Showing posts with label ပြစ်စာမဟုတ်ပါ အသနားခံစာပါ... Show all posts
Showing posts with label ပြစ်စာမဟုတ်ပါ အသနားခံစာပါ... Show all posts

Tuesday, June 23, 2015

ပြည်မြို့နယ်စည်ပင်ကော်မတီအဖွဲ့၊မြို့အထောက်အကူအဖွဲများနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိလူကြီးများကူညီပေးပါ…

Leave a Comment

ပြည်မြို့နယ်စည်ပင်ကော်မတီအဖွဲ့၊မြို့အထောက်အကူအဖွဲများနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိလူကြီးများကူညီပေးပါ…

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွာဘဲနယ်မြေ ကျွန်းတောရပ်ကွက် ရေပြာတွင်းလမ်းတွင် ရေမြောင်းများနှင့်ရေစီးရေလာကောင်းမွန်စေရန်တင်ပြအပ်ပါသည်။
ရပ်ကွက်နေ ပြည်သူများအားလုံး သောက်သုံးနေသော သောက်ရေတွင်းထဲသို့ နှစ်စဉ်မိုးရွာတိုင်း ရေဆိုးရေညစ်များအမြဲလိုလိုဝင်ရောက်နေခဲ့ပြီး လူကြီးကလေးအားလုံးဝမ်းရောဂါများနှင့် သွေးလွန်တုတ်ကွေးရောဂါများနှစ်စဉ်ဖြစ်လျှက်ရှိနေပါသည်။တာဝန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာလည်း ကျွန်တို့၏လမ်းနှင့်ရပ်ကွက်ကွက်ကိုလာရောက်ကြည့်ရှုပြီးဆောင်ရွက်ပေးခြင်းများလည်းမရှိသေးပါ။သို့ဖြစ်ပါ၍ ရေမြောင်းများလမ်းများ ကောင်းမွန်စွာသွားလာနိုင်ရေးအတွက် လူကြီးမင်းများထံသို့ ရိုသေလေးစားစွာ ပြည်သတင်းမှတဆင့်တင်ပြအပ်ပါသည်။
ရပ်ကွက်နေရပ်မိရပ်ဖများနှင့်ရပ်ကွက်သူ/သားများ….
မှန်ပါသည် ယခုတင်မပြမှီ ကျွန်တော် ပြည်သတင်းအွန်လိုင်းမီဒီယာမှ ပြည်သတင်းလူငယ်ကိုယ်တိုင် မိုးရွာတိုင်းလိုလိုသွားရောက်ကြည့်ရှုခဲ့ရာ ရပ်ကွက်နေသူများအားလုံးသုံးစွဲနေသည့် ရေတွင်းထဲသို့ ရေဆိုးရေညစ်များဆိမ့်ဝင် စီးဝင်နေလျှက်ရှိပါသည်။မနှစ်ကဆိုလျှင် ထိုရပ်ကွက်အတွင်း ၀မ်းလျှော/ပျက် ၃-ဦးဖြစ်ပွားခဲ့ပြီး သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၂-ဦးရှိခဲ့သည်။ယခခုနှစ်မှာမလိုလားအပ်သောရောဂါများမဖြစ်ပွားစေရန် ရပ်ကွက်နေပြည်သူများနှင့် တင်ပြထားသည့်ဌာနဆိုင်ရာများ ဂရုစိုက် ပြုပြင်ထိန်းသိမ်းမှုများလိုအပ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
ဇွန်-၂၃-၂၀၁၅
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019



Read More...

Friday, May 22, 2015

သို့ နိုင်ငံတော်သမ္မတကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးစီးရုံး၊ နေပြည်တော်

Leave a Comment

သို့
   နိုင်ငံတော်သမ္မတကြီး
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   
    နိုင်ငံတော်သမ္မတဦးစီးရုံး၊ နေပြည်တော်
                               

ရက်စွဲ၊ ၂၀၁၄-ခုနှစ နိုဝင်ဘာလ (၂၇)ရက်

အကြောင်းအရာ။    ဌာနဆိုင်ရာအသုံးပြုခဲ့ခြင်းမရှိဘဲ ပုဂ္ဂလိကအရက်ဆိုင်အဖြစ် ငှားရမ်းထားသည့် ပြည်သူ ပိုင်အိမ်ခန်းကိစ္စအားညွှန်ကြားချက်အရ ပြည်ခရိုင်
အုပ်ချုပ်ရေးမှူးဦးစီးသောအဖွဲ့မှ လာရောက်ကွင်းဆင်းစစ်ဆေးပြီး မူလပိုင်ရှင်
သို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးကို ထောက်ခံတင်ပြထားပြီးဖြစ်ပါသဖြင့် အဆိုပါအခန်းအား ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုပါ ရန်နှင့် မြို့နယ်စည်ပင်
သာယာရေးအဖွဲ့၏ ဖျက်သိမ်းခွင့်ကိုလည်း ရရှိထားပြီးဖြစ်ပါသဖြင့်ဖခင်အမည်
ပေါက် မြေပေါ်တွင် တခြမ်းတည်ရှိနေပြီး လက်ရှိကျွန်တော်သုံးစွဲနေသည့်
အဆောက်အဦးနှင့်အတူ တပါတည်းဖြိုဖျက်၍ အဆောက်အဦးအသစ်ဆောက်
လုပ်ခွင့် ပြုပါရန်အသနားခံတင်ပြခြင်း။

ရည်ညွှန်းချက်။    (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁-၈-၂၀၁၃)ရက်စွဲပါ 
စာအမှတ် ၈/၉၃၇ အထွေထွေ အဖရ (၂၀၁၃)
   
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၆-၉-၂၀၁၃) ရက်စွဲပါ စာအမှတ် ၁၅၃၉/၂၂၁
- တင်ပြ စာ  / အဖရ (၂၀၁၃)

၁။   ကျွန်တော်၏ဖခင်ဦးမြင့်အမည်ပေါက် မြေနှင့်မြေပေါ်ရှိ တစ်ထပ်အိမ်
အဆောက်အဦးနှစ်ခုမှာ နှစ်(၁၀၀)နီးပါး ကြာသည့် အန္တရာယ်ရှိဆောက်
အဦးတစ်ခုဖြစ်နေပါသဖြင့်ကျွန်တော်လက်ရှိနေထိုင်သည့် နေအိမ်နှင့်တစ်
ဆက်တည်းဖြစ် သော နေအိမ်ခန်းသည် ပြည်သူပိုင်သိမ်းစဉ်က ပါဝင်သွား
ခဲ့ပြီး လက်ရှိအချိန်အထိဌာနမှအသု့းမပြုဘဲ ပူးတွဲတင်ပြပါ ဓါတ်ပုံအတိုင်း ဦးညွန့်လှိုင်ဆိုသူအား နှစ်ပေါင်းများစွာငှားရမ်းအသုံးပြုစေလျှက်ရှိနေပါသဖြင့်
 မူလပိုင်ရှင်အနေဖြင့် လွန်စွာနစ်နာဆုံးရှုံးမှုဖြစ်ရပါသောကြောင့် မူလပိုင်ရှင်၏ အမွေဆက်ခံသူကျွန်တော့အား ပြန်လည်လွှဲပြောင်းပေးအပ် နိုငပါရန်နှင့်
၎င်းအဆောက်အဦးအား ဖခင်ဦးမြင့်အမည်ပေါက်မြေ (၀.၀၈၈)ဧကပေါ်ရှိ 
သုံးစွဲနေထိုင်သည့် အဆောက်အဦးနှင့်အတူ တပါတည်းဖြိုဖျက်၍ အဆောက်
အဦးအသစ်ဆောက်လုပ်ခွင့်ပြုပါရန် ရည်ညွှန်းချက်ပါစာ များဖြင့်အသနားခံ
တင်ြပခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ရည်ညျွှန်းချက်(၁)နှင့်
 (၂) ပါ ညွှန်ကြားချက်အရ ၂၇-၅-၂၀၁၃ ရက်နေ့က သက်ဆိုင်ရာဝန်ကြီးဌာနမှ
လည်းကောင်း၊ (၂၇-၂၂၀၁၄)ရက်နေ့တွင် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော
အဖွဲ့မှ ညွှန်ကြားချက်အရ လာရောက်ကွင်းဆင်းစီစစ်ကြည့်ရှုပြီး မှန်ကန်မှုရှိ
 ကြောင်းတွေ့ရှိရသဖြင့် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ထောက်ခံချက်ပေးခဲ့ရာ
 နိုင်ငံတော်မှ ကျွန်တော်တို့မိသားစုအပေါ် လူမှုရေးအရ သက်ညှာထောက်
ထား၍လည်းကောင်း၊ အောက်ဖော်ပြပါအချက်အလက်များအပေါ် ထောက်ထား
ကြည့်ရှုပြီး မြေနှင့်အဆောက်အဦး၏မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုပါရန်
 အသနားခံ တင်ပြအပ်ပါသည်။

၂။     ကျွန်တော်မှလည်း အောက်ဖော်ပြပါအချက်များဖြင့် စီစစ်ခွင့်ပြုနိုင်ပါရန်
လူကြီးမင်းထံ တင်ပြခဲ့ပါသည်။
(က)ဖခင်ဦးမြင့်အမည်ပေါက်ပိုင်ဆိုင်သည့် မြေနှင့်ပတ်သက်၍ ပြည်မြို့နယ်မြေစာရင်း
ဦးစီးဌာနမှတ်တမ်း များတွင်  ယနေ့တိုင် ဖခင်ဦးမြင့်အမည်ပေါက်အဖြစ်ခိုင်မြဲလျှက်
ရှိနေခြင်း။
(ခ)    ဖခင်ဦးမြင့်သည်ယခင်ကကိုယ်ပိုင်စီးပွာေးရးလုပ်ငန်းရှင်တစ်ဦးမဟုတ်ဘဲ
 မိသားစုစီးပွားရေး အခက်အခဲကြောင့် တရုတ်လုပ်ငန်းရှင်တစ်ဦးသို့မိမိပိုင်နေ
အိမ်ခန်းအားငှားရမ်းခဲ့ရာမှ ပြည်သူပိုင် (ပဆ-၁၄/၅၀၄၇)အဖြစ်သိမ်းဆည်းခံခဲ့
ရသော်လည်း ၁၉၈၅-ခုနှစ်တွင် မူလပိုင်ရှင်ဦးမြင့်ထံသို့ သက်ဆိုင်ရာမှပြန်လ
 ည်လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့ကြောင်းသိရှိရခြင်း။
(ဂ)    အဆိုပါနေအိမ်ခန်းမှာလည်း အိုဟောင်း၍အန္တရာယ်ရှိအဆောက်အဦး
ဖြစ်နေပါသဖြင့် ဖခင်ဦးမြင့်ပိုင် မြေ (၀.၀၈၈)ဧကပေါ် လက်ရှိအသုံးပြုနေသည့်
 အဆောက်အဦးနှင့် တပါတည်းဖြိုဖျက်၍ အသစ် ဆောက်လုပ်နိုင်ရန်အတွက်
 မြန်မာ့ဟိုတယ်လုပ်ငန်းစုမှ အခြားသူတို့ငှားရမ်းထားခြင်းမှ ပယ်ဖျက်ပြီး မူလပိုင်ရှင်ကျွန်တော့်အား ပြန်လည်လွှဲပြောင်းပေးစေလိုခြင်း။
(ဃ)    ဖခင်ဦးမြင့်သည် (၉-၁-၉၉)ရက်နေ့တွင် ကွယ်လွန်ခဲ့သော်လည်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ဘိုးဘွားပိုင်မြေပုံ၊ မြေရာဇ၀င်၊ မြေစာရင်းပုံစံ
များနှင့်အတူ ယနေ့တိုင်ဖခင်ဦးမြင့်၏ အမည်ပေါက် ပိုင်ဆိုင်မှုကိုထိန်းသိမ်း
ထားခြင်း။
(င)    ဖခင်ပိုင်အိမ်ခန်းအား နိုင်ငံတော်က ပြန်လည်ပေးသနားပါက  မြို့ပြအင်္ဂါ
ရပ်နှင့်အညီတည်ဆောက်၍မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုကို ဇောက်ချလုပ်ကိုင်
သွားလိုခြင်း။
၃။    သို့ဖြစ်ပါ၍ ဌာနဆိုင်ရာမှအသုံးပြုခဲ့ခြင်းမရှိဘဲ ပုဂ္ဂလိကအရက်အဆိုင်
အဖြစ် ငှားရမ်းထားသည့် ပြည်သူပိုင် အိမ်ခန်းကိစ္စအား ညွှန်ကြားချက်အရ
 ပြည်ခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော အဖွဲ့မှ လာရောက်ကွင်းဆင်းစစ်ဆေးပြီး မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးကို ထောက်ခံတင်ပြထားပြီး
ဖြစ်ရာ အဆိုပါအခန်းအား ပြန်လည်လွှဲ ပြောင်း သုံးစွဲခွင့်ပြုနိုင်ရေးနှင့် ဖခင်အမည်ပေါက်ပိုင် မြေကွက်ပေါ်တွင် လက်ရှိကျွန်တော်သုံးစွဲနေသည့်
အဆောက် အဦးနှင့်အတူ  တပါတည်းဖြိုဖျက်၍ အဆောက်အဦးအသစ်
ဆောက်လုပ်ခွင့်ပြုနိုင်ရေးကို နိုင်ငံတော်မှခွင့်ပြထား ပြီးဖြစ်ကြောင်း သိရှိရပါ
သဖြင့် ခွင့်ပြုမိန့်အတွက် တရားဝင်ပြန်ကြားစာရရှိရေး ကူညီဆောင်ရွက်ပေး
ပါရန် အသနားခံ တင်ပြအပ်ပါသည်။

သိန်းတန်
ပြည်ခရိုင်ကော်မရှင်အဖွဲ့ဝင်
ဥက္ကဌ
သာသနာ့နုဂ္ဂအသင်း
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်)
အမှတ်(၈၂၁) ၊ဗိုလ်ချုပ်လမ်း ၊ပြည်မြို့






Read More...

Tuesday, December 2, 2014

အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်ပေးပါရန် ကျမိခင်ဖြစ်သူမှအသနားခံအပ်ပါသည်ဟုရေးသား ပေးပို့ထားသောအကြောင်းအရာ

Leave a Comment


အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်ပေးပါရန်
ကျမိခင်ဖြစ်သူမှအသနားခံအပ်ပါသည်ဟုရေးသား
ပေးပို့ထားသောအကြောင်းအရာအားဖတ်ကြည့်ပြီး
ထိုအကောင့်အားဆက်သွယ်ကြည့်သည့်အခါအကောင့်
ပိုင်ရှင်မှမိမိအသနနားခံစာအား တာဝန်ယူသဖြင့် ပြည်သ
တင်းတွင်နစ်နာသူပေးပို့သောအကြောင်းအရာအားထပ်မံ
အသနားခံတင်ပြရခြင်းဖြစ်ပါသည်။အကောင့်ပိုင်ရှင်၏ မှတ်
ပုံတင်အတိအကျဖြင့်တင်ပြသည့်စာဖြစ်ပါသည်။
ထိုမစန်းဝင်း အကောင့်ပါခင်ဗျာ........Ma Sun Win


Read More...

Facebook Like Page