းများက မကွဲစေချင်ကြပေ။ ကလေးကလည်း ၃နှစ်သာသာရှိသေး၏ သူ့ အမျိုးသားက အသောက်အစားလည်းကင်းသလို ၊ မိန်းမအရှုပ်အရှင်းလည်းမရှိ။ ဒါကြောင့်ဘာကြောင့် ကွဲချင်ကွာချင်ရသလဲ သူငင်္ယံချင်းကိုကျမတိုးတိုးတိတ်တိတ်ကြိတ်မေးမိသည်။
သူငယိချင်းက သူခံစားရသောဒုက္ခကိုကျမကိုရင်ဖွင့်ပြောပြရှာ၏
“နင်သိတဲ့ အတိုင်းငါက မြို့ ထဲကရုံးမှာတနေကုန်အလုပ်လုပ်ရတယ်းရုံးမှာလည်းစိတ်ပင်ပန်းတယ်။ အလုပ်ပြီးညနေမိုးချုပ်မှကလေးကို ရုံးဘေးက မူကြိုမှာခေါ် ဈေးဝယ်ပြီး အိမ်ကိုပြန်ရတယိ။ အိမ်မှာတနေကုန်အလုပ်လုပ်ရတဲ့ သူ က( သူအမျိုးသားက စာရေးဆရာဖြစ်ပါသည်)အိမ်ကနေပြီ့း ဘာမှစားဖို့ သောက်ဖို့  ချက်မထားဘူး ငါပြန်လာမှမီးမွှေးထမင်းကအစ ချက်ရတယိ။အဲဒါမှသူက အသင့်စားတယ်။သူတနေကုန်စားသောက်ထားတဲ့ ပုဂံတွေခွက်တွေကိုလည်း မီးဖိုထဲမှာပုံထားတယ် ငါပြန်လာမှဆေးဖို့ တဲ့ လေ။ သူက အိမ်ထောင်ဦးစီးမို့ လို့ တဲ့ ။ အဲဒိမျိုးလုပ်လာတာ အိမ်ထောင်သက်တမ်းတလျှောက်ဘဲ။ကြာတော့ ငါက သည်းမခံနိုင်ဘဲ ၀ိုင်းလုပ်ဖို့ ပြောရင်းက အခုကွဲတဲ့ ကွာတဲ့ အထိဖြစ်သွားတာဘဲ”
မြို့ ထဲကနေ သူနေသောယုဇနပလာဇာတိုကိခန်းကို ကြားကားခေါ်အမြန်ကားနှင့်ဘဲ အတော်စီးရတာမို့  ညနေအလုပ်ဆင်းကားကျပ်ကျပ်နှင့် ဗိုက်ဆာဆာနှင့်အိမ်အပြန်။ မီးဖိုထဲက ဆေးစရာပန်းကပ်အထပ်လိုက်။ကလေးတဘက်နှငိ့ မီးပျက်လို့ မီးသွေးမီးဖို နှင့်ချက်ရသည့်သူ့ ဘ၀။ သူတို့ ကြားဝင်စေ့စပ်ဖို့ ပြင်နေသော ကျမပါးစပ်ပိတ်သွားရလေသည်။
ဒါတောင်ကျမသူငယ်ချင်းက မြို့ ထဲရုံးမှာအဲယားကွန်းနှင့်ရူံးခန်းနှင့်သက်တောင့်သက်သာ ပညာအရည်အချင်းနှင့်အလုပ်လုပ်ရသူ။ ယောကျာ်းကိုဒါးနှင့်ခုတ်သောမိန်းမလို တနေကုန်ဈေးရောင်းရသည်မဟုတ်။ တချို့ မိန်းမတွေမှာစားဝတ်နေရေးအတွက် ဈေးသည်။ကုန်ထမ်း။ အိမ်ဖော်စသည်ဖြင့် ကြမ်းကြမ်းတမ်းတမ်းအလုပ်တွေကိုလုပ်နေကြရသည်။ တနေ့တာပင်ပင်ပန်းပန်းဈေးလည်ရောင်းပြီး အဆင်မပြေမှုများနှင့်ကြုံလာသော ဗိုက်ဆာလာသောမိန်းမတယောက် မောမောနှင့်အိမ်ပြန်အလာစားစရာမရှိသောအဖြစ်ကို ၀င်ပြီးခံစားကြည့်ပါ။ တော်ရုံတန်ရုံ့ ဖြင့်ဒေါ်သကို ချုပ်ထိန်းနိုင်ဖို့ အတော်ခက်မည်ဖြစ်ပါသည်။
ယောကျာ်းမိန်းမတန်းတူအလုပ်လုပ်ရတာ ကျမတို့ မြန်မာနိုင်ငံထက်သက်တမ်းကြာနေပြီဖြစ်သော အနောက်နိုင်ငံများမှာတော့ မီးဖိုချောင်အပါအ၀င်အိမ်ထောင်မှုကိစ္စကို အမျိုးသမီးများတာဝန်ဟု ပုံသေအယူမရှိ။ကလေးထိန်းတာအပါအ၀င် အိမ်ထောင်မှုကိုယောကျိားရောမိန်းမပါ အားသူက ၀င်လုပ်ကြတာဘဲဖြစ်သည်။ အထူးသဖြင့်ချမ်းသာပညာတတ်သောယောကျာ်းများက ထိုကဲ့ သို့ ဝိုင်းလုပ်ပေးရသည်ကို အမျိုးသမီးများကို စာနာထောက်ထားသော ယောကျာ်းကောင်းတို့ ၏လုပ်ရပ်အဖြစ် ဂုဏ်ယူလုပ်ကိုင်ကြသည်။
ကျမဂျာမနီနိုင်ငံဘာလင်မြို့ သတင်းစာတစောင်မှာလုပ်အားပေးတုန်းကဆိုလျှင် ညနေရုံးဆင်းလို့ ဈေးဝယ်ပြီဆိုလျှင် ကလေးငယ်လေးတွေပါပါသည့်လှည်းလေးတွေကို တွန်းထားသော ဂျာမန်ကလေးအဖေများက အိမ်အတွက် ဈေးဝယ်လာကြတာကျမတွေ့ ရသည်။ ကလေးလဲထိန်းရင်းဈေးလဲဝယ်ပေါ့။ ချက်ပြုတ်တာကိုလည်း အမျိုးသမီးအလုပ်လို့ သူတို့ ကမယူဆကြပါ။ အဘယ်ကြောင့်ဆိုသော်ကျမဆီက မြန်မာဟင်းချက်နည်းများကို မေးပြီး သူတို့ အိမ်ကမိန်းမများကိုပင်ပြန်၍ ချက်ကျွေးကြသေးသည်။ ထမင်းစားပြီးလျှင်လည်း အမျိးသမီးများကို စကားပြောစေပြီး အိုးခွက်သိမ်းဆည်းပန်ကန်ဆေးခြင်းကို အမျိုးသားများက တမင်ပင်တာဝန်ယူလုပ်ကိုင်ကြ၏ ထို့ ကြောင့် ဂျာမန်ယောကျာ်းများသည် အမျိုးသမီးများကိုကြင်နာတတ်သူများအဖြစ်နာမည်ကြီးတာဖြစ်မည်။ သူတို့ ကြည့်ရတာလည်း ဒါကိုဂုဏ်ယူနေသည့်ပုံပင်
တချို့ ရှေးရိုးစွဲကြီးသည့် မြန်မာမိသားစုများကတော့ ယောကျာ်းတွေ မီးဖိုချောင်ထဲဝင်သည်ကိုမကြိုက်။ မီးဖိုချောင်ထဲဝင်လျှင် မိန်းမဆန်သူဖြစ်မည်။ ဘုန်းနိမ့်မည် ထင်ကြသူတွေလည်းရှိသည်။ ကျမငယ်ငယ်က ကျမအဖေက သူကြိုက်သောဟင်းများကို မီးဖိုချောင်တွင်တခါတခါဝင်ချက်တတ်ရာ ကျမတို့ အတွက်ပျော်စရာကောင်းလှသည်။သို့ သော်အဖေ၏အဖေကျမအဖိုးဖြစ်သူက အဖေမီးဖိုချောင်ဝင်ချက်တိုင်း မျက်စိမျက်နှာပျက်ကာ ယခုကဲ့ သို့ ရေရွတိနေတာမြင်ဖူးခဲ့ သည်။
“မိဘနဲ့ တုန်းက ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေတဲ့ သူက အခုမှအချက်ပြုတ်ကောင်းကြီးကို ဖြစ်လို့ ”

တလောက ကျမတို့ ကျောင်းအတွက်စာတမ်းတစောင်ရေးရသည်။ စာတမ်းက အမျိုးသမီးနှင့်အမျိုးသား အိမ်အလုပ်လုပ်တာကို ဘယ်လိုမြင်သနည်းဟုသည့် စာတမ်းပါ။ ကျမရှင်းရှင်းဘဲရေးပေးလိုက်သည်။ ယနေ့ ခေတ်တွင် အိမ်ထောင်စုအတွက်ငွေရှာသည့်တာဝန်ကို အမျိုးသမီးများလည်း ယူနေရပြီဖြစ်သော်ကြောင့် အိမ်မှုကိစ္စကိုလည်း အမျိုးသမီးတာဝန်ဟု၍ မမြင်သင့်ကြောင်း။ အိမ်ထောင်ဆိုသည်မှာ အပြန်အလှန်ရိုင်းပင်းမှူဖြင့် တည်ထောင်ရမည်ဖြစ်သော်ကြောင့်နှစ်ယောက်စလုံးအဆင်ပြေသူက လုပ်ကိုင်သင့်သည်ဟု ရေးပေးလိုက်ပါသည်။
ကျမ၏သူငယ်ချင်းအိမ်ရှင်မတယောက်ကတော့ မိန်းမတွေသည် လင်ယောကျာ်းကသာပြည့်ပြည့်စုံစုံရှာဖွေပေးလျှင် ယောကျာ်းအတွက်သာမက တအိမ်လုံးအတွက်ပင် အမြဲတမ်းမပျင်းမရှိချက်ချင်သူများပါဟုဆိုပါသည်။ နေ့စဉ်လူမှုဝန်းကျင်ထဲတွင် လုံးထွေးရုန်းကန် ငွေရှာရသည်ထက် မီးဖိုချောင်ထဲတွင်ဟင်းချက်ထမင်းချက် နှင့် အိမ်မှုကိစ္စများသာမိန်းမတွေက လုပ်လိုပါသည်ဟုဆိုသည်။


“အိမ်အလုပ်လည်းမပျင်းဘူး ဟင်းတွေဘာတွေလည်းကိုယ်တိုင်ချက်မှဘဲ စိတ်ကျေနပ်တယ်။ဒါပေမဲ့ ဒီခေတ်အိမ်စရိတ်နှင့် လင်မယားနှစ်ယောက်စလုံးလုပ်မှ မိသားစုထောင့်စေတယ်။ အဲဒိတော့ မိုးလင်းကတည်းက နှစ်ယောက်စလုံးထွက်ပြီးအလုပ်လုပ်ရတယ် ညမိုးချုပ်မှ ပြန်ရောက်ကြတယ် ။ပြန်လာမှချက်ပြုတ်ရလို့ လည်းမညည်းပါဘူး။ဒါပေမဲ့ ကိုယ်ထမင်းချက်နေတုန်းလည်း ငရုတ်သီးလေးဝိုင်းထောင်းပေးတာမျိုးတော့ လုပ်စေချင်တာပေါ့” ။။။။။။။။။။။။
ထားထားမြင့်
(ယခုအပတ်ထုတ်ပဲခူးအသံ ဂျာနယ်ပါ အမျိုးသမီးရေးရာဆောင်းပါး)
Read More...

ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ကကျီးသဲရွှေနတ်တောင်ကားလမ်းဆယ် လက်မထုကတ္တရာခင်းရန်ပြန်လည်တင်ပြမည်ဟု ဒေသခံများရှေ့တွင်ပြောဆို

Leave a Comment


ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ကကျီးသဲရွှေနတ်တောင်ကားလမ်းဆယ်
လက်မထုကတ္တရာခင်းရန်ပြန်လည်တင်ပြမည်ဟု ဒေသခံများရှေ့တွင်ပြောဆို

ပြည့်သဲမောင်(ပြည်)
ဆယ်လက်မထုကတ္တရာခင်းရမည့်နေရာတွင်လေးလက်မထုသာခင်းသည့်
အတွက်ဒေသခံများမှကန့်ကွက်လျှက်ရှိသောပဲခူးတိုင်းပြည်ခရိုင်ရွှေတောင်မြို့
နယ်ကျီးသဲရွှေနတ်တောင်ကားလမ်းကိုဆယ်လက်မထုကတ္တရာပြန်ခင်းရန်ပြန်လည်တင်ပြမည်ဖြစ်ကြောင်းရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးကဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင်ပြောပါသည်။
ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင်ဝေဠုဝန်ကျောင်းဆရာတော်ဘုရားမှလွှတ်တော်
အမတ်များနှင့်မြို့ထောက်ကူဥက္ကဌတို့ကိုခေါ်ယူ၍လမ်းအတွက်မည်သို့ဆောင်
ရွက်ထားသည်ကိုမေးမြန်းရာရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးကဆယ်လက်မကတ္တရာခင်းရန်ပြန်လည်တင်ပြမည်ဖြစ်ကြောင်းဒေသခံများရှေ့တွင်ဆရာတော်အားလျှောက်ထားခဲ့ခြင်းဖြစ်သည်။
“အရှင်ဘုရားကဒါကိုလိုချင်တယ်ဆိုရင်အများရဲ့ဆန္ဒကိုမေးစရာမလိုပါဘူး။အရှင်ဘုရားကိုယ်တိုင်တပည့်တော်ကိုငါဆယ်လက်မထုဘဲလိုချင်တယ်ငါ့ကိုကျအောင်
လုပ်ပေးဆိုတာနှစ်ယောက်တည်းပြောလဲတပည့်တော်ဒါကိုတနယ်လုံးရဲ့ဆန္ဒလို့ယုံမှတ်ပြီးပြန်လည်တင်ပြပေးမှာဖြစ်ပါတယ်”ဟုမြို့နယ်အုပ်ချုပ်ရေးမှူးကဒေသခံများရှေ့တွင်ဆရာတော်ကိုလျှောက်ထားခဲ့သည်။
ထိုနေ့ကဝေဠုဝန်ကျောင်းတိုက်တွင်ဆရာတော်ကမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသက်ဇော်ဦး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့်
ဦးတင်အောင်မြင့်နှင့်ဦးထွန်းထွန်းဦး၊မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌဦးကျော်ကျော်ဝင်း၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး
ဦးကျော်လွင်နှင့်ဒေသခံပြည်သူသုံးရာကျော်ဖိတ်ကြားပြီးလမ်းနှင့်ပတ်သတ်
သည့်ဆောင်ရွက်ချက်များမေးမြန်းခဲ့သည်။
ရွှေတောင်မြို့နယ်ရှိကျေးရွာအုပ်စုလေးခုဖြစ်သည့်ကျီးသဲကျေးရွာအုပ်စု၊နွားခြံ
ကုန်းကျေးရွာအုပ်စု၊ကျောက်မြက်ကျေးရွာအုပ်စု၊မယားမန်ကျေးရွာအုပ်စုတို့
မှကျေးရွာ(၂၅)ခုမှဒေသထွက်ကုန်များကိုရွှေတောင်၊ရန်ကုန်နှင့်ပြည်မြို့များသို့ပို
့ဆောင်ရာတွင်အဓိကထားအသုံးပြုနေရသည့်ကျီးသဲရွှေနတ်တောင်ကားလမ်း၅မိုင်၂ဖာလုံအားဆယ်လက်မထုကက္တရာခင်းရန်အတွက်နိုင်ငံတော်မှကျပ်သိန်းပေါင်း(၄၇၆၂)အကုန်ကျခံခဲ့သည်။
ထိုသို့အကုန်ကျခံခဲ့သော်လည်းရွှေတောင်မြို့နယ်မှလွှတ်တော်အမတ်သုံးဦး
၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌါနဦးစီးမှူးတို့ကဆယ်လက်မထုကတ္တရာခင်းရန်မလိုအပ်ဘဲလေးလက်မခွဲထုကတ္တရာခင်းရန်သာလိုအပ်သည်ဟုလက်မှတ်ထိုး
တင်ပြခဲ့ကြသည်။
ထိုသို့လက်မှတ်ထိုးတင်ပြခဲ့ပြီးနောက်ဇန်န၀ါရီလ(၁၉)ရက်နေ့တွင်ခေတ်ဥယျာဉ်ကုမ္မဏီမှလေးလက်မခွဲထုကတ္တရာခင်းခြင်းလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့
ရာဒေသခံများကဆယ်လက်မထုကတ္တရာခင်းပေးရန်အတွက်ဇန်န၀ါရီလ(၂၆)
ရက်နေ့နှင့်ဖေဖော်ဝါရီလ(၈)ရက်နေ့တွင်ဆန္ဒပြခွင့်များလျှောက်ထားခဲ့သည်။
ထို့အပြင်ဆယ်လက်မထုကတ္တရာလမ်းခင်းရန်လိုအပ်ကြောင်းလက်မှတ်ထိုးစာ
ရင်းများကောက်ခံခဲ့ရာဝေဠုဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးဦးဆောင်သောသံင်္ဃာတော်(၃၈)ပါးသာမကဒေသခံကျေးရွာများမှပြည်သူလူထုတစ်ထောင်ခန့်ကလက်မှတ်ရေးထိုးပေးခဲ့သည်။
ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လေးလက်မထုကတ္တရာခင်းရခြင်းနှင့်ပတ်သတ်
ပြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌါနတိုင်းဦးစီးမှူးဦးသိန်းလွင်အဖွဲ့လာရောက်ရှင်းပြခဲ့သော်လည်းဒေသခံများကဆယ်လက်မထုကတ္တရာခင်းရန်သာပြန်လည်တင်ပြခဲ့ရာတစ်မိုင်ခန့်ခင်းပြီးဖြစ်သည့်ကျီးသဲရွှေနတ်တောင်လမ်းကိုရပ်ဆိုင်းထားခဲ့ကြောင်းဒေသခံများထံမှသိရပါသည်။
အဆိုပါလမ်းအားဆယ်လက်မထုပြန်ခင်းရန်တင်ပြပေးမှုနှင့်ပတ်သတ်ပြီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးက“သူတို့ရဲ့ဆန္ဒကိုတင်ပြရမယ်ဆိုရင်တစ်ရွာဝင်တစ်ရွာထွက်နဲ့ယူရမယ့်သဘောမှာသက်ရောက်နေတယ်။အခုဆရာတော်ကြီးရဲ့သဘောဆန္ဒဟာသူတို့တွေရဲ့သဘောဆန္ဒလို့ယူဆတယ်။ဒါကြောင့်ဒီအတိုင်းဘဲတင်ပြသင့်တယ်”ဟုပြောပါသည်။
အဆိုပါလမ်းနှင့်ပတ်သတ်ပြီးရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး
တက်ရေးဦးစီးမှူးဦးကျော်လွင်က“အင်ဂျင်နီယာတွက်ချက်အရဆယ်လက်မထုအစားလေးလက်မခွဲထုနဲ့ဆောင်ရွက်မယ်ဆိုပြီးကျွန်တော်တို့ကအထက်ကိုတင်ပြတာပါ။လူကြီးတွေကအချင်းချင်းတိုင်ပင်ပြီးအဆုံးအဖြတ်ပေးတာပါ”ပြောပါသည်။ဆယ်လက်မထုကတ္တရာလမ်းခင်းပါကကားကြီးများအသုံးပြုဝင်ထွက်သွား
လာနိုင်မည်ဖြစ်သဖြင့်ဒေသထွက်ကုန်ပစ္စည်းများကိုမြို့ကြီးများသို့ပို့ဆောင်ရာ
တွင်ကုန်ကျစရိတ်သက်သာမည့်အပြင်နှစ်ပေါင်းဆယ်အထိအသုံးပြုနိုင်မည်
ဖြစ်ကြောင်းဒေသခံဦးမြင့်စိုးကပြောပါသည်။
“ကျွန်တော်တို့သိသလောက်တော့ဆယ်လက်မထုကတ္တရာခင်းမယ်ဆိုရင်(၁၆)တန်အထိကားကြီးတွေဝင်လို့ရမယ်။အခုလောလောဆယ်ပန်းတို့အာလူးတို့ဆို
ရင်ကားကြီးတွေကရွှေတောင်မှာနေနေရတယ်။ဒီဘက်ကနေလိုက်ထရပ၊်ထော်လာဂျီတို့ဒိုင်နာတို့နဲ့ပြန်ပြီးကဲ့နေရတယ်။ကုန်ကျစားရိတ်ပိုကုန်နေတာပေါ့”ဟု
ဦးမြင့်စိုးကပြောပါသည်။
ထိုလမ်းအားကုမ္မဏီမှသုံးနှစ်သာအာမခံထားပြီးဆယ်လက်မထုကတ္တရာလမ်း
ဖြစ်ပါကနှစ်ပေါင်းနှစ်ဆယ်အထိအသုံးပြုနိုင်မည်ဖြစ်သဖြင့်ဒေသခံများကဆယ်လက်မထုကတ္တရာခင်းရန်လိုလားလျှက်ရှိကြောင်းသိရပါသည်။
ပြည့်သဲမောင်(ပြည်)
Read More...

ရေကန်ဖွင့်ပွဲအခမ်းအနားကျင်းပ

Leave a Comment


ရေကန်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်မြို့ ၊ခေတ္တ၇ာ၇ပ်ကွက် ၊အောင်သီရီနယ်မြေအတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်ဖွဲံဖြိုးတိုးတက်ရေးအထောက်အကူပြု တေီတို့မှဦါ်စီးတည်ဆောက် လှူဒါန်းခဲ့သော (၃လက်မ) အ၀ီစိတွင်းနှင့် ဂါလံငါးထောင်ဆန့် ရေကန် ဖွင့်ပွအြခမ်းအနားကို ပြည့်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့် ရွှန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၂) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ ပြည်မြို့နယ် ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦါ်အောင်ဆန်းမြင့်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။
ကလေးသူငယ်စောင့်ရှောက်ရေးဖွဲ့ (ရတနာမေတ္တာ)အဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေဦးမှမတည်ငွေ(၉သိန်း)ကျပ်ကို လှူဒါန်းခဲ့ပြီး အများပြည်သူထည့်ဝင်ငွေများဖြင့် ကျပ်ငွေ(သိန်း၅၀)ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တည်ဆောက်ပေးမှု့ကြောင့်ေ၇အလွန်အင်မတန်ရှားပါးသော အောင်သီရီ ရပ်ကွက်မှာ အိမ်တိုင်ရာရောက် ပိုက်များဖြင့် သွယ်တန်းပြီး၂၄နာရီ မိမိတို့စိတ်ကြိုက် သုံးစွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။
အခမ်းအနားကို နံနက်၇နာရီအချိန်မှစတင်ခဲ့ပြီးပေါင်းတလည်မုန့်ဟင်းခါး ၊အောင်သီရီပဲသုပ်နှင့် မြန်မာရိုးရာ မုန့်အမျိုးမျိုးဖြင့် စတုဒီသာ အလျှံအပယ်ကျွေးမွေးဧည့်ခံကြသည်။ အခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်သည့်အချိန်နှင့် တပြိုင်နက် အိုးစည်ဗုံမောင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပေးခဲ့ရာ ပြည်သူများမှ ပျော်ပျော်ပါးပါးဖြင့် ၀ိုင်းဝန်းကခုန်ကျသဖြင့် အလွန်ကြည်နူးဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။ အချို့သူများမှာလည်း ၀မ်းသာလွန်း
၍ ပီတိမျက်ရည်များ တပြိုင်ပြိုင် ကျဆင်းသူများလည်းရှိခဲ့သည်။
အဆိုပါအောင်သီရီရပ်ကွက်သည် အိမ်ခြေ(၁၀၀)ခန့်ရှိပြီး လူဦးရေ(၅၀၀)ခန့်နေထိုင်သော ရပ်ကွက်ဖြစ်သည်။ တံမျက်စည်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကျပီးအချို့မှာ ကျပန်းလုပ်ကိုင်ပီး ဆင်းရဲသောရပ်ကွက်ဖြစ်သည်။ ခေတ္တရာမြို့သစ်နယ်မြေနှင့် ဆက်စပ်တည်ရှိသော်လည်း မြို့မြေအဖြစ် သတ်မှတ်ခြင်းမရှိသေးပေ။ ယခင်အချိန်က လူကြီးမိဘများမှာ ၀မ်းစာရေးအတွက် တနေကုန်ရှာဖွေချိန်တွင် ကလေးသူငယ်များမှာတနေကုန် ရေတန်းစီနေရပီး ပညာသင်ကြား၇န်အချိန်မရခဲ့ပါ။
၇ပ်ကွက်ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများစတင် ဖွဲ့စည်းခဲပြီးအချိန်မှ ရပ်/ ထောက်/ ကူကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်မှုကြောင့် ယခုအခါ ရေမရှိမီးမရှိ အောင်သီရီဟု ပြောစမှတ်တွင်ခဲ့ရာမှ ယခုရေရှိမီးရှိမင်္ဂလာရှိအောင်သီရီ၇ပ်ကွက် အဖြစ်သို့ရောက်ရှိသွားပီ ဖြစ်ကြောင်းသိ၇ပါသည်။
Read More...

မှုခင်းကျဆင်းရေး ပညာပေး

Leave a Comment



မှုခင်းကျဆင်းရေး ပညာပေး
******************
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အတွင်းရှိ ရွာဘဲနယ်မြေ မြို့တော်ခန်းမကြီး အရှေ့တွင် 1.3.2014 ရက်နေ့ ည(၈း၃၀)မိနစ်အချိန်ကစတင်ပြီး
တာဝန်ရှိ ရဲအရာရှိများ နှင့် အဖွဲ့။နယ်မြေခံအုပ်ချုပ်ရေးမှုးများ။အရံမီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများစစ်ဆေးမှုများ
ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အမှတ်(၃)နယ်မြေရဲစခန်းမှ စခန်းမှူးကယခုလိုပြောကြားခဲ့

 မှုခင်းကျဆင်းရေးသဘောပါ တချို့ ခိုးဆိုးနိုက် နဲ့ လူငယ်တွေ တုတ်ဓါးဆောင်မှုတွေကို တားဆီးစစ်ဆေးနေတာပါ စခန်းသုံးခုပေါင်းလုပ်တာပါ
မြို့မပြည်အမှတ်(၂)စခန်း၊အမှတ်(၁)ရဲစခန်း။အမှတ်(၃)ရဲစခန်း ပေါင်းပြီးလုပ်တာဖြစ်ပါတယ် ပထမဦးဆုံး ဆိုင်ကယ်ပဲသတ်မှတ်ပြီးစစ်ဆေးနေတာပါ
ဆိုင်ကယ်ထဲမှာ တုတ်ဓါးဆောင်ထားမှုတွေမရှိအောင်ပါ အခုလိုစစ်ဆေးရင်းနဲ့ တရားခံအစစ်အမှန်တွေလည်းမိနိုင်အောင်ပါ ဟု ပြည်အမှတ်(၃)ရဲစခန်းမှ
စခန်းမှူးမှပြောကြားသွားခဲ့သည်။

အဆိုပါ မှုခင်းကျဆင်းရေးပညာပေးမှုကို  ညအချိန်(၁း၀၀)အထိစစ်ဆေးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

                                                ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

ပြည်နည်းပညာကျောင်းသား/သူ များပထမအကြိမ် Barcamp ကျင်းပပြုလုပ်ခဲ့

Leave a Comment




ပြည်နည်းပညာကျောင်းသား/သူ များပထမအကြိမ် Barcamp ကျင်းပပြုလုပ်ခဲ့
************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်နည်းပညာရေးကျောင်းတွင် 1.3..2014 ရက်နေ့ နံနက်(၈း၀၀)အချိန်က ပြည်နည်းပညာကျောင်းသား/သူ
များမှ ပထမအကြိမ် Barcamp TU-Pyay ပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Barcamp TU-Pyay ပွဲတွင် တက်ရောက်သူအင်အား (၄၀၀)ကျော်ရှိပြီး ဖိတ်ကြားထားသူ ခန့်မှန်း(၁၀၀၀)ခန့်ရှိသည်ဟုသိရသည်။ ပြည်နည်းပညာတက္ကသိုလ်မှ
 ကျောင်းသား/သူ များအပြင် အခြားစိတ်ပါဝင်စားသူ
လူငယ်များတက်ရောက်ခဲ့ပြီး  Barcamp TU-Pyay ပွဲကို ညနေ(၅း၀၀)အချိန့်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

Facebook Like Page