Sunday, March 2, 2014

မှုခင်းကျဆင်းရေး ပညာပေး

Leave a Comment



မှုခင်းကျဆင်းရေး ပညာပေး
******************
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အတွင်းရှိ ရွာဘဲနယ်မြေ မြို့တော်ခန်းမကြီး အရှေ့တွင် 1.3.2014 ရက်နေ့ ည(၈း၃၀)မိနစ်အချိန်ကစတင်ပြီး
တာဝန်ရှိ ရဲအရာရှိများ နှင့် အဖွဲ့။နယ်မြေခံအုပ်ချုပ်ရေးမှုးများ။အရံမီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများစစ်ဆေးမှုများ
ပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

အမှတ်(၃)နယ်မြေရဲစခန်းမှ စခန်းမှူးကယခုလိုပြောကြားခဲ့

 မှုခင်းကျဆင်းရေးသဘောပါ တချို့ ခိုးဆိုးနိုက် နဲ့ လူငယ်တွေ တုတ်ဓါးဆောင်မှုတွေကို တားဆီးစစ်ဆေးနေတာပါ စခန်းသုံးခုပေါင်းလုပ်တာပါ
မြို့မပြည်အမှတ်(၂)စခန်း၊အမှတ်(၁)ရဲစခန်း။အမှတ်(၃)ရဲစခန်း ပေါင်းပြီးလုပ်တာဖြစ်ပါတယ် ပထမဦးဆုံး ဆိုင်ကယ်ပဲသတ်မှတ်ပြီးစစ်ဆေးနေတာပါ
ဆိုင်ကယ်ထဲမှာ တုတ်ဓါးဆောင်ထားမှုတွေမရှိအောင်ပါ အခုလိုစစ်ဆေးရင်းနဲ့ တရားခံအစစ်အမှန်တွေလည်းမိနိုင်အောင်ပါ ဟု ပြည်အမှတ်(၃)ရဲစခန်းမှ
စခန်းမှူးမှပြောကြားသွားခဲ့သည်။

အဆိုပါ မှုခင်းကျဆင်းရေးပညာပေးမှုကို  ညအချိန်(၁း၀၀)အထိစစ်ဆေးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

                                                ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page